Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာသမ္မတက လူနည်းစုမူဆလင်များ၏ အခွင့်အရေးကို ကာကွယ်ပေးမည်ဟု ကတိပြု

(6 May 2013 ရက်စွဲပါ Washington post မှ AP ၏ Myanmar president vows to protect rights of minority Muslims ကို ဘာသာပြန်ပါသည်။)

  1.  မြန်မာ-ထိုင်း နယ်စပ်ဂိတ်သစ် ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် တရားဝင်ဖွင့်

( Bangkok Post မှ 6 May 2013 ရက်စွဲပါ “New Myanmar crossing opens wed” သတင်းကို ဘာသာပြန်ဆိုသည် )

  1. မြန်မာနိုင်ငံတွင် မွတ်ဆလင်များ အသတ်ခံရမှုကို ကူဝိတ်အမတ်များ ရှုတ်ချ

(Gulf News မှ 6 May 2013  ရက်စွဲပါ  “Kuwait MPs condemn killing of Muslims in Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်။)


မြန်မာသမ္မတက လူနည်းစုမူဆလင်များ၏ အခွင့်အရေးကို ကာကွယ်ပေးမည်ဟု ကတိပြု

 

(6 May 2013 ရက်စွဲပါ Washington post မှ AP ၏ Myanmar president vows to protect rights of minority Muslims ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် ၄င်းတာဝန်ယူနေစဉ် ဘာသာရေးအရ ပြင်းထန်သော ဖြစ်ရပ်များ ဖြစ်ပွားအပြီး တစ်နှစ်ခန့်အကြာတွင် လူနည်းစု မူဆလင်များ၏ အခွင့်အရေးများကို လုပ်နိုင်သမျှ ကာကွယ်ပေး သွားမည်ဖြစ်ကြောင်း တနင်္လာနေ့က ကတိပေးပြောကြားခဲ့ပါသည်။

အဆိုပါကတိစကားမှာ မူဆလင်အသိုင်းအ၀ိုင်းအပေါ် စနစ်တကျတိုက်ခိုက်မူများကြောင့် ဘာသာရေး မတည်ငြိမ်မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည့်အချိန်တွင် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အပတ်က ရန်ကုန်မြောက်ဘက်ရှိ မူဆလင်ရွာတစ်ချို့ မီးရှို့ခံခဲ့ရပါသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓ ဘာသာနှင့် ရိုဟင်ဂျာလူမျိုးများကြား ရန်ပွဲများပြီးကတည်းက ပြင်းထန်သောဖြစ်ရပ်များ ပျံ့နှံ့ခြင်းကို ရပ်ဆိုင်းအောင် သို့မဟုတ် မူဆလင်များအပေါ် အကာအကွယ် မပေးနိုင်မှုများအတွက် ဦးသိန်းစိန်၏ အစိုးရမှာ ပြင်းထန်စွာ ဝေဖန်မှုကို ခံခဲ့ရပါသည်။

နယူးယောက်အခြေစိုက် Human Rights Watchက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ဒေသခံနိုင်ငံရေးသမားများ၊ အစိုးရတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအပါအ၀င် အာဏာပိုင်များအား မူဆလင်များအပေါ် အပြတ်ရှင်းရန် စနစ်တကျဖန်တီးမှုအတွက် စွပ်စွဲခဲ့သော်လည်း အစိုးရကမူ ငြင်းဆိုခဲ့ပါသည်။

တနင်္လာနေ့က ရုပ်မြင်သံကြားမှ ထုတ်လွှင့်သောမိန့်ခွန်းတွင် ဦးသိန်းစိန်က ၄င်း၏အစိုးရသည် ရခိုင်ပြည်နယ် မူဆလင်များ၏ အခြေခံလူ့အခွင့်အရေးများ အာမခံချက်ရှိရန် လိုအပ်သော လုပ်ဆောင်မှုများလည်း လုပ်ပေးမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များကိုလည်း ဖြည့်ဆည်းပေးသွားမည်ဟု ကတိပေး ပြောကြားခဲ့ပါသည်။

“ဘာသာရေးလွတ်လပ်ခွင့် ဖြစ်ပေါ်လာဖို့ရာမှာ သည်းခံမှု၊ ယုံကြည်မှုအမျိုးမျိုးကြားမှာ အချင်းချင်း လေးစားမှုရှိရ ပါမည်။ ဒါမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှာဖြစ်ပါတယ်”ဟု ၄င်းက ပြောပါသည်။

၎င်း၏မိန့်ခွန်းတွင် ဦးသိန်းစိန်က ပြီးခဲ့သည့်နှစ်က ပဋိပက္ခ၏ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းပေးခဲ့ သော ကော်မရှင်က ထောက်ခံအကြံပြုထားသော အချက်များကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ကော်မရှင်တွင် ရိုဟင်ဂျာများပါဝင်ခြင်းမရှိပဲ တိုင်းရင်းသားရခိုင်များသာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး  ရိုဟင်ဂျာများ ပါဝင်ခြင်းမရှိပဲ တိုင်းရင်းသားရခိုင်များသာ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး  ထောက်ခံ အကြံပြုချက်များစွာ ပေးထားပါသည်။ ၄င်းတို့တွင် လုံခြုံရေးတပ်ဖွဲ့ နှစ်ဆတိုး၍ ချထားရန်နှင့် မူဆလင် များကြားတွင် လူဦးရေကြီးထွားမှု ရပ်တန့်နိုင်အောင် မိသားစုစီမံကိန်းများ မိတ်ဆက်ပေးရန်ပါဝင် ပါသည်။

ရခိုင်ပြည်နယ်တွင်နေထိုင်သော ရိုဟင်ဂျာများကို နိုင်ငံခြားမှ ၀င်ရောက်လာသူများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပြီး အချို့မှာ မြန်မာနိုင်ငံတွင် မျိုးဆက်များစွာ နေထိုင်ခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ခိုးဝင်လာသူများဖြစ်၍ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရမှုနှင့် ကြုံတွေ့ နေရပါသည်။

ဦင်္းသိန်းစိန်က ပြောကြားရာတွင် ၄င်း၏ အစိုးရသည် မတရားဝင်ရောက်မှုများအတွက် လိုအပ်သော လုံခြုံရေးကိစ္စများအားလုံး လုပ်ဆောင်မည်ဖြစ်ပြီး နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သော ကိစ္စရပ်များကိုလည်း ကိုင်တည်သွား မည်ဟု ပြောခဲ့သော်လည်း အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

၎င်းက ပဋိပက္ခဒဏ်ခံရသော ရခိုင်ပြည်နယ်အတွက် အကူအညီပေးရန် ကတိပေးခဲ့ပြီး ၄င်း၏အစိုးရသည် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော နိုင်ငံခြားအကူအညီပေးရေးအဖွဲ့များကို ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် အဆိုပါဒေသတွင်လုပ်ကိုင်နေသော အချို့ နိုင်ငံတကာကယ်ဆယ်ရေး အေဂျင်စီများသည် အခြေအနေကို ပိုမိုဆိုးရွားစေခြင်းကြောင့် ဒေသဆိုင်ရာ ထိလွယ်ရှလွယ်ကိစ္စရပ်များတွင် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူမှုများ ရှိရမည်ဟု ဆိုခဲ့သည်။

ဒေသခံ ဗုဒ္ဓဘာသာများကမူ နိုင်ငံခြားအကူအညီပေးရေးအဖွဲ့များသည် ရိုဟင်ဂျာများအပေါ်တွင် မျက်နှာလိုက်ကြောင်း အကြိမ်ကြိမ်စွပ်စွဲခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများကလည်း ၄င်းတို့၏ လုပ်ငန်းများတွင် အတားအဆီးများ ရှိကြောင်း စောဒက တက်ကြပြီး ၄င်းတို့၏ ၀န်ထမ်းများမှာလည်း အစွန်းရောက်များ၏ ခန္ဓာကိုယ်ထိခိုက်နာကျင်စေမည့် ခြိမ်းခြောက်မူများရှိကြောင်းဆိုပါသည်။ ၄င်းတို့၏ အကူအညီအများစုသည် ရိုဟင်ဂျာများထံသို့သာ တိုက်ရိုက်ပေးသည် သိရှိရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိုးမဲ့အိမ်မဲ့ အများစုမှာ ရိုဟင်ဂျာများ ဖြစ်နေသောကြောင့်ဟု ဆိုသည်။

ဦးသိန်းစိန်က ပြောကြားရာတွင် လွတ်လပ်စွာပြောဆိုခွင့်သည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော်လည်း အချို့သည် ထိုအခွင့်အရေးကို ချိုးဖောက်ကြောင်း လှုံ့ဆော်ရန်ရည်ရွယ်ခြင်း၊ ကြောက်ရွှံ့မှုကို ဖြစ်စေခြင်းနှင့် အမုန်းတရားကိုပြန့်ပွားစေခြင်းများ ဖြစ်ပြီး ဘာသာရေးအရ မတူသော အသိုင်းအ၀န်းများကြားတွင် ပဋိပက္ခကို ပိုမိုဆိုးရွားစေသည်ဟု ဆိုပါသည်။

မကြာသေးသောလများအတွင်း ၉၆၉ ဟုခေါ်သော ဗုဒ္ဓဘာသာစည်းရုံးရေးလုပ်ငန်းစဉ်သည် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မိမိဘာသာဝင်များ၏ဆိုင်တွင်သာ ဈေးဝယ်ရန်၊ မူဆလင်များနှင့်လက်ထပ် ခြင်း၊ နေအိမ်များငှားခြင်း၊ ရောင်းဝယ်ခြင်းမပြုရန် တိုက်တွန်းထားပါသည်။ ၉၆၉ မှာ တစ်နိုင်ငံလုံး လျင်မြန်စွာ ပျံ့နှံ့သွားပါသည်။ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြားရာတွင် ၄င်းသည် မူဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို လောင်စာပင့်ပေးသည့်နှယ်ဖြစ်သည်ဟု ဆိုပါသည်။


 

 

 မြန်မာ-ထိုင်း နယ်စပ်ဂိတ်သစ် ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် တရားဝင်ဖွင့်

( Bangkok Post မှ 6 May 2013 ရက်စွဲပါ “New Myanmar crossing opens wed” သတင်းကို ဘာသာပြန်ဆိုသည် )

Photo Credit by Chaiwat Satyaem

မြန်မာ-ထိုင်းနယ်စပ်မှ ဆင်ခေါင်း ယာယီ စစ်ဆေးရေးဂိတ်ကို အဆင့်မြှင့်တင်ပြီးပြီဖြစ်၍ ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် အမြဲတမ်းဝင်ပေါက် အဖြစ် ဖွင့်လှစ်တော့မည်ဖြစ်သည်။

ယင်းသို့ဖွင့်လှစ်မည့် အစီအစဉ်ကို နှစ်နိုင်ငံစလုံးက အတည်ပြုထားပြီးဖြစ်၍ ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် ဆင်ခေါင်းဂိတ်၌ အခမ်းအနားဖြင့်ဖွင့်လှစ်သွားမည်ဟု ဒေသန္တရ အုပ်ချုပ်ရေးမှူး ဗီရာဆရီဝပ်တန်နာထရာကူးက ပြောကြားသည်။

ဖရာချွတ်ကီရီစဉ် ခရိုင်ရှိ ဆင်ခေါင်းဂိတ်သည် မြန်မာနိုင်ငံဖက်မှ မောတောင်စစ်ဆေးရေးဂိတ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန် အတွက် အမြဲတမ်းဂိတ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်မည့် နယ်စပ်ဂိတ် ၃ ခု အနက်မှ တစ်ခုဖြစ်ပါသည်။

ဆင်ဂေါင်းဂိတ်သည် မြန်မာနိုင်ငံဖက်မှ မြိတ်မြို့နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမည်ဖြစ်သည်။

အမြဲတမ်းဂိတ်အဖြစ် အဆင့်မြှင့်တင်ထားသည့် အခြားဝင်ပေါက်နှစ်ခုမှာ ကန်ချနာဘူရီ နှင့် ဘုရားသုံးဆူ အကြားမှ ဘုရားသုံးဆူဂိတ်၊ ကန်ချနာဘူရီ နှင့် ထီးစီး အကြားမှ ဘန်နန်ပူရွန်ဂိတ်တို့ ဖြစ်သည်။

ဧပြီ ၂၅ ရက်က ဘရူနိုင်း အာဆိယံထိပ်သီး ညီလာခံအသိုင်းအဝိုင်းတွင် ဝန်ကြီးချုပ် ယင်လပ်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေပြီးနောက် ယခုကဲ့သို့ နယ်စပ်ဂိတ်သစ်များ အဆင့်မြှင့်တင် ဖွင့်လှစ်မည့် အစီအစဉ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။


 

 

မြန်မာနိုင်ငံတွင် မွတ်ဆလင်များ အသတ်ခံရမှုကို ကူဝိတ်အမတ်များ ရှုတ်ချ

(Gulf News မှ 6 May 2013  ရက်စွဲပါ  “Kuwait MPs condemn killing of Muslims in Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်။)

 အာရှလွှတ်တော်များစည်းဝေးပွဲ APA သို့တက်ရောက်လာသော ကူဝိတ်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံတွင် မွတ်ဆလင်များအသတ်ခံရမှုကို တနင်္လာနေ့တွင် ကန့်ကွက် ရှုတ်ချလိုက်ပါသည်။

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေ သတ်ဖြတ်ခြိမ်းခြောက် နှိပ်စက်ခံနေရတာကို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချပါတယ်ဟု ကူဝိတ်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဆလက်အာရှိုးက APA အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင်များ၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာရန်အတွက် ယခုလကုန်တွင် မြန်မာနိုင်ငံသို့ ကူဝိတ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သွားရောက် ကြမည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ကမ္ဘာသူကမ္ဘာသားများ အထူးသဖြင့် အာရှတိုက်သားများ၏ လုံခြုံရေး၊ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမည့် APA ချာတာ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် ကိုက်ညီသည့် အကြမ်းဖက်ဝါဒဆန့်ကျင်ရေးနှင့် နိုင်ငံခြားအလုပ်အကိုင်ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကိုလည်း ၎င်းက အားကြိုးမာန်တက်အကြံ ပြုသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင်များအား အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းကိုလည်း APA အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးတွင် ကူဝိတ်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က တင်ပြခဲ့သည်။

လွှတ်တော်အမတ် ဆလက်အာရှိုး ဖတ်ကြားသောစာတမ်းတွင် မြန်မာနိုင်ငံမှ လူနည်းစုမွတ်ဆလင် အခွင့်အရေးများ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရခြင်းကို ရပ်ဆိုင်းသွားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ဒုက္ခသည်စခန်းများမှ မွတ်ဆလင် များအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများပေးကြရန်အတွက်လည်း ၎င်းကတိုက်တွန်းတောင်း ဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်က အစိုးရမှချမှတ်ခဲ့သော ဗလီများတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းကို တား မြစ်သည့် ဥပဒေကိုလည်း ကူဝိတ်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြစ်တင် ရှုတ်ချခဲ့သည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ ပြင်ပကမ္ဘာမှ အစ္စလာမ်အသိုင်းအဝိုင်းအနေဖြင့် ယခုလိုပြစ်တင်ရှုတ်ချခြင်း ပြုလုပ်မည့်အစား မြန်မာအာဏာပိုင်များနှင့် ပြေပြေလည်လည်ဆွေးနွေးညှိုနှိုင်းကာ အခြေအနေများ တည်ငြိမ်အောင် ကူညီထိန်းသိမ်းပေးခြင်းဖြင့် ရလာဒ်ကောင်းများ ထွက်ပေါ်လာအောင် ဆောင်ရွက်သင့်သည်ဟု သုံး သပ်ပြောကြားကြသည်။


                     

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment