Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းတိုများ

သီလဝါတွင် ဆိပ်ကမ်းသစ်တစ်ခုတည်ဆောက်မည်

ပြည်ပနိုင်ငံများသို့ မြန်မာ့စပါးကို အဓိကတင်ပို့နိုင်မည့် ဆိပ်ကမ်းတစ်ခုကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၊ သီလဝါ၌ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဗဟိုအလုပ်မှုဆောင် ဒေါက်တာစိုးထွန်းမှ ပြောကြားခဲ့ကြောင်းသိရသည်။

 

အင်ဒိုနီးရှားသမ္မတ မြန်မာနိုင်ငံသို့လာမည်

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် အင်ဒိုနီးရှားသမ္မတ Susio Bambang Yudhoyono နှင့် သူ၏ဇနီး Ani Yudhoyono တို့ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင်မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ လူ့စွမ်းအား အရင်းအမြစ်မြှင့်တင်ပေးရေး၊ နှစ်နိုင်ငံရင်နှီးမြှပ်နှံမှု ဆိုင်ရာသဘောတူ လက်မှတ်ရေးထိုးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပဋိပက္ခ အပြီးသတ်အစီရင်ခံစာ သမ္မတထံတင်ပြ

ရခိုင်ပြည်နယ်ပဋိပက္ခ၏ အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ၂၀၁၂ နိုဝင်ဘာ ၁၆ ရက်နေ့တွင် တင်ပြရမည်ဖြစ်သော်လည်း မပြီးပြတ်သေးသဖြင့် မတ်လ ၃၁ ရက်နေ့သို့ တစ်ကြိမ်၊ဧပြီလ ၂၃ ရက်နေ့သို့နောက်ဆုံးထား တင်ပြရမည်ဖြစ်ရာ ဒီကနေ့တွင် အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံစာအနေဖြင့် တင်ပြလိုက်ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းသန်းနုမှ ပြောကြားသည်။

 

သီလဝါအနီး အိမ်ရာစီမံကိန်း စင်ကာပူတည်ဆောက်မည်

သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန်အနီးတွင် အခန်းပေါင်း ၄၉၈၀ ပါဝင်သည့် ဒုတိယအဆင့် ကြယ်စင်အိမ်ရာ စီမံကိန်းကို မြန်မာနိုင်ငံရိုးမ ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံ Dragages Singapore Pte.Ltd တို့ ပူးပေါင်း၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ ၉၄ သန်းခန့် ရင်းနှီးမြှပ်နှံမည့် ထိုစီမံကိန်းသည် ၂၀၁၃ ဧပြီလမှ စတင်၍ ၃၃ လကြာတည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီလ အတွင်းအပြီးသတ်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံသို့ ပိတ်ဆို့မှုများ EU ရုတ်သိမ်းသွားမည်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလည်းမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လက်နက်ရောင်းဝယ်မှုမှအပ ကျန်သော ပိတ်ဆို့မှုများအားလုံးကို ဥရောပသမ္မဂ (EU) မှမကြာမှီ ရုတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်သွားရန်လည်း ဆန္ဒရှိကြောင်း နှင့်ပိတ်ဆို့မှုများ အပြီးသတ်ပယ်ဖျက်ခြင်းကို ဧပြီလ ၃၀ ရက်တွင် ပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်မှ သိရသည်။

 

မြန်မာပို့ကုန် ပစ္စည်းများ အမေရိကန်ဈေးကွက်သို့ အကောက်ခွန်မဲ့တင်ပို့ခွင့်ကြားနာမည်

မြန်မာနိုင်ငံ၏ ကုန်ပစ္စည်းများ အမေရိကန်ဈေးကွက်တွင် အခွန်မဲ့ရောင်းချခွင့်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်စတင်ပိတ်ပင်ခဲ့ကြောင်းသိရသည်။ ယခုအခါတွင် မြန်မာနိုင်ငံကို ကုန်သွက်မှုအထူးခံစားခွင့် နိုင်ငံအဖြစ် သတ်မှတ်ပေးနိုင်ရန်အတွက် အမေရိကန်အစိုးရ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR မှ ဇွန်လ ၄ ရက်နေ့

တွင် ကြားနာပွဲကို အမေရိကန်တွင်ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

 

ABSDF ဥက္ကဋ္ဌဟောင်း ငြိမ်းချမ်းရေးဆွေးနွေး

ပြည်တွင်းသို့ ပြန်လည်ရောက်ရှိနေသော ABSDF ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်သည် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဧပြီလအတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

 

အစုရှယ်ယာ ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာဆွေးနွေးပွဲကျင်းပမည်

မြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် စင်ကာပူအခြေစိုက် KPMG ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအနှီး ဈေးကွက်ဖြစ်ပေါ်လာစေရေး နှင့် ၂၀၁၅ တွင် Stock Exchange အကောင်အထည်ဖော်နိုင်ရန်အတွက် ရည်ရွယ်၍ အများပြည်သူများအား အစုရှယ်ယာများ ရောင်းချခြင်းဆိုင်ရာ ဆွေးနွေးပွဲ Initial Public Offering Seminar ကို မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ ၄၅ ထိ ရန်ကုန်မြို့ကုန်သည် စက်မှုအသင်းချုပ် မင်္ဂလာခန်းမတွင် ကျင်းပမည်ဖြစ်သည်။


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment