Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

ပြည်တွင်းထုတ်ဂျာနယ်များမှ သတင်းဆောင်းပါးကောက်နှုတ်ချက်

“ကော်မရှင်က သူဆုံးဖြတ်ရမယ့်ကိစ္စတွေ ပိုပြီးတိကျအောင် ပိုပြီးခိုင်လုံအောင် အကြံအဥာဏ်ယူတယ်လို့ မြင်တယ်။ ဆွေးနွေးတဲ့အပေါ်မူတည်ပြီး သူလုပ်သင့်လုပ်ထိုက်တာကို သူလုပ်မှာပေါ့။ ဘဏ္ဍာရေးနဲ့ ပတ်သက် လို့ ပြောရရင်ပါတီိတိုင်းမှာ ဘဏ္ဍာရေးမရှိလို့ဘယ်ရမလဲ။ သို့ပေမယ့် ဒီဘဏ္ဍာရေးကို ညီညွတ်အောင်လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်ညီညွတ်နိုင်မလဲ။ မညီညွတ်နိုင်ဘူး။ သို့သော်လည်း ရွေးကောက်ပွဲလုပ်တဲ့အခါမှာ သုံးစွဲရမယ့် ဘဏ္ဍာကိုပဲ ညီညွတ်အောင်လုပ်လို့ရနိုင်မယ်လို့ ကျွန်တော်မြင်ပါ တယ်။ ဥပမာ- ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အခါမှာ သုံးစွဲရမယ့် ငွေကြေးပမာဏကို မျှတအောင် ကန့်သတ်တာမှန်တယ်။ ဒါပေမယ့် ပါတီတွေငွေရှာတာကို ကန့်သတ်ရင်တော့ မဖြစ်နိုင်ဘူး”

ဧပြီလ ၂၇ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာ အတွဲ (၁) အမှတ် (၂၁) တွင်ပါရှိသော “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှု ၂၀၁၅ ရွေးကောက်ပွဲအတွက် ကောင်းမွန်၍ ပြီးပြည်စုံ သော ဆွေးနွေးချက်များ ရရှိလာဟုဆို” သတင်းမှ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြန်လည်ထူထောင်ရေးက အခုအချိန်ထိ ဘာမှထူးထူခြားခြားလုပ်ပေးခဲ့တာမရှိဘူး။ အဆောက်အအုံလည်း ခိုင်ခိုင်မာမာဆောက်ပေးခဲ့တာ မရှိပါဘူး။ သူတို့က လိုအပ်တာတင်ပေးဆိုလို့တင်ပေးခဲ့တယ်။ မုန်တိုင်းခံတဲ့ အဆောက်အအုံတွေ လိုအပ်တယ်လို့ တင်ပြခဲ့တာပဲ။ ဒါပေမယ့် ဘာမှ မရခဲ့ပါဘူး။ တံတားတွေ လိုအပ်ချက်ရှိ တယ်။ လမ်းတွေလိုအပ်ချက်ရှိတယ်လို့ တင်ပေးခဲ့ပေမယ့် မကျခဲ့ဘူး။ တခြားရွာတွေမှာ နာဂစ်ဖြစ်ပြီးတဲ့နောက် အသစ်တွေဖြစ်သွားပေမယ့် ဒီရွာမှာတော့ ဘာမှလုပ်မပေးခဲ့ဘူး။ ဒီမှာ လူဦးရေးကလည်း ၃၀၉ ဦး ဆုံးရှုံးသွား တယ်။ ရွာမှာ မိဘမဲ့ကလေးတွေ ၁၄ ဦးရှိတယ်။ ဖြစ်ခါစတုန်းကတော့ လာကူကြတာရှိပေမယ့် ခုနောက်ပိုင်း တော့ NGO ရော၊ ဘာရော ဘာမှလာတာမရှိတော့ဘူး”

ဧပြီလ ၂၉ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၅) တွင် ပါရှိသော “နာဂစ်မုန်တိုင်း ကြုံတွေ့ခဲ့ပြီး ငါးနှစ်တာကာလကြာမြင့်ခဲ့သော်လည်း ဒေသအချို့၌ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ၍ အကူအညီများ လိုအပ်နေဆဲ” သတင်းမှ ပျဉ်းမကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“အမှန်ကတော့ သူတို့လယ်သမားတွေ တကယ်နစ်နာတာတော့ အမှန်ပဲ။ အစဉ်အဆက် လယ်မြေပေါ်မှာ ရပ်တည် လုပ်ကိုင်လာခဲ့တာမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို သိမ်းပြီးတော့ ကြေးနီစီမံကိန်းအတွက် လယ်ယာ မြေကို သိမ်းယူတယ်ဆိုတဲ့ သဘောမျိုးဖြစ်တာ။ အဲဒီလို သိမ်းယူတဲ့နေရာမှာလည်း ညှိနှိုင်းပြီးတော့ ထိုက်တန်တဲ့ လျော်ကြေး ပေးချင်လည်းပေးပေါ့ဗျာ။ လျော်ကြေးမယူဘူးဆိုလည်း သူတို့စိုက်ပျိုးသီးနှံလုပ်ငန်း လုပ်မဲ့အပေါ်မှာ အစိုးရကပဲဖြစ်ဖြစ်၊ ဝမ်ပေါင်ကပဲဖြစ်ဖြစ် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “လက်ပံတောင်းမှာ ရဲနဲ့ရွာသားဆက်လက်တင်းမာ” သတင်းမှ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးအောင်သိန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အမေရိကန်အစိုးရက အလားအလာကောင်းတွေပြည့်နှက်နေတဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးတွေ လက်တွဲလုပ်သွားချင်ပါတယ်”

ဧပြီလ ၂၉ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၆) သတင်းတွင်ပါရှိသော “တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်ရန် အမေရိကန်အထူးကိုယ်စားလှယ် မြန်မာကိုတိုက်တွန်း” သတင်းမှ အမေရိကန် ကုန်သွယ်ရေးအထူးကိုယ်စားလှယ်ဖြစ်သူ Demetrios Marantisu ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“မြန်မာပြည်မှာ မရှိသေးတဲ့ ဝန်ဆောင်မှုအသစ်ဖြစ်တဲ့ လက်ကိုင်ဖုန်းကနေ ဘဏ်တွေကို ငွေလွှဲလို့ရမယ့် စနစ်၊ ကျန်းမာရေးကိစ္စတွေကို ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်မယ့် ဝန်ဆောင်မှု၊ လယ်သမားတွေအတွက် သီးနှံဈေးနှုန်း၊ ဆန်ဈေးနှုန်းတွေကို လက်ကိုင်ဖုန်းကနေတဆင့် သိရှိနိုင်မယ့် ဝန်ဆောင်မှုတွေပေးသွားဖို့ ရည်ရွယ်ထားပါတယ်”

ဧပြီလ ၂၇ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီဆက်သွယ်ရေးဝန်ဆောင်မှုအသစ်များ ပေးမည်” သတင်းမှ Telenor ၏ အာရှဒေသလုပ်ငန်းများဆိုင်ရာ အကြီးအကဲ မစ္စတာဆာဗေးဘာကေး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment