Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ဦးသန်းရွှေနှင့်အပေါင်းအပါများအားတရားစွဲဆိုရန် ICC နှင့် ICJ တို့စတင်ပြင်ဆင်
  2. တရုတ်နှင့်ဆက်ဆံရေးမပြေလည်သူ ဂျပန်ဝန်ကြီးချုပ် မြန်မာသို့လာရောက်လည်ပတ်မည်
  3. လက်ပံတောင်းကြေးနီစီမံကိန်းတွင်ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများနှင့်ပတ်သက်၍ ပြည်ထဲရေးမှ သတင်းထုတ်ပြန်

ဦးသန်းရွှေနှင့်အပေါင်းအပါများအားတရားစွဲဆိုရန် ICC နှင့် ICJ တို့စတင်ပြင်ဆင်

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအား ဖိနှိပ်ချုပ်ချယ်မှုများ၊ နိုင်ငံရေးအကျဉ်းသားကိစ္စရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျုးလွန်ခဲ့သည့် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌပောာင်း တပ်မတော် အစိုးရ ဦးသန်းရွှေနှင့် စစ်အစိုးရအုပ်စုဝင် အပေါင်းအပါများအား တရားစွဲဆိုရန် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တစ်ဖွဲ့ ဖြစ် သည့် နိုင်ငံတကာရာဇဝတ်မှုရုံး(ICC)နှင့် နိုင်ငံတကာတရားမျှတမှုရုံး(ICJ)တို့မှ လာမည့်ဇွန်လမှစတင်၍ ပြင်ဆင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင် နိုင်ငံရေးအကျဉ်းသားပောာင်း ဦးအောင်ထွန်းအဖွဲ့နှင့် ICC၊ ICJ အဖွဲ့မှ ဘယ်လ်ဂျီယန်၊ ဆွစ်ဇာလန်၊ အမေရိကန်နှင့်ယူကေတို့ရှိ ရှေ့နေလေးဦးတို့မှတွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ ယခင်နိုင်ငံတော် အကြီးအကဲပောာင်း ဦးသန်းရွှေ၊ ဦးခင်ညွှန့်အပါအဝင် စစ်အစိုးရခေါင်းဆောင် ၅၀ ဦးအား နိုင်ငံတကာခုံရုံး၌ တရားစွဲဆိုရန် ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တရားစွဲဆိုရန် ပြင်ဆင်ဆောင်ရွက်နေသော်လည်း ကုန်ကျစရိတ်များပြားမည် ဖြစ်သည့်အတွက် ငွေကြေး မတက်နိုင်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ဦးအောင်ထွန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ “မြန်မာပြည်သူ လူထုကိုယ်စား လိုအပ်သလို အရေးယူပေးပါရန်” အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့၍ တရားစွဲဆိုမှုများကို ကူညီပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ဇန်နဝါရီလပိုင်းတွင် နိုင်ငံရေးကျဉ်းသားပောာင်း ဦးအောင်ထွန်းမှ ယခင်တပ်မတော် စစ်အစိုးရနှင့် အပေါင်းအပါများအား တရားစွဲဆိုရန် ၁၉၉ နိုင်ငံမှ နိုင်ငံတော်တရားသူကြီးချုပ်များနှင့် ICC၊ ICJ အဖွဲ့များထံသို့ တိုင်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ယခင်တပ်မတော် အစိုးရပောာင်းများအား ICC နှင့် ICJ တို့၏ တရားစွဲဆိုမှုတွင် တရားရင်ဆိုင်မှုကာလ ၆ လမှ ၉ လအထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

YC


တရုတ်နှင့်ဆက်ဆံရေးမပြေလည်သူ ဂျပန်ဝန်ကြီးချုပ် မြန်မာသို့လာရောက်လည်ပတ်မည်

လာမည့်မေလပိုင်းတွင် တရုတ်နှင့်ဆက်ဆံရာတွင် သဘောထားတင်းမာ၍ ပြေလည်မှုမရှိသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ လာမည့်မေလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် ဂျပန်နိုင်ငံ၏ကူညီပံ့ပိုးမှုများကို မြှင့်တင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်း၏ အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို တန်ပြန်ရန် အထောက်အကူ ဖြစ်စေမည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါးလျက် ရှိနေသေးသည့် တိုင်းရင်းသား လူနည်းစု ဒေသများတွင် ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် နည်းပညာ အကူအညီပေးခြင်း စသည့်အစီအစဉ်များ ကိုလည်း ကြေညာပေးသွားနိုင်ဖွယ် ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား အရှိန်အပာုန်မြန်ဆန် လာနိုင်စေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ ခဲ့သည့်အတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးပြုပြင် ပြောင်း လဲမှုများနှင့် နည်းပညာကူညီ ထောက်ပံ့မှုများကို ပိုမိုပြုလုပ်ပေးခဲ့သည့်အပြင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ပေးရန်ရှိသော ကြွေး မြီများကိုလည်း လျှော်ပစ်ပေးခဲ့သည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ၁၉၇၇ ခုနှစ်တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် တာကီယိုဖုကုဒမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ဘူး ကြောင်း သိရသည်။

YC


လက်ပံတောင်းကြေးနီစီမံကိန်းတွင်ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများနှင့်ပတ်သက်၍ ပြည်ထဲရေးမှ သတင်းထုတ်ပြန်

ဧပြီလ ၂၅ ရက်နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း သေနတ်ပစ်ဖောက် ဟန့်တား ခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သတ်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အောင်စိုး၊ ကိုထက် (ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်)၊ သောင်းထက်ဦး (ရန်ကုန် ဝိဇ္ဇာ - သိပ္ပံကျောင်းသားသမဂ္ဂအဖွဲ့)၊ မိုးကြိုးပြင် အလယ်ရွာနေ ဇော်နိုင်နှင့် ဝင်းကျော်တို့မှဦးဆောင်၍ ဇီးကုန်းရွာနှင့် မိုးကြိုးပြင်ရွာတို့မှ ရွာသူရွာသား ၃၀ ခန့်တို့ဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာလုပ်ကွက် အမှတ်(၈)၊ MCC ၏မြောက်ပိုင်းယာခင်းအား ဝင်ရောက်ထွန်ယက်ခဲ့ရာ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဆားလင်းကြီး မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က သွားရောက်တားမြစ်ခဲ့ရာတွင် ရွာသူ၊ ရွာသား ၇၀ ခန့် ထပ်မံရောက်ရှိလာပြီး ထွန်ယက်နေသူများကို တားမြစ်နေသည့် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့အား ဝိုင်းဝန်းထားသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြန် လည် ကယ်ထုတ်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

အလားတူပင် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင်လည်း ရွာသူရွာသား (၇၀)ခန့်နှင့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် အဖွဲ့မှအဖွဲ့ဝင်အချို့တို့သည် စီမံကန်းဧရိယာ လုပ်ကွက်အမှတ်(၈)တွင် စုဝေးနေခဲ့သည့်အတွက် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးမှ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာဖြစ်၍ ဝင်ရောက်ထွန်ယက်ခြင်းမပြုရန် တားဆီးခဲ့သော်လည်း လူစုမကွဲသည့်အပြင် ရွာသူရွာသားများမှ ခဲများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့ကြောင်းသိရသည်။ ထို့ကြောင့် သက်ဆိုင်ရာမှလိုက်လံ ဖမ်းဆီးရာတွင် သုံးဦးဖမ်းဆီးရမိခဲ့ပြီး လူစုလူဝေးမှာမူ ခဲများဖြင့်ဆက်လက် ပစ်ပေါက်နေသည့်အတွက် လူစုခွဲရန်ကြေညာပြီး သေနတ်ဖြင့် မိုးပေါ်ထောင်ဖောက်ခဲ့သောအခါမှသာ လူစုကွဲသွားခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်တွင်လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ရွာသူရွာသားနှစ်ရာခန့်မှ တုတ်၊ ဓား၊ ကျောက်ခဲများ ကိုင်ဆောင်၍ ဖမ်းဆီး ထားသူများအား ပြန်လည်ခေါ်ဆောင်ရန်အတွက် လုပ်ကွက်အမှတ်(၈) MCC ၏အရှေ့ဘက်သို့ ရောက်ရှိလာရာတွင် ခရိုင်ရဲ တပ်ဖွဲ့မှူးမှလူစုခွဲရန် ကြေညာခဲ့သော်လည်း ရွာသူရွာသားများမှ ရဲတပ်ဖွဲ့ဝင်များကို  တုတ်၊ ဓားများဖြင့် စတင်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ ခြောက်လှန့် ပစ်ဖောက်ခဲ့သော်လည်း ရွာသူရွာသားများမှ ရပ်တန့်သွားခြင်း မရှိဘဲ ပလက်စတစ် ရေသန့်ဘူးအတွင်း ဓါတ်ဆီထည့်ကာ ကြိုးဖြင့် မီးစာလုပ်ထားသည့် မီးလောင်ဗုံးများဖြင့် ပစ်ပေါက် လာခြင်း၊ ရွာသားသုံးဦးက ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ကို ပြုလုပ်လာခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များ မှ ရာဘာကျည်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ ၁၀ နာရီ ၄၀ မိနစ်တွင် လူစုကွဲသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့သည်။

ထိုကဲ့သို့ ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် ရွာသားသုံးဦး နှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ မင်းမဲ့စရိုက်ဆန်စွာ လုပ်ဆောင်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက် နိုင်ရန် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

YC


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment