Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အီးယူက ရိုဟင်ဂျာမျာအပေါ် အကြမ်းဖက်မှုအတွက် မြန်မာနိုင်ငံအပေါ် ကန့်ကွက်

(14 June 2013 ရက်စွဲပါ ABC News မှ EU condemns Myanmar for violence against Rohingya ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုဆိုင်ရာ ပြဿနာများစွာ ရှိနေဆဲ

(UPI မှ 13 June 2013 ရက်စွဲပါ Transparency concerns linger for Myanmar သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာဘက်ခြမ်း ဓါတ်ငွေ့ပိုက်လိုင်းပြီးစီးနေသော်လည်း တရုတ်ဘက်တွင် မပြီးသေး

(Energy Tribune မှ 13 June 2013 ရက်စွဲပါ “Burma gas pipeline complete but cites China delays” သတင်းကိုဘာသာပြန်ဆိုသည်။)


အီးယူက ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုအတွက် မြန်မာနိုင်ငံအပေါ် ကန့်ကွက်

(14 June 2013 ရက်စွဲပါ ABC News မှ EU condemns Myanmar for violence against Rohingya ကို ဘာသာပြန် ဆိုသည်)

Photo Credit by AFP

ဥရောပသမဂ္ဂဥပဒေချမှတ်သူများက မြန်မာအစိုးရ၏ ရိုဟင်ဂျာမူဆလင် လူနည်းစုများအ                                       ပေါ် အကြမ်းဖက်မှုများကို ရှုံ့ချလိုက်ပြီး ၎င်းတို့အား အကာအကွယ်ပေးရန် အာဏာပိုင်များအား တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် မူဆလင်ကြား ဘာသာရေးအရ မငြိမ်သက်မှု နှစ်ကြိမ်ဖြစ်ပွား ရာ လူပေါင်းများစွာ အသတ်ခံခဲ့ရပါသည်။

ထောင်ပေါင်းများစွာသည် လူများစွာတင်ဆောင်ထားသော လှေများဖြင့် တောင်ဖက်ရှိ ထိုင်းနှင့် မလေးရှားသို့ ထွက်ပြေးရာ လမ်းခရီးတွင် အများအပြား သေဆုံးခဲ့ကြရပါသည်။

ဥရောပပါလီမန်က ပြောကြားရာတွင် အစိုးရက ရိုဟင်ဂျာများကို စနစ်တကျ အကြမ်းဖက်မှု ကျူးလွန်ခြင်းအတွက် အကာအကွယ်မပေးခဲ့နိုင်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်သည်ဟု ဆိုသည်။

စိုးရိမ်ဖွယ်ကောင်းသော လူ့အခွင့်အရေးချိုးဖောက်မှုကို ကန့်ကွက်ကြောင်းနှင့် ရိုဟင်ဂျာမူဆလင်များကို အကြမ်းဖက်လုပ်ဆောင်မှုများကို ကာကွယ်ရန် အစိုးရက အာဏာဖြင့် လုပ်နိုင်သမျှ လုပ်ဆောင်ပေးရေးကို အာဏာပိုင်များ အား တောင်းဆိုထားကြောင်း အဆိုပြုမှုကို သိစေခဲ့ပါသည်။

မြန်မာအစိုးရက လူဦးရေ ရှစ်သိန်းခန့်ရှိသော ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာ သူများ အဖြစ် ရှုမြင်ထားပါသည်။

ကုလသမဂ္ဂက ၎င်းတို့ကို ကမ္ဘာပေါ်တွင် မတရားရက်စက်စွာပြုမူခံရသူ လူနည်းစုစာရင်းဝင်များအဖြစ် သတ်မှတ်ထားပါသည်။

ဘာသာရေးအရ မငြိမ်သက်မှုများကြောင့် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးအပေါ် နိုင်ငံတကာက အကောင်းမြင် နေခြင်းမှ ဆန့်ကျင်ဘက်အမြင်များအဖြစ် ပြောင်းလဲသွားစေနိုင်ပါသည်။

လွန်ခဲ့သည့်နှစ်လက အီးယူသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့ပြီး လွန်ခဲ့သည့် နှစ်ရက်က ဥရောပကော်မရှင်သည် မြန်မာနိုင်ငံကို ကုန်သွယ်ရေးသဘောတူညီချက် (trade pact) တွင် ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့ပါသည်။

အီးယူပါလီမန်သည် အကြမ်းဖက်မှုတွင် လုံခြုံရေးတပ်ဖွဲ့များ ပါဝင်ကြောင်း၊ စွပ်စွဲချက်များအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါသည်။ အီးယူ၏ သဘောထားသည် ရိုဟင်ဂျာများအတွက် ကလေးနှစ်ယောက်သာ မွေးဖွားရေး မူဝါဒကို ဒေါ်အောင်ဆန်းစုကြည်၏ ဆန့်ကျင်မှုကို ကြိုဆိုခဲ့ကြပါသည်။

အငြင်းပွားဖွယ် ကလေးနှစ်ယောက်မူဝါဒကို ယခင်စစ်အစိုးရလက်ထက်က ချမှတ်ခဲ့ပြီး မကြာသေးမီက ဒေသဆိုင်ရာ အာဏာပိုင်များက ပြန်လည်အသက်သွင်းခဲ့ခြင်းဖြစ်ပါသည်။

“ဒီလိုခွဲခြားဆက်ဆံတာက မကောင်းပါဘူး။ ဒါဟာ လူ့အခွင့်အရေးနဲ့ မညီပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ခြင်းဖြစ်ပါသည်။

ယခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ပြောကြားခြင်း မပြုသောကြောင့် ဝေဖန်မှုများ ခံခဲ့ရပါသည်။

ဥရောပ ပါလီမန်သည် ထိုင်းနိုင်ငံသို့လည်း ခိုလှုံခွင့်တောင်းသူ ရိုဟင်ဂျာ ၁၇၀၀ ခန့်ကို ရက်စက်စွာ ထိန်းသိမ်းထားမှုအား အဆုံးသတ်ရန် တိုက်တွန်းခဲ့ပါသည်။


မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုဆိုင်ရာ ပြဿနာများစွာ ရှိနေဆဲ

(UPI မှ 13 June 2013 ရက်စွဲပါ Transparency concerns linger for Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် တံခါးဖွင့်ခေါင်းပြူရန် ကြိုးစာနေသော်ငြားလည်း ပြည်တွင်းပဋိပက္ခများ၊ အဂတိလိုက်စားမှု များကြောင့် အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် စီးပွားရှာဖို့ စွန့်စားရမည့်နယ်မြေဖြစ်နေကြောင်း Earth Rights International က ပြောကြားသည်။

Revenue Watch Institute ၏ သယံဇာတထုတ်ယူသုံးစွဲသော နိုင်ငံများ ပွင့်လင်းမြင်သာမှုဆိုင်ရာ နောက်ဆုံး အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အနိမ့်ဆုံးအဆင့်သတ်မှတ်ချက်တွင် ရောက်ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံသည် တပ်မတော်အာဏာရှင်စနစ်ကို စွန့်ခွာ၍ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် ကြိုးစားနေပြီ ဖြစ်သည့်အလျှောက် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိအမှတ်ပြု ကြိုဆိုကာ ယခင်အရေးယူချမှတ်ထားသော sanction များကို ဖြေလျှော့ရုတ်သိမ်းပေးနေပြီဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ထောက်ပြပြောဆိုကြသည်။

မြန်မာ့သယံဇာတ စီးပွားရေးနယ်ပယ်သည် လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုများနှင့် မည်ရွေ့မည်မျှ ဆက်နွယ်နေသည်ကို မိမိတို့ အထောက်အထားဖော်ထုတ်နိုင်သည်ဟု Earth Rights International က ဆိုပါသည်။

“မြန်မာနိုင်ငံသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအတွက် စွန့်စားမှုနှုန်းမြင့်မားနေဆဲ ဒေသတစ်ခုဖြစ်သည်။ ကုမ္ပဏီများနှင့် မိခင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခ၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ အဂတိလိုက်စားမှု ပြဿနာများတွင် ပါဝင်ပတ်သက်မိနိုင်သည့် အန္တရာယ်ကို လျော့နည်းစေရန် ထိထိရောက်ရောက် အစီအစဉ်များ လုပ်ဆောင်သင့်သည်”ဟု ကမ္ဘာမြေအခွင့်အရေး နိုင်ငံတကာလှုပ်ရှားသူများအဖွဲ့၏ ဗုဒ္ဓဟူးနေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ဌာနက မြန်မာနိုင်ငံတွင် ဒေါ်လာ ငါးသိန်းထက်ပို၍ အသစ်ရင်း နှီးမြှုပ်နှံကြမည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် ယင်းတို့၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ဇူလိုင် ၁ ရက်နေ့ နောက်ဆုံးထား၍ အစီရင်ခံစာ တင်ပြကြရန် မေလအတွင်းက ထုတ်ပြန်ကြေညာထားသည်။ တင်ပြရမည့် အချက်များတွင် လူ့အခွင့်အရေးကိစ္စ၊ အဂတိလိုက်စားမှုကိစ္စ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးဦးနှင့် ပြုလုပ်ရသော စီမံခန့်ခွဲမှု ကိစ္စမှန်သမျှတို့ ပါဝင်သည်။

နိုင်ငံတကာ အစိုးရများသည် ယခုအခါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများထက် စီးပွားရေး ထိတွေ့ဆက်ဆံမှု ကို ယေဘုယျအားဖြင့် ပံ့ပိုးအားပေးထောက်ခံနေကြသည်ဟု ကမ္ဘာမြေအခွင့်အရေး လှုပ်ရှားသူ ERI အဖွဲ့က ပြောကြား သည်။


မြန်မာဘက်ခြမ်း ဓါတ်ငွေ့ပိုက်လိုင်းပြီးစီးနေသော်လည်း တရုတ်ဘက်တွင် မပြီးသေး

(Energy Tribune မှ 13 June 2013 ရက်စွဲပါ “Burma gas pipeline complete but cites China delays” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအနောက်ဘက်ကမ်းရိုးတန်းမှ တရုတ်သို့ ဆက်သွယ်သော ဓါတ်ငွေ့ပိုက်လိုင်းသည် ဇူလိုင်လတွင် ဓါတ်ငွေ့လွှတ်ရန် အဆင်သင့်ဖြစ်နေသော်လည်း တရုတ်ဖက်တွင် ပိုက်လိုင်းတည်ဆောင်မှု နှောင့်နှေးနေခြင်းကြောင့် နောက်ထပ် ၃ လခန့် လည်ပတ်နိုင် ဦးမည်မဟုတ်ကြောင်း မြန်မာစွမ်းအင်ဝန်ကြီးကပြောကြားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာမှ တရုတ်နိုင်ငံနယ်စပ်သို့ ကီလိုမီတာ ၈၇၀ သွယ်တန်းထားသော ဒေါ်လာဘီလျံများစွာ ကုန်ကျသည့် ပိုက်လိုင်းသည် စွမ်းအင်လိုအပ်နေသော တရုတ်အနောက်တောင်ပိုင်းဒေသများကို ရေနံနှင့်ဓါတ်ငွေ့ ဖြည့်ဆည်းပေးမည်ဖြစ် သည့်အပြင် မြန်မာပြုပြင်ပြောင်းလဲရေးအစိုးရအတွက် များစွာလိုအပ်နေသော ဘဏ္ဍာငွေကိုလည်း ရှာဖွေပေးပါလိမ့်မည်။

“မြန်မာဖက်ခြမ်းက ပိုက်လိုင်းက ရာနှုန်းပြည့်ပြီးစီးနေပါပြီ။ ဒါပေမဲ့တရုတ်ဖက်ခြမ်းက ကီလိုမီတာ ၁၆၀၀ ကျော်တဲ့ အတွက် အချိန်မှီမပြီးသတ်နိုင်သေးဘူး” နေပြည်တော် တွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သော စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပိုက်လိုင်းစတင်လည်ပတ်ရန် နှစ်လ၊ သုံးလခန့် ကြာဦးမည်ဟု ခန့်မှန်းထားသည်။

ပိုက်လိုင်းကြန့်ကြာနေသော်လည်း ဇူလိုင်လတွင် စတင်ထွက်ရှိလာတော့မည့် ရခိုင်ကမ်းရိုးတန်းမှ ဓါတ်ငွေ့များကို တရုတ်ဖက်ခြမ်းတည်ဆောင်မှုမပြီးခင် အချိန်ထိပြည်တွင်း၌ သုံးစွဲသွားမည်ဟု စွမ်းအင်ဝန်ကြီးက ဆိုသည်။

ဒေါ်လာ ၂.၃ ဘီလီယံ ကုန်ကျ၍ ကီလိုမီတာ ၇၇၀ ခန့်ရှည်သော ရေနံ၊ ဓါတ်ငွေ့ အမြွာပိုက်လိုင်းသည် စက်တင်ဘာလတွင် လုံးဝပြီးစီးလိမ့်မည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ရခိုင်ကမ်းရိုးတန်း ရွှေဓါတ်ငွေ့စီမံကိန်းမှ သဘာဝဓါတ်ငွေ့များ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရောက်လာမည့် ရေနံစိမ်းများကို ပို့ဆောင်မည့်အဆိုပါ ပိုက်လိုင်းများကို တရုတ်နိုင်ငံပိုင် Chian National Petroleum Corp (CNPC) ရေနံကုမ္ပဏီက ပိုင်ဆိုင် ပါသည်။

CNPC ကုမ္ပဏီက ဓါတ်ငွေ့ပိုက်လိုင်းပြီးစီးနေပြီဖြစ်ပြီး၊ ရေနံစိမ်းပိုက်လိုင်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ယခင်အပတ်တွင် ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာအနောက်ဖက်ကမ်း ရိုးတန်းကျွန်းပေါ်တွင် ရေနံစိမ်းသိုလှောင်ကန် ၆ ခု ပြီးစီးနေပြီဖြစ်ကာ၊ မကြာမှီ နောက်ထပ်သိုလှောင်ကန် ၆ ခုပြီးစီးလိမ့်မည်ဟု အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။ မြန်မာဖက်မှ သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ CNPC ကုမ္ပဏီက နောက်ထပ်မှတ် ချက်ပေးခြင်း မရှိသေးပါ။

လူအများစိတ်ဝင်စားနေကြသော တရုတ် - မြန်မာဓါတ်ငွေ့ပိုက်လိုင်းသည် စီမံကိန်းအပြီးသတ်ချိန်တွင် လုံခြုံရေး ဆိုင်ရာ ပြဿနာအချို့ထွက်ပေါ်လာခဲ့သော်လည်း ပိုက်လိုင်းစတင်လည်ပတ်မှုကို ထိခိုက်စေခြင်းမရှိဟု နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။

မွတ်စလင်-ဗမာအဓိကရုန်းများ လတ်တလောဖြစ်ပွားနေသော မြန်မာနိုင်ငံသည် တရုတ်လွှမ်းမိုးမှုကိုလည်း လိုလားခြင်း မရှိသည့်အလျှောက်၊ ယခင်ကတပ်မတော် အစိုးရအားကိုးဖြင့် ခြေလှမ်းကျဲလွန်းခဲ့သော တရုတ်တို့သည် ယခုအခါ မြန်မာပြည်သူ တို့ကို စည်းရုံးရန်အတွက် ဗုဒ္ဓစွယ်တော်ပွားများ လှူဒါန်းခြင်း၊ CNPC စပွန်ဆာပေးသော တီဗီဒရာမာစီးရီးထုတ်လွှင့်ရန် ကြိုးစားခြင်းတို့ဖြင့် ချည်းကပ်ပုံနည်းဗျူဟာပြောင်းလဲ လျှက်ရှိသည်ဟု ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးပြောဆိုထားသည်။

အဆိုပါပိုက်လိုင်းစီမံကိန်းကို ယခင်တပ်မတော်အစိုးရလက်ထက်က များစွာလိုအပ်နေ သော နိုင်ငံခြားငွေ ရရှိရန်အတွက် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း ၂၀၁၁ မတ်လတွင် အာဏာရှင်အကြီးအကဲက နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများ ပြုလုပ်ရန်အတွက် အရပ်ဖက်အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးခဲ့ရာ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ထွက်ပေါ်လာကာ ပြည်တွင်းစွမ်းအင်လိုအပ်ချက် မြင့်မားလာခဲ့သည်။

မြန်မာနိုင်ငံသည် အသစ်ထပ်မံတွေ့ရှိသည့် စွမ်းအင်ရင်းမြစ်များ ကိုယခင်ကဲ့သို့ တရုတ်နှင့်ထိုင်းနိုင်ငံသို့ အကုန်ရောင်းချတော့မည့်မဟုတ်ဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်သုံးစွဲသွားမည်ဖြစ်ပြီး ပိုလျှံမှသာလျှင် ပြည်ပသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် လျှပ်စစ်ဓါတ်အားသည် လွန်စွာ အရေးကြီးကြောင်း၊ ရေအားလျှပ်စစ်ထုတ်ယူမှုမှာမူ ရာသီဥတုအပြောင်းအလဲများကြောင့် မရေရာကြောင်း၊ ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားထုတ်လုပ်မှုကို လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဦးသန်းဌေးက ဆက်လက်ရှင်း လင်း ပြောဆိုသွားခဲ့သည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment