Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျမတို့ကော်မရှင်ရဲ့ တွေ့ရှိချက်တွေဘက်ကနေ ကျမ ရပ်တည်ပါတယ်။ ရဲတပ်ဖွဲ့ဟာ လူတွေကို ရည်ရွယ်ချက်နဲ့ ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်လို့ ကျမ မယုံကြည်ပါဘူး။ တရားဥပဒေစိုးမိုးရေးအတွက် ရပ်တည်လုပ်ဆောင်သူတွေကို အပြစ်ပေး အရေးယူသင့်တယ်၊ လက်စားချေသင့်တယ်လို့  မထင်ပါဘူး။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “လက်ပံတောင်းအစီရင်ခံစာ ဒေါ်စုကာကွယ်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုလူအပြောင်းအလဲက ဒါ (သတင်းထွက်နေမှုများ) နဲ့ မဆိုင်ပါဘူး။အစကတည်းက တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းဖို့လုပ်နေတာ။ သမ္မတကြီးကခိုင်းလို့ တစ်နှစ်ကျော်ပဲလုပ်မယ်ဆိုတာ ကျွန်တော်တို့ကြိုပြောပြီးသား မူဝါဒ အပြောင်းအလဲ အချို့လည်းလုပ်ပြီးပြီ။ နည်းဥပဒေလည်းလုပ်ပြီးပြီ။”

မေလ ၁၃ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၈) တွင်ပါရှိသော “MIC ဥက္ကဋ္ဌ ပြောင်းခြင်းမှာ မူလအစီအစဉ်အတိုင်း လုပ်ဆောင်ခြင်းဟုဆို” သတင်းမှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဧပြီ ၆ ရက်က နှစ်ဖက်ဆွေးနွေးပွဲလုပ်မယ်ဆိုပြီး မြစ်ကြီးနားမနောကွင်းမှာ ဆွေးနွေးပွဲလုပ်ဖို့ ကချင်ပြည်နယ် အစိုးရနဲ့ ပူးပေါင်းပြီး အားလုံးစီစဉ်ထားတာပျက်သွားတယ်။ အခု မေလဆန်ပိုင်းမှာ လုပ်မယ်ဆိုပြီး ကြားနေရ ပေမယ့် အခုအချိန်ထိဆွေးနွေးပွဲလုပ်ဖို့ဘာမှမကြားရသေးဘူး။ ဆွေးနွေးပွဲဖြစ်ဖို့ဆိုတာက နှစ်ဖက်ယုံကြည်မှု တည်ဆောက်ဖို့လိုတယ်။ ငြိမ်းချမ်းရေးတကယ်ပဲဖြစ်စေချင်တယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်။ ဆွေးနွေးပွဲတွေဖြစ်ဖို့ နှစ်ဖက်လုံးအပေါ်မှာ မူတည်တယ်။”

မေလ ၁၁ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးသည် နှစ်ဖက်စလုံး၏ အမှန်တကယ်ငြိမ်းချမ်းရေးရလိုမှုအပေါ်မူတည်” သတင်းမှ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်မတို့အနေနဲ့ကတော့ ပြောင်းလဲချင်တာကိုး။ ပြောင်းလဲချင်တယ်ဆိုတော့ ဒီတစ်ခုချင်း၊ တစ်ခုချင်းဆိုတာ ဟာပြောင်းလဲဖို့ အလိုအပ်ဆုံးအပိုင်းနဲ့ စပြီးတော့ပြောင်းလဲရင် လက်တွေ့ကျကျပိုပြီးတော့ ဖြစ်မြောက်နိုင်မလား ဒါကိုလည်း စဉ်းစားရတယ်။ ဖြစ်စေချင်တာနဲ့ ဖြစ်နိုင်တာကို ခွဲခြားပြီးတော့ ကျွန်မတို့ မြင်ဖို့လိုပါတယ်။ အဲဒီတော့ ဖြစ်နိုင်တဲ့ဟာ အားလုံးကို ပါဝင်အောင်လို့ လုပ်သွားရမယ်လို့ ကျွန်မကတော့ယုံကြည်ပါတယ်။”

မေလ ၁၃ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၇) တွင်ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ပိုမိုရှင်သန်လာမည် အားလုံးအတွက် အကျိုးရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်မတို့က အရေးယူတဲ့အဖွဲ့မဟုတ်ဘူး။ တိုင်ကြားလာတဲ့အမှုက ဒီဥပဒေနဲ့ ညီတယ်၊ မညီဘူးကို အကျိုး အကြောင်းနဲ့တကွ သက်ဆိုင်ရာကို အဆင့်ဆင့်တင်ပေးရတယ်။ အဲဒီမှာ သိပ်အဆင့်များလွန်းအားကြီးတဲ့ အတွက် အမှုတွေက နှောင့်နှေးသွားတယ်။ တိုင်ကြားတဲ့သူတွေ အနေနဲ့ဆိုရင်ကြာလာတာနဲ့အမျှ လှုံဆော်သူတွေဆီသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်။ အန်တီတို့က သက်ဆိုင်ရာကို ပြီးပြီလား၊ မပြီးသေးဘူးလားဆိုတဲ့ အခွင့်အာဏာမျိုးမရှိဘူး။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ထပ်မံတိုင်ကြား လာပါတယ်ဆိုပြီး သတိပေးတာမျိုးပဲ လုပ်နိုင်တယ်။”

မေလ ၁၁ ရက်နေ့ထုတ် The Yangon Times နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “လူ့အခွင့်အရေး ကော်မရှင်က လုပ်ထုံးလုပ်နည်း အဆင့်များနေသဖြင့် တိုင်စာများ အချိန်ကြာ” သတင်းမှ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment