Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ရိုပာင်ဂျာများအတွက် ကလေးနှစ်ဦးမူဝါဒကို အစိုးရတာဝန်ရှိသူထောက်ခံ

(Reuters မှ 11 Jun 2013 ရက်စွဲပါ “Myanmar backs two-child policy for Rohingyas”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအတွက် ဆုံးဖြတ်ချက်တစ်ရပ် အီးယူထုတ်ပြန်မည်

(Kuwait News Agency မှ 12 June 2013 ရက်စွဲပါ EU Parliament to issue resoulution on Rohinga Muslims of Myanmar ကိုဘာသာပြန်ဆိုသည်)


 

ရိုပာင်ဂျာများအတွက် ကလေးနှစ်ဦးမူဝါဒကို အစိုးရတာဝန်ရှိသူထောက်ခံ

(Reuters မှ 11 Jun 2013 ရက်စွဲပါ “Myanmar backs two-child policy for Rohingyas”သတင်းကို ဘာသာပြန်ဆိုသည်)

ရိုပာင်ဂျာများအပေါ် အငြင်းပွားဖွယ် ကလေးနှစ်ဦးကန့်သတ်မှုကို ထောက်ခံကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ယင်းအစီအစဉ်ကိုကုလသမဂ္ဂနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကလူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ကန့်ကွက်ထားကြပါသည်။

ဦးခင်ရီသည် ရခိုင်ပြည်နယ်မှ ရိုပာင်ဂျာများအား ကလေးနှစ်ဦးထက်ပိုမယူဖို့ ကန့်သတ်ရန် ဒေသအာဏာပိုင်များက စီစဉ်ဆောင်ရွက်နေခြင်းကို လူသိရှင်ကြား ထောက်ခံသော အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သည်။

“ဒီအစီအစဉ်က ဘင်္ဂါလီ အမျိုးသမီးတွေအတွက် အကျိုးရှိစေမယ့်ကိစ္စပါ”ပာု ဦးခင်ရီက Reuters နှင့်အင်တာဗျူး တွင် ပြောကြားသည်။ ဗုဒ္ဓဘာသာလူများစု တိုင်းပြည်တွင် ရိုပာင်ဂျာမွတ်ဆလင် လူနည်းစုအပေါ် ခွဲခြားဖိနှိပ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာစိုးရိမ်ပူပန်မှုများ ကြီးထွားနေချိန်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၏ အထက်ပါမှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ် သည်။

တပ်မတော်အစိုးရ အစားထိုးအရပ်ဖက် အစိုးရရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် လူမျိုးရေးတင်းမာမှုများ ဆက်လက် ဖြစ်ပွားနေမှုလည်း ပါဝင်နေသည်။ ယခုလိုကလေးနှစ်ဦး ကန့်သတ်မှုကြောင့် မြန်မာနိုင်ငံ၏အဆင်းရဲဆုံး ဒေသ တွင်ဘေးမကင်းသော ကိုယ်ဝန်ဖျက်ချမှုများ ဖြစ်ပွားအောင် အားပေးရာရောက်နေကြောင်း ကျန်းမာရေးလုပ်သားများက ပြောကြား သည်။

နောက်ထပ် မငြိမ်သက်မှုများကို တားဆီးရန်အတွက် ရိုပာင်ဂျာဘင်္ဂါလီများကို ထိန်းချုပ်ရန်လိုသည်ပာု ရခိုင်ဒေသ အာဏာပိုင်များက ဆိုပါသည်။ စစ်တွေတွင် ရခိုင်အသိုင်းအဝိုင်းနှင့် ရိုပာင်ဂျာအသိုင်းအဝိုင်းကို သီးခြားစီခွဲခြားထားပြီး ရိုပာင် ဂျာဒုက္ခသည်များမှာ အကျဉ်းစခန်းနှင့်တူသော ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်ကြရသည်ပာု ရိုပာင်ဂျာအခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

တပ်မတော်အစိုးရလက်ထက် ရိုပာင်ဂျာလူဦးရေထိန်းချုပ်ရန် ချမှတ်ထားခဲ့သော ကလေးနှစ်ဦးထက်ပိုမယူရ ကန့် သတ်ချက်ကို ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များတွင် ပြန်လည်ကျင့်သုံးမည်ပာု ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူ တစ်ဦးက ယခင်လက ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံမှ ရိုပာင်ဂျာပြဿနာကို နိုင်ငံတကာမွတ်ဆလင် အသိုင်းအဝိုင်းက ဝိုင်းဝန်းပြစ်တင်နေကြသော်လည်း လက်တွေ့တွင် ရိုပာင်ဂျာဒုက္ခသည်များကို ၎င်းအစ္စလာမ်ဘာသာ ကိုးကွယ်သောနိုင်ငံများက လိုလိုလားလားလက်ခံလိုခြင်း မရှိကြပာု သိရှိရသည်။


 

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအတွက် ဆုံးဖြတ်ချက်တစ်ရပ် အီးယူထုတ်ပြန်မည်

(Kuwait News Agency မှ 12 June 2013 ရက်စွဲပါ EU Parliament to issue resoulution on Rohinga Muslims of Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံသည့်မူဝါဒများ အဆုံးသတ်ရန် မေတ္တာရပ် ခံချက်ပါဝင်သည့် ဥရောပပါလီမန် ဆုံးဖြတ်ချက်မူကြမ်း တစ်ရပ်ကို မိမိအနေဖြင့် ရေးဆွဲကာ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ဥရောပ ပါလီမန်၏ ဗြိတိန်နိုင်ငံဆိုင်ရာ အဖွဲ့ဝင် SajjadKarim က အင်္ဂါနေ့တွင် ထုတ်ဖော်ပြောဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ဇွန်လ ၁၃ ရက်နေ့(ကြသပတေးနေ့)တွင် မဲပေးအတည်ပြုရန် စီစဉ်ထားကြောင်း၊ မြန်မာ အိမ် နီးချင်း နိုင်ငံများအနေဖြင့် ဒုက္ခသည်တစ်သန်းခန့်အား အကူအညီပေးရန်နှင့် ရိုဟင်ဂျာမိသားစုများ ကလေး ၂ ဦးသာယူခွင့် ပြုသည့်မူဝါဒကဲ့သို့ ဖိနှိပ်ချုပ်ခြယ်သည့် မူဝါဒများ အဆုံးသတ်ရေးအတွက် မြန်မာအစိုးရအပေါ် ဖိအားပေးရန် ယင်းဆုံးဖြတ် ချက်က မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း ၎င်း၏ အဆိုအရသိရသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင် လူနည်းစုများသည် ကုလသမဂ္ဂအဆိုအရ ကမ္ဘာပေါ်တွင် ဖိနှိပ်မှုအများဆုံးခံရ သည့် လူမျိုးစုဖြစ်ပြီး ၁၉၆၂ ခုနှစ်၊ စစ်အစိုးရအာဏာ သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ မွတ်စလင်ဆန့်ကျင် တိုက်ခိုက်မှုများတွင် သားကောင်များ ဖြစ်ခဲ့ရကြောင်း SajjadKarim က ကြေညာချက်ထုတ်ပြန်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဥပမာများကို ပြရမည်ဆိုလျှင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာမွတ်စလင်များကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် ဥပမာများရှိနေသည်။

မြန်မာသမ္မတ ဦးသိန်းစိန် ၂၀၁၁ ခုနှစ်တွင် အာဏာရရှိလာသည့်အချိန်မှစ၍ ဘာသာရေးဂိုဏ်းဂဏဖွဲ့ အကြမ်းဖက် မှုများဖြစ်ပေါ်လာပြီး ရိုဟင်ဂျာမွတ်စလင်များအပေါ် ဖိနှိပ်မှုများပြုလုပ်လာကြောင်း၊ ယင်းဖြစ်ရပ်များသည် အခြေခံလူ့အခွင့် အရေးမရရှိမှုကြောင့် ပိုမိုဆိုးရွားလာပြီးအစိုးရကလည်းခွဲခြားဆက်ဆံသည့် ဥပဒေများထုတ်ပြန်ကာ ရိုဟင်ဂျာလူ့အဖွဲ့အစည်း ကို နှင်ထုတ်ရန် ကြိုးပမ်းသည်အထိ ဖြစ်လာကြောင်း ၎င်းကမှတ်ချက်ပေးသည်။

ရိုဟင်ဂျာ မွတ်စလင်များသည် မြန်မာအစိုးရက တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအမှတ်ပြုလက်ခံရန် ငြင်းပယ်ခံ ရမှုကြောင့် နိုင်ငံမဲ့ပြည်သူများ အဖြစ်သတ်မှတ်ခံထားရသည်။

“ရိုဟင်ဂျာတွေရဲ့ ဘေးဒုက္ခကို မေ့ဖျောက်ပစ်မှာမဟုတ်ဘူး ဆိုတဲ့အချက်ကို အခိုင်အမာဖြစ်အောင်လုပ်ဖို့ ကျွန်တော် နည်းလမ်း ရှာဖွေနေပါတယ်။ အီးယူမှာရှိတဲ့ ကျွန်တော်နဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေလည်း ရိုဟင်ဂျာဒုက္ခသည် စခန်း တွေဆီကိုအကူအညီ အထောက်အပံ့တွေ အသေအချာ ရောက်ရှိနိုင်ရေးအတွက် မမောနိုင်မပန်းနိုင်ဘဲ လုပ်ကိုင်ကြိုးပမ်း နေပါတယ်” ဟု Karim ကပြောကြားသည်။

ခန့်မှန်းချက်များအရ ရိုဟင်ဂျာမွတ်စလင် တစ်သန်းခန့်မှာ မြန်မာနိုင်ငံကို စွန့်ခွာသွားပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် တစ် နိုင်ငံတည်းတွင် သုံးသိန်းခန့်ခိုလှုံနေထိုင်လျက်ရှိသည်။

“ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နဲ့ ထိုင်းနိုင်ငံလိုမျိုး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သာတူညီမျှဖြစ်တဲ့ ဆုံးဖြတ်ချက် တစ်ရပ် ပေါ်ထွက်လာရေးအတွက် ဦးဆောင်လုပ်ကိုင် ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ ယခုဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အခက်အခဲမျိုးဟာ ကျွန်တော်တို့ ကမ္ဘာကြီးမှာ ဖြစ်ရိုးထုံးစံ မရှိပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

အီးယူသည် လတ်တလောအနေအထားတွင် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းနေထိုင်ရသော ပြည်သူများအတွက် ယူရိုငွေ ၅ ဒသမ ၅ သန်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် အီးယူသည် ရိုဟင်ဂျာမွတ်စလင်များအား အစားအသောက်နှင့် အထောက်အပံ့များ ပေးအပ်နိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများနှင့် အတူလက်တွဲလုပ်ကိုင်လျက်ရှိသည်။


 

                  

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment