Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

ပြည်တွင်းထုတ်ဂျာနယ်များမှ သတင်းဆောင်းပါးကောက်နှုတ်ချက်

“သက်သေတွေကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တရားလိုကမြို့နယ်ရဲမှူးတွေပဲ။ တကယ်သွေးထိုး လှုံဆော်တယ်ဆို အများပြည်သူကို သက်သေအနေနဲ့ ပြရမှာ၊ သွေးထိုးလှုံဆော်တဲ့အခါမှာ ဘာစကားပြောလဲ၊ ဘယ်လိုလုပ် ရပ်တွေလုပ်လဲ ဆိုတာလဲ မပြနိုင်တော့ သက်သေကမခိုင်လုံဘူး ဖြစ်နေတယ်။ ပြီးတော့ ဒီလိုအမှုမျိုးတွေက တိုင်းဒေသကြီး လို အစိုးရအဖွဲ့တွေက တာဝန်ပေးမှ တရားစွဲလို့ရတာ၊ အမှုကဥပဒေအတိုင်း သေချာလုပ်ပေးရင်တော့ လွတ်နိုင်ခြေ ရှိပါ တယ်”

ဧပြီလ ၂၆ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၄) တွင်ပါရှိသော “ကိုရဲမင်းဦးကို မေလ ၃ ရက်နေ့ အမိန့်ချမှတ်ဖွယ်ရှိ” သတင်းမှ ရှေ့နေဦးကျော်ဟိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကချင်သင်ခန်းစာအရ တပ်မတော်အပေါ် သံသယရှိပါသေးတယ်။ တိုက်ပွဲဖြစ်တာကို သမ္မတဆီ စာတင်ထားပါတယ်။ သမ္မတ အမိန့်ကို နာခံကြပါ။ ကျွန်တော်တို့ တပ်တွေကို ကျွန်တော်တို့ထိန်းပါတယ်။”

ဧပြီလ ၂၆ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၄) တွင်ပါရှိသော “ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်၊ ဒုက္ခသည်တွေတိုးလာ” သတင်းမှ SSPP/SSA မှ ဗိုလ်မှူးစိုင်းထူး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌက ကိုယ့်လယ်ကိုရောင်းချင်ရောင်း မရောင်းချင်နေ ကြိုက်သလို ဆုံးဖြတ်ခွင့်ရှိတယ်ပြောတယ်။ အခု မရောင်းဘူး ဆင်းထွန်တော့ပစ်တယ်။ အခုဘေးမှာ ကော်မရှင်လဲမရှိဘူး။ ကော်မတီလဲမရှိဘူး”

ဧပြီလ ၂၆ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၈) တွင်ပါရှိသော “ပုဒ်မ ၁၄၄ ထုတ်ထားသည့် ကြေးနီ စီမံကိန်းနယ်မြေတွင် လယ်ဆင်းထွန်သော လယ်သမားများနှင့် ရဲတပ်ဖွဲ့ပဋိပက္ခဖြစ်” သတင်းမှ လယ်သမားအရေး ဆောင်ရွက်သူ ကိုဟန်ဝင်းအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုလို မင်းမဲ့စရိုက်ဆန်တဲ့ အမှုတွေဖြစ်နေတာဟာ အချို့မူးယစ်ဆေးဝါးသုံးစွဲလို့ ဖြစ်တဲ့ကိစ္စတွေရှိတယ်။ ဥပမာ မွန် ပြည်နယ်မှာ ဖြစ်တဲ့အမှုမျိုး။ ဒါက သာမန်လူငယ်ကြားမှာ ဖြစ်တဲ့ပြဿနာပါ။ ဂုဏ်ရှိန်ဂုဏ်ဝါကြီးတဲ့လူတွေနဲ့ ပတ်သက်တဲ့ သူတွေကြတော့ အစဉ်အလာတစ်ရပ်အနေနဲ့ လုပ်လို့ရတဲ့ကိစ္စဖြစ်တယ်။ အဲဒီအတွက် အုပ်ထိန်းသူတွေဟာ ကိုယ့်သား၊သမီး ဖြစ်လင့်ကစား အရေးယူပါ။ အုပ်ထိန်းသူမှာလည်း တာဝန်ရှိတယ်။ ပြီးတော့ မူးယစ်ဆေးဝါး ကိစ္စတွေမှာလည်း လူတွေကို ပိုမိုပြီးမင်းမဲ့စရိုက် ဆန်ဆန်ဖြစ်အောင် လှုံဆော်စေတယ်။ အဲဒါတွေကို အာဏာပိုင်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် အရေးမယူနိုင်တဲ့ကိစ္စတွေမှာ အမှုဖြစ်ရင်ဖြစ်ဖြစ်ချင်း မဖမ်းတဲ့ကိစ္စပြီးမှ လူစုကွဲမှ ကောက်သင်းကောက်သလို နောက်က လိုက်ပြီး ဖော်ထုတ်တာတွေ တွေ့ရတယ်။ အဲဒီကိစ္စတွေအားလုံးကို ကိုင်တွယ်ဆောင်ရွက်တဲ့သူတွေ အားနည်းတာကြောင်း အခုလို မင်းမဲ့စရိုက်ဆန်ဆန် အမှုတွေဖြစ်တာ”

ဧပြီလ ၂၆ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၁၈) တွင်ပါရှိသော “ဥပဒေနှင့်အညီ မဆောင်ရွက်ခြင်း ကြောင့် မင်းမဲ့စရိုက်များ အားကောင်းနေ” သတင်းမှ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စက်ရုံငှားရမ်းခဈေးကြီးတယ်။ မြေဈေးကြီးတယ်။ အဲလိမျိုးဈေးကြီးတာက မြေရှင်တစ်ခထဲမဟုတ်ဘဲ မြန်မာတစ်မျိုးသား လုံးဖြစ်လာရင် ဥပမာအလုပ်သမားကလည်း လုပ်ခတိုးတောင်းမယ်၊ လျှပ်စစ်ဓါတ်အားခ တွေတိုးတောင်းမယ်ဆိုတဲ့ အခါကျ တော့ သူတို့တွေက နိုင်ငံတကာမှာ ၁၀ နှစ်လောက်ထုတ်လုပ်မှုစရိတ် သက်သက်သာသာ လုပ်လို့ရတယ်။ ဒီမှာက နှစ်နှစ် လောက်သက်သာပြီ၊ သုံးနှစ်လောက်ကြာတော့ နှစ်ဆတိုးတောင်းတယ်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးပြီးသား နိုင်ငံလောက် တက်နေ တာကိုတွေ့ရတော့ တွန့်ဆုတ်နေကြတယ်”

ဧပြီလ ၃၀ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၅) တွင်ပါရှိသော “ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများ မြေနှင့် အဆောက်အဦးအတွက် ၈၀ ရာခိုင်နှုန်းခန့်ရင်းနှီးနေရ” သတင်းမှ ရွှေလင်ဗန်းစက်မှုဇုန်၏ လျှပ်စစ်ပစ္စည်းထုတ်လုပ် သူ တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

Brief In News

တရားရုံးများ လဘ်စားမှုစစ်တမ်းကောက်ယူမည်

မြန်မာနိုင်ငံ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်စေရန်အတွက် တရားရုံးများတွင် အဂတိလာဘ်စားမှုများ ရှိမရှိ အခြေအနေကို စစ်တမ်းတစ်ရပ်ကောက်ယူသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ ဦးသူရဦးအောင်ကို၏ ပြောကြားချက်မှ သိရသည်။


 

အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ချေးငွေများ ၆ ဆအထိတိုးချေးမည်

၂၀၁၃-၁၄ ဘဏ္ဍာနှစ် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ချေးငွေကို ၆ ဆအထိ တိုးမြှင့်ချေးပေးသွားမည် ဖြစ်ကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ သတင်းရရှိသည်။

ငွေချေးယူရာတွင် အခြားသောဘဏ်များ၏ လုပ်ထုံးလုပ်နည်းအတိုင်း အာမခံအပေါင် ပစ္စည်းများရှိမှသာလျှင် ချေးယူနိုင်မည် ဖြစ်ပြီး အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။


ဘဏ်လုပ်ငန်းပြုပြင်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံညှိနှိုင်းမည်

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက် မြင့်မားလာနိုင်စေရန် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်၍ ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့ပြင် အဆိုပါအဖွဲ့အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ နယ်ပယ်အသီးသီးတွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းများ၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ စီးပွားရေးတွက်ခြေကိုက်မှုနှင့် အကျိုးရလဒ်များကို အကဲဖြတ်၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။


ရခိုင်တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများ တွေ့ဆုံဆွေးနွေးမည်

ရခိုင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ပြည်တွင်းနိုင်ငံရေး ပါတီများ၊ လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပနိုင်ငံရေး အင်အားစုများအားလုံးတို့မှ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်း အတွင်းကလည်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့မှ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်၍ ယခုကဲ့သို့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


လွှတ်ကိုယ်စားလှယ်များ မိမိမဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန် ငွေသိန်းတစ်ထောင်ချပေးမည်

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မဲဆန္ဒနယ် တစ်ခုလျှင် ငွေကျပ်သိန်းတစ်ထောင်စီ အသုံးချစရိတ်ပေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဖုန်းမြင့်အောင်မှ ပြောကြားသည်။

ယင်းအသုံးစရိတ်ကို လွှတ်တော်ငွေစာရင်းကော်မတီမှ တာဝန်ယူချထားပေးမည်ဖြစ်ကြောင်းသိရသည်။


NLD ခေါင်းဆောင်တစ်ချို့တရုတ်ပြည်သို့ချစ်ကြည်ရေးသွားရောက်လည်ပတ်မည်

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ မေလ ၈ ရက်နေ့တွင် NLD မှဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဟံသာမြင့်မှ ပြောကြားခဲ့ကြောင်းသိရသည်။


Black List စာရင်းမှလူ ၈ ဦးပယ်ဖြတ်

အရပ်သားအစိုးရသစ်လက်ထက်တွင် ၃ ကြိမ်မြောက်အဖြစ် နိုင်ငံခြားသား ၃ ဦးနှင့်နိုင်ငံသား ၅ ဦးတို့ကို အမည်ပျက်စာရင်း Black List မှပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဧပြီလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment