Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ယခင်ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ လုပ်နည်းကိုင်နည်းအမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးနက်ရှိုင်းခဲ့တာဟာလည်း ငြင်းဆိုမရတဲ့ အမှန်တရားဖြစ်ပါတယ်”

၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်နေ့ထုတ် ကြေးမုံ နေ့စဉ်သတင်းစာမှ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မေလ ၆ ရက်နေ့က ပြောကြားသော ရုပ်မြင်သံကြားမိန့်ခွန်းမှ ကောက်နှုတ်ချက်။

 


“ဒီဆွေးနွေးပွဲကို ပြင်ပအင်အား (အမေရိကန်၊ ဗြိတိန်) က ကြားဝင်ပြီးဆောင်ရွက်မယ်ဆိုရင် ဒီဆွေးနွေးပွဲက ပိုပြီးတော့ ရှုပ်ထွေးသွားမယ်လို့ ကျွန်တော်တို့သဘောထားကို ပြောခဲ့ပါတယ်။ အဲဒါကြောင့် ဒီကိစ္စကို နှစ်ဦး နှစ်ဖက် ကောင်းကောင်းစဉ်းစားပါလို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်”

၂၀၁၃ ခုနှစ်၊ မေလ ၉ ရက်နေ့ထုတ် Venus News အတွဲ ၄၊ အမှတ် ၄၁ ပါ “တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ယင်းဖန်နှင့် တွေ့ဆုံခြင်း”မှ အစိုးရနှင့် ကေအိုင်အိုအဖွဲ့အကြား ဆွေးနွေးပွဲကျင်းပရာတွင် အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကုလကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည်ကို တရုတ်အစိုးရက ကန့်ကွက်ခဲ့ခြင်းအတွက် ဆွေးနွေးပွဲပျက်သွားရခြင်းနှင့် ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားမှုမှ ကောက်နှုတ်ချက်။


 

မေး - သံအမတ်အဖြစ်နဲ့ရောက်လာတာ ကိုးလ၊ ဆယ်လလောက်ရှိပြီ။ ဒီတော့ ဒီကိုရောက်ပြီး ပထမဆယ်လက ဘယ်လိုနေပါသလဲ။ မှန်းချက်နဲ့ နှမ်းထွက် ကိုက်ရဲ့လား။

အဖြေမှ ကောက်နှုတ်ချက် - နိုင်ငံခြားရေးဝန်ကြီးဌာနက လူတိုင်းက ကျွန်တော့်ကို ပြောတယ်။ “ခင်ဗျားကို မနာလိုဘူးဗျာ”တဲ့။ ဒီမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေအားလုံးကို သူတို့ သဘောပေါက်ကြတယ်။ အသိအမှတ်ပြုကြတယ်။ ရင်ခုန်စရာ ကောင်းတယ်။ ခက်တယ်။ စိန်ခေါ်မှုတွေ ရှိတယ်။ ဘယ်လို အဆုံးသတ်မယ်ဆိုတာ မသေချာမရေရာဘူး။ ဒါပေမယ့် ကမ္ဘာမှာ အများကြီး ဖြစ်ပျက်နေတဲ့အထဲ ဒီနေရာက တကယ့်ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုပြီး လူတွေ စိတ်အားတက်ကြွကြတယ်။ ဒီလိုဖြစ်ပေါ်တာတွေရဲ့ အလယ်မှာ၊ အရေးကြီးနေတဲ့အချိန်မှာ ကျွန်တော့်နိုင်ငံကို ကိုယ်စားပြုရတာ တကယ့်ကို ဂုဏ်ယူပါတယ်။

၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်နေ့ ထုတ် The Voice Daily သတင်းစာပါ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံခြင်းမှ ကောက်နှုတ်ချက်။


“စစ်ပွဲတွေကြောင့်လည်း သစ်တရားမဝင်ထုတ်တာ ပိုတောင်ဆိုးလာသေးတယ်။ ဗန်းမော်ခွင်ဘက်က သစ်တွေ များတယ်။ အစိုးရဘက်၊ ကေအိုင်အေဘက် ဘယ်ဘက်ကလုပ်တာလဲဆိုတာ ကျွန်တော်တို့ဘက်က ပြောလို့ မရဘူး။ ရှေ့တန်းမှာ ကေအိုင်အေရော တပ်မတော်ဘက်ကရော ရှိတယ်။ သူတို့နှစ်ဦးကြားက သစ်ကားတွေ လျောလျောလျူလျူပဲဖြတ်သွားတယ်ဆိုတော့ ပြောရခက်တယ်”

၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ ၃၊ အမှတ် ၅ မှ “ကချင်နဲ့ ရှမ်းပြည်နယ်က သစ်တောတွေ ဘယ်လောက်စတေးလိုက်ရပြီလဲ”သတင်းမှ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံမှာ ဥပဒေက ပြဋ္ဌာန်းထားပေမယ့် မလုပ်ကြဘူး။ လိုက်နာမှုလည်းမရှိကြဘူး။ လိုက်နာအောင် ကြပ်မတ်မယ့်သူလည်း မရှိဘူး။ အဲဒီအတွက် ဒီကနေ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အားနည်းနေပါတယ်”

၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ် 7Days နေ့စဉ်သတင်းစာပါ “တရားနည်းလမ်းကျတဲ့ ဥပဒေတွေ ပြဋ္ဌာန်းမှသာလျှင် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”(သူရဦးရွှေမန်း)ဟူသော သတင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

သတင်းတိုများ

မြန်မာ့ဆန် ပြည်ပတင်ပို့မှု စံချိန်သစ်တင်

မြန်မာနိုင်ငံသည် ပြည်ပသို့ဆန်တင်ပို့ရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ဆန်ချိန် ၁ သိန်းခွဲ တင်ပို့နိုင်ခဲ့သည့် အတွက် နှစ်ပေါင်း ၄၆ နှစ်အတွင်းစံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဗဟိုအလုပ်မှုဆောင် ဒေါက်တာစိုးထွန်းထံမှ သိရသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ဥက္ကဌ ပြောင်းလဲခန့်အပ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးစိုးသိန်း (ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး) ၏နေရာတွင်  ဦးဝင်းရှိန် (ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) အား ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။ ဦးဝင်းရှိန်သည် ၂၀၁၂ ခုနှစ်အတွင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြိးဌာန ဒုတိယဝန်ကြီးအဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်တာဝန်ပေးခြင်း ခံထားရသူဖြစ်သည်။

 

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီမှုရှိစေရန် နိုင်ငံတကာ အဆင့်ဆွေးနွေးမည်

မြန်မာနိုင်ငံတွင် လုပ်ကိုင်လျှက်ရှိသော တွင်းထွက်သယံဇာတများ တူးဖော်ရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိမရှိကို မေလ ၂၃ ရက်နေ့တွင် သြစတြေးလျနိုင်ငံ တွင်ကျင်းပပြုလုပ်မည့် Extractive industries Transparency Initiative (EITI)ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ သမ္မတရုံးဝန်ကြီးများနှင့်... အရပ်ဘက် လူ့အဖွဲ့အစည်းများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန်အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှကော်မတီ တစ်ရပ်ဖွဲ့စည်းရန်အတွက် ၂၀၁၂ ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ပြီး အဆိုပါကော်မတီ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအား ခန့်အပ်ခဲ့ကြောင်းသိရသည်။

 

လယ်သမားများ စုပေါင်းကာ လယ်သမားကယ်တင်ခြင်းဆုပေးမည်

တောင်သူလယ်သမားကို အကာအကွယ် ပေးနိုင်မည့် ဥပဒေကို လွှတ်တော်တွင် ဥပဒေအဖြစ် အတည်ပြုပြဌာန်း လိုက်သည်နှင့်တစ်ပြိုင်နက် တောင်သူလယ်သမားစုမှ ပြန်လည်ကျေးဇူးတင်သည့်အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုပါဥပဒေ ပေါ်ပေါက်အောင် ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြသူများကို လယ်သမားကယ်တင်ခြင်းဆုအဖြစ် တောင်သူလယ်သမားများမှ ပေးအပ်သွားရန်ရှိကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း အတွင်းရေးမှူး ဦးသိန်းအောင် ထံမှသိရှိရသည်။

 

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီမှုရှိစေရန် နိုင်ငံတကာအဆင့်ဆွေးနွေးမည်

မြန်မာနိုင်ငံတွင် လုပ်ကိုင်လျှက်ရှိသော တွင်းထွက်သယံဇာတများ တူးဖော်ရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိမရှိကို မေလ ၂၃ ရက်နေ့တွင် သြစတြေးလျနိုင်ငံ တွင်ကျင်းပပြုလုပ်မည့် Extractive industries Transparency Initiative (EITI)ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ သမ္မတရုံးဝန်ကြီးများနှင့်... အရပ်ဘက်လူ့အဖွဲ့အစည်းများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန်အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှကော်မတီ တစ်ရပ်ဖွဲ့စည်းရန်အတွက် ၂၀၁၂ ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ပြီး အဆိုပါကော်မတီ ဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအား ခန့်အပ်ခဲ့ကြောင်းသိရသည်။

 

မြန်မာနိုင်ငံတွင် ဂျာမနီကုန်သည် အသင်းရုံးဖွင့်လှစ်မည်

ဂျာမနီကုန်သည် အသင်းရုံးကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်သွားရန်အတွက် စီစဉ်လျှက်ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များအသင်းချုပ် UMFCCI မှသတင်းရရှိသည်။

အဆိုပါ ကိစ္စရပ်အတွက် ဂျာမနီနိုင်ငံ The Association of German CCI မှ Deputy CEO ဖြစ်သူ Dr.Volker Treler ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး လေ့လာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေး ညီလာခံကျင်းပရန်ရှိ

ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုလာမည့် ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ကျင်းပရန်ရှိကြောင်း NLD ပညာရေးကော်မတီဝင် ဒေါက်တာသိန်းလွင်၏ ပြောကြားချက်မှ သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ တိုင်းရင်းသားဒေသများရှိ ပညာရေးကိုယ်စားလှယ် အသီးသီးတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment