Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ထိုင်း-မြန်မာနယ်စပ်ဂိတ်အား International Gateway အဆင့်အဖြစ်သို့ တိုးမြှင့်ရန်ရှိ
  2. တင်ဒါရရှိထားသော ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ နေရာအစားထိုး ၀င်ရောက်ရန် Orange ကုမ္ပဏီအသင့်ရှိနေ

ထိုင်း-မြန်မာနယ်စပ်ဂိတ်အား International Gateway အဆင့်အဖြစ်သို့ တိုးမြှင့်ရန်ရှိ

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံခြားသားခရီးသွား မိတ်ဆွေများဝင်ရောက်လာမှု မြင့် မားလာသည်နှင့်အမျှ ၎င်းတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေနိုင်ရန် အတွက် ယခုအခါ ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာဝင်ပေါက်ထွက်ပေါက်အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီး ဦးခင်ရီက ဇွန်လ ၂၉ ရက်နေ့၌ နေပြည်တော်တွင်ပြုလုပ်ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ နယ်စပ်ဂိတ်မှာ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ (MoU) ဖြစ်သောကြောင့် မြန်မာ နိုင်ငံဘက်မှ စတင်ပြင်ဆင်၍ မရကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရုံးမှတဆင့် ထိုင်းအစိုးရထံ တင်ပြထားပြီး  ယခုအခါ ထိုင်းပြည် ထဲရေးနှင့် နိုင်ငံတော်လုံခြုံရေးကောင်စီမှ သဘောတူအတည်ပြုချက်ကို စောင့်ကြည့်လျက်ရှိကြောင်းနှင့်ထိုင်းအစိုးရအနေဖြင့် လက်ခံသဘောတူပါက နိုင်ငံတကာဝင်ပေါက်ထွက်ပေါက် International Gateway အဆင့်တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း ဦးခင်ရီ က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

“လက်ရှိနယ်စပ်တွေမှာ နိုင်ငံငါးနိုင်ငံနှင့် ပတ်သက်ပြီး တရားဝင် ဝင်ပေါက်၊ ထွက်ပေါက် ၁၆ ပေါက်ရှိတယ်။ ပြည်တွင်း မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဆိုတော့ နယ်စပ်ဂိတ်တွေကို အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ထွက်ပေါက် တွေဖြစ် အောင် လုပ်သွားမယ်။ ကျွန်တော်တို့ ဘက်ကတော့ အကုန်စီစဉ်ပြီးပြီ။ အရင်ငြိမ်းချမ်းရေး မရခင်က ၁၉၉၇ ခုနှစ်တုန်းကဆို နယ်စပ်နားလောက်ပဲ သွားလို့ရတယ်။ အခု KNU , DKBA စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး ပြည်သူတွေ ဘက်ကလည်း သဘောတူတော့ နယ်စပ်ဂိတ်တွေကို ထပ်ချဲ့ဖို့ လုပ်သွားမယ် ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အတူ e-visa စနစ်ကိုလည်းလာမည့် ဇူလိုင်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်အတွက် Visa Policy ကိုလည်း ရေးဆွဲ အကောင်အထည်ဖော်ပြီးဖြစ်ကြောင်းလည်းသိရသည်။ “ဗီဇာနဲ့ ပတ်သက်ပြီး ၂၀၁၂ မတ်လကတည်း က Visa Policy in Myanmar ဆိုပြီးရေးဆွဲ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံကို ခရီးသွား မိတ်ဆွေတွေ ဝင်ရောက်တဲ့အခါ ဗီဇာခြောက်မျိုး နည်းလမ်းသုံးသွယ်နဲ့ ဝင်လိုရတယ်။ တစ်နည်းကတော့ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်လေကြောင်းလိုင်း တွေကဝင်တာ။ ပြီးတော့ ရေလမ်းခရီးကဝင်တယ်။ လေ ကြောင်းလိုင်းက ဝင်တဲ့အခါ အရင်ဗီဇာခြောက်မျိုးက နိုင်ငံခြားမှာရှိတဲ့ သံရုံးတွေကတဆင့် လျှောက်ရတယ်။ အခု e-visa လုပ်ဖို့က ငွေကြေးကိစ္စတွေ၊ ဘဏ်ကိစ္စတွေ ကတ်စနစ်ထည့်သွင်း စဉ်းစား နေရတယ်။ အဆင် ပြေပြီဆိုရင် လာမည့် တစ်လနှစ်လအတွင်း Tourism တွေအတွက် e-visa စနစ်လုပ်နိုင်သွားမှာပါ ” ဟု၎င်း က ထပ်လောင်းပြောကြားသွားသည်။

လက်ရှိခရီးသွားလုပ်ငန်းတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံများ၌ Single Visa စနစ်ကျင့်သုံးနေပြီး မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၅ အမီ အာဆီယံနိုင်ငံများနှင့်နည်းတူ အာဆီယံစနစ်ကျင့်သုံးသွားမည်ဖြစ်သည်။ ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ဂိတ်အား International Gateway အဖြစ်ကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက နိုင်ငံခြားသားမိတ်ဆွေ များအနေဖြင့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း ရှိနယ်စပ်ဂိတ်များအပြင် မကြာခင်ကမှ အသစ်ဖွင့်လှစ်ထားသော မောင်တော၊ တီးခီ၊ ဘုရားသုံး ဆူဂိတ်များမှလည်း ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။


တင်ဒါရရှိထားသော ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ နေရာအစားထိုး ၀င်ရောက်ရန် Orange ကုမ္ပဏီအသင့်ရှိနေ

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရန် ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ ရွေးချယ်စိ စစ်ရေး ကော်မတီက ရွေးချယ်ထားသော လိုင်စင်ရ ဆက်သွယ်ရေးကော်မတီ ကုမ္ပဏီထဲမှ ကုမ္ပဏီ တစ်ခုခု အဆင်မပြေမှုများ ရှိခဲ့ပါက ၎င်းတို့နေရာတွင် အစားထိုးဝင်ရောက်ရန် အဆင့်သင့်ရှိကြောင်း Orange ကုမ္ပဏီက တရားဝင် ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။

လိုင်စင်ရရှိခဲ့သော ကုမ္ပဏီနှစ်ခု အနေဖြင့် တင်ဒါကော်မတီသို့ တင်ပြထားသော လိုအပ်ချက်များကို ရက် ၁၀၀ အတွင်း ပြည့်မီအောင် မဆောင်ရွက်နိုင်ပါက အစားထိုးရန် အသင့်ရှိနေပြီး အလုံးစုံပြင်ဆင်ပြီး ဖြစ်ကာ စတင်လုပ်ကိုင်ရန်လည်း အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

ထို့ပြင် Orange ကုမ္ပဏီ အရန်အဖြစ်ဖြင့် ပါဝင်လာသည်ကို ပြည်သူလူထုအနေဖြင့်လည်း ဝမ်းသာအားရရှိကြောင်း သိရသည်။ “Orange ကုမ္ပဏီ ဟာ သူ့ရဲ့ ကွန်ယက် ကြီးကျယ်မှုကလည်း ကမ္ဘာ့ ဆယ်ဆလောက် ရှိတယ်။ နည်းပညာအဆင့် မြင့်မားမှုမှာလည်း ကမ္ဘာ့ အဆင့် ၃ ရရှိထားတယ်။ နောက်ပြီး မြန်မာ့ မိုဘိုင်းလုပ်ငန်းတွေကိုလည်း 3G၊ 4G စနစ်တွေနဲ့ စတင် လုပ်ကိုင်ပေးသွားမယ်ဆိုတော့ သူ့ကို အရမ်းပဲ ရရှိစေချင်ခဲ့တာ။ အရန်အော်ပရေတာအဖြစ် ပါဝင်လာတာ သိရတော့ အရမ်းပဲ ဝမ်းသာပါတယ်”ဟု နည်းပညာတက္ကသိုလ်ကျောင်းသား တစ်ဦးက ပြောကြားသည်။

ယခုအခါ Orange ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် အတူတကွ ပူးပေါင်းကာ MPT ၏ ရှိရင်း စွဲ လေလှိုင်း ဆက်သွယ်မှုများနှင့် ကမ္ဘာ့နိုင်ငံပေါင်း များစွာရှိ နိုင်ငံတကာ လေလှိုင်းဆက်သွယ်မှုများကို အပြန်အလှန်သယ် ဆောင် အသုံးပြုနိုင်သော စနစ် (International Roaming) ကို တည်ဆောက်နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင် မှုတွင် နော်ဝေအစိုးရနှင့် ပတ်သက်မှုရှိသော Telenor နှင့် ကာတာအစိုးရပိုင် Q Tel ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ကြောင်း ပြည် ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ပြင်သစ်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Orange သည် ဂျပန် Marubeni ကော်ပိုရေးရှင်း နှင့် ပူးတွဲ ကုမ္ပဏီ တည်ထောင်၍ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လိုင်စင်ရရှိထား သော ကုမ္ပဏီများ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းတာဝန်များကို မထမ်းဆောင်နိုင်ပါက  အစားထိုးရန်အတွက် တတိယ မြောက် ကုမ္ပဏီအနေဖြင့် အရန်နေရာတွင် ရွေးချယ်ခံထားရသည်။ ဆက်သွယ်ရေးတင်ဒါ ရွေးချယ်မှုနှင့် ပတ်သက်၍ Telenor ကုမ္ပဏီ ကို ပြည်သူများက အားရဝမ်းသာ လက်ခံမှုရှိသော်လည်း Q Tel ကုမ္ပဏီ နှင့် ပတ်သက်၍မူ ပြည်သူများအကြား၌ ဝေဖန်မှုများ ရှိနေသည်ကို တွေ့ရသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment