Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ဆီကို သင်္ကြန်မတိုင်ခင်တစ်လလောက်က တိုင်စာရောက်ပါတယ်။ စစ်ဆေးတဲ့ ပုဂ္ဂိုလ်တွေက ဘာကိုပဲ စစ်ဆေးခိုင်းလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမှာ အမတ်တစ်ယောက်  ဖြစ်ဖို့အတွက် သူ့ရဲ့အမေ၊ အဖေ၊ ဘိုး၊ ဘွား စသဖြင့် မြန်မာနိုင်ငံမှာ မွေးဖွားတာ ဟုတ်သလား၊ မဟုတ်သလားဆိုတာပါ။ ရွေးကောက်ပွဲကော်မရှင်မှာ ပုဒ်မတစ်ခု ဒီအချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးတာဖြစ်ပါတယ်။ အဲဒီဟာအရ ဒီအချက်နဲ့ ကိုက်ညီသလိုတိုင်ထားတဲ့ သဘောဖြစ်သလို ရှိနေတဲ့အတွက် ခုတော့ တိုင်တဲ့ တိုင်စာကို ပြန်စစ်နေပါတယ်။ ခုချိန်ထိ ပြီးဆုံးခြင်းမရှိသေးပါဘူး။ တရားဝင်လွှတ်တော်အမတ် တစ်ယောက် ကို ကျွန်တော်တို့ မှန်ခြင်း၊ မမှန်ခြင်းနဲ့ အလီဘိုင်ပြနဲ့ ပြရမှာဖြစ်တဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့ ဘက်က ယောင်ဝါးဝါးနဲ့ လုပ်လို့မရပါဘူး။ သေသေချာချာ အထောက်အထားနဲ့ စစ်ဆေးလျက်ရှိပါတယ်”

မေ ၁ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၉) တွင်ပါရှိသော “လွှတ်တော် ကိုယ်စားလှယ် အချို့အား နိုင်ငံသား ဟုတ်၊ မဟုတ် တိကျသည့် အထောက်အထားများနှင့် စစ်ဆေးနေ” သတင်း မှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာသမ္မတက သူတို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးလိုက်တာကိုလည်း  ကျွန်တော်တို့ ကြိုဆိုပါတယ်။ ”

မေ ၁ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၉) တွင်ပါရှိသော “မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံခေါင်းဆောင်များက ဆက်လက်အားပေးမည်ဟု အာဆီယံအတွင်းရေးမှူး ချုပ်ပြောကြား” သတင်း မှ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“တချို့နေရာက စာချုပ်ထဲမှာ တစ်ဖက်နဲ့တစ်ဖက် သဘောတူထားတဲ့ နေရာမဟုတ်ဘူး ဖြစ်နေတယ်။ ရှမ်းဘက်လည်း ဒါကသူတို့ နေရာဖြစ်တယ်ဆိုပြီး ပြောတယ်။ သဘောတူချက်ထဲမှာလည်း အဲဒီကိစ္စ သဘောတူထားတာမဟုတ်ဘူးဆိုတော့ ပြဿနာက အဲဒီဟာဖြစ်နေတယ်။”

ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာ အမှတ် (၅) တွင်ပါရှိသော “တိုက်ပွဲများပြန်ဖြစ်ရခြင်း မှာ နယ်မြေနှင့် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု မပြီးပြတ်သေးသောကြောင့်ဟု ဆို” သတင်းမှ MPC ၏ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီ ဘတ်ဂျက်ကို ဘယ်လိုသုံးရမယ်ဆိုတာ မသိသေးပေမယ့် ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်သုံးရမယ်ဆိုရင်တော့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ အဓိကသုံးမယ်။ ဒီမှာက စာသင်ကျောင်းတွေမရှိတာ ပညာရေးအတွက် အခက်အခဲရှိတာတွေ ဖြစ်နေတယ်။ အဲဒီအတွက်သုံးဖို့တော့ စဉ်းစားထားတယ်”

ဧပြီလ ၂၉ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာ အမှတ် (၅) တွင်ပါရှိသော “ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်ကို အရေးကြီကဏ္ဍများတွင်သုံးရန် လွှတ်တော်ကိုယ်စားလှယ်များ သံသယရှိ” သတင်းမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျနော်တို့တိုင်းရင်းသားတွေအတွက်ကတော့ အရင်တုန်းကဆိုရင် ကျနော်တို့ မွန်စာအုပ်ကို ထုတ်ချင်လို့ရှိရင် ဘာသာပြန် ပေးရတယ်။ စာအုပ်ထုတ်ရတဲ့ အခက်အခဲအပြင် ဘာသာပြန်ပေးရတဲ့ ပြဿနာတခုကလည်း ရှိလိုက်သေးတယ်။ အဲဒီတော့ အခု အဲဒီအပိုင်းကို လျှော့လိုက်တဲ့ အခါကျတော့ စာပေစိစစ်ရေးကဏ္ဍကို လျှော့လိုက်တဲ့အခါကျတော့ တော်တော်လေးကို လွယ်ကူသွားတယ်။ လွယ်ကူသွားတော့ အောင်အောင်မြင်မြင်လည်း ဖြစ်တယ်။ စာအုပ်လည်း အများကြီးထွက်နိုင်တယ်။ ဒါပေမဲ့ ရေဒီယိုပိုင်းတို့၊ တီဗွီပိုင်းတွေကျတော့ ကျနော်တို့မှာ အခက်အခဲရှိတယ်။ အတတ်ပညာပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းရင်းသားတွေမှာ အတွေ့အကြုံ သိပ်မရှိဘူး။ မရှိတော့ အခက်အခဲတော့ ရှိလိမ့်မယ်ထင်တယ်။ အဲဒီအခက်အခဲကို နိုင်ငံတော်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းကဖြစ်ဖြစ် ပံ့ပိုးပေးနိုင်ရင်တော့၊ ထောက်ပံ့ပုံစံမျိုးတွေ အမျိုးမျိုးလုပ်ပေးလိုက်လို့ရှိရင် ကျနော် ထင်တယ် တိုင်းရင်းသားနေရာတွေက အများကြီး ပွင့်လင်းလာပါလိမ့်မယ်။”

ဗီအိုအေ သတင်းဌာနတွင် ပါရှိသော “တိုင်းရင်းသားဘာသာစကား မီဒီယာကွန်ယက်ဖွဲ့မည်” သတင်းမှ မွန်ဘာသာနဲ့ထုတ်ဝေတဲ့ အမတ်ဒိန် ဂျာနယ်၏ အယ်ဒီတာချုပ် နိုင်မောင်တိုး ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

ရန်ကုန်တိုင်းအတွင်း သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံဖွင့်

ထိုင်းနိုင်ငံ Toyo-Thai Power Myanmar Co.Ltd မှလျှပ်စစ်မဂ္ဂါဝပ် ၁၂၀ ထုတ်ပေးနိုင်မည့် စီမံကိန်းအား ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှပ်နှံမှု ဖြင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် BOT စနစ်ဖြင့်တည်ဆောက်နေသည်ဟုသိရသည်။ ဓါတ်ငွေ့တာဘိုင်နှစ်လုံးအနက် ၄၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော ပထမတာဘိုင်မှာ ယနေ့တွင်စတင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ဒုတိယတာဘိုင်စက်မှ ၂၀၁၃ မေလတွင် စတင်လည်ပတ်ထုတ်လုပ်နိုင်မည်ဟု သိရသည်။

ရန်ကုန်တိုင်းတွင် ၂၄ နာရီလျှပ်စစ်မီးပေးနိုင်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အား သုံးစွဲသည့် ပမာဏမှာ နေ့ခင်းဘက်တွင် ၇၈၆ မဂ္ဂါဝပ်နှင့် ညဘက်တွင် ၇၅၄ မဂ္ဂါဝပ်သုံးစွဲလျှက်ရှိပြီး နှစ်စဉ်ဓါတ်အားသုံးစွဲမှု ပမာဏမှာ ၁၅ ရာခိုင်နှုန်းတိုးတက်လျှက်ရှိကြောင်းသိရသည်။ ထိုသို့တိုးတက်နေသော သုံးစွဲမှု ပမာဏများကြောင့် ဓါတ်အားအလုံအလောက်ရရှိစေရန်အတွက် စီမံဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်နွေရာသီတွင် အလှည့်ကျမီးပေးစနစ် စတင်ရန်မရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှသတင်းရရှိသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဒေသဆိုင်ရာဖွံ့ဖြိုးရေးမူဝါဒဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိ

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကုလသ မဂ္ဂ မှ ကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေး မူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်လျက်ရှိပြီး အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေး ရိုက်ခတ်မှုများနှင့် သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုများအပေါ် တုန့်ပြန်နိုင်မည့် နည်းလမ်းများရှာဖွေရန်နှင့် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ရေရှည်ဖွံ့ဖြိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့သတ္တုတူးဖော်ရာတွင် စနစ်တကျနှင့် အကာအကွယ်ပေးနိုင်မှုမရှိ

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ အသိအမှတ် ပြုထားသည့် စံနှုန်းနှင့်ကိုက်ညီမှုမရှိခြင်း၊ စနစ်တကျထုတ်ယူမှုမရှိခြင်းနှင့် အကာအကွယ်ပေးနိုင်မှု အားနည်းမှုများကြောင့် လူမှုစီးပွား ထိခိုက်မှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဘူမိဗေဒနှင့် ဓာတ်သတ္တု ရှာဖွေတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက်နိုင်ရန် နိုင်ငံခြားကုမ္ပဏီအသေးလေးများမှ ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး အဆိုပါကုမ္ပဏီများမှ ရရှိသည့် အချက်အလက်များကို ကမ္ဘာ့သတ္တုတူးဖော်ရေးလုပ်ငန်းများတွင်အောင်မြင်နေသည့် ကုမ္ပဏီကြီးများသို့ ပြန်လည်တင်ပြလျက်ရှိကြောင်း သိရသည်။

လက်ပံတောင်းအရေးနောက်ကွယ်မှကြိုးကိုင်သည်ပာု ယူဆရသူ ရှစ်ဦးအား အမှုဖွင့်

တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စီးပွားရေးဦးပိုင်လီမီတက်တို့မှ ပူးပေါင်း လုပ်ကိုင်လျက်ရှိသည့် လက်ပံတောင်း တောင်စီမံကိန်း လုပ်ကိုင်နေမှုများအပေါ်ကန့်ကွက်ရာတွင် နောက်ကွဝ်မှ ကြိုးကိုင်နေသူများ ပာုယူဆရသူ ကိုပာန်ဝင်းအောင် အပါအဝင် လူရှစ်ဦးကို မြန်မာနိုင်ငံမှရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူထား လိုက်ပြီဖြစ်ပြီး  ၎င်းတို့အား အမြန်ဆုံးဖမ်းဆီးနိုင်ရန် ပြည်သူများအနေဖြင့် အကူအညီပေးပါရန် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဧပြီလ ၂၈ ရက်နေ့တွင် ကြေညာချက်ထုတ် ပြန်ကြေညာခဲ့သည်။ယခု တရားစွဲဆိုခံရသူ လူရှစ်ဦးမှာ ကိုပာန်ဝင်းအောင်၊ ကိုအောင်စိုး၊ ကိုဗထူး၊ ကိုသောင်းထိုက်ဦး၊ ကိုသားကြီး၊ ကိုလတ်၊ ကိုသော်ဇင်၊ ကိုသူတို့ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာတွင် ၁၄၄ ရုတ်သိမ်းမည်

မိတ္ထီလာမြို့တွင် ပဋိပက္ခဖြစ်စဉ်များအတွက် ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ အား ဧပြီလကုန်ပိုင်းတွင် ပြန်လည် ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဥပဒေရေးရာဝန်ကြီး ဦးရဲမြင့်အောင်မှ ပြောကြားသည်။

USDP ၏တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ

USDP ပါတီ၏ တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကို ဧပြီလ ၁ ရက်မှ ၃ ရက်နေ့ထိ နေပြည်တော် ပါတီဌာန

ချုပ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။၎င်းတွေ့ဆုံပွဲသို့ တစ်နိုင်ငံလုံးမှ ပါတီဝင်လူငယ်အား ၉၀၀ ခန့် တက်ရောက်မည်ဖြစ်ပြီး အခြားတိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ အားဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံမှ လုပ်သားများမြန်မာနိုင်ငံသို့ ငွေတရားဝင်ပို့နိုင်

ဆိုင်ယမ်ကော်မာရှယ်ဘဏ် (FCB) နှင့်မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်တို့အကြား ATM စက်များမှ တဆင့် ငွေလွှဲပို့ခြင်းကို တရားဝင်ပို့နိုင်ရန်အတွက် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော လုပ်သားများအနေဖြင့် မိခင်နိုင်ငံသို့ တရားဝင်ငွေပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ FCB ဘဏ်မှ ၎င်း၏ငွေလွှဲနှုန်းကို ၂၀၁၃ ခုနှစ်တစ်ခုလုံး လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် တရားဝင်မြန်မာအလုပ်သမား ၁ ဒဿမ ၃ သန်းခန့်ရှိပြီး တရားဝင်မှတ်တမ်းမရှိသော အလုပ်သမားစုမှာ ၁ သိန်းကျော် ခန့်ရှိသည်ဟု သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment