Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတိုတို့တွင် ပြေးလမ်းချော်နေသော တရုတ်လုပ်လေယာဉ်

(The Associated press မှ 11 June 2013 ရက်စွဲပါ “Chinese made plane in Myanmar, Indonesia mishaps” သတင်းကိုဘာသာပြန်ဆိုသည်။

  1. မိုဘိုင်းလ်ငွေပေးချေမှုများမြန်မာတွင်စတင်လျက်ရှိ

(Qrcode Pres2013 ရက်စွဲပါ Mobile payments taking off in Myanmarကိုဘာသာပြန်ဆိုသည်)


မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတိုတို့တွင် ပြေးလမ်းချော်နေသော တရုတ်လုပ်လေယာဉ်

(The Associated press မှ 11 June 2013 ရက်စွဲပါ “Chinese made plane in Myanmar, Indonesia mishaps” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာပြည်တွင်း လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည်း တနင်္လာနေ့က ပုံမှန်ဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ပြီး၊ ထိုနေ့တွင်ပင် အလားတူ တရုတ်လုပ် ပန်ကာနှစ်လုံးတပ် လေယာဉ်အမျိုးစားတူတစ်စင်း ဒေသတွင်း အင်းဒိုးနီးရှားနိုင်ငံတွင် ပြေးလမ်း ချော်မှုဖြစ်ပွားခဲ့သည်။ ဖြစ်ရပ်နှစ်ခုစလုံး လူသေဆုံးမှုမရှိခံပေ။

မြန်မာနိုင်ငံတွင် ဖိနှိပ်အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရ အပေါ်မှတ်ချက်ထားသည့် sanctions များ ရုပ်သိမ်းသွားစေခဲ့သော ဒီမိုကရေစီ အသွင်းကူးပြောင်းမှုများကြောင့် ခရီးသွား Tourism လုပ်ငန်းကြီးထွားမှုကို ကြုံတွေ့ နေရပြီဖြစ်ရာ၊ ယခု မတော်တဆမှုသည် ဒီဇင်ဘာလနောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။

ကော့သောင်းမြို့လေဆိပ်တွင် လေယဉ်ပြေးလမ်းချော်သွားခဲ့သော ရုပ်ပုံများကို မြန်မာအစိုးရရုပ်သံက ထုတ်လွှင့် တင်ပြခဲ့ပါသည်။ ရန်ကုန်မှ စတင်ထွက်ခွါကာ မော်လမြိုင်မှတဆင့် ကော့သောင်းသို့ ဆက်လက်ပျံသန်းသွားခဲ့သော မြန်မာ့လေကြောင်းလေယာဉ်သည် လေယာဉ်အဖွဲ့သား ၄ဦးနှင့် ခရီးသည် ၆၀ ကိုတင်ဆောင်ကာ လေဆိပ်အဆင်းတွင် လမ်းချော်သွားခဲ့သည်ဟု မြန်မာရဲတပ်ဖွဲ့ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။

အဆိုပါ တရုတ်လုပ် MA-60 လေယာဉ်သည် ပြေးလမ်း အနောက်ဘက် ပေ ၂၀၀ ခန့်ရှိ ခြုံပုတ်များနှင့်တိုက်ကာ ရပ်တန့်သွားခဲပြီး ပန်ကာနှစ်ဘက်စလုံး ပျက်ဆီးကာ ဘယ်ဘက်အင်ဂျင်အုံမှ မီခိုးများထွက်လာခဲ့သသည်။ ထိခိုက်သေဆုံးမှုမရှိဟု သတင်းများက ဆိုသည်။ လေကြောင်း ထိန်းသိမ်းရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဒေါ်နွယ်နီဝင်းကျော်က မတော်တဆမှုကို အတည်ပြုသော်လည်း အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပါ။

ထိုနေ့တွင် အလားတူပင် အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်ဂါရာ ပြည်နယ် မြို့တော် ကူပန်လေဆိပ်တွင် နိုင်ငံပိုင် မာပါတီနူဆန်ထရာ လေကြောင်းမှ တရုတ်လုပ် MA-60 လေယာဉ်တစ်စင်း ဆင်းသက်စဉ် မတော်တဆ ဖြစ်ပွားကာ အင်ဂျင်နှစ်လုံး ပျက်စီးသွားခဲ့ရာ၊ ခရီးသည် ၅၀ လိုက်ပါလာသော လေယာဉ်တွင် သေဆုံးသူမရှိသော်လည်း ခရီးသည်အမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု လေယာဉ်အာဏာ ပိုင်အကြီးအကဲ အီမမ်ပရာမိုနိုက ပြောကြားပါသည်။

မေလ ၁၆ ရက်ကလည်း မြန်မာ့လေကြောင်းမှ အခြား MA-60 လေယာဉ်တစ်စင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းဆက် လေယာဉ်ကွင်းသို့ အဆင်းတွင်း ဘရိတ်စနစ်ချို့ယွင်းကာ ပြေးလမ်းအဆုံးကို ကျော်လွန်ရပ်တန့်သွားခဲ့ရာ တောင်ပံနှင့်ဘီးများ ပျက်စီး သွားခဲ့ပြီး ခရီးသည်နှစ်ဦး လက်မောင်းကျိုးသွားခဲ့သည် ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။


မိုဘိုင်းလ်ငွေပေးချေမှုများမြန်မာတွင်စတင်လျက်ရှိ

(Qrcode Press မှ 10 June 2013 ရက်စွဲပါ Mobile payments taking off in Myanmarကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ပြည့်ဝသော တိုးတက်ဖြစ်ထွန်းမှုများ တွေ့မြင်နေရပြီဖြစ်သည်ဟု Visa နှင့် MasterCard တို့က ကြေညာချက်ထုတ်ပြန်သည်။

Visa နှင့် MasterCard တို့၏အဆိုအရ မြန်မာနိုင်ငံတွင်း စမတ်ဖုန်းများထိုးဖောက်ဝင်ရောက်လာမှုက ငွေစက္ကူအသုံးပြုမှုကို လျော့ကျ လာစေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဝါယာလက်ကွန်ယက်များပေါ်ထွန်းလာပြီး မိုဘိုင်းလ်ငွေပေးချေမှု များထွက်ပေါ် လာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံး အီလက်ထရွန်နစ် ငွေလွှဲပြောင်းမှု ကုမ္ပဏီကြီးများဖြစ်သော Visa နှင့် MasterCard တို့သည် မြန်မာနိုင်ငံ၏ ကြီးမားများပြားသောအလားအလာများကိုယခုအခါအလေးပေးအာရုံလျက်ရှိသည်။

မြန်မာအစိုးရသည်လည်း ယခု ဇွန်လကုန်ပိုင်းခန့်မှစ၍ တယ်လီဆက်သွယ်ရေးလိုင်စင်နှစ်ခု ထပ်မံခွင့်ပြုပေးရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် မိုဘိုင်းလ်ငွေပေးချေမှုများအတွက်အခွင့်အလမ်းများပိုမိုကြီးမားလာစေမည်ဖြစ်ကြောင်း Credit Card ကုမ္ပဏီများက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ငွေကြေးလွှဲပြောင်းမှုအတွက် အခြေခံအဆောက်အဦး မရှိသေးသောကြောင့် နည်းပညာပိုင်းဆိုင်ရာ ခွင့်ပြုလက်ခံမှုများပိုမိုပြုလုပ်ပေးလာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းငွေပေးချေမှုစနစ် ပေါ်ပေါက်လာရေးအတွက်ယှဉ်ပြိုင်မှုများ နည်းပါးနေခြင်းသည် လွန်စွာအရေးကြီးသော အချက်တစ်ခုပင်ဖြစ်သည်။

MasterCard ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲ Matthew Driver က “ပုံသေအခြေခံအဆောက်အဦးမရှိတဲ့ ဈေးကွက်ထဲ မှာ မိုဘိုင်းလ်ကတစ်ဆင့်လက်ခံအသုံးပြုမှုဆိုတာ ဖြစ်လာမှာပါ။ အဆင့်ကျော်ပြီး ခုန်ကူးနိုင်တဲ့ အခြေအနေ (Leapfrog) ဖြစ်လာဖို့ အခွင့်အလမ်းကြီးတစ်ခုရှိနေပါတယ်”ဟု ပြောကြားသည်။

ငွေပေးချေမှုများကို ငွေစက္ကူများအသုံးပြုမှုဖြင့်သာ ဆောင်ရွက်နေရသည့်မြန်မာနိုင်ငံတွင် လူအတော်များများမှာ စမတ်ဖုန်းအသုံးပြုမှုကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြသည်။ နိုင်ငံတကာငွေပေးချေမှု ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ငွေပေးချေမှုများ စတင် ပေါ်ပေါက်တော့မည် ဖြစ်သည်ဟု ဟောကိန်းထုတ် ပြောဆိုကြသည်။ လတ်တလော အနေအထားတွင် လူ ၁၀ ဦးလျှင် ၁ ဦးနီးပါးခန့်မှာ မိုဘိုင်းလ်ဖုန်းအသုံးပြုကြသည်။ မည်သို့ပင်ဆိုစေကာမူ မိုဘိုင်းလ်ကွန်ယက်တပ်ဆင်အသုံးပြုမှု စတင်သည်နှင့် တစ်ပြိုင်နက် မြန်မာလူ ဦးရေ ၆၄ သန်းခန့်မှာ စမတ်ဖုန်းများကို အဆမတန်အသုံးပြုလာမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တူညီသည့် ဖြစ်စဉ်မျိုးများကို အာဖရိကတိုက်နိုင်ငံ အတော်များများတွင် တွေ့မြင်ခဲ့ရသည်။ ဥပမာ ကင်ညာနိုင်ငံဖြစ်သည်။ ကင်ညာတွင် စမတ်ဖုန်း အသုံးပြုမှု မြင့်တက်လာသည်နှင့်အမျှ မိုဘိုင်းလ်ငွေပေးချေမှုနှင့် ငွေလွှဲပြောင်းမှုစနစ်များလည်း ပေါ်ပေါက်လာပြီး

ယခုအခါတွင် လစဉ် မိုဘိုင်းလ်ငွေလွှဲပြောင်းမှုမှာ ဒေါ်လာ သန်း ၉၀၀ ခန့်ထိရောက်ရှိ လာပြီဖြစ်သည်။ အဆိုပါ အာဖရိကတိုက်နိုင်ငံများ၏ စီးပွားရေးမှာ မျိုးဆက်တစ်ခုအတွင်းမှာပင် အဆမတန်ခုန်တက်သွားခဲ့သည်။ ပုံသေ ဖုန်းလိုင်းဆက်သွယ်မှုများ အသုံးပြုခြင်းမရှိဘဲ မိုဘိုင်းဟန်းဆက်များမှ တစ်ဆင့် ငွေလွှဲပြောင်းမှု၊ ပေးချေမှုတို့ လုပ်ကိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

 


 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment