Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

“နိုင်ငံတစ်ခုမှာ မီဒီယာကျန်းမာနေဖို့လိုပါတယ်။ ပြောချင်တာကတော့ ဆိုးကျိုးတွေမဖြစ်စေတာ၊ အနှောင့်အယှက်သဘော မဆောင်ပဲ ကောင်းကျိုးတွေကို ရှေးရှုတဲ့သတင်းမီဒီယာတစ်ခုဖြစ်ဖို့လိုပါတယ်။ မီဒီယာက ကိုယ့်တိုင်းပြည်နဲ့ ကိုက်ညီမှုရှိတဲ့ လူမှုဘဝတွေပေါ်မှာ အခြေပြုတဲ့ပုံစံမျိုးဖြစ်သင့်ပါတယ်။ မီဒီယာကြောင့် နုနယ်သေးတဲ့ ဒီမိုကရေစီအပေါ် အခက်အခဲဖြစ် စေတာမျိုးတွေ မရှိစေဖို့လိုသလို ကျွန်တော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မှုတွေလုပ်ပြီးတော့ လွတ်လပ်ပြီး အထိန်းအချုပ်မဲ့ လုပ်ကိုင်တဲ့မီဒီယာမျိုးထက် တာဝန်သိ၊ တာဝန်ရှိတဲ့ မီဒီယာပုံစံမျိုးကို သွားသင့်တာပါ”

မေလ ၉ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၉) တွင်ပါရှိသော “လွတ်လပ်မှုထက်တာဝန်ယူ နိုင်သော မီဒီယာပုံစံဖြင့် သွားသင့်သည်ဟု ပြန်ကြားရေးဝန်ကြီးပြော” သတင်းမှ ပြန်ကြားရေးဝန်ကြီး ဦးအောင် ကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီမိုကရေစီနိုင်ငံရေးစနစ်၏ အသက်ဝိဥာဉ်သည် တရားဥပဒေစိုးမိုးရေးဖြစ်ပြီး တရားဥပဒေစိုးမိုးရေးမှ တည်ငြိမ် အေးချမ်း မည် ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှ လူမှုစီးပွားရေးဘဝတိုးတက်အောင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပြင်းထန် သည့်စိတ်ဓါတ်အစွဲများကို ပဋိပက္ခဖြစ်မည့်နေရာများတွင်မသုံးဘဲ ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် အသုံးချပါက တိုင်းပြည်အမြန်တိုးတက်မည်”

မေလ ၉ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၉) တွင်ပါရှိသော “နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်း ဆောင်ရည် ဆုချီးမြှင့်ပွဲကျင်းပ သက်ဆိုင်ရာကဏ္ဍအလိုက် ၄၁ ဆုချီးမြှင့်” သတင်းမှ သမ္မတ ဦးသိန်းစိန် ၏ပြော ကြားချက်အားကောက်နှုတ်ချက်။


“အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အနေအထားအားလုံးကို ပွင့်ပွင့်လင်းလင်းသိရှိတယ်ပေါ့။ ဝေဖန်အကြံပြုချက် တွေအားလုံးကို သိချင်တဲ့အတွက် တွေ့ဆုံတာပါ။ နိုင်ငံရေးပါတီတွေကလည်း လက်ရှိတွေ့ကြုံနေရတဲ့ အဖြစ်အပျက်တွေကို အောက်ခြေ အလွှာအသီးသီးမှာ ဖြစ်ပျက်နေတဲ့ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်း အားလုံးကို ပြောဆိုကြတာတွေရှိပါတယ်။ ဒါတွေ ကိုလည်း သမ္မတကကြိုဆိုပါတယ်။ ရပ်ကွက် ခရိုင် အုပ်ချုပ်မှုတွေ အထက်က ညွှန်ကြားတဲ့ အမိန့်တွေဟာ အောက်ခြေမှာ ထိရောက်တဲ့ ကိုင်တွယ်မှုတွေမရှိဘူး။ အောက်ခြေမှာ ပျက်စီးနေတဲ့ အပိုင်းတွေ ရှိတယ်။ အောက်ခြေဝန်ထမ်းတွေက အထက် ကပေးတဲ့ အမိန့်ကိုတောင် ပြေလည်အောင် မဆောင်ရွက်နိုင်တာတွေ တွေ့နေရတော့ အုပ်ချုပ်ရေးအာဏာက ပြည်သူ တွေဆီကို မှန်မှန်ကန်ကန် မရောက်ဘူး။ မရနိုင်ဘူးလို့သမ္မတကို တင်ပြကြပါတယ်။”

မေလ ၆ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁) အမှတ် (၃၁) တွင်ပါရှိသော “ယာတော လယ်မှာ နိုင်ငံရေးသမားတွေက သမ္မတကြီးကို ပြောကြတယ်” သတင်းမှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အားကော်နှုတ်ချက်။


“သမ္မတသက်တမ်း၊ အစိုးရသက်တမ်းပေါ့လေ ၂ နှစ်အတွင်းမှာ တော်တော်များများ အောင်မြင်မှုတွေရသလို မအောင်မြင် သေးဘဲ ရှိနေတာတွေလည်း ရှိတာပေါ့။ အဲဒါတွေကို သူတို့ ကျော်လွှားဖို့ ကြိုးစားနေကြတယ်ပေါ့။ အောင်မြင်မှုတွေထဲမှာ ရတာတွေကလည်း၊ ရအောင်လုပ်တဲ့ ရည်ရွယ်ချက်တွေထဲမှာ ဘာတွေလဲဆိုတော့ နိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားစည်း လုံးညီညွတ်မှု ရအောင် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးရအောင် တည်ဆောက်ရေး၊ အဲဒီကိစ္စတွေကို အဓိက ဆောင်ရွက် တယ်လို့ ပြောသွားပါတယ်။ ပြောပြီးတော့ သူက ဒီလို ဆောင်ရွက်တဲ့ကိစ္စတွေမှာ အားလုံးသော နိုင်ငံရေးပါတီတွေရဲ့ ၀ိုင်းဝန်း ကူညီမှု၊ ပြည်သူတွေရဲ့ ၀ိုင်းဝန်းပါဝင်မှု၊ နောက်ပြီးတော့ တပ်မတော်ရဲ့ပါဝင်မှု၊ အစရှိတဲ့ အဲဒီလို ၀ိုင်းဝန်းကူညီ ဆောင်ရွက် မှုတွေကြောင့် မြန်မာနိုင်ငံ အခုထိ အောင်မြင်လာတာဖြစ်တယ်လို့ သူက ပြောတယ်ဗျ။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသည့် “ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီတွေ ပါဝင်ဖို့ဦးသိန်းစိန် တိုက်တွန်း” သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံဟာ ကြီးမားတဲ့အပြောင်းအလဲနှင့် စိန်ခေါ်မှုများကြုံတွေ့နေရတယ်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဟာ မြန်မာနိုင်ငံတွင် လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေမည်။ ပြုပြင်ပြောင်းလဲမှုများ ကို အထောက်အကူပြုစေနိုင်သည်။ အတူတကွ လက်တွဲလုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ဟာ နှစ်နိုင်ငံအတွက်ရော၊ ဒေသ ဆိုင်ရာအတွက်ပါ အခွင့်အလမ်းများ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်”

မေလ ၇ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၆) တွင်ပါရှိသော “မြန်မာနိုင်ငံပြုပြင် ပြောင်း လဲရေးများ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အမေရိကန်ပြည်ထောင်စုက ဆက်လက် အားပေးမည်” သတင်းမှ အမေရိကန်ကုန်သွယ်မှု ယာယီကိုယ်စားလှယ် ဒီမီထရီယော့စ်မာရန်တစ် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

 မြန်မာ့ ခရီးသွား ပင်မစီမံကိန်း မူကြမ်းအဆင့်သို့ရောက်

မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်စီမံကိန်း( Myanmar Tourism Master ) ကို ၂၀၁၂ တွင် စတင်ရေးဆွဲခဲ့ပြီး ဧပြီလတွင် ပြီးဆုံးရန်မျှော်မှန်းထားသော်လည်း ယခုအခါမူကြမ်းအဆင့်တွင်သာရှိသေးကြောင်း အဆိုပါ အစီအစဉ်ကို ရေးဆွဲရာတွင်ပါဝင်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်ကြည်ကြည်အေးမှ ပြောကြားသည်။ စီမံကိန်းအား နော်ဝေနိုင်ငံမှ ငွေကြေးထောက်ပံ့မှုနှင့် အာရှဖွံ့ဖြိုးမှုဘဏ်တို့၏နည်းပညာများကိုရယူ ရေးဆွဲ နေကြောင်း သိရှိရသည်။


မြန်မာ့ မြို့ပြဖွံ့ဖြိုးရေး ဆွေးနွေးပွဲကျင်းပ

ဒီကနေ့ မေလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ကုန်သည်ကြီးများ ဟိုတယ်၌ မြန်မာ့မြို့ပြဖွံြ့ဖိုးရေးဆွေးနွေးပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှဦးစီးကျင်းပလျှက်ရှိကြောင်း သတင်းရရှိသည်။ ဆွေးနွေးပွဲသို့ နိုင်ငံ ၁၂ နိုင်ငံမှ ကိုယ်စားလှယ် ၂၀၀ ခန့်တက်ရောက် ဆွေးနွေးနေကြောင်းသိရသည်။


ရန်ကုန် ကျန်းမာရေးပြတိုက်တွင် ကျန်းမာရေးဖိုရမ်များပြုလုပ်မည်

ကျန်းမာရေးဝန်ကြီးဌာန နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် ရပ်နား ခဲ့သော ကျန်းမာရေးဖိုရမ်များကို အမျိုးသားကျန်းမာရေးပြတိုက်တွင် ပြည်သူများအသိပညာတိုးတက်စေရန်အတွက် လစဉ်ပြန်လည်ကျင်းပနေပြီ ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် မြေမြှပ်မိုင်းရှင်းလင်းရေး စတင်

မြန်မာနိုင်ငံတွင် မြေမြှပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများကို Norwegian People’s Aid (NPA) နှင့် Myanmar Peace Center တို့ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှLiaison Officer ဦးတင်ထွန်းဇော် မှ ပြောကြား သည်။ ယခုအခါတွင် မြေမြှပ်မိုင်းစစ်တမ်းကောက်ယူခြင်း၊ မြေပုံပြင်ဆင်ခြင်းများ နှင့် မိုင်းရှင်းလင်းရေးဆိုင်ရာ ဥပဒေကို ရေးဆွဲနေပြီဖြစ်ကြောင်း ဥပဒေရေးဆွဲပြီးပါက မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။


ပညာရေးဝန်ကြီး ဒေါက်တာမျိုးမြင့် ဗြိတိန်သို့သွားရောက်လေ့လာ

ပညာရေးတွင် အဆင့်မြှင့်တင်နိုင်ရန်နှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) ကိုပြန်လည်ဖွင့်လှစ်နိုင်ရန်လိုအပ်ချက်များကို လေ့လာနိုင်ရန်အတွက်ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် UK ရှိ တက္ကသိုလ်များသို့ သွားရောက်နေကြောင်း ဗြိတိသျှကောင်စီ၏ သတင်း ထုတ်ပြန်ချက်မှ သိရသည်။


မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပွဲ ကျင်းပ

မေလ ၅ ရက်နေ့တွင် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် မီးသတ်တပ်ဖွဲ့ ဝင်များမှ သရုပ်ပြမှုများ ပြုလုပ်ကာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါပွဲ တွင် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးရဲသူရိန် ဦးသင်းဌေးရွှေမှ မြန်မာနိုင်ငံ၏ လူဦးရေးသန်းခြောက်ဆယ်တွင် သန္ဓေမီး သတ်တပ်ဖွဲ့ဝန်ထမ်း ၄၀၀၀ မျှသာရှိပြီး ထိုဝန်ထမ်းအင်အားနှင့် မီးငြှိမ်းသတ်နေရ သည်ဟုပြောသည်။ ထိုဝန်ထမ်းအင်အားမှာ မြန်မာနိုင်ငံ၏ လူဦးရေနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာနည်းပါးသဖြင့် မီးသတ်ဝန်ထမ်းအင်အားကို ထပ်ဆောင်းတိုးချဲ့ သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။


ရိုဟင်ဂျာပါတီ လက်မခံဟု ကော်မရှင် ဥက္ကဌပြော

လွတ်တော်ထဲတွင် ရိုဟင်ဂျာဟု စွပ်စွဲခံထားရသည့် လွှတ်တော်အမတ် ၃ ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနပြည်ထောင်စု ဝန်ကြီးဦးခင်ရီမှ တာဝန်ယူစစ်ဆေးနေကြောင်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေးပါတီ ၁၈ ခုတို့တွေ့ဆုံရာတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လွှတ်တော်အတွင်း အသုံး ပြုနေခြင်း အားတားဆီးပေးရန်နှင့် နိုင်ငံရေးပါတီများထဲတွင် ရိုဟင်ဂျာအ မည်ပါသည့် နိုင်ငံရေးပါတီရှိပါကပါတီဖျက်သိမ်း သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးမှ ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment