Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. စိန်ခေါ်မှုမရှိတာမဟုတ်ပါ

         (The Daily Star သတင်းစာမှ 24 May 2013 ရက်စွဲပါ Not without challenges ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ ဘေးကင်းသောသောက်ရေအစီအစဉ် ချယ်လ်ဆီးကလင်တန် သယ်ဆောင် လာ

( The Associated Press  မှ 27 May 2013 ရက်စွဲပါ  “ Chelsea Clinton brings clean water program to Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဂျာမန်အဓိပတိက အီးယူ-တရုတ်ကုန်သွယ်ရေး အငြင်းပွါးနေမှုကို အေးအေးချမ်းချမ်းရှိရန် လုပ်ဆောင်လို

( 27 May 2013 ရက်စွဲပါ BBC News မှ German Chancellor moves to cool EU-China trade disputes ကို ဘာသာပြန်ဆိုသည်)


 စိန်ခေါ်မှုမရှိတာမဟုတ်ပါ

 (The Daily Star သတင်းစာမှ 24 May 2013 ရက်စွဲပါ Not without challenges ကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုသို့ သမိုင်းဝင် ခရီးစဉ်သွားရောက်ခဲ့စဉ် ၎င်းအနေဖြင့် မှန်ကန် သည့် စကားများအားလုံးကို ပြောဖြစ်ခဲ့သည်ကိုတွေ့ရပါသည်။ “မြန်မာနိုင်ငံတွင်း လူမျိုးစုများအချင်းချင်း ဆူပူအကြမ်းဖက် မှုများ ရပ်ဆိုင်းရေး”၊ “မည်သည့်ဘာသာယုံကြည်သူမဆို အမျိုးသားအမှတ်လက္ခဏာတစ်ခုရရှိရေး၊ “လက်နက်ကိုင် ကချင်တိုင်းရင်းသား လူမျိုးစုများနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အာဏာနှင့်ရင်းမြစ်များခွဲဝေရေး” အစရှိသည် တို့ကို ထုတ်ဖော်ပြောဆို ခဲ့သည်။        

သို့သော် ဦးသိန်းစိန်က တပ်မတော်သည် မြန်မာနိုင်ငံတွင် အထူးနေရာတစ်နေရာကို ရယူသွားမည် ဖြစ်သည်ဟု အမေရိကန်မီဒီယာများကို အသိပေးပြောဆိုခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင် နေသော မြန်မာ၏ကောက်ကြောင်းရှာမရနိုင် သော အရေးကိစ္စများကို မီးမောင်းထိုးပြခဲ့ပေသည်။

“ဒီခရီးစဉ်ဟာ တည်ငြိမ်မှုရှိတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်က နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခုပါပဲ” ဟု စင်ကာပူ နိုင်ငံ၊ Institute of Southeast Asia Studies မှ Dr Michael Montesano ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်(အရှေ့အာရှ) မတိုင်မီ ရက်သတ္တနှစ်ပတ်အလိုတွင် ဦးသိန်းစိန်၏ အဆိုပါသမိုင်းဝင်အမေရိကန် ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အနောက်ကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ရာမှ ယခုအခါ ပုံမှန်အဆက်အသွယ်များပြန်လည်ရရှိလျက်ရှိရာ အဆိုပါဖြစ်စဉ်တွင် ယခုသမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်သည် အရေးကြီးသော သင်္ကေတ တစ်ခုဖြစ်သည်။                                                      

တစ်ချိန်က ပညာရေးစနစ်ကောင်းမွန်မှုကြောင့် လူသိများခဲ့ပြီး သဘာဝရင်းမြစ်များပေါကြွယ်ဝလှသည့် မြန်မာနိုင်ငံ သို့ အလားအလာရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ရန်ပြင်ဆင်နေပြီဖြစ်ရာ ပျက်စီးယိုယွင်း သွားသည့် အောက် ခြေအဆောက်အဦးများ ပြန်လည်ကောင်းမွန်အောင် ပြင်ဆင်နိုင်ရေးအတွက် မြန်မာအစိုးရက ကြိုးပမ်းလျက်ရှိသည်။

ဤသို့သောအနေအထားမျိုးတွင် အာရှဒေသတွင်း တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ချိန်ခွင်လျှာညှိလိုသည့် အမေရိ ကန်ပြည်ထောင်စုက ပထဝီအနေအထားအရ မဟာဗျူဟာကျလှသည့် မြန်မာပြည်ကို မျက်နှာချိုသွေးရန် များစွာစိတ်ဝင်စား လျက်ရှိသည်။

တပ်မတော်ဟုခေါ်သော မြန်မာစစ်တပ်မှာမူ ယနေ့အချိန်အထိ တိုင်းပြည်၏ စီးပွားရေးနှင့်နိုင်ငံရေး တို့တွင် အရေးပါသည့် အခန်းကဏ္ဍ  မှ ဆက်လက်ပါဝင်လျက်ရှိသည်။ စစ်တပ်သည် လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ကို ရွေးကောက် တင်မြှောက်ခံစရာမလိုဘဲ ရရှိထားပြီးဖြစ်သည်။

ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်း ယခုသမ္မတ ဦးသိန်းစိန်သည် စစ်တပ်၏ အခန်းကဏ္ဍကို ပြန်လည်သတ်မှတ်ပြဋ္ဌာန်း ပေးရမည့်အချက်အား ကောင်းစွာနားလည်သဘောပေါက်ထားသော်လည်း ယင်းစစ်တပ်သည် ၎င်း၏ သမ္မတရာထူး သက်တမ်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်အဖြစ်ပင် ဆက်လက်ရှိနေကြောင်း Brookings Institution မှ Senior Fellow တစ်ဦးဖြစ်သူ Lex Rieffel ကပြောကြားသည်။

အိမ်ဖြူတော်၌ အိုဘားမားနှင့် ဦးသိန်းစိန်တို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံကို လိုက်လျောမှုပေးသည့် အနေဖြင့် အိုဘားမားက တိုင်းပြည်၏ နာမည်ကို Burma ဟုခေါ်ဝေါ်မှုမပြုဘဲ Myanmar ဟုသာ အကြိမ်ပေါင်းများစွာ ခေါ်ဆိုခဲ့သည်။

သောကြိုးပမ်းချက်များကို အိုဘားမားက ချီးမွမ်းပြောဆိုသလို ရိုဟင်ဂျာမွတ်စလင်များအပေါ် လတ်တလော တိုက်ရိုက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်းလည်း ပြောဆိုသည်။ လူ့အခွင့်အရေးအုပ်စု များကမူ ရိုဟင်ဂျာများကို အကြမ်ဖက်မှု၌ အစိုးရကတရားဝင်ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုကြသည်။

ဦးသိန်းစိန်သည် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တွင် မိန့်ခွန်းပြောဆိုရာ၌ ယင်းဆူပူအကြမ်းဖက်မှုများသည် အလွန် အမင်းဆိုးဝါးထိတ်လန့်ဖွယ်ကောင်းကြောင်း၊ အကြမ်းဖက်မှုတွင် ပါဝင်နေသူများ အားလုံးကို တရားဥပဒေအရအရေးယူ မည်ဖြစ်သလို ခွဲခြားဆက်ဆံမှုများအားလုံး အဆုံးသတ်ရေးအတွက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သို့သော် London School of Economics ၏ လူသားလုံခြုံမှုဆိုင်ရာ သုတေသနအဖွဲ့မှ ဒေါက်တာမောင်ဇာနည်က “ဆူပူအကြမ်းဖက်မှုများတွင် အစိုးရအရာရှိများနှင့်နိုင်ငံတော် လုံခြုံရေးအဖွဲ့ အစည်းများကိုယ်တိုင် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပါဝင်ပတ်သက်နေသည်ဟူသော ခိုင်မာသည့် စွပ်စွဲချက်များရှိနေကြောင်း” ပြောကြားသည်။

ဝါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးပြုလုပ်ရာ၌ သမ္မတဦးသိန်းစိန်က ပြဿနာဖြစ်စေသည့် စကားတစ်ခွန်းကို ယခုလိုထပ်မံပြောဆိုခဲ့သည်။ “ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသား လူမျိုးစုများ မဟုတ်ပါ။ ၎င်းတို့ကို ဗြိတိသျှကိုလိုနီများ က မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခေါ်ဆောင်လာခြင်းသာဖြစ်သည်” ဟု ပြောကြားသည်။

ဤအတောအတွင်းမှာပင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက် သည်။ မြန်မာနိုင်ငံ၏ ၂ နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် တည်ငြိမ်သော တိုးတက်ဖြစ်ထွန်း မှုများကို သမ္မတအိုဘားမားက အသိအမှတ်ပြုသော်လည်း ဖွံ့ဖြိုးမှုများအားလုံးကို အစိုးရကသာ ဆက်လက်၍ တင်းကြပ်စွာ ထိန်းချုပ်ထား မည်သာဖြစ် ကြောင်း လေ့လာဆန်းစစ်သူများက အကဲဖြတ်ကြသည်။


 

မြန်မာနိုင်ငံသို့ ဘေးကင်းသောသောက်ရေအစီအစဉ် ချယ်လ်ဆီးကလင်တန် သယ်ဆောင်လာ

( The Associated Press  မှ 27 May 2013 ရက်စွဲပါ  “ Chelsea Clinton brings clean water program to Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်။)

Photo Credit by AP Photo/Khin Maung Win

ချယ်လ်ဆီးကလင်တန်သည် သူမ၏မိခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သံတမန် လမ်းခင်းခဲ့သော မြန်မာနိုင်ငံသို့ သူမဖခင်၏ ကမ္ဘာတစ်လွှား ဖြန့်ကျက် ပရဟိတလုပ်ငန်းတစ်ခုကို သယ်ဆောင် လာပြီဖြစ်သည်။

တနင်္လာနေ့က အခမ်းအနားတွင် သမ္မတဟောင်း ဘီလ်ကလင်တန်၏ Clinton Global Initiative ကို ကိုယ်စားပြုတက်ရောက်လာသူ ချယ်လ်ဆီးကလင်တန်သည် Procter & Gamble ၏ ကလေး သူငယ်များ သောက်ရေဘေးကင်းရေးစီမံချက်ကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့သည်။ ၎င်းအစီအစဉ်သည် ဘေးကင်း စိတ်ချရသောရေဖြန့်ဖြူးမပေးနိုင်သော ဒေသများသို့ ရေသန့်စင်ရေး အစီအစဉ်များ ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။ မြန်မာကျေးလက်ဒေသများသည် ပတ်ဝန်းကျင် ညစ်ညမ်းမှု ကြောင့် ဘေးကင်းသောသောက်ရေရရှိရန်ခက်ခဲနေသည်ဟု စီမံကိန်း ကမကထပြုသူများ ကဆိုပါသည်။

ယခင်က မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းမကျသော စစ်အုပ်ချုပ်ရေးဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့မှုကြောင့် အမေရိကန်ပြည်ထောင်စုက ပစ်ပယ်ထားသည့်အတွက် ယခုကဲ့သို့ကူညီမှုမျိုးမရအောင် ပိတ်ပင်ထားခြင်း ခံခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုနိုင်ငံများ၏ မူဝါဒမှာ ကမ္ဘာတစ်လွှားမှ လူမဆန်သော အာဏာရှင်နိုင်ငံများကို လူရာမသွင်းဘဲ ပစ်ပယ်ထားခြင်းဖြစ်သည်။

သို့သော် ယခင်မြန်မာအစိုးရအကြီးအကဲသည် အသက်အရွယ်အိုမင်းလာခြင်း၊ နိုင်ငံစီးပွါးရေးပြိုလဲ သွားခြင်း၊ အာရပ်နွေဦးကဲ့သို့ လူထုအုံကြွမှုပေါ်ပေါက်နိုင်ခြေ ရှိနေခြင်း၊ တရုတ်နိုင်ငံ ခြေလှမ်းကျဲလွန်းခြင်း အပေါ် စိုးရိမ်လာခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေးကိုဖျက်သိမ်း၍ ကန့်လန့်ကာနောက်ကွယ်သို့ ခြေလှမ်းဆုတ်ရင်း ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီးနောက် ရွေးချယ်တင်မြှောက်ခံ မြန်မာအရပ်ဖက်အစိုးရ အာဏာရလာ ချိန်တွင် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟီလာရီကလင်တန်က ၂၀၁၁ တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင် သံတမန် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းအားဖြင့် မြန်မာအစိုးရအား ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများဆီ သို့ ခြေလှမ်းနိုင်အောင် ဖေးမကူညီခဲ့သည်။


 

ဂျာမန်အဓိပတိက အီးယူ-တရုတ်ကုန်သွယ်ရေး အငြင်းပွါးနေမှုကို အေးအေးချမ်းချမ်းရှိရန် လုပ်ဆောင်လို

( 27 May 2013 ရက်စွဲပါ BBC News မှ German Chancellor moves to cool EU-China trade disputes ကို ဘာသာပြန်ဆိုသည်)

 

Photo Credit by BBC

ဂျာမန်အဓိပတိ Angela Merket က ၎င်းသည် တရုတ်နှင့်သွင်းကုန်အကောက်ခွန်ကိစ္စ သဘောတူညီမှုရလိုပြီး၊ ကုန်သွယ်ရေးစစ်ပွဲ၏ ထိခိုက်မှုများကို ရှောင်ရှားလိုကြောင်း ပြောကြားခဲ့ပါသည်။

အစောပိုင်းက တရုတ်ဝန်ကြီးချုပ် Li Keqiang က ဥရောပသမဂ္ဂသည် တရုတ်၏ စက်မှုလုပ်ငန်းအချို့တွင် ဈေး နှုန်းသတ်မှတ်ပုံကို မေးမြန်းနေမှုအားမနှစ်မြို့ကြောင်း သတိပေးခဲ့ပါသည်။

တရုတ်နိုင်ငံမှ ဆိုလာတိုင်များနှင့် ဖုန်းဂီယာများသည် ပြိုင်ဖက်များကို ပြိုင်ဆိုင်ရာ ဈေးနှုန်းများမတရားလျော့ချ ထားသည်ဟု ဆိုနေကြခြင်းကြောင့် အီးယူက အကောက်ခွန်ပိုမိုကောက်ခံရန် ဆန္ဒရှိနေပါသည်။

ဂျာမန်အဓိပတိ Merkel သည် အီးယူနှင့်တရုတ်ကို ဖိဖိစီးစီး ဆွေးနွေးစေလိုပါသည်။

ဂျာမနီအနေဖြင့် အီးယူအတွင်း ပါဝါရှိသောအနေအထားကို အသုံးပြု၍ ဆွေးနွေးမှုရလဒ်ကောင်း ထွက်စေရေး အတွက် လုပ်ဆောင်မည်ဖြစ်ကြောင်း Markel ၏ ပြောကြားမှုအား ကိုးကားဖော်ပြခဲ့ပါသည်။

AP သတင်းဌာန၏ အဆိုအရ သူသည် အကောက်ခွန်ပိုမိုကောက်ခံခြင်းသည် နှစ်ဖက်စလုံးသို့ အထောက်အ ကူပြုလိမ့်မည်ဟု မယုံကြည်သောကြောင့် အဆိုပါကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

“ကျွန်မတို့အနေနဲ့ နောက်ခြောက်လအတွင်း ပြင်းပြင်းထန်ထန်အသုံးချရပါမယ်။ ဆွေးနွေးပွဲတကယ်ရှေ့ဆက် နိုင်ရေးအတွက် ဂျာမနီအနေနဲ့ အားလုံးလုပ်ဆောင်သွားပါမယ်” ဟု Merkel ကရှင်းပြပါသည်။

Mr Li သည်၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် Mrs Merkel နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ ဂျာမနီမတိုင်မီ အိန္ဒိယ၊ပါကစ္စတန်နှင့် ဆွစ်ဇာလန်တို့သို့ သွားရောက်ခဲ့ပြီးဖြစ်ပါသည်။

တရုတ်ဝန်ကြီးချုပ်က အကောက်ခွန်ပိုမိုချမှတ်ခြင်းကို မိမိကိုယ်ကိုကာကွယ်သူများအဖြစ်ရှုမြင်ပြီး၊ နောက်ဆုံး တွင် စားသုံးသူကိုသာထိခိုက်ကြောင်း သတိပေးခဲ့ပါသည်။

“ဒီဆုံးဖြတ်ချက်ဟာ တရုတ်ပြည်ကအလုပ်အကိုင်များကို ထိခိုက်ရုံမျှမက၊ ထိခိုက်သောစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး မှုကိုလည်း ထိခိုက်ပါတယ်။ ဒါ့အပြင် ဥရောပက စက်မှုလုပ်ငန်းကို အန္တာရယ်ရှိစေပြီး၊ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်ပါ တယ်” ဟု Mr Li က ဘာလင်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

တရုတ်သည် နေရောင်ခြည်စွမ်းအင်သုံးဆိုလာပစ္စည်းများကို အောက်ဈေးဖြင့်ရောင်းနေခြင်းအတွက် စုံစမ်းစစ်ဆေးမှုမှာ အီးယူ၏အကြီးဆုံးသော စုံစမ်းမှုကြီးဖြစ်ပါသည်။

အီးယူကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel de Gueht က တရုတ်မှ ဆိုလာသွင်းကုန်များအပေါ် ပျမ်းမျှ 47% အခွန်ချမှတ်ရန် အဆိုပြုထားရာ လာမည့်လတွင် ဆုံးဖြတ်ချက်ချမည်ဟု ခန့်မှန်းရပါသည်။

အီးယူသည် တရုတ်၏ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍတွင် ဝင်ရောက်အရှုံးခံလုပ်ဆောင်ပေးနေမှု များကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment