Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံကို ဂျီဟတ်စစ်ဆင်နွှဲရန် ဘာလီအကြမ်းဖက်ခေါင်းဆောင် ဆော်သြ

(Jakarta Post မှ 4 May 2013 ရက်စွဲပါ Bali terror leader calls for jihad against Myanmar ကိုဘာသာပြန်ဆိုသည်)

Photo Credit by Getty

စစ်သွေးကြွ ခေါင်းဆောင် အဘူဘေကာ ဘာရှီးယားက မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များအပေါ် မြင့်မြတ်သော ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟုခြိမ်းခြောက်လိုက်ပြီးနောက် အင်ဒိုနီးရှားမှ အစ္စလာမစ်အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံကို တိုက်ခိုက်ရမည့် ပစ်မှတ်သစ်အဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်သည်။

အစ္စလာမ်အသံ(Voice of al-Islam) အမည်ရ အစွန်းရောက်ဝက်ဘ်ဆိုက်တစ်ခုတွင် အထက်ပါခြိမ်းခြောက်မှုများပါရှိ လာပြီး နာရီပိုင်းအကြာတွင် မြို့တော် ဂျကာတာရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို ဗုံးဖောက်ခွဲမည့် အကြမ်းဖက်သမား ၂ ဦးအားဖမ်းမိလိုက်သည်။ ၎င်းတို့က ပိုက်ဗုံးများဖြင့် သံရုံးကိုတိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် မျိုးဖြုတ်သတ်ဖြတ်မှုများကျူးလွန်ခဲ့သည်ဖြစ်ရာ အဆိုပါပြဿနာအတွက်အဖြေမှာ ဂျီဟတ်မြင့်မြတ်စစ်ပွဲသာဖြစ်ကြောင်း ၂၀၀၂ ခုနှစ်၊ ဘာလီဗုံးခွဲတိုက်ခိုက်မှုကို ဦးဆောင်ခဲ့ သူ အဘူဘေကာဘာရှီးယားက ပြောကြားသည်။

“ဒီဖြစ်ရပ်တွေဟာ ကျုပ်တို့ရဲ့ အမှားတွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့က ဂျီဟတ် မလုပ်ချင်ခဲ့ကြလို့ပဲ။ ဖိလစ်ပိုင်မှာ မွတ်စလင်တွေအားကောင်းတယ်. . .ဘာဖြစ်လို့လဲဆိုတော့ သူတို့ကဂျီဟတ်လုပ်ချင်ကြလို့” ဟူသော မစ္စတာ ဘာရှီးယား၏ ပြောကြားချက်ကို အဆိုပါ ဝက်ဘ်ဆိုက်ကဖော်ပြသည်။

အင်ဒိုနီးရှားမှ မူဂျာဟီဒင်(မြင့်မြတ်စစ်ပွဲသူရဲကောင်း)များအနေဖြင့် အာဖဂန် နစ္စတန်မှ ဆိုဗီယက်ကွန်မြူနစ်များကို တိုက်ခိုက်ချေမှုန်းခဲ့သည့်အတိုင်း မြန်မာနိုင်ငံကို ချေမှုန်းရန် ၎င်းက ဆော်သြသည်။

“အလ္လာအရှင်မြတ်ရဲ့ခွင့်ပြုချက်နဲ့ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ရဲ့ပြည်သူတွေကို ကျုပ်တို့က စိစိညက်ညက် ကြေသွားပြီ ဖြစ်တဲ့ကွန်မြူနစ်ရုရှားတွေ ဒါမှမဟုတ်အမေရိကန်တွေ ကိုတိုက်ခဲ့သလို တိုက်ခိုက်ချေမှုန်းပစ်မယ်။ ဘုရားသခင် ရဲ့အလိုတော် ကျအတိုင်းပဲ” ဟု ၎င်းက ခြိမ်းခြောက်ပြောကြားသည်။

“ဗုဒ္ဓဘာသာဝင်တွေရဲ့ မေတ္တာဆိုတာ ဘာတစ်ခုမှ အဓိပ္ပာယ်မရှိဘူး။ ဘာဖြစ်ဖြစ်လို့လဲဆိုတော့ ပကတိမှာ ဗုဒ္ဓဘာသာဝင်တွေဟာ မွတ်စလင်ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့လို့ပါပဲ” ဟု ၎င်းကပြောကြားသည်။

ကြာသပတေးနေ့ညပိုင်းတွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်များက လက်လုပ်ဗုံးများသယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီး ရမိခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံသံရုံးသို့ ဦးတည်သွားနေစဉ် ဖမ်းမိလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဂျကာတာတောင်ပိုင်းရှိ အဆောက်အဦတစ်ခုကို စီးနင်းကာ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိလိုက်ပြီး နောက် နောက်ထပ်အကြမ်းဖက်သမားနှစ်ဦးကို ထပ်မံဖမ်းမိခဲ့သည်။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရာဖလီအာမာက အဆိုပါ လူနှစ်ဦးသည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များ နှိပ်စက်ညှဉ်းပန်းခံရမှုအတွက် ပြန်လည်ဂလဲ့စားချေရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ယမန်နှစ်အတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၌ မွတ်စလင်ပေါင်း ၂၀၀ ခန့်သေဆုံးပြီး ၁၂၅၀၀၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက ရခိုင်ဗုဒ္ဓဘာသာအုပ်စုများသည် အကြမ်းဖက်မှုများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး အာဏာပိုင်များကလည်း ကြားဝင်ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ကြသည်ဟု စွပ်စွဲပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment