Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“လက်နက်ကိုင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သူ ခိုင်ခိုင်မာမာပေါ့နော်၊ သေသေချာချာ မဖြေရှင်းနိုင် သေးဘူးလို့ပဲ ကျမတို့မြင်ပါတယ်။ သမ္မတကြီး အနေနဲ့ အောက်ခြေအထိ ကြည့်ပြီးမှ ဆောင်ရွက်တယ် ဆိုရင်တော့ အောင်မြင်မှု ပိုရမှာပါ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ တပ်မတော်ပိုင်းကို သေသေ ချာချာ ပြောပေးနိုင်ဖို့တော့ လိုအပ်နေတယ်လို့ ကျမတို့မြင်ပါတယ်။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “နိုင်ငံဖွံ့ဖြိုးရေးအတွက်ပဲ ဦးစားပေးဖို့ သမ္မတဦးသိန်းစိန်ကို ပန်ကြား” သတင်းမှ ကချင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒါက ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်း သူတို့တောင်းဆိုနေတဲ့ အချက်ပါ။ နောက်တစ်ခုက အင်္ဂလိပ်လက်ထပ်က မြေပုံမှာ Wa (State) ဆိုပြီး အင်္ဂလိပ်လိုရေးထားတာလဲရှိပါတယ်။ အဲဒီအတိုင်းပဲ ပြန်အကောင်အထည်ဖော်ပေးပါဆိုတဲ့ သဘောလည်း ဖြစ်တယ်။ တောင်းသင့်တောင်းထိုက်လို့ တောင်းတယ်လို့ပဲ ယူဆပါတယ်။”

မေလ ၂၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၃၂) တွင်ပါရှိသော “ ‘ဝ’ ပြည်နယ် တောင်းဆိုမှုသည် တောင်းဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း ‘ဝ’ တိုင်းဥက္ကဋ္ဌပြောကြားဟု စံတော်ချိန်သတင်းစာ တွင်ဖော်ပြ” သတင်းမှ ‘ဝ’ တိုင်းဥက္ကဋ္ဌ ဦးခွန်ထွန်းလူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ ဆွေးနွေးတာရော ဒီဘက်က အတိုက်အခံပါတီတွေနဲ့ ဆွေးနွေးတဲ့အခါမှာ သေချာတဲ့ အချက်ကတော့ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု နှစ်နိုင်ငံဆက်ဆံရေးတို့မှာ ပြုပြင်ပြောင်းလဲစရာ လိုအပ်ချက် တွေ အများကြီးရှိတာ ကျွန်တော်တို့တွေ့တယ်။”

မေလ ၂၀ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “မြန်မာ-တရုတ် ဆက်ဆံရေး ရင်းနှီးမြှုပ်နှံမှုတွင် လိုအပ်ချက်ရှိနေဟုဆို” သတင်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ၏ ပညာရှင် (Think-Tank) အဖွဲ့တာဝန်ခံ Mr.Kong Janxum ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဦး တို့တင်ပြထားတဲ့ မူလမြေယာကို အရင်ဆုံးလုပ်ပေးရေး၊ မသမာနည်းနဲ့ ငွေကောက်သူကို အရေးယူဆောင် ရွက်မှုကို ယနေ့ချိန်ထိ မလုပ်သေးဘူး။ ငွေကောက်ခံထားတဲ့သူတွေကလည်း အခုအချိန်ထိ ဘာမှမဖြစ်ဘဲ နေနေကြတယ်။ ဒီလိုအရေးမယူတာဟာ ဘာသဘောလဲလို့ မေးချင်ပါတယ်။”

မေလ ၂၃ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ် အတွဲ (၁) အမှတ် (၁၀) တွင်ပါရှိသော “မြေယာမှတ်ပုံတင် ပြုလုပ်ရာတွင် မသမာသောနည်းလမ်းများဖြင့် ငွေကြေးကောက်ခံမှုများရှိနေ” သတင်းမှ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးမျိုးမြင့်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမ္မတကြီးပြောသလိုပဲ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံး ဝိုင်းဝန်းဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တွေကို နိုင်ငံတကာကအသိအမှတ်ပြုတဲ့ အကြီးမားဆုံးပြယုဂ်တစ်ခုလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါ့ကြောင့်မို့လို့လဲ ကျွန်တော်တို့ အစိုးရအဖွဲ့သာမက မြန်မာပြည်သူတွေအားလုံးကလည်း ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ပိုပြီးတော့မှ အားသွန်ခွန်စိုက်လုပ်နိုင်ဖို့ ယုံကြည်မှုတွေလည်း ပိုရသွားမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ နောက်ဆုံးတစ်နေ့မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အရင်ကရှိခဲ့တဲ့ မိမိရဲ့နေရာမှန်ကို ကျွန်တော်တို့ ပြန်ရယူ နိုင်ပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။”

မေလ ၂၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “သမ္မတ၏ အမေရိကန်ခရီးစဉ် တွင် အမေရိကန်လွှတ်တော်၏ ယုံကြည်မှုပါရလာနိုင်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူပြောကြား” သတင်းမှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


သတင်းတိုများ

ရခိုင်တွင် လုံခြုံရေး အင်အားလျှော့ချ စီစဉ်

၂၀၁၂ ဇွန်လအတွင်းတွင် စတင် ဖြစ်ပွားခဲ့သော ဘာသာရေးအသွင် ဆောင်သော ပဋိပက္ခများသည်ယခုအခါ တည်ငြိမ်မှု ရရှိနေပြီ ဖြစ်သောကြောင့် စစ်တပ်၏ အင်အားကို လျှော့ချသွားရန် စီစဉ်လျက်ရှိကြောင်း တပ်မတော်အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေ မကြာမီထွက်မည်

မြန်မာနိုင်ငံရှိ အင်ဂျင်နီယာများ နိုင်ငံတကာ အသိအမှတ်ပြု ဖြစ်လာနိုင်စေရန် အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေကို အမြန်ဆုံးပြဌာန်းနိုင်ရန်ေ လိုအပ်ကြောင်းနှင့်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌဦးဝင်းခိုင်၏ ပြောကြားချက်မှ သတင်းရရှိသည်။

 

အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် SMIDB ဘဏ်မှ ဘဏ်ခွဲ ငါးခု ထပ်ဖွင့်မည်

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) က ယခုနှစ်အတွင်း ဘဏ်ခွဲ ငါးခုထပ်မံ ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။အဆိုပါ ဘဏ်များကို မော်လမြိုင်၊ ပဲခူး၊ ပုသိမ် နှင့် ရန်ကုန်မြို့များတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရပြီး SMIDB ဘဏ်သည် လက်ရှိ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ဘဏ်ခွဲပေါင်း ၁၂ ခု ရှိနေကော ယခု ထပ်မံ ဖွင့်လှစ်မည့် ဘဏ်ခွဲများနှင့် ဆိုပါက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အကုန်တွင် ဘဏ်ခွဲပေါင်း ၁၅ ခုအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ပြည်တွင်းတွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး အရေးယူထားကြောင်း နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ သတင်းရရှိသည်။

 

KIO နှင့် အစိုးရ ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမည်

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အို ကချင်လက်နက်ကိုင် အဖွဲ့တို့သည် မေလ ၂၈ ရက်နေ့ တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူညီလိုက်ကြောင်း သတင်းရရှိသည်။ ဆွေးနွေးပွဲတွင် မြန်မာအစိုးရအနေနှင့် ပြင်ပစောင့်ကြည့်လေ့လားရေးအတွက် မည်သည့် ပြည်ပအဖွဲ့အစည်းကိုမှ ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေထံမှ သိရသည်။တွေ့ဆုံဆွေးနွေးပွဲသည် ၈ ကြိမ်မြောက် တွေ့ဆုံ မှုဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယခု ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အတွင်း ကျင်းပသော တွေ့ဆုံမှု ဖြစ်ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment