Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

ပြည်တွင်းထုတ်ဂျာနယ်များမှ သတင်းဆောင်းပါးကောက်နှုတ်ချက်

“၁၄၄ ထုတ်ပြန်ထားတဲ့နေရာတွေကို ကျူးကျော်ခြင်း ဖြစ်တယ်လေ။ ဒီ နယ်မြေကို ၁၄၄ ထုတ်ထားတဲ့အတွက် တရားဥပဒေမဲ့ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။ သုံးကြိမ် သတိပေး ပြောဆိုခဲ့ ပါတယ်။ သို့သော်လည်းမရဘဲ သူတို့က စတင်ပြီး ကျောက်ခဲနဲ့ပေါက်တာတွေ၊ တုတ်နဲ့ရိုက်တာတွေ လယ်သမားတွေဘက်ကစပြီးကျူးလွန်တာပါ။ အဲ့ဒီလိုကျူးလွန်တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်းပြီး လူစုခွဲခဲ့ရတာဖြစ်တယ်”

ဧပြီလ ၂၉ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၅) တွင်ပါရှိသော “လက်ပံ တောင်း တောင်ကြေးနီ စီမံကိန်းလုံးဝရပ်ဆိုင်းရေး ဆက်လက်တိုက်ပွဲဝင်သွားမည် တရားဥပဒေ နည်းလမ်းအရ ဆောင် ရွက်ရခြင်းဖြစ်ကြောင်း လုံထိန်းတာဝန်ရှိသူများက ရှင်းလင်း”သတင်းမှ မုံရွာခရိုင်ရဲမှူး ဦးတင်ထွန်း၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် အတက်ပညာပိုင်း၊ နည်းပညာပိုင်း၊ ကိုယ့်အတွက်ကျန်မယ့်လုပ်ငန်းတွေ၊ အလုပ်အကိုင် အခွင့် အလမ်းတွေ၊ များများစားစားရှာဖွေပေးနိုင်မယ့်လုပ်ငန်းတွေ များများဝင်လာဖို့လိုတယ်။ သယံဇာတကြီးပဲ ထုတ်နေလို့မရဘူး”

ဧပြီလ ၂၉ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၆) သတင်းတွင်ပါရှိသော “ပြည်ပ အရင်းများ အဘယ်သို့နည်း”ဆောင်းပါးမှ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာစစ်တပ်ဟာ လက်နက်ကိုင်သူပုန်အဖွဲ့ ၁၁ ဖွဲ့နဲ့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ် အရာရှိ တွေကို နိုင်ငံတကာ စစ်ဖက်ပညာရေးနဲ့ လေ့ကျင့်ရေးပေးတဲ့နေရာမှာ အမေရိကန်ကပါ ပါဖို့တော်တော်လေး ခက်ခဲတဲ့အနေအထားမှာ ရှိပါလိမ့် မယ်။ သူပုန်တွေကို နှိမ်နှင်းတယ်လို့ပဲ ခေါ်ခေါ်၊ ဖိနှိပ်တယ်လို့ပဲ ပြောပြော၊ အတင်းအကြပ်နေရာ ရွှေ့ပြောင်းတယ်လို့ပဲဆိုဆို ရက်ရက်စက်စက် လုပ်ရပ်တွေမှာ ပတ်သက်မှုကင်းတဲ့ အရာရှိရယ်လို့ ရှာဖို့ခက်ပါတယ်။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ၊ အဲဒါကြောင့် မြန်မာနိုင်ငံကို အမေရိကန်အနေနဲ့ စစ်ဖက်ပညာရေးနဲ့ လေ့ကျင့်ရေးမပေးသင့်ဘူးလို့ ကျနော်ကတော့ ထင်ပါ တယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “မြန်မာနဲ့စစ်ဖက်ဆက်ဆံရေး ဆီးနိတ်အမတ် သတိပေး” သတင်းမှ Maryland ပြည်နယ်ဒီမိုကရက် လွှတ်တော်အမတ် Benjamin Cardin ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ကျွန်တော်တို့ ဘဏ္ဍာငွေရယူခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံရေး ပါတီတွေနဲ့ဆက်စပ်နေတဲ့ လူမှု့ရေး အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲ့ဒီ လူမှုရေးအဖွဲ့အစည်းတွေက မိမိဘာသာငွေရှာတယ်။ မိမိဘာသာ လူမှုရေးလုပ်ငန်းတွေ လုပ်တယ်။ အထူးသဖြင့် နာဂစ်လိုကိစ္စမျိုးမှာ ထောက်ပံ့ဖို့လိုတယ်။ မထောက်ပံ့ရင် ရေမရှိဘူး။ စားစရာ မရှိဘူး။ ဒီတော့ရန်ပုံငွေကို ရှာရတယ်ဆိုတော့ ဘဏ္ဍာရေးငွေရှာဖွေရေး သုံးသပ်ချက်မှာ ဒါမျိုးတွေကို ထည့်သွင်း စဉ်းစားဖို့လိုတယ်။ ဒါတွေဟာ ပါတီ ရန်ပုံငွေလည်း မဟုတ်ဘူး။ ပါတီကရတဲ့ငွေနဲ့ သွယ်ဝိုက်တဲ့ ရန်ပုံငွေလည်း မဟုတ်ဘူး။ အဲ့ဒီလို သတ်မှတ်ရပါလိမ့်မယ်။ ဒီလိုမှ မသတ်မှတ်ရင် တကယ့်အရေးကြီးကိစ္စတွေ ဖြစ်တိုင်းဖြစ်တိုင်း နိုင်ငံရေးပါတီတွေ ဘာမှမလုပ်ဘဲထိုင်ကြည့်နေလို့ မဖြစ်ပါဘူး။ လူသားချင်းစာနာစွာနဲ့ ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်လဲလုပ်ခဲ့ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ပါတီ တိုင်းဟာ ဘဏ္ဍာငွေရှာဖွေရေးကို ဘယ်ပုံစံနဲ့ လုပ်လုပ်ရရှိတဲ့ ဘဏ္ဍာငွေကိုစနစ်တကျ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း ရှိ ရပါမယ်။ စာရင်းကျွမ်းကျင်သူတွေရဲ့ အကူအညီရယူထိန်းသိမ်းဖို့ ဒါတွေအရေးကြီးပါတယ်။ ကိစ္စဖြစ်တိုင်းဖြစ်တိုင်း ဘဏ္ဍာငွေ ကို ကြည့်ရပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ်တိုင်အောင်ခြေက အဖွဲ့အစည်းကို အမြဲတမ်းဒါတွေ ညွှန်ကြားထားပါတယ်။ စာရင်း အင်းတကယ်တက်တဲ့ သူတွေကိုခေါ်ပြီး ထိန်းသိမ်းရပါမယ်။ လိုအပ်လို့ စစ်ဆေးတဲ့အခါမှာ ဒီဘဏ္ဍာငွေရယူတာ မှန်တယ်။ သုံးစွဲတာမှန်တယ်ဆိုတာ ပေါ်လွင်ပါလိမ့်မယ်။ ဒါ့ကြောင့် အထူးသဖြင့် ကျွန်တော်တင်ပြလိုတာက ပါတီဘဏ္ဍာငွေဆိုတာနဲ့ ပါတီနဲ့ဆက်စပ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့  ဘဏ္ဍာငွေဆိုတာ မတူပါဘူး။ အဲဒီ့ပတ်သက်တဲ့ ဘဏ္ဍာငွေကို ပါတီရဲ့ ရန်ပုံငွေ ထဲထည့်လို့ မဖြစ်ပါဘူး”

ဧပြီလ ၂၇ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ အတွဲ (၁) အမှတ် (၂၁) တွင်ပါရှိသော “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှု ၂၀၁၅ ရွေးကောက်ပွဲအတွက် ကောင်းမွန်၍ပြီးပြည်စုံ သော ဆွေးနွေးချက်များ ရရှိလာဟုဆို” သတင်းမှ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“GSP ဟာ ကျနော်တို့နိုင်ငံမှာ စီးပွားရေးတွေ ပိတ်ဆို့ထားတဲ့အတွက် ကျနော်တို့နိုင်ငံက ပစ္စည်းတွေ ကို ပို့မယ် ဆိုရင် အခွန် ၂၃% ဆောင်ရပါတယ်၊ ဥပမာဆိုရင် ငွေ ၁ ရာဖိုးပို့ရင် ၂၃ ကျပ်ဖိုး အခွန်ဆောင်ရတာပေါ့၊ GSP ဆိုတဲ့နိုင်ငံတွေ ဥပမာအား ဖြင့် ဘင်္ဂလားဒေ့ရှ်တို့ဆိုရင် ၁ဝဝ ဖိုးပို့ရင် အခွန်မဆောင်ရတဲ့အတွက် ၁ဝဝ အပြည့် ရတာပေါ့၊ အဲဒီမှာကတည်းက ကျနော်တို့ ပြည်သူတွေက ၂၃ ကျပ် ရှုံးနေတာပေါ့နော်၊ ဒါတွေကို အခုဖြုတ်ပေး လိုက်တယ်ဆိုတော့ ပြည်သူတွေအပြည့်အဝ တိုက်ရိုက် ခံစားရမှာပေါ့”

RFA သတင်းဌာနတွင် ပါရှိသော “မြန်မာပို့ကုန်တွေကို အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပြုတော့မည်” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

Brief In News

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ၃ ခုဖွင့်မည်

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် မြန်မာ-ထိုင်းနယ်စပ်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုဖွင့်လှစ်ရန်ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသည့် (၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ သမ္မတဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ယင်လတ်ရှင်နာဝပ်ထရာတို့ သီးခြားတွေ့ဆုံမှုမှ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း Bangkok Post သတင်းစာ ၏ ဖော်ပြချက်မှ သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment