Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ထိုင်း-မြန်မာ နယ်စပ်ဒေသ စစ်ဆေးရေးဂိတ် သုံးခုထပ်မံဖွင့်လှစ်မည်

(Bangkok Post သတင်းစာမှ 26 April 2013 ရက်စွဲပါ Three new border crossings to open ကိုဘာသာပြန်ဆိုသည်)

  1. အင်ဒိုနီးရှားခေါင်းဆောင်များ မြန်မာအကြမ်းဖက်မှုအရေးနှင့်ပတ်သက်၍ ပြောဆို

(April 26, 2013 ရက်စွဲပါ Jakarta Post မှ Indonesia leaders airs concern on Myanmar violence သတင်းကို ဘာသာပြန်ဆိုသည်)


ထိုင်း-မြန်မာ နယ်စပ်ဒေသ စစ်ဆေးရေးဂိတ် သုံးခုထပ်မံဖွင့်လှစ်မည်

(Bangkok Post သတင်းစာမှ 26 April 2013 ရက်စွဲပါ Three new border crossings to open ကိုဘာသာပြန်ဆိုသည်)

နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသအမြဲတမ်းစစ်ဆေးရေးဂိတ်သုံးခု ထပ်မံဖွင့်လှစ် သွားရန် ထိုင်းနှင့်မြန်မာနိုင်ငံတို့ သဘောတူညီလိုက်ပြီဖြစ်သည်။

ဘရူနိုင်းနိုင်ငံတွင် ဧပြီလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်သောအာဆီယံထိပ်သီးဆွေးနွေးပွဲ၏ သီးခြားဆွေးနွေးပွဲ၌ မြန်မာဘက်ကအဆိုပြုထားသော အဆိုပါနယ်စပ်ဂိတ်များဖွင့်လှစ်မည့်ကိစ္စကို သမ္မတဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်တို့သဘောတူညီလိုက်ခြင်းဖြစ်သည်။

ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ Phakdeeharn Himathongkham ၏ အဆိုအရ အဆိုပါကိစ္စကို မြန်မာအစိုးရက အလေးပေးထုတ်ဖော်လာသည့်အတွက် ဝန်းကြီးချုပ် ရင်းလတ်က ကျေးဇူးအထူးတင်ရှိလျက်ရှိသည်။

စစ်ဆေးရေးဂိတ်များကို ထိုင်းနိုင်ငံဘက် ကချနာဘူရီပြည်နယ် နှင့် မြန်မာနိုင်ငံဘုရားသုံးဆူမြို့ကြားတွင်တစ်ခု၊ ကချနာဘူရီပြည်နယ် ဘန်နမ်ပုရွန်နှင့် မြန်မာဘက်မှ Tiki မြို့ကြားတွင်တစ်ခု၊ ထိုင်းနိုင်ငံ ပရာချပ်ခီရိခန်ပြည်နယ်နှင့် မြန်မာနိုင်ငံ မော်တောင်းမြို့ကြားတွင်တစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မစ္စတာ Phakdeharn အဆိုအရ အဆိုပါ စစ်ဆေးရေးဂိတ်သုံးခု ထပ်မံဖွင့်လှစ်မည့်အစီအစဉ်က ထိုင်းနှင့် မြန်မာအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအားကောင်းစေမည်ဟု မစ္စရင်းလတ်က ဦးသိန်းစိန်ကိုပြောဆိုခဲ့ကြောင်းသိရသည်။

ဝန်ကြီးချုပ် ရင်းလတ်သည် ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်းချာချာကောလ်၏ ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍ ကနဦးအဆိုပြုချက်ကို သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရာတွင် ဆွေးနွေးခွင့်ရခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းရိုဟင်ဂျာများကို စုံစမ်းစစ်ဆေးနိုင်ရေးအတွက် ထိုင်းနိုင်ငံသို့ အစိုးရအရာရှိများစေလွှတ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်းက တိုက်တွန်းထားသည်။

ယခုလ ဘရူနိုင်းတွင် ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော ရိုဟင်ဂျာ ၂၀၀၀ ခန့်အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့လွှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

အဆိုပါ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှထွက်လာသူများ ဟုတ်မှတ်သည်ဟူသောအချက်ကို အာဏာပိုင်တို့က စစ်ဆေးတွေ့ရှိမည်ဆိုပါက ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်က ကတိကဝတ်ပြုခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း Special Purpose Vehicle(SPV) အစုရှယ်ယာသဘောတူညီချက် မူကြမ်းတစ်ရပ်ကို ရေးဆွဲထားပြီးဖြစ်သည်ဟု ဝန်ကြီးချုပ် ရင်းလတ်က သမ္မတဦးသိန်းစိန်ကို အသိပေးပြောဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ သဘောတူညီချက်ကိစ္စအတါက် မြန်မာနိုင်ငံဘက်မှ အလေးအနက်ထားထည့်သွင်းစဉ်းစားပေးရန်လည်း ထိုင်းနိုင်ငံက တိုက်တွန်းသည်။

ယင်းသဘောတူညီချက်တွင် အစုရှယ်ယာရှင်များ၏ အခွင့်အရေး၊ စီမံခန့်ခွဲမှုအတွက် စည်းမျဉ်းစည်းကမ်းများ၊ စီမံကိန်းလည်ပတ်မှုဆိုင်ရာ မူဝါဒများထည့်သွင်းထားသည်။


အင်ဒိုနီးရှားခေါင်းဆောင်များ မြန်မာအကြမ်းဖက်မှုအရေးနှင့်ပတ်သက်၍ ပြောဆို

(April 26, 2013 ရက်စွဲပါ Jakarta Post မှ Indonesia leaders airs concern on Myanmar violence သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Jakarta Post

အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယိုနိုသည် မြန်မာခေါင်းဆောင်အား ယခင်စစ်အုပ်ချုပ်ရေးအချိန်က ဆိုးဝါးလွန်းလှသော မူဆလင်ဆန့်ကျင်ရေး အဖြစ်အပျက်နှင့် ပတ်သက်သည့်  သူ၏ သဘောထားအမြင်ကို ထုတ်ဖော်ခဲ့ကြောင်း အင်ဒိုနီးရှားထိပ်တန်းသံတမန်က ဗုဒဟူးနေ့က ပြောကြားခဲ့သည်။

ကမ္ဘာ့အထင်ရှားဆုံး မူဆလင်နိုင်ငံကြီး၏ ခေါင်းဆောင်က မြန်မာနိုင်ငံသို့ အင်္ဂါနေ့က သွားရောက်လည်ပတ်ခဲ့သော ခရီးစဉ်တွင် ဘာသာရေးအဓိကရုဏ်းနှင့် ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါက ဘရူနိုင်းနိုင်ငံ၏မြို့တော်တွင် ကျင်းပသော အရှေ့တောင်အာရှ ထိပ်သီးညီလာခံ၌ သတင်းယူရန်လာရောက်သော သတင်းထောက်များအား ပြောပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံ၏ အများက ကျယ်ကျယ်ပြန့်ပြန့်ချီးကျူးကြသည့် ဒီမိုကရေစီအပြောင်းအလဲ ကိုလည်း ဆွေးနွေးခဲ့သည်ဟု နာတာလီဂါဝါက ဆိုသည်။

သမ္မတယူဒိုယိုနိုနှင့်အတူ မြန်မာနိုင်ငံသို့ လိုက်ပါခဲ့သော နာတာလီဂါဝါက အင်ဒိုနီးရှားအနေဖြင့် ဦးသိန်းစိန် အစိုးရသည် အတူတကွနေထိုင်ကြသည့် မတူညီသောဘာသာဝင်များ အကြား ဖြစ်ပွားခဲ့သောအဓိကရုဏ်းအား ထိန်းချုပ်နိုင်ရန် မှန်ကန်စွာကြိုးစားနေသည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသော အာဆီယံအဖွဲ့ဝင်များလည်းဖြစ်သည့် အိမ်နီးချင်း အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည်  ဦးသိန်းစိန်အစိုးရအား သီးခြားစီ အကူအညီပေးခဲ့ကြပါသည်။

အင်ဒိုနှင့် ထိုင်းသံတမန်များက ဘန်ဒါဆရီဘာဂါဝန်တွင် ကြာသာပတေးနေ့တွင် ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များညီလာခံ၌ မြန်မာနိုင်ငံ၏ ဘာသာရေးအကြမ်းဖက်မှုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမည် မဆွေးနွေးမည်ကို မသေချာကြောင်း ပြောကြားခဲ့သည်။

ညီလာခံမှာ ကာလရှည်ကြာ မကျေလည်မှုများဖြစ်နေသော နယ်မြေအငြင်းပွားမှုများနှင့် အရှေ့တောင် အာရှနိုင်ငံများသည် ဥရောပသမဂကဲ့သို့ အသိုင်းအဝိုင်းတစ်ခုအဖြစ်သို့ ၂၀၁၅ နှစ်ကုန်တွင် ပြောင်းလဲမည့်ကိစ္စတို့အား အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း နာတာလီဂါဝါက ဆိုသည်။

မြန်မာသံတမန် ဦးအောင်လင်းက ဘာသာရေးတိုက်ခိုက်မှုပြဿနာမှာ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ၎င်းတို့၏အစိုးရအနေဖြင့် ဖြေရှင်းရန် ကြိုးစားနေပြီဖြစ်သည်ဟု ပြောကြားပါသည်။ ဘာသာရေးအဓိကရုဏ်းပြန့်နှံ့မှုသည် ဖြစ်တည်ကာစ  ဦးသိန်းစိန်အစိုးရအတွက် ယခုအထိ အကြီးမားဆုံးစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည်။ မနှစ်ကလည်း ရခိုင်ပြည်နယ်အား မူဆလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုက နှစ်ကြိမ်တိုင်တိုင် လှုပ်ခတ်ခဲ့သည်။ မတ်လတွင် ဆိုးဝါးလှစွာသော မငြိမ်မသက်ဖြစ်မှုသည် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ပြန့်နှံ့ခဲ့သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment