Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အမေရိကန်က မြန်မာနိုင်ငံနှင့် တိုင်းတာမှုများပါဝင်သည် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးစတင်

(26 April 2013 ရက်စွဲပါ Zeenews မှ US begins ‘Calibrated’ defense engagement with Myanmar ကို ဘာသာပြန်ဆိုပါသည်)

  1. အမေရိကန်တွင် မြန်မာနိုင်ငံမှသွင်းကုန်များ၊ အကောက်ခွန်ကင်းလွတ်ခွင့်ရတော့မည်

(27 April 2013 ရက်စွဲပါ Washington Post မှ AP ၏ Myanmar could get broad duty-free access to the US , as Washington deepens trade , military ties ကို ဘာသာပြန်ဆိုပါသည်)

  1. ရခိုင်ပြည်နယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကုလအရေးပေါ်ရန်ပုံငွေထပ်တိုး

(UN News Centre မှ 26 April 2013 ရက်စွဲပါ “Relief operations in Myanmar’s Rakhine state receive boost from UN emergency fund” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖွယ်မရှိဟု အာဏာရပါတီပြောကြား

(UOI မှ 26 April 2013 ရက်စွဲပါ “Suu Kyi won’t be President ruling party says” သတင်းကို ဘာသာပြန် ဆိုပါသည်။)


အမေရိကန်က မြန်မာနိုင်ငံနှင့် တိုင်းတာမှုများပါဝင်သည် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးစတင်

(26 April 2013 ရက်စွဲပါ Zeenews မှ US begins ‘Calibrated’ defense engagement with Myanmar ကို ဘာသာပြန်ဆိုပါသည်)

ဝါရှင်တန်အနေဖြင့် အာဏာအပြည့်အဝရှိသော မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲ ရေးတွင်အရေးကြီးသော အခန်းကဏ္ဍတွင်ရှိသည်ဟု ကောင်းစွာသိရှိထားသောကြောင့် အမေရိကန် ပြည်ထောင်စုသည် မြန်မာတပ်မတော်နှင့် စစ်တပ်ချင်းဆက်ဆံရေး တည်ထောင်ရန်သတိထား၍ စတင်နေပြီဖြစ်ကြောင်း ပင်တဂွန်တာဝန် ရှိသူများက ပြောကြားခဲ့ပါသည်။

မြန်မာ့တပ်မတော်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုအနေဖြင့် အလေးအနက် စိုးရိမ်မှုများရှိသည့်အလျှောက် ဆက်ဆံရေးသည် အစပထမအားဖြင့် စစ်ရေးနှင့် မပတ်သက်သော ကိစ္စများတွင်သာ အကန့်အသတ်နှင့် ရှိနေမည်ဖြစ်ပါသည်။ စစ်တပ်ချင်း ဆက်ဆံရေးအတွက် နယ်ပယ်များနှင့်အမြန်နှုန်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏တိုးတက်မှုများပေါ်တွင် မူတည်မည်ဖြစ်ပါသည်။

“အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ကန့်သတ်ချက်တွေ တိုင်းတာမှုတွေနဲ့ သတ်မှတ်ထားတဲ့ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံမှုအစီအစဉ်ရဲ့ ကနဦးအဆင့်မှာပဲရှိပါသေးတယ်။ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖွဲ့စည်းမှု ကို မြှင့်တင်ဖို့ဒီဇိုင်း ဆွဲထားတာပါ”ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် Cathy Wilikinson က သတင်းအေဂျင်စီတစ်ခုသို့ ယမန်နေ့ က ပြောကြားခဲ့ပါသည်။

“ပထမအဆင့်မှာ အခြေခံအားဖြင့် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီ/ ဘေး အန္တရာယ်ကယ်ဆယ်ရေး ပုံစံများအပေါ်အာရုံပြုမှာဖြစ်ပြီး၊ ဒီပထမအဆင့်မှာ မြန်မာနိုင်ငံက တပ်မတော်အရာရှိတွေဟာ အမေ ရိကန်စစ်တပ်အရာရှိနဲ့ချိတ်ဆက်ပြီး နိုင်ငံတကာအဆင့်နဲ့ အကျင့်စာရိတ္တဆိုင်ရာစံတွေကို ထိတွေ့နိုင်အောငအခွင့်အလမ်းတွေ ရှာပေးမှာပါ”ဟု အဆိုပါအမျိုးသမီးက ပြောပါသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအား ယခင်အမည် Burma ဟုသာညွှန်းဆိုခဲ့ပြီး ကမ္ဘာပေါ်တွင် Burma ဟုသာ ခေါ်ဆိုဆဲဖြစ်သော နိုင်ငံအနည်းငယ်တွင် ပါဝင်ပါသည်။

“ဆက်ဆံရေးအစီအစဉ်မှာ လှုပ်ရှားမှုအားလုံးကို တိုင်းတာမှု သတ်မှတ်ချက်တွေနဲ့ သေချာစွာ လုပ်ဆောင်မှာဖြစ်ပြီး၊ စစ်တပ်နဲ့အစိုးရရဲ့ ဒီမိုကရေစီမျက်နှာစာမှ တိုးတက်မှုပေါ်မှာမူတည်ပြီး နယ်ပယ်တွေသတ်မှတ် လုပ်ဆောင်သွားမှာပါ။ အခုထိ တော့ ကနဦးလှုပ်ရှားမှုတွေကို APCSS က စပွန်ဆာပေးတဲ့ပွဲတွေနဲ့ပဲ ကန့်သတ်ထားပါသေးတယ်။ ပါဝင်လိုတဲ့ အဆိုပြုမှု မှန်သမျှ ဥပဒေအရ၊ မူဝါဒအရ သုံးသပ်မှုတွေလုပ်ပြီးမှ လက်ခံမှာပါ” ဟု Wilkinson ကပြောပါသည်။

APCSS ဆိုသည်မှာ ဟာဝိုင်ရီကျွန်း၊ ဟိုနိုလူလူရှိကာကွယ်ရေးဌာနမှ ကျောင်းတစ်ခုဖြစ်ပြီး Asia-Pacific Center for Security Studies ဟု အမည်ရှိပါသည်။ APCSS သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကိစ္စများကို ကိုင်တွယ်ပြီး၊ အမေရိကန်နှင့်အာရှ-ပစိဖိတ်နိုင်ငံများမှ စစ်တပ်မှ ပုဂ္ဂိုလ်များ၊ အရပ်သားများကို ဟာဝိုင်ယီနှင့် အာရှပစိဖိတ် တစ်ခွင်တွင်ကျင်းပသော အမှုဆောင်အဆင့်ပညာရေးနှင့် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များသို့ ဖိတ်ကြားလျက်ရှိပါသည်။

မကြာမီပြုလုပ်မည့် အစီအစဉ်များတွင် ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်အထိ ဘော်စတွန်တွင်ကျင်းပမည့် တောင် အာရှခေါင်းဆောင်များ ရေကြောင်းလုံခြုံရေး(South Asia Leaders water security)အမည်ဖြင့် နိုင်ငံစုံအလုပ်ရုံ ဆွေးနွေး ပွဲတွင် အရပ်သားတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ရန်စီစဉ်ထားပါသည်။ မြန်မာနိုင်ငံမှ ပါဝင်မည့်အရပ်သား တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးမှာ သစ်တောဌာနရေစေရေလဲ စီမံခန့်ခွဲရေး အစီအစဉ် မှ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ တာဝန်ရှိသူ ပုဂ္ဂိုလ်နှစ်ဦးသည် လုံခြုံရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံစုံအလုပ်ရုံ ဆွေးနွေးပွဲတက် ရောက်ရန်စီစဉ်ထားပါသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် လုံခြုံရေးကဏ္ဍအတွက်အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှုများ၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာနှင့် မူဝါဒဖွံ့ဖြိုးတိုးတက်ရေး၊ အရပ်သား-စစ်တပ်- ရဲတပ်ဖွဲ့ဆက်ဆံရေးများကို အာရုံပြုဆွေး နွေးကြမည် ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲကို ဇူလိုင် ၂၉ မှ သြဂုတ် ၂ အထိ ဟိုနိုလူလူရှိ APCSS တွင် ကျင်းပမည်ဖြစ်ပါ သည်။

လက်ရှိအားဖြင့် APCSS သည် အဆင့်မြင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး သင်တန်းပေးလျက်ရှိရာ မြန်မာနိုင်ငံ မှာ အာဆီယံကိုယ်စားလှယ်အဖြစ် တစ်ဦးတက်ရောက်နေပါသည်။

ဇူလိုင်လတွင် ၈-၁၂ ထိ နေပြည်တော်တွင် နိုင်ငံစုံဒေသတွင်း လုံခြုံရေးအကြောင်းအရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု လက်ခံကျင်းပမည် ဖြစ်ရာ အရှေ့တောင်အာရှ လုံခြုံရေးပတ်ဝန်းကျင်ကို အဓိကအာရုံပြု ဆွေးနွေးမည်ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံသည် ၂၀၁၄ အာဆီယံဥက္ကဋ္ဌဖြစ်သည့်အချိန်တွင် ထိရောက်စွာ တာဝန်ထမ်းဆောင်နိုင်ရေး စွမ်းရည်မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။


အမေရိကန်တွင် မြန်မာနိုင်ငံမှသွင်းကုန်များ၊ အကောက်ခွန်ကင်းလွတ်ခွင့်ရတော့မည်

(27 April 2013 ရက်စွဲပါ Washington Post မှ AP ၏ Myanmar could get broad duty-free access to the US , as Washington deepens trade , military ties ကို ဘာသာပြန်ဆိုပါသည်)

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးနှင့် စစ်ရေးအရ ဆက်ဆံမှုများ လေးလေးနက်နက် လုပ်ဆောင်လျက် ရှိရာ မြန်မာနိုင်ငံသည်ယခုနှစ်ကုန်တွင် အမေရိကန်ဈေးကွက်တွင် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိလာနိုင် ပါသည်။

ပထမအဆင့်အနေဖြင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် ခေတ္တတာဝန်ယူထားသူ Demetrios Marantis က သောကြာနေ့တွင် ပြောကြားရာတွင် အမေရိကန်သည် မြန်မာနိုင်ငံမှ သွင်းကုန်အမယ်ပေါင်း ထောင်နှင့်ချီ၍ အကောက်ခွန် ကင်းလွတ်ခွင့် ပေးဖွယ်ရှိကြောင်း၊ ၎င်းတို့တွင် စိုက်ပျိုးရေးထွက်ကုန်၊ လက်မှုပညာပစ္စည်းများ၊ အချို့ အထည်ချုပ်များ ပါဝင်ပြီး၊ ဆင်းရဲသောတိုင်းပြည်များအား အကူအညီပေးရေး အစီအစဉ်အရ ယခုနှစ်ကုန်တွင် ဖြစ်ဖွယ် ရှိကြောင်းပြောပါသည်။

ရလဒ်

အဆိုပါ လုပ်ဆောင်မှုသည် ယခင်ကအထီးကျန်ပြုခံရသော မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါဒ မည်မျှနက်ရှိုင်းစွာ ပြောင်းလဲလာသည်ကို သရုပ်ဖော်ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအထိ အမေရိကန်သည် မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်ထားခဲ့ပါသည်။ မြန်မာနိုင်ငံမှ လျင်မြန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် ဝါရှင်တန်သည် အရေးယူမှု အများစုကို ယာယီ ရုတ်သိမ်းပေးခဲ့ပါသည်။


ရခိုင်ပြည်နယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကုလအရေးပေါ်ရန်ပုံငွေထပ်တိုး

(UN News Centre မှ 26 April 2013 ရက်စွဲပါ “Relief operations in Myanmar’s Rakhine state receive boost from UN emergency fund” သတင်းကို ဘာသာပြန်ဆိုပါသည်)

ကုလသမဂ္ဂ Central Emergency Response Fund CERF သည် မန်မာနိုင်ငံရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ ဒုက္ခ သည် ၆၉,၀၀၀ ခန့်အား အသက်ကယ် အကူအညီပေးရန်အတွက် နောက်တိုးရန်ပုံငွေ ဒေါ်လာ ၅ သန်း ခွင့်ပြုလိုက်ပြီ ဖြစ် သည်။

ယခု အစီအစဉ်သည် ၂၀၁၂ ဇွန်လနှင့် အောက်တိုဘာလတွင် မြန်မာနိုင်ငံ၌ လူမျိုးရေးအကြမ်းဖက် အဓိကရုဏ်း ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှလူသားချင်းစာနာမှု စီမံချက်များအတွက် CERF ကတတိယအကြိမ်ရန်ပုံငွေ ထောက်ပံ့ ခြင်း ဖစ်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုရေးရာညှိနှိုင်းရေးရုံး UN OCHA က ပြောကြားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုသည် ပမာဏကြီးမားသော ပြည်တွင်း အိုးမဲ့အိမ်မဲ့ပြဿနာကို ဖြစ်ပေါ်စေကာ စက်လှေ ဖြင့် ထွက်ပြေးသူ တိုးပွားလာရုံသာမကပဲ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုပါ ပျက်စီး ဆုံးရှုံးစေခဲ့သည်ဟု OCHA Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တစ်လွှား အိုးမဲ့အိမ်မဲ့ဒုက္ခသည် ၁၄၀,၀၀၀ ကျော်နေပြီဟု ကုလသမဂ္ဂက ခန့်မှန်းထား သည်။

“CERF ရဲ့  ချက်ခြင်းလက်ငင်းရန်ပုံငွေ ဖြည့်ဆည်းမှုကို ကျေးဇူးတင်ပါတယ်။ ကယ်ဆယ်ရေးအေဂျင်စီတွေ အနေနဲ့ အမိုးအကာ၊ ရေနဲ့သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အစရှိတဲ့အရေးပေါ် အသက်ကယ်အစီအစဉ်တွေကို စိတ်ချလက်ချ တုန့်ုပြန်ဆောင်ရွက်နိုင်သွားပါပြီ။ ဒါပေမယ့် ဒီနောက်တိုး ရန်ပုံငွေတွေနဲ့ လိုအပ်သမျှအားလုံးကိုတော့ မဖြည့်ဆည်းပေးနိုင် သေးပါဘူး” ဟု မြန်မာနိုင်ငံမှ OCHA ညှိနှိုင်းရေးတာဝန်ခံ အေဆော့နီဂမ် ကပြောကြားသည်။

ယခု နောက်ဆုံးရန်ပုံငွေ ထပ်မံတိုးပေးခြင်းကြောင့် CERF ၏ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးမှု ပမာဏစုစုပေါင်း ဒေါ်လာ ၁၅ သန်းကျော်သွားပြီ ဖြစ်သည်။ ယခု ရန်ပုံငွေဒေါ်လာ ၅ သန်းသည် ကုလအေဂျင်စီ လေးခုနှင့် လုပ်ဖော်ကိုင်ဖက်အဖွဲ့များ၏ စီမံချက်များသို့ စီးဆင်းသွားမည်ဖြစ်ပြီး၊ မုန်သုံရာသီ မစခင်ကယ်ဆယ်ရေး အစီအစဉ်များ အရှိန် မြှင့်ရန်စီစဉ်နေသော ကုလအေဂျင်စီများအတွက် အချိန်ကိုက်ဖြစ်သွားပါသည်။

၂၀၀၆ ခုနှစ် ဖွဲ့စည်းပြီးနောက်ပိုင်း CERF သည် မြန်မာနိုင်ငံမှ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် ကယ်ဆယ် ရေး လုပ်ငန်းများအတွက် ဒေါ်လာသန်း ၇၆ သန်း ထောက်ပံ့ပေးခဲ့ပြီး ရခိုင်ပြည်နယ် ကယ်ဆယ်ရေး လုပ်ငန်းများက ဒေါ်လာ ၃၇ သန်း ရရှိခဲ့သည်။

CERF သည် ကမ္ဘာတစ်လွှား သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ဘေးဒဏ်သင့်သူများအား အသက် ကယ်အကူအညီ မြန်ဆန်စွာပေးအပ်လျက်ရှိပြီး၊ အဖွဲ့ဝင်နိုင်ငံများ၊ အင်ဂျီအိုများ၊ ဒေသတွင်း အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍနှင့် တစ်ဦးချင်း အလှူရှင်များက စေတနာအလျှောက် ရန်ပုံငွေထည့်ဝင်ပေးနေကြ ခြင်းဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖွယ်မရှိဟု အာဏာရပါတီပြောကြား

(UOI မှ 26 April 2013 ရက်စွဲပါ “Suu Kyi won’t be President ruling party says” သတင်းကို ဘာသာပြန် ဆိုပါသည်။)

မြန်မာနိုင်ငံတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်းနှင့် သို့ဖြစ်၍ သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း အာဏာရပါတီ ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါသည်။

၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိကာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်နိုင်ငံရေး လှုပ်ရှားခွင့်ပြုခြင်းအပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တစ်သီတစ်တန်းလုပ်ဆောင်ခဲ့ခြင်းကြောင့် International Crisis Group က ချီးမြှင့်သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆုကို မကြာသေးမှီက လက်ခံရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာအောင် လမ်းရှင်းပေးရန် အစီအစဉ်မရှိဟု ယခုပြောကြားသူမှာ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဖြစ်ပါသည်။

“ကျွန်တော်တို့ ပါတီကတော့ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ အခုထိမစဉ်းစားရသေးပါဘူး”ဟု ၎င်းက ထိုင်း အခြေစိုက် မြန်မာသတင်းဌာနသို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုကာ ထွန်းကားခဲ့သော သားနှစ်ဦး စလုံးမှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် အခြေခံဥပဒေပါ စည်းကမ်းချက်အရ သမ္မတလောင်းစာရင်းဝင်ရန် အဟန့် အတားဖြစ်နေပါသည်။

NLD ပါတီ ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားဝင်ယှဉ်ပြိုင်ခွင့် ရသည့်တိုင်အောင် သမ္မတနေရာအတွက် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရလိမ့်မည်ဟု သုံးသပ်ပြောကြား ထားသည်။

“လွှတ်တော်ထဲကပြိုင်ဖက်တွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ပြင်းပြင်းထန်ထန်တားဆီးဖို့ကြိုးစား ကြပါလိမ့်မယ်”ဟု ၎င်းကမှတ်ချက်ပေးသည်။

သမ္မတကိုယ်စား ငြိမ်းချမ်းရေးဆုလက်ခံယူသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးပွဲဝင်ခွင့်ရအောင် အခြေခံဥပဒေကို ပြန်လည်သုံးသပ်မည်ဟု ထုတ်ဖော်ပြောဆိုထားချိန်တွင် ယခုကဲ့သို့ ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဋ္ဌေးဦး၏ မှတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ “ဦးဋ္ဌေးဦး၏မှတ်ချက်မှာ ကျားကွက်တစ်ခုမျှသာဖြစ်ပြီး၊ နောက်ကွယ်မှ ဦးသန်းရွှေ၏ ကစားကွက် မဟာဗျူဟာကသာ ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း” သုံးသပ် ပြောဆိုထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment