Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. တရုတ်-မြန်မာ ရေနံဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် အပြန်အလှန်အကျိုးရှိကြောင်းမြန်မာ သမ္မတ ပြောကြား

(Xinhua မှ 28 May 2013 ရက်စွဲပါ” China-Myanmar oil, gas pipeline project benefits both: president” သတင်းကိုဘာသာပြန်သည်။)

  1. စီးပွားရေးအရ အကူအညီပေးမူ၏ သြဇာမှတဆင့် ဂျပန်တို့မြန်မာနိုင်ငံတွင် ခြေကုတ်ယူမူ တိုးမြှင့်

(28 May 2013 ရက်စွဲပါ Japan News မှ Boost Japan`s presence in Myanmar using leverage of economic aid ကို ဘာသာပြန်ပါသည်။)


တရုတ်-မြန်မာ ရေနံဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် အပြန်အလှန်အကျိုးရှိ  ကြောင်းမြန်မာသမ္မတ ပြောကြား

(Xinhua မှ 28 May 2013 ရက်စွဲပါ China-Myanmar oil, gas pipeline project benefits both: president သတင်းကိုဘာသာပြန်သည်။)

ယခုနှစ်အတွင်း အပြီးသတ်ကာနီး တရုတ်-မြန်မာ ရေနံဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် အရေးပါသည့်အပြင် နှစ် နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြစ်သည်ဟု မြန်မာသမ္မတ ဦးသိန်းစိန်က တနလာင်္  နေ့တွင် ပြောကြားသည်။

တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China National Patroleum Coperation (CNPC) ၏ အထွေထွေမန်နေဂျာ လျိုယောင်ယွန်းနှင့် တွေဆုံစဉ် သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ မှတ်ချက်ပေးခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံသည် ယခုအခါဘက်ပေါင်းစုံ တံခါးဖွင့်နေပြီဖြစ်သော်လည်း တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးသော အိမ်နီးနားချင်းပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးအားပေးမြှင့်တင်ရန် ဆန္ဒရှိသည်ဟု ဆက်လက်ပြောကြားခဲ့သည်။

သမ္မတက တရုတ် comapy များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံကြရန်နှင့် အခြားသူများကဲ့သို့ ရေနံချက်သန့်စင် စက်ရုံထူထောင်မှုကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုသည်။

CNPC မန်နေဂျာ လျိုယောင်ယွန်းကလည်း CNPC ကုမ္ပဏီသည် ပိုက်လိုင်းတည်ဆောက်မှုလမ်းကြောင်း တစ်လျှောက် အပြည့်အဝလူမှုတာဝန်ကျေပွန်မှုရှိရေးကို အစဉ်အမြဲအရေးတကြီး ခံယူဆုပ်ကိုင်ထားပြီး၊ ပိုက်လိုင်း တစ်လျှောက်ဒေသများတွင် စာသင်ကျောင်းများ၊ ဆေးပေးခန်းများတည်ဆောက်ပေးခဲ့ကြောင်း ပြန်လည်ပြောကြားသည်။

ထိုနေ့တွင်ပင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကလည်း လျိုယောင်ယွန်ကို လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူမှု ဖူလုံဆောင်ရွက်ချက်များတွင် CNPC company ၏ ထိထိရောက်ရောက် ပါဝင်နေခြင်းကို အသိအမှတ်ပြုပြောကြားခဲ့သည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုလန်လည်း တက်ရောက်ခဲ့သည်။

မကြာမီလပိုင်းအတွင်း စတင်လည်ပတ်တော့မည့် ကျောက်ဖြူ-ရွေလီ ရေနံဓါတ်ငွေ့ပိုက်လိုက်လိုင်းများ၏ လုံခြုံရေး နှင့်ပတ်သက်၍ မေးခွန်ထုတ်စရာများရှိနေချိန်တွင် မြန်မာအစိုးရခေါင်းဆောင်များနှင့် တရုတ် compay တာဝန်ရှိသူတို့၏ တွေဆုံမှု ပေါ်ထွက်လာခြင်းဖြစ်သည်။


 

စီးပွားရေးအရ အကူအညီပေးမူ၏ သြဇာမှတဆင့် ဂျပန်တို့မြန်မာနိုင်ငံတွင် ခြေကုတ်ယူမူ တိုးမြှင့်

(28 May 2013 ရက်စွဲပါ Japan News မှ Boost Japan`s presence in Myanmar using leverage of economic aid ကို ဘာသာပြန်ပါသည်။

 

ဂျပန်နိုင်ငံသည် ဒီမိုကရေစီနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမူများကို တွန်းအားပေးလုပ်ဆောင်နေသော မြန်မာနိုင်ငံ အပေါ် အတွဲလိုက်အကူအညီပေးမူများစွာဖြင့် ထွက်ပေါ်လာပါသည်။ ၄င်းသည် ဂျပန်နိုင်ငံ၏ အာရှတွင် ဈေးကွက်သစ် ဖော်ဆောင်ရန် မဟာဗျူဟာ စီစဉ်မူ၏အစိတ်အပိုင်းတစ်ခု ဖြစ် ပါသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ပြီး၊ တနင်္ဂနွေနေ့က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။

အာဘေးသည် မြန်မာသမ္မတ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမူများကို ချီးကျူးပြောဆိုခဲ့ပြီး၊ ဂျပန်နိုင်ငံသည် ပြည်သူ များနှင့်လည်းကောင်း ပုဂ္ဂလိကနှင့်လည်းကောင်း သက်ဆိုင်သော ကဏ္ဍအားလုံးကို ဖြစ်နိုင်သော အကူအညီများ တိုးချဲ့ပေးခြင်းဖြင့် မြန်မာ၏နိုင်ငံတည်ဆောက်ရေးကို ထောက်ခံကူညီရန် စိတ်အားထက်သန် နေပါသည်ဟု ပြောကြား ခဲ့ပါသည်။

အာဘေးက ၄င်း၏အစိုးရသည် တပြိုင်နက်တည်းတွင် ကြီးမားသည့်လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့်စက်ရုံ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးသည့် ပင်မလိုင်းများနှင့် မြန်နှုန်းမြင့်ဆက်သွယ်ရေး ကွန်ယက်များကဲ့သို့သော မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကကဏ္ဍကိုလည်း အကူအညီပေးရန် အသင့်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် 2011 ခုနှစ်မတ်လမှစ၍ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီးနောက် နိုင်ငံအများအပြား ကြားတွင် ပြိုင်ဆိုင်မူများပြင်းထန်လာစေရာ မြန်မာဈေးကွက်သို့လမ်းဖောက်ရန် ကြိုးစားလာသည့် အမေရိကန်လည်း ပါဝင် လာပါသည်။

အာဘေးသည် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးတိုးချဲ့ရေးကူညီနိုင်ရန် ထိပ်တန်းအရောင်းသမား သဖွယ် လုပ်ဆောင်ခဲ့ပါသည်။

မြန်မာသမ္မတကလည်း ဂျပန်နိုင်ငံ၏ ရက်ရောသောအကူအညီ အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ တွင် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမူအရေးကြီးပုံကို အလေးထားပြောသွားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့အပါအ၀င် သဘာဝသယံဇာတများစွာရှိခြင်း၊ အဆင့်မြင့်လုပ်သားအင်အားစု ရှိခြင်းနှင့် ဖွံ့ဖြိုးလာနိုင်သည့်အလားအလာရှိသည့် ဈေးကွက်တို့ကြောင့် မြန်မာနိုင်ငံကို အာရှ၏ နောက်ဆုံးထွက်ပေါ်လာသော မျက်နှာစာသစ်အဖြစ် အမည်တပ်ကြပါသည်။

မြန်မာနိုင်ငံ၏ ရုန်းကန်နေရသော အခြေခံအဆောက်အဦးများ တိုးတက်လာရန် ဂျပန်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မူ သည် ၄င်း၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကမြှင့်တင်မူတစ်ခု ဖြစ်လာနိုင် ပါသည်။

အာဘေးက သတင်းထောက်များသို့ပြောကြားရာတွင် ဂျပန်နိုင်ငံသည် ရရှားနှင့် အရှေ့အလယ်ပိုင်းတို့ကို တင်ပို့ သကဲ့သို့ မြန်မာနိုင်ငံသို့ အခြေခံအဆောက်အဦးနှင့်ပတ်သက်သော ပို့ကုန်များသည် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မူကို ဦးတည်စေလိမ့်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည်လည်း အာဘေးအစိုးရ၏ ကြီးထွားရေးမဟာဗျူဟာတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်လာပါသည်။

အာဘေးက ဦးသိန်းစိန်သို့ပြောကြားရာတွင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ တရားရေးစနစ် တိုးတက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ပိုမိုတိုးတက်ကောင်းမွန်လာရေးအတွက် အကူအညီပေးရန် ရည်ရွယ်ကြောင်းလည်း ဆိုပါသည်။

မြန်မာနိုင်ငံ၏ တရားရေးစနစ်တိုးတက်လာခြင်းသည် ရင်းနှီးမြုပ်နှံမူများကိုဆွဲဆောင်ရန်နှင့် စီးပွားရေးလုပ်ဆောင် ရန်နည်းနာများလေ့လာရေးအတွက် ရင်းနှီးမြုပ်နှံမူကိုဆွဲဆောင်သည့် ဝန်းကျင်တစ်ခုဖန်တီးရာတွင် မရှိမဖြစ်လိုအပ်လှ ပါသည်။

အာဘေး၏ကတိပြုထားသောအစီအစဉ်အရ မြန်မာနိုင်ငံမှ လူငယ်တစ်ထောင်ခန့်ကို ဂျပန်သို့ ဖိတ်ခေါ်မည်ဖြစ်ရာ ထိရောက်မူရှိသော အကူအညီဖြစ်မည်ဖြစ်ပါသည်။

နှစ်ဖက်ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစုများကြားတွင် ဆင်းရဲမွဲတေမူတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမူရခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးပြဿနာ များကို ဖြေရှင်းပေးမည့် နည်းလမ်းအတွက် လမ်းခင်းပေးသည့် သဘောရှိမည်ဟု မျှော်လင့်ပါသည်။

ထို့အပြင်ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မူ ပိုမိုအားကောင်းလာစေရန်လည်း သဘောတူခဲ့ကြပါသည်။ ရေကြောင်းမိမိကိုယ်ကို ကာကွယ်ရေးတပ်ဖွဲ့၏ လေ့ကျင့်ရေး သင်္ဘောအုပ်စုသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဆိုက်ကပ်ရန်မျှော်လင့်ရပြီး၊ ထိုလုပ်ဆောင်မူသည် နှစ်နိုင်ငံကြား လုံခြုံရေးပူးပေါင်းဆောင်ရွက် မူကို စတင်အလုပ်ဖြစ်စေမည့်လုပ်ဆောင်မူ ဖြစ်ပါသည်။ ၄င်းမှာ အလွန်အရေးကြီးလှပါသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနှင့်တရုတ်ကြားတွင်ရှိသောကြောင့် ပထဝီနိုင်ငံရေးအရ အရေးကြီးသောနေရာတွင်ရှိပါ သည်။ ထို့အပြင် ၄င်းသည် 2014 တွင် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမည် ဖြစ် ပါသည်။

တရုတ်နိုင်ငံအပေါ် မှီခိုနေသောလမ်းကြောင်းမှ ပြောင်းလာသည့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေး အားကောင်းရန် ကြိုးစားလာခြင်းသည် အာဘေး၏ ဒီမိုကရေစီရပ်တည်ချက်ဖြစ်သော ဒီမိုကရေစီနှင့် လွတ်မြောက်ရေး  ကို ရှေ့ဆောင်ရန်ဟူ သော အချက်နှင့်ကိုက်ညီနေပါသည်။

ထိုသို့တွန်းအားပေးခြင်းသည် တရုတ်ကစစ်ရေးအရလည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း ၊ ပြင်းထန် စွာချဲ့ထွင်နေမူကို စောင့်ကြည့်ရာလည်း ရောက်ပေသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment