Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ၂၀၁၅ ခုနှစ် မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်
  2.  နိုင်ငံခြားရေးဝန်ကြီးဌာနမှ အီးယူဆန်ရှင် ရုတ်သိမ်းမှုအပေါ်ကြိုဆို
  3.  လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့၏ ရခိုင်ပြည်နယ်ပဋိပက္ခအစီရင်ခံစာ မြန်မာနိုင်ငံ လက်မခံ
  4.  စက်ရုံ၊အလုပ်ရုံ အလုပ်သမားများကို အသေးစားချေးငွေ ထုတ်ချေးမည်

၂၀၁၅ ခုနှစ် မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်

လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံ၏ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသော သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ဧပြီလ ၂၂ ရက်နေ့ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်တွင် မြန်မာကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြောင်းလဲပြင်ဆင်ရသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရန် မှာ ပြည်သူများ၏ ဆုံးဖြတ်ချက်အပေါ်တွင်မူနေကာ ၎င်းတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရန် လိုလားကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ တပ်မတော်သည် သမ္မတ၏လက်အောက်တွင်သာရှိနေပြီး လက်ရှိဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခအားလုံးမှာ မကြာမီတွင်ချုပ်ငြိမ်းသွားတော့မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများသည် လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင့်သည့်အနေဖြင့် အကြိုဆွေးနွေးပွဲတစ်ခုကို လာမည့် ဧပြီလ ၂၆ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ပြည်သူများ နားလည်သဘော ပေါက်နိုင်အောင် ဆောင်ရွက်သွားရန်အတွက် နိုင်ငံရေးပါတီများထံမှ အကြံဥာဏ်တောင်းခံ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ (၅၀)ခန့်သည် ပထမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ရာ တွင် PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်တင်မြှောက်သည့် စနစ်တစ်ခုကို အစပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြပြီး  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တိုင်းရင်းသားပါတီတစ်ချို့က အဆိုပါစနစ်ကို ကန့်ကွက်ခဲ့ကြကြောင်း သိရှိရသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်  PR စနစ် ကျင့်သုံးရန် သင့်၊မသင့် အဆိုအား ဇွန်လတွင် ပြန်လည် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့ကြောင်း သိရှိရ သည်။

 YC


 နိုင်ငံခြားရေးဝန်ကြီးဌာနမှ အီးယူဆန်ရှင် ရုတ်သိမ်းမှုအပေါ်ကြိုဆို

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံတော်အပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထား သော စီးပွားရေး ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်အားလုံးအား ရုတ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း သတင်းကြေညာချက် ထုတ်ပြန်ခဲ့ ကြောင်း သိရှိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဥရောပ သမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိသောပြုပြင်ရေးဆိုင်ရာ ကြိုးပမ်းအထားထုတ်မှုများကို စိတ်အား ထက်သန်စွာ ထောက်ခံ အားပေးလျက် ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင် ကန့်သတ်မှုအများစုကို တစ်နှစ်ဆိုင်းငံ့ထားခဲ့ပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို ပြင်းပြစွာ လိုလားလျက်ရှိသော မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ် ကာလအတွင်းဆောင်ရွက်ခဲ့ သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တက်ကြွ စွာ ထောက်ခံလျက်ရှိသည့် ပြည်သူများကို များစွာ အကျိုးရှိစေမည်ဟု ယုံကြည်ထားကာဥရောပသမဂ္ဂဘက်မှ စီးပွားရေးပိတ်ပင် ကန့်သတ် မှုများ အားလုံးကို ရုတ်သိမ်းလိုက်ခြင်းသည် မြန်မာ-အီးယူ ဆက်ဆံရေးကို အားပေးရာရောက်သည့် အပြင် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ခြင်းကိုပါ အကျိုးပြုမည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ တိုးတက်မှုရှိသောနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို တုံ့ပြန်သောအနေဖြင့်သာမက မြန်မာအစိုးရ အနေဖြင့် ရှေ့လျှောက်ပြုပြင် ပြောင်းလဲမှုများကိုဆက်လက် လုပ်ဆောင်သွား လိမ့်မည်ဟု မျှော်လင့်ထားသည့် အတွက် လက်နက် ကုန်သွယ်မှု ပိတ်ပင်ထားခြင်းမှလွဲ၍ မြန်မာအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှု မှုများအား အပြီးအပိုင် ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်းကို   ဧပြီလ ၂၂ ရက်နေ့ ၊Luxembourg မြို့တွင် ကျင်းပ ပြုလုပ်သော ဥရောပသမဂ္ဂ (EU) ၂၇ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

YC


 

 လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့၏ ရခိုင်ပြည်နယ်ပဋိပက္ခအစီရင်ခံစာ မြန်မာနိုင်ငံ လက်မခံ

အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ ( Human Rights Watch ) က ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာကို မြန်မာနိုင်ငံအဖွဲ့အစည်းများက လက်မခံဘဲ ပြန်လည်ဝေဖန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံမှ အာဏာပိုင်များနှင့် ရဟန်းသံဃာများက ဘင်္ဂါလီများကို လူမျိုးသုဉ်း သတ်ဖြတ်သည့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားကာ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ကလည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဖော်ပြထားပြီး ရခိုင်ပြည်နယ်နိုင်ငံရေးပါတီများနှင့် သံဃာတော်များကလည်း ဘင်္ဂါလီများ၏ လုံခြုံရေးကို ဖိအားပေးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်ယူမှုအပိုင်းကိုလည်း ဝေဖန်ထားပါသည်။

Human Rights Watch အဖွဲ့၏ အစီရင်ခံစာသည် တစ်ဖက်သတ်ဆန်သော သတင်းများကိုအခြေခံ ရေးသား ဖော်ပြထားပြီး အစီရင်ခံစာတွင်ပါရှိသော စကားလုံးအသုံးအနှုန်းများမှာလည်း လက်ခံနိုင်စရာ အကြောင်းမရှိသောကြောင့် နိုင်ငံတော်အနေဖြင့် အဆိုပါအစီရင်ခံစာကို အလေးထားမည်မဟုတ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတမှ စုံစမ်းရေးကော်တီတစ်ရပ်ဖွဲ့ စည်းခဲ့ပြီး အဆိုပါစုံစမ်းရေးကော်မတီတွင် ပညာရှင်များ၊ လူမှုအသိုင်းအဝိုင်းနှစ်ခုလုံးမှ လေးစားမှုရှိသော ပုဂ္ဂိုလ်များပါဝင်ကာ ပဋိပက္ခဖြစ်ပွားရာဒေသတွင် အကြိမ်ကြိမ်ကွင်းဆင်းလေ့လာပြီးပြုစုထားသော အစီရင်ခံစာ၏ တွေ့ရှိချက်များ၊ အကြံပြုချက်များ ကိုသာ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်။

HRW အဖွဲ့၏ လူမျိုးသုဉ်းသတ်ဖြတ်ရေး ဆိုသည်မှာ မှန်ကန်ခြင်းမရှိသကဲ့သို့ သမ္မတကြီး ဦးသိန်းစိန်မှ အဆိုပါဖြစ်ရပ်နှင့် ပတ်သတ်၍ အရေးယူဆောင်ရွက်ခြင်း မရှိဆိုသောအချက်မှာလည်း မမှန်ကန်ဘဲ ဒီမိုကရေစီ  မလိုလားသော အုပ်စုများ၏ နိုင်ငံရေး၊ လူမျိုးရေး ဆူပူမှုများဖြစ်ပွားစေရန် နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်မှုများကြောင့် တစ်ဖက်နှင့် တစ်ဖက် နားလည်မှုလွဲကာ ဘာသာရေးအဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မော်လဝီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားခဲ့ကြောင်း သိရသည်။

HRW မှမြန်မာနိုင်ငံအား ဝေဖန်ထားသော်လည်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ လူ့အခွင့်ရေးအခြေနေများကို လေ့လာစောင့်ကြည့်ပြီး နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးအခြေအနေဖော်ပြချက်၌ သိသာထင်ရှားသော တိုးတက်မှုများ ရှိနေသည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။

 YC


 စက်ရုံ၊အလုပ်ရုံ အလုပ်သမားများကို အသေးစားချေးငွေ ထုတ်ချေးမည်

သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက စက်ရုံ၊အလုပ်ရုံ အလုပ်သမားများအတွက် လူမှုစီးပွားရေး အခက်အခဲများကို ဖြည့်ဆည်းပေးနိုင်ရန် အသေးစားချေးငွေများကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့ လှိုင်သာယာစက်မှုဇုန် (၁)၊ ကနောင်ခန်းမတွင်ကျင်းပသော စက်ရုံ၊အလုပ်ရုံ အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင်ပြောကြားခဲ့ကြောင်း သိရသည်။

သမဝါယမဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများအား ချေးငွေထုတ်ချေးရာတွင်  (၁) ချေးငွေများကို အလွဲသုံးစား မလုပ်ရန် အချင်းချင်း ထိန်းကျောင်းမှုပြုလုပ်ရန်၊ (၂)  ချေးငွေများကို ဝင်ငွေရရှိသည့်အလုပ်တွင် အသုံးပြုရန်၊ (၃) သတ်မှတ် ထားသည့် ဝန်ဆောင်မှုကုန်ကျစရိတ်များကို ပြန်လည်ပေးအပ်နိုင်ရန်အတွက် အချင်းချင်းထိန်းကျောင်းမှုနှင့် တာဝန်ယူမှု များရှိရန် စသော စည်းကမ်းချက် (၃) ချက်ကို လိုက်နာရမည်ဖြစ်ပြီး အလုပ်သမား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

သမဝါယမမှ ငွေထုတ်ချေးခြင်းမှာ ကောင်းမွန်သော်လည်း အလုပ်သမားများ အဓိကလိုအပ်နေသည်မှာ ချေးငွေ မဟုတ်ဘဲ လုပ်ခလစာ တိုးမြှင့်ရရှိရေးနှင့် အလုပ်အကိုင်တည်မြဲရေးဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်း နှင့် စာဝတ်နေရေး အခက်အခဲကို အလုပ်သမားများအနေဖြင့် ကျော်လွှားနိုင်မည်မဟုတ်ကြောင်း လှိုင်သာယာ တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားအဖွဲ့အစည်းမှ မမိုးဝင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

ချေးငွေလုပ်ငန်းမှာ အလုပ်သမားများအတွက် အထောက်အကူဖြစ်စေနိုင်သော်လည်း ၎င်းတို့၏ လုပ်ခလစာမှာ နည်းပါးလွန်းပြီး မိသားစုများကို ထောက်ပံ့နိုင်ခြင်းမရှိသောကြောင့် စက်ရုံမန်နေဂျာ၊ ငွေစာရင်းဌာနတို့မှ အတိုးဖြင့် ချေးငွေ ထပ်မံ ယူရကာ  အကျပ်အတည်းဖြစ်နေရသောကြောင့်  အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် အနည်းဆုံးအခကြေးငွေ နည်းဥပဒေမထွက်မီ ယာယီအားဖြင့် အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း အလုပ်သမား အကျိုးဆောင် ရှေ့နေ့ဦးဌေးက သုံးသပ် ပြောကြားခဲ့သည်။

စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များအတွက် လစာလုပ်ခ တိုးမြှင့်ရေးကိစ္စများမှာ များစွာခက်ခဲပြီး အချို့သော အလုပ်သမား အဖွဲ့အစည်းများမှာ စက်ရုံ၊အလုပ်ရုံများအတွက် ကောင်းကျိုးရှိသော်လည်း အချို့သော အလုပ်သမားအဖွဲ့အစည်းများမှာမူ ၎င်းတို့နှင့်မဆိုင်သည့် နေရာများတွင် ဝင်ရောက်စွက်ဖက်မှုများ ရှိနေသောကြောင့် နိုင်ငံတော်အနေဖြင့် ယင်းအလုပ်သမား အဖွဲ့အစည်းများကို လုပ်ထုံးလုပ်နည်း နှင့်လုပ်ပိုင်ခွင့်များကို နားလည်ကြရန် သင်တန်းများပို့ချပေးစေလိုပြီး အနည်းဆုံး အခကြေးငွေ တိတိကျကျ သတ်မှတ်နိုင်မှသာလျှင် အလုပ်သမားများ၏ တောင်းဆိုမှုများ ပပျောက်သွားမည်ဖြစ်ကြောင်း လှိုင်သာယာ ဆံပင်တုစက်ရုံမှ မန်နေဂျာ ဦးစံသာထွန်း ကပြောကြားခဲ့ကြောင်း သိရှိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment