Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးသည် တရုတ်နှင့် ဆက်ဆံရေးကို ထိခိုက်လိမ့်မည် မဟုတ်

(11 May 2013 ရက်စွဲပါ China Daily မှ Zhou Wa ရေးသားသော Myanmar reforms won’t hurt China links ကို ဘာသာပြန်ပါသည်)

  1. မြန်မာတက္ကသိုလ်များအတွက် ဗြိတိန်ထံမှ ဒေါ်အောင်ဆန်းစုကြည်အကူအညီတောင်း

(BBC News မှ 9 May 2013 ရက်စွဲပါ “Daw Aung San Suu Kyi seeks UK help for Burma Universities” သတင်းကိုဘာသာပြန်ဆိုသည်။)


မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးသည် တရုတ်နှင့် ဆက်ဆံရေးကို ထိခိုက်လိမ့်မည် မဟုတ်

(11 May 2013 ရက်စွဲပါ China Daily မှ Zhou Wa ရေးသားသော Myanmar reforms won’t hurt China links ကို ဘာသာပြန်ပါသည်)

Photo Credit by China Daily.com.cn

မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးများ တိုးတက်လာလိမ့်မည်ဖြစ်ကြောင်း တရုတ်ထိပ်တန်း Think Tank တစ်ခု၏ လက်အောက်မှ သောကြာနေ့က ထုတ်ဝေသော အစီရင်ခံစာအရ သိရှိရပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ မည်သည့်လမ်းကြောင်းသို့ သွားသည်ဖြစ်စေ၊ အနာဂတ်တွင် မည်သူသမ္မတဖြစ်လာသည်ဖြစ်စေ၊ မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ်ခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့် ခင်မင်ရင်းနှီးသော နိုင်ငံခြားရေးမူဝါဒကိုသာ အကောင်အထည်ဖော်လိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

တရုတ်လူမျိုး လူမှုသိပ္ပံအကယ်ဒမီ၏ Social Science Academic Press (China) သည် Annual Report on Myanmar’s National Situation သို့မဟုတ် Blue Book of Myanmar နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။

ပထဝီနိုင်ငံရေးနှင့် ပထဝီဘောဂဗေဒအရ အိမ်နီးချင်းဖြစ်သော နှစ်နိုင်ငံသည် အတိတ်က နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးကို ခံစားခဲ့ရပြီးဖြစ်ပါသည်။ တရုတ်သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကြောင့် ထင်ရှားသော စီးပွားရေးအရ အသာစီးရမှုများ ရှိခဲ့ပြီး နှစ်နိုင်ငံလုံးသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များတွင် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

ထိုအချက်များကို စဉ်းစားပါက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့မှုကို စတင်လုပ်ဆောင် လိမ့်မည်မဟုတ်ဘဲ အနောက်နှင့် ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်လည်း မဟုတ်ကြောင်း အဆိုပါ Blue Book က ဆိုပါသည်။

တရုတ်နှင့် မြန်မာတို့သည် ၁၉၅၀ ခုနှစ် သံတမန်ဆက်ဆံရေး စတင်ကတည်းက ဆက်ဆံရေးကောင်းမွန်မှု၏ အကျိုးကို ခံစားခဲ့ကြရပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီးနောက် တရုတ်စီမံကိန်းအချို့မှာ စိန်ခေါ်မှုများကို ကြုံတွေ့လာရပါသည်။

၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံသည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရာ တရုတ်ကုမ္ပဏီ အတွက် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်စေခဲ့ပါသည်။

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် ၎င်းစတင်တာဝန်ယူလာကတည်းက အမေရိကန်ပြည်ထောင်စု၊ အခြားအနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို အရေးပါပါ တိုးတက်လာစေခဲ့ပါသည်။ အနောက်ကလည်း ၎င်းတို့ချမှတ်ထား သော ဆယ်စုနှစ် နှစ်ခုကြာ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဌာန်းပေးခဲ့ပြီး အထူးစီးပွားရေးဇုံ ဥပဒေကိုလည်း လုပ်ဆောင်နေပါသည်။

“အနာဂတ် မြန်မာနိုင်ငံရဲ့ အစိုးရဟာ ဘေဂျင်းနဲ့ဆက်ဆံရေးကို နိုင်ငံရေးစနစ်များ၊ ဝါဒများ မတူညီမှုထက်စာလျှင် အမျိုးသား အကျိုးစီးပွားပေါ် အခြေခံကာ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပါသည်”ဟု အစီရင်ခံစာက ပြောပါသည်။

တရုတ်-မြန်မာဆက်ဆံရေးတွင် စိန်ခေါ်မှုများ ရှိနေခြင်းသည် နှစ်နိုင်ငံအဆင့်မြင့် တာဝန်ရှိသူများကြာတွင် ယုံကြည်မှုများ ဆက်လက်မရှိဖြစ်နေခြင်းကို ပြသနေသည်ဟု အစီရင်ခံစာ၏ အယ်ဒီတာချုပ်လည်းဖြစ် ယူနန်တက္ကသိုလ်မှ မြန်မာနိုင်ငံအကြောင်း လေ့လာရေး ပါမောက္ခ လီချန်ယန်း ကပြောပါသည်။

“ဒါပေမယ့် တရုတ်-မြန်မာဆက်ဆံရေးအတွက် အနာဂတ်ဟာ မတောက်ပတော့ဘူးလို့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ အနာဂတ်ဆက်ဆံရေးအတွက် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချသင့်ပါတယ်။ ရေရှည်အိမ်နီးချင်း ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်-မြန်မာနှစ်နိုင်ငံအတွက် ဘုံလိုအပ်ချက်ဖြစ်ပါတယ်”ဟု ၎င်းက ပြောပါသည်။

ဘေဂျင်းအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် ၎င်း၏ အမှားများကို လက်ခံ၍ နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးမှ ပြသနာများ ဖြေရှင်းရေးအတွက် အချိန်ပေးလုပ်ဆောင်သင့်သည်ဟု ၎င်းက အကြံပြုပါသည်။

အစီရင်ခံစာတွင် အကြံပြုထားရာ၌ ဘေဂျင်းသည် မြန်မာနိုင်ငံတွင် ၎င်း၏ပုံရိပ် တိုးတက်အောင် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်သင့်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှုများကို နှစ်နိုင်ငံလုံးက ခံစားရစေရေး သေချာစေရေးကို လုပ်ဆောင်ရန် အကြံပြုထားပါသည်။

တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် အကျိုးအမြတ်ကို အလွန်အကျွံအာရုံပြုခြင်းနှင့် နှစ်နိုင်ငံအကျိုးစီးပွား မဟာဗျူဟာကို ထိခိုက်စေမည့် ကိစ္စများကို ရှောင်သင့်ကြောင်း အစီရင်ခံစာက ဆိုပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီများသည် ဒေသဆိုင်ရာ ဓလေ့နှင့် ဘာသာရေးယုံကြည်မှုများကို လေးစားသင့်ကြောင်း တရုတ်လူမှုသိပံ္ပအကယ်ဒမီမှ အရှေ့တောင်အာရှ လေ့လာရေးသူတေသနပြုသူ Xu Liping က ဖြည့်စွက်ပြောကြားခဲ့ပါသည်။


မြန်မာတက္ကသိုလ်များအတွက် ဗြိတိန်ထံမှ ဒေါ်အောင်ဆန်းစုကြည်အကူအညီတောင်း

(BBC News မှ 9 May 2013 ရက်စွဲပါ “Daw Aung San Suu Kyi seeks UK help for Burma Universities” သတင်းကိုဘာသာပြန်ဆိုသည်။)

Photo Credit by Lee Jae-Won/ Reuters

တပ်မတော်အစိုးရလက်ထက်တွင် ဖျက်ဆီးခံလိုက်ရသော မြန်မာတက္ကသိုလ်များ ပြန်လည်ထူထောင်ရေး အတွက် အကူအညီရရန်ဗြိတိန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါသည်။

လန်ဒန်မြို့တက္ကသိုလ် အဓိပတိများစုဝေးပွဲသို့ မိန့်ခွန်းပြောကြားရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းပေးပို့ခြင်းဖြစ်သည်။

“တပ်တော်အစိုးရရဲ့ ဦးတည်ချက်က စည်းကမ်းထိန်းသိမ်းဖို့သာဖြစ်ပြီး၊         ပညာရေးပံ့ပိုးပေးဖို့ မဟုတ်ပါ ဘူး”ဟု သူမကပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “မြန်မာတက္ကသိုလ်စနစ်ကို နိုင်ငံတကာအထက်တန်းပညာရေးလမ်ကြောင်းပေါ်သို့ ပြန်လည်တွန်းတင်ရန် လိုအပ်နေကြောင်း လက်ရှိတက္ကသိုလ်ပညာရေးစနစ်မှာ လွန်စွာနိမ့်ကျနေကြောင်း ဘွဲ့ရသူများထံတွင် ဘွဲ့နှင်းသဘင်ဓါတ်ပုံမှလွဲ၍ ဘာမှမကျန်ကြောင်း” ရှင်းလင်းပြောကြားသည်။

အစိုးရအတွက် ဆူးညှောင့်ခလုတ် ပညာရေးပြုပြင်ပြောင်းလဲရေးဥပဒေကို ရေးဆွဲနေသည့် လွှတ်တော်ကော်မတီကို ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံတွင် နိုင်ငံရေးအရှုပ်အထွေးများကြောင့် အထက်တန်းပညာရေးစနစ် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားခဲ့ရကြောင်း၊ ပညာတတ်နှင့် ကျောင်းသားများမှာ အစိုးရအတွက် အနှောင့်အယှက်များဟု ရှုမြင်ခံခဲ့ရကြောင်း၊ တက္ကသိုလ်စနစ်နှင့် တက္ကသိုလ်ဘဝမှာ နှစ်ပေါင်း ၅၀ အတွင်း ပျက်စီးရပ်ဆိုင်းသွားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးအာမခံချက်မရှိသော ခေတ်မီလွတ်လပ်သည့် တက္ကသိုလ်စနစ်ဖွံ့ဖြိုးရန် လိုအပ်နေကြောင်း ဆက်လက်ပြောကြားသည်။

“ပညာရေးလွှတ်လပ်ခွင့်ဆိုတာ ရှင်တို့အတွက်မထူးဆန်းပေမယ့် ကျွန်မတို့အတွက်အလှမ်းဝေးနေတဲ့ အိပ်မက်တစ်ခုပါ။ လူငယ်တွေလွှတ်လွှတ်လပ်လပ်တွေ့ဆုံ အသိဥာဏ်ဖလှယ်ဖို့အတွက် တက္ကသိုလ်ကျောင်း နယ်မြေနေထိုင်မှု ဘဝကိုလည်း ပြန်လည်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ လူငယ်တွေအညွန့်ကျိုးသွားအောင် တက္ကသိုလ်ကျောင်းသား ဘဝကိုဖျက်ဆီးဖို့ ကြိုးစားတာဟာ တိုင်းပြည်ရဲ့အနာဂါတ်ကိုဖျက်ဆီးလိုက်တာပါပဲ။” ဟုသူမကဆိုသည်။

ဗြိတိသျှကောင်စီက စီစဉ်သော မြန်မာကိုယ်စားလှယ်များ၏ ဗြိတိန်တက္ကသိုလ်ပညာရေးအကြာင်း ရှင်းလင်း ဟောပြောပွဲအပြီးတွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြာခဲ့ခြင်းဖြစ်ပါသည်။

 

ရှေးကတည်းက ဆက်ဆံခဲ့မှုကိုအလေးထား

မြန်မာတက္ကသိုလ်များ အထီးကျန်အသင်းကွဲဖြစ်နေချိန်တွင် နိုင်ငံတာအထက်တန်းပညာရေးနယ်ပယ်တွင် ကူးလူး ဆက်သွယ်မှုများနှင့် ပြိုင်ဆိုင်မှုများ ဆက်လက်တိုးတက်မြင့်မားလျှက်ရှိသည်။

ယခုအချိန်တွင်မူ မြန်မာတက္ကသိုလ်များနှင့် အခြားနိုင်ငံများ ပြန်လည်ချိတ်ဆက်ရန် ကြိုးပမ်းမှုအချို့ ရှိလာပြီ ဖြစ်ပါသည်။ ယခုနှစ်အတွင်း အမေရိကန်တက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ လက်တွဲလုပ်ဆောင်မည့် အစီအစဉ်များကိုကြေညာခဲ့သည်။

သို့သော် မြန်မာနှင့်ဗြိတိန်အကြား ယခင်ကတည်းက ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောကြားသွားပါသည်။

“တစ်ချိန်က မြန်မာ့ပညာရေးစနစ်ဟာ ဗြိတိသျှပညာရေးစနစ်နဲ့ တော်တော်နီးစပ်ခဲ့ပါတယ်။ ခေတ်မီ ပညာရေးစနစ်ကို ဗြိတိန်အစိုးရက မိတ်ဆက်ပေးခဲ့တယ်လို့တောင် အမှန်တကယ် ပြောနိုင်ပါတယ်။ အခုတော့ နောက်တစ်ကြိမ် အကုန်လုံးပြန်လည်သင်ယူရတော့မှာပေါ့”ဟု သူမကဆိုပါသည်။

“ကျွန်မတို့နိုင်ငံအနေနဲ့ ဗြိတိန်နိုင်ငံဆီသာမကဘဲ၊ ခေတ်နဲ့အညီ ပညာရေး စနစ်ပါလိုက်ပါပြောင်းလဲနေတဲ့ အခြားနိုင်ငံတွေဆီကပါ လေ့လာသင်ယူရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment