Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တပ်မတော်တစ်ခုတည်း မြန်မြန်ဖြစ်လေ သဘောကျလေဘဲ။ ဘယ်အဖွဲ့အစည်းက မှလက်နက်မကိုင်တော့ဘူးဆိုရင် ကျွန်တော်တို့ဘက်ကလည်း အလိုအလျှောက် လက်နက်စွန့်ပြီးသားဘဲ”

ဇွန်လ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ အတွဲ(၁)၊ အမှတ်(၃၉)တွင် ပါရှိသော “မည့်သည့် တိုင်းရင်း သားအဖွဲ့မှ လက်နက်မကိုင်တော့လျှင် မိမိတို့လည်း လက်နက်စွန့်လွှတ်မည်ဟု PLO ပြော” သတင်းမှ PLO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) စစ်ဦးစီးစစ်ဆင်ရေး ဗိုလ်မှူးဇော်ပြန်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။


 

“မြန်မာနိုင်ငံက ၉၀ ရာခိုင်နှုန်းသော ဘိန်းတွေက ရှမ်းပြည်နယ်က ထွက်တာပါ။ နောက်ပြီး ဘိန်းစိုက်ပျိုးမှုမှာလည်း အာဖဂန် ပြီးရင်မြန်မာက ဒုတိယအများဆုံးပါဖြစ်ပါ တယ်။ ဒါပေမဲ့ အာဖဂန်မှာက မိသားစုပေါင်း နှစ်သိန်းဘဲ ဘိန်းစိုက်တဲ့လုက်ငန်းမှာ ပါဝင်တာပါ။ မြန်မာနိုင်ငံမှာကတော့ မိသားစုပေါင်း သုံးသိန်းက ဘိန်းစိုက်ပျိုးမှုများမှာ ပါဝင်နေပါတယ်။ အချို့လက်နက်ကိုင် အဖွဲ့အစည်းတွေဆိုရင် ဘိန်းစိုက်ပျိုးတဲ့နေရာ တွေမှာ ငွေကြေးထောက်ပံ့တာတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်တယ်ဆိုတာ သိရပါတယ်”

ဇွန်လ ၁၄ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွဲ(၁)၊ အမှတ်(၆၂)တွင် ပါရှိသော “ မြန်မာနိုင်ငံရှိ မိသားစု ဝင်သုံးသိန်း ဘိန်းစိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်၊ လက်နက် ကိုင်အဖွဲ့များလည်း လုပ်ဆောင်နေ” သတင်းမှ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးမှ မြန်မာနိုင်ငံတာဝန်ခံ မစ္စတာဂျေဆန်အီလိုင်း၏ ပြောကြားချက် မှ ကောက်နှုတ်ချက်။


 

“ဒီအထဲမှာပါတဲ့အချက်တွေက လက်ရှိတောင်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို တကယ်မဖြေရှင်းနိုင်ဘူး။ လယ်ယာ မြေနဲ့ ပတ်သက်တဲ့စကားလုံးတွေလည်း ပါမလာဘဲ နဲ့ အမှုရင်ဆိုင်နေရတဲ့ တောင်သူတွေနဲ့ မြေသိမ်းခံရတဲ့ တောင်သူ တွေရဲ့ ပြဿနာနဲ့ ပတ်သတ်ပြီးး ဘာမှပါမလာဘူး။ ကုမ္ပဏီတွေ၊ အရင်းရှင်တွေ၊ သွင်းအားစုတွေ၊ ထုတ်လုပ်မှု ပစ္စည်းတွေ၊ အဲဒါတွေ နဲ့ ပတ်သက်ပြီး တောင်သူလယ်သမားအဖြစ် သတ်မှတ်ဖို့၊ ပြီးရင် ဗဟိုအဖွဲ့ဖွဲ့စည်းဖို့ကိုဘဲ အားသန်နေတာ။ ဒါကြောင့်မို့ ဒီဥပဒေကြမ်းကို ကန့်ကွက်တာပါ”

ဇွန်လ ၁၄ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွဲ(၁)၊ အမှတ်(၆၂)တွင် ပါရှိသော “ တောင်သူလယ်သမား အကျိုး စီးပွားမြှင့်တင်ရေးဥပဒေမူကြမ်းအား သဘောမတူ ကန့်ကွက်ဟုဆို” သတင်းမှ တောင်သူလယ်သမား အသိပညာဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်(ပြင်ဦးလွင်၊နောက်ချို) မှ ကွန်ရက်တာဝန်ခံကိုစည်သူ၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။


 

“ သင်္ဃကျွန်းမှာ ဒီလိုအင်အားသုံးပြီးဖြေရှင်းလိုက်တဲ့အခါ တိုင်းပြည်အတွက် အများကြီး မေးခွန်းထုတ်စရာတွေပေါ်လာမယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ ပေါင်းကူးပေးနေတာ။ ဒီလူတွေက ကျုးကျော်တွေမဟုတ်ဘူး။ အခွမဟုတ်ဘူး။ အခွန်ပေးထားတဲ့ လူတွေ။ အဲဒါဆိုရင် အိမ်ရှင်အိမ်ဌားဥပဒေနဲ့သွားရတော့မယ်”

ဇွန်လ ၁၄ ရက်နေ့ထုတ် Mizzima သတင်းစာ အတွဲ (၁)၊ အမှတ်(၁၆) တွင်ပါရှိသော “ ကာကွယ်ရေးဝန်ကြီးဌာန ပိုင်မြေ တွင်နေသည့် အိမ်များကို လူတစ်ထောင်ခန့်ဖြင့် ဖျက်ဆီး” သတင်းမှ သင်္ဃကျွန်းမဲဆန္ဒနယ်ပြည်သူလွှတ် တော် ကိုယ်စား လှယ် ဦးသိန်းညွှန့် ၏ပြောကြားချက်မှ ကောက်နှုတ်ချက်။


သတင်းတိုများ

ကာကွယ်ရေးဝန်ကြီးဌာန သတင်းများ ၀က်ဘ်ဆိုဒ် လွှင့်တင် ထုတ်ပြန်မည်

ကာကွယ်ရေးဝန်ကြီးဌာန ၏ လှုပ်ရှားမှုများ၊ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုများကို ထုတ်ပြန်နိုင် ရန် ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် လွှင့်တင်တော့မည်ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာနမှ ပြောရင်းဆိုခွင့်ရှိသူ၏ ပြောဆိုချက်အရ သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာ ကာကွယ်ရေးဝန်ကြီးဌာနများနှင့် ထိတွေ့ဆက်ဆံခြင်း၊ ပြည်တွင်းမှ အစိုးရအဖွဲ့အပါအ၀င် ၀န်ကြီးဌာနအသီးသီးနှင့် ထိတွေ့ဆက်ဆံခြင်းတို့ ပြုလုပ်ရပြီး တပ်မတော်မှ တင်ပြတောင်းခံလာ သော စစ်အသုံးစရိတ် ဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းစသည့် အရပ်ဘက်နှင့် သက်ဆိုင်သည့် အုပ်ချုပ်မှုများကို ပြုလုပ်ရကြောင်း သိရသည်။


မလေးရှားအကြမ်းဖက်မှု နိုင်/ကျဉ်း ဟောင်း အဖွဲ့ချုပ် ကြေညာချက်ထုတ်

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသား များ အဖွဲ့ချုပ် က    ဇွန်လ ၁၃ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ၌ လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများ ကြောင့် မြန်မာနိုင်ငံသားများ လုံခြုံရေး ခြိမ်းခြောက်ခံနေရမှုများအား အဘက်ဘက်မှ ကူညီဖြေရှင်း ပေးရန် ဒုတိယ၀န်ကြီး ဦးဆောင်သော အထူးကိုယ်စားလှယ် အဖွဲ့အား မလေးရှားနိုင်ငံသို့ စေလွှတ်၍ ဆောင်ရွက်နေမှုများအား ကြိုဆိုထောက်ခံ ကြောင်း ဖော်ပြပါရှိသည်။


မြန်မာများကို ပြန်ပို့မည်ဟု မလေးရှားပြော

မလေးရှားတွင် မြန်မာနိုင်ငံသား လေးဦး အသတ်ခံရပြီးနောက် မလေးရှားအစိုးရမှ ၎င်းတို့ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၄၄၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့တော့မည်ဖြစ်ကြောင်း မလေးရှား ဒုတိယ ပြည်ထဲရေးဝန်ကြီး ၀င်န်ဂျူနာဒီ၏ ပြောကြားချက်အရ သိရှိရသည်။

ပြည်ထဲရေး ဒုဝန်ကြီး၏ ဆက်လက်ပြောဆိုချက်အရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၂၅၇၀၀၀ ခန့် အလုပ် လုပ်နေကြပြီး ၎င်းတို့ထဲမှ ၁၄၄၀၀၀ မှာ တရားမ၀င် အလုပ်သမားများဖြစ်ကြကြောင်း သိရှိရသည်။ နိုင်ငံတကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အချက်အလက်များအရ မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည် ၉၅၀၀၀ ခန့် နေထိုင်ပြီး ၎င်းတို့ကို မည်သည့် တရားဝင် အဆင့်အတန်းမှ သတ်မှတ်ပေးမထား သော်လည်း ယာယီနေထိုင်ခွင့် ပေးထား ကြောင်း သိရသည်။


 မြန်မာ၊ အာရှ ပစိဖိတ်၊ အမေရိကန် စီးပွားရေး စေ့စပ်ညှိနှိုင်း

ဇွန်လ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တွင် ကျင်းပသော စီးပွားရေးတိုးတက်မှု စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အေးရှားဆိုဆိုက်တီး ဂလိုဘယ်ဖိုရမ်တွင် မြန်မာ အပါအ၀င် အာရှပစိဖိတ် ဒေသနိုင်ငံများနှင့် အမေရိကန်တို့ ဘက်စုံ အပြန်အလှန် စီးပွားရေး စေ့စပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင်  ပစိဖိတ်မိတ်ဖက်အဖွဲ့ (Trans-Pacific Partnership) TPP၊ ယူအက်စ်-အာဆီယံထိပ်သီး ညီလာခံကိစ္စ၊ အေပက် (APEC) နှင့် အာဆီယံဒေသများတွင် အမေရိကန်၏ စီးပွားရေး ပြန်လည်မျှခြေဖြစ်မှု၊ မဲခေါင် မြစ်ဝှမ်းအောက်ပိုင်း ဒေသဖွံ့ဖြိုးရေး ကိစ္စများ နှင့် နိုင်ငံရေး လုံခြုံမှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


ဗြိတိန်နှင့်ပြင်သစ်နိုင်ငံများသို့ သမ္မတ ဦးသိန်းစိန် ချစ်ကြည်ရေးခရီး သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာမည့်ဇူလိုင်လတွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ များသို့ အလည်အပတ် ခရီးသွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်လက် လက်ခံ အသိအမှတ်ပြုလာစေရေး အတွက်သွားရောက်ခြင်းဖြစ်ကြောင်း သိရှိရ သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဒုတိယမြောက် ဥရောပခရီးစဉ်သည် နိုင်ငံ ၄ နိုင်ငံထိ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။


ပထမဆုံး Data Center တည်ဆောက်မည်

မြန်မာ့ ပထမဆုံး Data Center အား အမေရိကန်ဒေါ်လာ ၁ဝ မီလီယံ အကုန်အကျခံ၍ ဂျပန်နိုင်ငံ Hitachi ကုမ္ပဏီနှင့် ပူးပေါင်းကာ သြဂုတ်လတွင် စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်း Hitachi  Executive Vice President ဖြစ်သူ Mr. Junzo Nakajima ၏ ပြောဆိုချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိသည့် ကဏ္ဍအသီးသီးမှ အချက်အလက်များ မပျောက်ပျက်စေရန်နှင့် လုံခြုံစွာ သိမ်းဆည်းထားနိုင်သည့် Data Center ကို မြန်မာနိုင်ငံဆိုင်ရာ သတင်း နှင့် ဆက်သွယ်မှု ဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်း လီမိတက်(MICIDC ) နှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် MICT Parl ၀င်းအတွင်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မျှ လက်နက် မကိုင်တော့လျှင် မိမိတို့လည်း လက်နက် စွန့်လွှတ်မည်ဟု PLO ပြော

မိမိတို့ အနေဖြင့် လက်နက်ကိုင်လို၍ မိမိတို့၏ အသက် အိုးအိမ်စည်းစိမ်များအား ကာကွယ်ရန်နှင့် နှောင့်ယှက်မှု များ ကြောင့်သာ ကိုင်ဆောင်နေရခြင်း ဖြစ်ကြောင်း ၊မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း မျှ လက်နက်မ ကိုင် တော့လျှင် မိမိတို့လည်း လက်နက် စွန့်လွှတ်မည် ဖြစ်ကြောင်း ၊ PLO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) စစ်ဦးစီး စစ်ဆင်ရေး ဗိုလ်မှူး ဇော်ပြန်က ဇွန်လ ၁၂ ရက်နေ့ တောင်ကြီးမြို့ရှိ PLO ဌာနချုပ်တွင် သတင်းထောက်များ နှင့်တွေ့ဆုံစဉ် ပြောကြား သွားခဲ့သည်ဟု သိရှိရသည်။

PLO သည် ၁၉၉၁ တွင် ပအိုဝ်း အမျိုးသားတပ်မတော်အဖြစ် ငြိမ်းချမ်းရေး ယူခဲ့ကာ  ၂၀၀၉ ခုနှစ်တွင် အသွင် ပြောင်း ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ပြီးနောက် လက်ရှိတွင် တောင်ကြီးမြို့ရှိ ပအိုဝ်းတိုင်းရင်းသား နေထိုင်ရာ ဒေသများ တွင် မြေယာသိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်ဟူသော ပအိုဝ်းတိုင်းရင်းသားတို့၏ စွပ်စွဲချက် များနှင့် ရင်ဆိုင်နေရသည်။


အုပ်ချုပ်ရေးကဏ္ဍ အားကောင်းစေရေးအတွက် သြစတြေးလျမှ အမေရိကန်ဒေါ်လာ နှစ်သန်း ထောက်ပံ့မည်

သြစတြေးလျနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ကဏ္ဍ အားကောင်းလာ စေရေး အတွက် အမေရိကန်ဒေါ်လာ နှစ်သန်း ထောက်ပံ့မည်ဖြစ်ကြောင်း သြစတြေးလျ အပြည်ပြည်ဆိုင်ရာ အေဂျင်စီ (AusAID) ၏ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထောက်ပံ့ငွေကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ တစ်ဆင့် ပေးအပ်မည်ဖြစ်ပြီး AusAID အရာရှိ Micheal Hassett နှင့် UNDP အရာရှိ Toily Kurbanoov တို့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး ယင်း ထောက်ပံ့ငွေ နှစ်သန်းသည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP )၏  နိုင်ငံ အတွင်း အစီအစဉ်တစ်ရပ်ဖြစ်သည့် အုပ်ချုပ် ရေး ယန္တရားများတွင် ထောက်ပံ့ပေးရေး အစီအစဉ်အတွက် ဖြစ်ကြောင်း UNDP မှ ပြန်ကြားရေး အရာရှိ ဦးညီညီအောင်၏ ပြောဆိုချက်အရ သိရသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment