Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာထုတ်ကုန်များအတွက် အကောက်ခွန်လျှော့ချရန် အမေရိကန်စဉ်းစားနေခြင်းသည် မစောလွန်းသလော

(26 April 2013 ရက်စွဲပါ Christian Science Monitor မှ Joseph J Schatz ရေးသားသော US Considers end to tariffs in Myanmar: too soon ? သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. ရွေးကောက်ပွဲဥပဒေနှင့် နည်းပညာများကို ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်မည်

(Bernama News မှ 27 April 2013 ရက်စွဲပါ “Myanmar Union Election Commission to amend electoral laws, by laws” ကို ဘာသာပြန်ဆိုပါသည်)

  1. ဘာသာရေးအဓိကရုဏ်းအပြီး မိတ္ထီလာကို ပြန်လည်ထူထောင်တော့မည်

(The Nation မှ 28 April 2013 ရက်စွဲပါ “Myanmar city to be rehabilitated after sectarian rioting” သတင်းကိုဘာသာပြန်ဆိုသည်)


မြန်မာထုတ်ကုန်များအတွက် အကောက်ခွန်လျှော့ချရန် အမေရိကန်စဉ်းစားနေခြင်းသည် မစောလွန်းသလော

(26 April 2013 ရက်စွဲပါ Christian Science Monitor မှ Joseph J Schatz ရေးသားသော US Considers end to tariffs in Myanmar: too soon ? သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံအလယ်ပိုင်းအဓိကရုဏ်းများအပေါ် အစိုးရ၏ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အဝေဖန်ခံရပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် သမ္မတ Barack Obama ၏ ကုန်သွယ်မှုညှိနှိုင်းရေး အကြီးအကဲ Demetrios Marantis သည် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ ရန်ကုန်မြို့လယ်ရှိဈေးသို့ သွားရောက်လည်ပတ်ပြီးနောက် မြန်မာနိုင်ငံအတွက် သတင်းစကားတစ်ခုပြောဆိုခဲ့ပါသည်။

“ကျွန်တော်လှပတဲ့ ယွန်းထည်တွေတွေ့ခဲ့ပါတယ်။ အခြား ဒီကထွက်တဲ့ အံ့သြဖွယ်ထုတ်ကုန်တွေ တွေ့ခဲ့ရပါတယ်။ ဒါတွေကို အမေရိကန်တွေဝယ်လိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်” ဟု Marantis က အမေရိကန်စင်တာတွင် မြန်မာ ပရိသတ်နှင့် နိုင်ငံခြား သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန်ကောက်ခံခြင်းကို ပယ်ဖျက်ရန် စဉ်းစားလျက်ရှိရာမြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် အမေရိကန်၏ အံ့သြဖွယ်လျင်မြန်သော တိုးတက်မှုများ၏ ထင်ဟပ်မှု ဖြစ်ပါသည်။ သို့သော် ထိုသို့လုပ်ဆောင်ရန် အဆင်မပြေသော အချိန်ဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် ပြီးခဲ့သည့်လက မိတ္ထီလာတွင်ဖြစ်ပွားသော အဓိကရုဏ်းများ ဖြစ်စေသည့် မူဆလင်ဆန့်ကျင်ရေးတင်းမာမှုများကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အများ၏ မျက်စိဒေါက်ထောက်စုံစမ်း ကြည့်ရှုမှုကို ခံနေရပါသည်။

ယခုအပတ်တွင် မြန်မာနိုင်ငံသည် ကြီးမားသော စီးပွားရေးအရအောင်ပွဲတစ်ခုရရှိခဲ့ပါသည်။ ဥရောပသမဂ္ဂသည် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားမှုမှလွဲ၍ နိုင်ငံရေးနှင့် စီးပွားရေးအရ အရေးယူမှုများကို ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါသည်။ Human Rights Watch ကမူ ပြီးခဲ့သည့်နှစ်က ရိုဟင်ဂျာများအပေါ် သတ်ဖြတ်မှုနှင့် ပတ်သက်၍ တိုင်းရင်းသားမျိုးတုန်းအောင် သတ်ဖြတ်မှုအဖြစ် စွပ်စွဲထားပါသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ သမ္မတ Obama သွားရောက်စဉ်က ပေးခဲ့သောနိုင်ငံရေးအရ ကတိ ကဝတ်များကို အလုံးစုံပါဝင်သော ဆက်ဆံရေးအဖြစ် အသွင်ပြောင်းရန် ကြိုးစားနေချိန်တွင် သဘောမတူမှုများလည်း ရောပြွမ်းပါဝင်နေသော မြန်မာနိုင်ငံအတွက် နားလည်ပေးမှုများသည် အနောက်နိုင်ငံတာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထိုးဖောက်ရာတွင် ခက်ခဲသောနိုင်ငံရေးအရ အခြေအနေများကို ဖြတ်သန်းရပါသည်။ ယခုအခါ Marantis သည်လည်း မြန်မာအစိုးရနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သတ်မှတ်ချက်မူ အသစ်များအတွက် ညှိနှိုင်းလျက်ရှိရာ အမေရိကန်ကော်ပိုရေးရှင်းများအတွက် ဆယ်စုနှစ်များစွာကြာသော အထီးကျန်ဘဝမှ ကမ္ဘာ့စီးပွားရေးတွင် ပြန်လည်ပေါ်ထွက်လာသည့် သန်း (၆၀) သော နိုင်ငံအား ၎င်းတို့၏ ကုန်ပစ္စည်းများရောင်းချရန် စိတ်အားထက်သန်စေရန် အထောက်အကူဖြစ်ပါသည်။

လူ့အခွင့်အရေးနှင့် အုပ်ချုပ်မှုကို စောင့်ကြည့်နေသူအများစုကမူ အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် မြန်မာနိုင်ငံ အပေါ် ဆုလဒ်များလျင်မြန်စွာ ဖောဖောသီသီပေးခြင်းမှာ မြန်လွန်းကြောင်း၊ များလွန်းကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိုသို့သော ကုန်သွယ်ရေးအရ အခွင့်အရေးများပေးခြင်းဖြင့် ကူညီခြင်းသည် အခြားပြုပြင်ပြောင်းလဲရေးများကို အားပေးသည့်သဘော သက်ရောက်ကြောင်း အမေရိကန်သံအမတ် ကြီး Derek Mitchell က ငြင်းချက်ထုတ်ပါသည်။

“အမှန်တကယ်တော့ စီးပွားရေးအရ ဆက်ဆံရေးနဲ့ အခွင့်အရေးတွေ ဖြည့်ဆီးပေးခြင်း၊ အလုပ်အကိုင်တွေ ဖြည့်ဆည်းပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြည့်ဆည်းပေးခြင်းများဟာ စီးပွားရေးအတွက်သာမက ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ လူမှုရေးအရ ပြုပြင်ပြောင်းလဲရေးတို့ အောင်မြင်ရေးအတွက်မရှိမဖြစ် လိုအပ်ချက်တွေပါပဲ” ဟု ၎င်းကပြောပါသည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်မည့် အမေရိကန်ကုမ္ပဏီများအတွက် ကန့်သတ်ချက် အတော်များများကို ဖြေလျော့ပေးခြင်း၊ ယာယီရုတ်သိမ်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အမေရိကန်အစိုးရသည် Burma ဟု ညွှန်းနေဆဲဖြစ်ပါသည်။ (နိုဝင်ဘာလကမူ Obama သည် Burma ရော Myanmar ပါသုံးခဲ့ပြီး၊ အမေရိကန် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များကမူ မိန့်ခွန်းများတွင် ‘You’ ‘Your Country’ ဟု အဆင်မပြေစွာ သုံးနှုန်းနေဆဲဖြစ်ပါသည်)

အကယ်၍ အမေရိကန်သည် GSP အရ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေးများ ပေးခဲ့ပါက မြန်မာနိုင်ငံမှ ထုတ်ကုန်အမျိုးအစား (၅၀၀၀) ခန့် အပေါ် အကောက်ခွန်များလျော့ချသွားမည် ဖြစ်ကြောင်း Marantis က ပြောပါသည်။ ၎င်းသည် ယခုနှစ် အစောပိုင်းကတည်းက Ron Kirk နုတ်ထွက် သွားသော အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် အဖြစ်ခေတ္တ တာဝန်ထမ်းဆောင်နေပါသည်။

အမေရိကန်အစိုးရသည် ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရ၏ အဓမ္မလုပ်အားပေးစေခိုင်းမှုများနှင့် အလုပ်သမား အခွင့်အရေးများကြောင့် မြန်မာနိုင်ငံအပေါ် ပေးထားသော GSP အခွင့်အရေးများကို ရုတ်သိမ်းခဲ့ပါသည်။ Marantis သည် ကွန်ဂရက်အဖွဲ့ဝင်များထံမှ ခက်ခဲသော မေးခွန်းများပေါ်ထွက်လာမည့်အရေးကို မျှော်လင့်လျက်ရှိပါသည်။ အလုပ်သမား အခွင့်အရေးများကိစ္စသည် ၎င်းနှင့် မြန်မာအစိုးရအဆင့်မြင့် ပုဂ္ဂိုလ်များ နေပြည်တော်တွင် ဆွေးနွေးရာ၌ အဓိကအချက် ဖြစ်ခဲ့ပါသည်။

မြန်မာထုတ်ကုန်များကို အမေရိကန်နိုင်ငံသို့ ရောင်း၍ရသော အကျိုးအမြတ်သည် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်၍ရသော အကျိုးအမြတ်နှင့်ယှဉ်ပါက များစွာနည်းပါလိမ့်မည်။

မြန်မာနိုင်ငံတွင် သတင်းစာလွတ်လပ်ခွင့် ၊ နိုင်ငံရေးအကျဉ်းသားများပိုမိုလွှတ်ပေးခြင်းနှင့်အတူ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုမှာ မြန်ဆန်လျက်ရှိပါသည်။ အစိုးရသည် ရေနံနှင့် ဓါတ်ငွေ့ရှာဖွေရေး လုပ်ကွက်များအတွက် နိုင်ငံခြားမှ ယှဉ်ပြိုင်မှုများကို စဉ်းစားလျက်ရှိပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်စင်များအတွက်လည်း နိုင်ငံခြားမှပါဝင်မှုကို စဉ်းစားလျက်ရှိပါသည်။ အမေရိကန်ကုမ္ပဏီများကလည်း မြန်မာနိုင်ငံသို့တိုး၍လာရောက် ကြည့်ရှု့ လျက်ရှိပါသည်။

“ပထဝီနိုင်ငံရေးကလည်း အဓိကနေရာက ပါပါတယ်။ မြန်မာနိုင်ငံဟာ အာရှမှာ လမ်းဆုံလမ်းခွနေရာမှာ ရှိနေခြင်း ကလည်း အမေရိကန်ကို ပတ်တနာဖြစ်လာစေဖို့ ဆွဲဆောင်နေတဲ့အချက်တစ်ခု ဖြစ်ပါတယ်” ဟု Marantis က အမေရိကန် စင်တာတွင် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။


ရွေးကောက်ပွဲဥပဒေနှင့် နည်းပညာများကို ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်မည်

(Bernama News မှ 27 April 2013 ရက်စွဲပါ “Myanmar Union Election Commission to amend electoral laws, by laws” ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Hein Latt Aung

၂၀၁၅ အထွေထွေရွေးကောက်ပွဲများ လွတ်လပ်၊မျှတ၊ ပွင့်လင်းမြင်သာမှုရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ဥပဒေနှင့်နည်းဥပဒေများကို ပြင်ဆင်တော့မည်ဟု တရားဝင်သတင်းများကို ကိုးကား၍ Xinhua က ထုတ်ပြန်သည်။

သောကြာနေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲဆန္ဒရှင်မှတ်ပုံတင်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ မဲဆန္ဒရှင်များအား ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတ ဖြန့်ဝေခြင်းကိစ္စများတွင် အားနည်းချက်များရှိနေကြောင်း အသိအမှတ်ပြု ဝန်ခံခဲ့ပြီး၊ နိုင်ငံရေးပါတီများအကြား ငွေရေးကြေးရေး ကွာဟချက်ကြီးမားမှုကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု အစိုးရသတင်းစာ New Light of Myanmar က သတင်း ဖော်ပြထားသည်။

၎င်းအစည်းအဝေးသို့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၂၁ ခုနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်များ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းသင်းပင်းများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ တွင် လွတ်လပ်မျှတသောပါတီစုံ အထွေထွေ ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ရှု့ဒေါင့် ပေါင်းစုံမှ သုံးသပ်ရန် ယခုလအစောပိုင်းကလည်း မှတ်ပုံတင်ခွင့်ရထားသော နိုင်ငံရေးပါတီ ၅၆ ခုနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပသော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီက ကိုယ်စားလှယ်အမတ် နေရာ ၄၅ နေရာအနက် ၄၃ နေရာ အနိုင်ရရှိသွားခဲ့သည်။

အဆိုပါ လစ်လပ် ၄၅ နေရာတွင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၆ နေရာနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာတို့ ပါဝင်သည်။

အငြင်းပွားဖွယ်၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၁၅၄ ဦး ထွက်ပေါ်လာခဲ့ရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ် ၃၂၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမတ် ၁၆၈ ဦးနှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမတ် ၆၆၁ ဦးတို့ဖြစ်ကြသည်။

ထိုကဲ့သို့ ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအပြင် နောက်ထပ်ရှိနေသော ကိုယ်စားလှယ် အမတ် ၂၈၈ ဦး (သို့) ၂၅ ရာခိုင်နှုန်းမှာ တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်များ ဖြစ်သည်။

ရန်ကုန်မြို့မှ အကဲခတ်များက “၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ ပွင့်လင်းမြင်သာဖွယ်ရှိကြောင်း ၂၀၁၂ ကဲ့သို့ သိက္ခာမဲ့သော ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန်အတွက် ပွဲမဝင်ခင် အပြင်ကကြိုတင်ညှိနှိုင်းထားကြ ဖွယ် ရှိကြောင်း၊ ပြည်သူ့ဆန္ဒ ၁၀၀ ရာခိုင်နှုန်း မပြည်ံဝနိုင်သော်ငြားလည်း ၅၀ ရာခိုင်နှုန်းပြည့်ဝမည့် အလားအလာရှိ ကြောင်း” ခန့်မှန်းသုံးသပ် ပြောဆိုထားသည်။


ဘာသာရေးအဓိကရုဏ်းအပြီး မိတ္ထီလာကို ပြန်လည်ထူထောင်တော့မည်

(The Nation မှ 28 April 2013 ရက်စွဲပါ “Myanmar city to be rehabilitated after secarian rioting”သတင်းကိုဘာသာပြန်ဆိုသည်)

၄၄ ဦးသေဆုံးခဲ့ရသော ဘာသာရေးအဓိကရုဏ်းကြောင့် ပျက်စီးသွားသည့် မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကို ၃ လအတွင်း ပြန်လည်ထူထောင်ဖို့လိုကြောင်း တနင်္ဂနွေနေ့သတင်းတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ မိတ္ထီလာမြို့တွင် ရွှေဆိုင်ရန်ပွဲမှအစပြုကာ မတ်လ ၂၀ ရက်တွင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်များအကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

Relief and Resettlement Department မှ လက်ထောက်ဒါရိုက်တာ ဆာဝီလီယံဖရန့်က “လာမယ့် ၂ လ၊ ၃ လ အတွင်းမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးစီးဖို့ရှိပါတယ်”ပာု မြန်မာသတင်းဂျာနယ်တစ်ခုသို့ ပြောကြားသည်။

ဒေသခံမွတ်ဆလင်လူထုကို တိုက်ရိုက်ဆန့်ကျင်ရန်ပြုသော အကြမ်းဖက်အဓိကရုဏ်းကြောင့် ၄၄ ဦးသေဆုံးကာ၊ အိမ်ခြေ ၁၅၉၄ လုံး ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ ၈၄၀၀ ခန့်မှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားခဲ့သည်ပာု တာဝန်ရှိသူများက ဆိုပါသည်။

အလားတူပင် မနှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာရခိုင်နှင့် မွတ်ဆလင်ရိုပာင်ဂျာများအကြား အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် ၂၀၀ ကျော်သေဆုံး၍ လူပေါင်း ၁၂၅,၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

“ကျွန်တော်တို့ရဲ့ မိတ္ထီလာပြန်လည်ထူထောင်ရေး အစီအစဉ်ပာာ ရခိုင်ကိစ္စလောက်ကြာမှာ မပာုတ်ပါဘူး။ ဆိုးဆိုးဝါးဝါး ပျံ့နှံ့သွားတာမျိုးမရှိပဲ ပျက်စီးမှုကလည်း မများလို့ပါ”ပာု ပြောကြားသူ ဆာဝီလီယံဖရန့်၏ ကယ်ဆယ်ရေး အေဂျင်စီသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အလှူငွေ ကျပ်သန်း ၄၉၀ (ဒေါ်လာ ငါးသိန်းခွဲခန့်) ရရှိထားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရသည် အိုးမဲ့အိမ်မဲ့ဖြစ်သူများအတွက် တန်ဖိုးနည်းအိမ်ယာများ ဆောက်လုပ်ပေးရန် စီစဉ်နေသည်ပာု တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရဲအောင်မြင့်က ပြောကြားသော်လည်း ယခင်အိမ်နီးချင်းများထံသို့ ပြန်လာလိုသူ မည်မျှရှိသနည်းဆိုသည်မှာ မသဲကွဲသေးပါ။

အကြမ်းဖက်ဖြစ်ရပ်အတွင်း ဖခင်နှင့် နေအိမ်ဆုံးရှုံးခဲ့ရသူ ဒေသခံမွတ်ဆလင်တစ်ဦးဖြစ်သည့် မငယ်(အသက် ၃၀ ခန့်)က “သူမ၏ ၆ နှစ်အရွယ် သားဖြစ်သူကို ကျောင်းသို့မလွှတ်နိုင်ကြောင်းနှင့် မွတ်ဆလင်ဖြစ်နေ၍ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ကြောင်း”ထုတ်ဖော်ပြောဆိုခဲ့သည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment