Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

“ဒီမိုကရေစီဖော်ဆောင်ရာမှာ နိုင်ငံရေးသမားတွေချည့်ပဲ ဖော်ဆောင်နိုင်တာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ မီဒီယာနဲ့ ဒီမိုကရေစီ ဟာ အပြန်အလှန် လက်တွဲပြီးတော့ သူ့အခန်းကဏ္ဍနဲ့သူ အကောင်အထည်ဖော် ဆောင်ရွက်ရမှာလည်းဖြစ်ပါတယ်။ အရင်တုန်းကတော့ မီဒီယာဟာ ဝါဒဖြန့်ချိဖို့နဲ့ သွေးဆောင်မှု စတဲ့ နေရာတွေမှာသာ အသုံးပြုခဲ့ပေမဲ့ လက်ရှိနဲ့ လက်တွေ့မှာ တော့ မီဒီယာဟာ တဖြည်းဖြည်း ပြောင်းလဲလာပြီး တော့ ဒီမိုကရေစီ ပုံဖော်ရေးကို စောင့်ကြည့်တဲ့နေရာမှာ၊ လူမှုဘဝ အဆင့်မြှင့် တင်ရေးတွေမှာ ပြည်သူတွေ ဘာပြောချင်တယ် ဆိုတာကို မီဒီယာတွေက ကိုယ်စားပြု လာတာလည်းဖြစ်ပါတယ်”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “ပြန်ကြားရေးဝန်ကြီးရဲ့ မီဒီယာလွတ်လပ်ခွင့် အမြင်” သတင်းမှ ပြန်ကြား ရေးဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ရဲတပ်ဖွဲ့အင်အားတော့ သိပ်အများကြီး မသုံးလိုက်ရပါဘူး။ ကျွန်တော်တို့ကလည်း မနိုင်တော့ဘူးဆိုမှ လိုအပ်ရင် တပ်အင်အားကို ယူရမှာပါ။ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာတော့ လုံခြုံရေးရဲကားတွေကို အဆင်သင့်ပြင်ဆင် ထားပေမယ့် အခြေအ နေတွေ တည်ငြိမ်သွားတာကြောင့် ကားတွေက အဲဒီနှစ်နေရာဆီကို မသွားလိုက်ရပါဘူး။ ဒီလိုမျိုး လူတွေကို အထိတ်တ လန့်ဖြစ်အောင် ဖန်တီးနေတဲ့ လူငါးဦးကိုစစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီး အရေးယူထားပါတယ်။ မွတ်ဆလင် လူမျိုး၊ မြန်မာလူမျိုးဆိုပြီးတော့ ခွဲခြားနေမှာမဟုတ်ဘဲ ဥပဒေကို ချိုးဖောက်ရင် တန်းတူအရေးယူခံရမှာဖြစ်ပါတယ်။ အဲဒီနေ့က အချိန်မီသာမထိန်းသိမ်းနိုင်ခဲ့ဘူးဆိုရင် ဖြစ်ပေါ် လာမယ့်အန္တရာယ်ကအကြီးကြီးပါ”

မေ ၄ ရက်နေ့ထုတ် The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “မန္တလေးတွင် အုံကြွမှုဖြစ်ပေါ် စေရန် လှုံဆော်သူငါးဦးကို ဖမ်းမိ” သတင်းမှ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးစိုးငြိမ်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ဆီမှာ ကတိပြုပြီးရင် တကယ်လုပ်ဆောင်မှုရှိ၊မရှိ အမြဲတမ်းစောင့်ကြည့်တယ်။ အဲဒါမှ မလုပ်ရင် လုပ်ငန်းတွေက ပြီးမှာမဟုတ်ဘူး။”

မေလ ၄ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ပြည်သူ့လွှတ်တော်၏ မေးခွန်းနှင့် အဆို များ အစိုးရ အကောင်အထည်ဖော်မှု တိုးတက်လာဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆရာမတို့က အခွန်ဆောင်ချင်တယ်။ အခွန်ဆောင်ရင် နိုင်ငံတော်က ကိုယ့်အတွက် ကျန်းမာရေးထောက်ပံ့မှု တွေ၊ လူမှုရေးထောက်ပံ့မှုတွေ ပညာရေးထောက်ပံ့မှုတွေ ကာကွယ်ပေးမှုတွေက ဒီထက်ပိုကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမယ့် အခွန်ဆောင်ပြီးဘာမှ လုပ်မပေးရင်တော့ အခွန်ဆောင်ရမှာ မဆောင်ချင်ဘူး။”

မေလ ၆ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၆) တွင်ပါရှိသော “အခွန်ဆောင်ခြင်း နှင့်ပတ်သက်ပြီး ပြည်သူများဒွိဟဖြစ်နေ” သတင်းမှ ဆေးတက္ကသိုလ်မှ ဒုတိယမော်ကွန်းထိန်းတစ်ဦး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“အီးယူက သုံးသပ်ပြီး အကုန်လုံးကို ရုပ်သိမ်းတယ်။ အမေရိကန်က သုံးသပ်တာချင်းမတူတော့ ရှစ်နိုင်ငံ ဆိုင်းငံ့ထားတယ်။ ပိတ်ဆို့မှု ရုပ်သိမ်းတယ်။ မရုတ်သိမ်းဘူးဆိုတာ သူတို့ဘက်နဲ့ပဲဆိုင်တယ်။ ကိုယ့်ဘက်က ဆက်လုပ်ရမယ့်အရာတွေကို ဆက်လက်လုပ်ဆောင်ရမှာပါ။”

မေလ ၄ ရက်နေ့ထုတ် 7 Day နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “သမ္မတဦးသိန်းစိန် ကန်ခရီးစဉ်မတိုင်မီ စစ်ခေါင်းဆောင်များအပေါ် ဗီဇာပိတ်ထားမှု ရုပ်” သတင်းမှ နိုင်ငံတော်သမ္မတ လူမှုစီးပွားရေးအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment