Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုကို တားဆီးရန် မြန်မာကို မလေးရှားတိုက်တွန်း

( Reuters မှ 30 Jun 2013 ရက်စွဲပါ  “ Malaysia Urges Myanmar  to Stem anti  Muslim Violence” သတင်းကို ဘာသာပြန်ဆိုသည် )

  1.  မြန်မာနိုင်ငံတွင် ဘာသာရေးနှင့်နိုင်ငံရေး ခွဲခြားရန်လိုအပ်

(30 June 2013 ရက်စွဲပါ The Korean Times မှ Myanmar needs a secular state ကို ဘာသာပြန်ဆိုပါသည်)

  1. အိန္ဒိယ-မြန်မာနယ်ခြားတစ်လျှောက် အချို့နေရာများတွင် အမှတ်အသားပျောက်

(The Economic Times မှ 29 June 2013 ရက်စွဲပါ “Some areas along Indo-Myanmar border turn undemarcated” သတင်းကို ဘာသာပြန်ဆိုပါသည်)


မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုကို တားဆီးရန် မြန်မာကို မလေးရှားတိုက်တွန်း

( Reuters မှ 30 Jun 2013 ရက်စွဲပါ  “ Malaysia Urges Myanmar  to Stem anti  Muslim Violence” သတင်းကို ဘာသာပြန်ဆိုသည် )

မလေးရှားနိုင်ငံက မြန်မာနိုင်ငံအား မွတ်ဆလင်များအပေါ် ခွဲခြားဖိနှပ်မှု တားဆီးရေး ထိထိရောက်ရောက် ဆောင် ရွက်ရန်နှင့် ကျုးလွန်သူများကို အရေးယူရန် တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ခြင်းဖြစ်သည် လူမျိုးရေး အကြမ်းဖက်မှုကြောင့် ၏ အရှေ့တောင်  အာရှတွင်  အခင်အမင်ပျက်စေသည့် နောက်ဆုံးလက္ခဏာတစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် အကြမ်းဖက်မှုနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် မြန်မာ နိုင်ငံကို စွန့်ခွာကာ မလေးရှားနိုင်ငံသို့ ကုန်းလမ်း၊ ရေလမ်းဖြင့် အရောက်သွားနေကြသည်။

ဗုဒ္ဓဘာသာလွှမ်းမိုးသော မြန်မာနိုင်ငံမှ မွတ်ဆလင်ဆန့်ကျင်ရေး  အကြမ်းဖက်မှုများသည် မနှစ်က ရခိုင်ပြည်နယ် တွင် စတင်ဖြစ်ပွားခဲ့ပြီး၊ ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရန်ကုန်မြို့တော် အနီးတစ်ဝိုက် ဒေသများသို့ ကူးစက်ပျံ့နှံ့ လာခဲ့သည်။

ဘရူးနိုင်းတွင် ကျင်းပသော အာဆီယံဝန်ကြီးများ အစည်းအဝေးတွင် မလေးရှားနိုင်ငံခြားဝန်ကြီး အေနီဖာအာမန်က “ ဒီပြဿာနာကို မြန်မာနိုင်ငံဖြေရှင်းဖို့ လို့နေပြီ” ဟု ပြောကြားကာ အာဆီယံအဖွဲ့ဝင် အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးအပေါ် ရှားရှားပါးပါး ဝင်ရောက်ပြောဆိုခဲ့သည်။

“ ဒီပြဿာနာဟာ ရှုပ်ထွေးတယ်ဆိုပေမယ့် ပွင်းလင်းမြင်သာတဲ့ ပုံစံ နဲ့ ဖြေရှင်းဖို့ လိုပါတယ်။ ဒါမှသာ ဘယ်လို့ အရေးယူဆောင်ရွက်တယ်ဆိုတာကို ကျွန်တော်တို့တွေမြင်နိုင်မှာပါ။ ဒီလို့ ဖြစ်ရပ်တွေ နောင်ထပ်မဖြစ်ပွားအောင် ပြစ်မှုကျုး လွန်သူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ကျွန်တော်ထင်ပါတယ်”  ဟု အေနီဖာကပြောကြားသည်။

ဤ ကိစ္စကို မြန်မာအစိုးရက ဖိဖိစီးစီးဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံခြားဝန်ကြီး၏ ပြန်ကြားပြောဆိုမှုကိုလည်း မိမိကျေနပ်သည်ဟု အေနီဖာက ဆိုပါသည်။

 ပြီးခဲ့သောသီတင်းပတ်များအတွင်း မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် မြန်မာများနှင့် ရိုဟင်ဂျာများအကြား အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသတွင်း အကြမ်းဖက်မှုပျံ့နှံ့လာမည်ကို စိုးရိမ်ပူုပန်မှုများရှိလာခဲ့သည်။

မလေးရှားနိုင်ငံမှ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ UNHCR တွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသော ရိုဟင်ဂျာ ၂၈,၀၀၀ခန့် ရှိသည်ဟု ဆိုသော်လည်း ရခိုင်ပဋိပက္ခမှ တိမ်းရှောင်ထွက်ပြေးလာသူများကြောင့် အမှန်တကယ် အရေအတွက် မှာ များစွာပိုမိုလိမ့်မည်ဟု သိရှိရသည်။

နှစ် ၅၀ စစ်အုပ်ချုပ်ရေးအလွန် ၂၀၁၁ တွင် ဒီမိုကရေစီသို့ ကူးပြောင်းခဲ့သော မြန်မာနိုင်ငံမှ အစိုးရသည် အကြမ်း ဖက်မှု ကျုးလွန်သူများကို အရေးယူရန်နှင့် မွတ်ဆလင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို တားဆီးရန် အနည်းငယ်မျှသာ အားထုတ်ခဲ့ သည်ဟု ပြည်တွင်း၊ ပြည်ပမှပြစ်တင်ဝေဖန်သူများက ထောက်ပြထားကြသည်။

နိုင်ငံတကာ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကလည်း အာဆီယံအဖွဲ့ဝင် မွတ်ဆလင်နိုင်ငံများက ယင်းပြဿနာဖြေရှင်းရေးအပေါ် အားထုတ်လုပ်ဆောင်မှု မရှိ၍ စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုကြောင်း အေနီဖာက ပြောကြားပါသည်။ OIC အဖွဲ့၏ လာရောက်မှုနှင့် ကူညီရေး လုပ်ငန်းများ အကောင်အထည်ဖော်မှုကို ခွင့်ပြုပေးရန် မြန်မာနိုင်ငံ  အား အေနီဖာ တောင်းဆိုထားသည်ဟုလည်း မလေးရှား Bernama သတင်းဌာနက ဖော်ပြထားသည်။

 


 

 မြန်မာနိုင်ငံတွင် ဘာသာရေးနှင့်နိုင်ငံရေး ခွဲခြားရန်လိုအပ်

(30 June 2013 ရက်စွဲပါ The Korean Times မှ Myanmar needs a secular state ကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိနိုင်ငံများနည်းတူ ဘာသာပေါင်းစုံရှိသော နိုင်ငံဖြစ်ပါသည်။ သို့သော် လွတ်လပ်ရေး ရပြီးကာလမှ ပါလီမာန်ဒီမိုကရေစီခေတ်မှစ၍ မြန်မာနိုင်ငံတွင် ဘာသာရေးသည် အထိမခံသော အကဲဆတ် သည့် အရေးကိစ္စ တစ်ခု ဖြစ်လာပါသည်။

ဘာသာရေးသည် မြန်မာ့လူ့အသိုင်းအဝိုင်းအတွင်း ကွဲပြားခြားနားမှုများဖြစ်လာရန် ရင်းမြစ်တစ်ခုဖြစ်ပါသည်။ စစ်တပ်အုပ်ချုပ်သောကာလများတွင် ဘာသာရေးကို အခြေခံကာ လူတစ်ဦးအပေါ် ကြိုက်နှစ်သက်ခြင်း၊ မနှစ် သက်ခြင်းများ ရှိခဲ့ပါသည်။ ဥပမာအားဖြင့် စစ်တပ်အရာရှိများကို ဗုဒ္ဓဘာသာဝင် မဟုတ်လျှင် ရာထူးကြီးကြီး ပေးခြင်းမရှိပေ။

ဒီမိုကရေစီဖော်ဆောင်ရေးကို စတင်နေသော မြန်မာပြည်တွင် တိုင်းပြည်၏ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် နှင့် တရားစီရင်ရေး မဏ္ဍိုင်များသည် သမိုင်းတစ်ပတ်ပြန်မလည်ရေးအတွက် စေ့စပ်သေချာစွာ သင့်တင့် လျောက်ပတ်သော လုပ်ဆောင်ဖွယ်များကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်ဘာသာရေးအရ သည်းခံမှုများရှိပြီး ခွဲခြားဆက်ဆံခြင်း မရှိဟု အစိုးရက ဆိုနေသော်လည်း ဇွန်လ (၁၃) ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လက်တွေ့ အမှန်တရားမှာမူ ခြားနား ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။

အစိုးရအဆက်ဆက်သည် တိုင်းပြည်တွင် နေထိုင်ကြသော ဗမာများ၊ ရခိုင်၊ ရှမ်း၊ မွန် နှင့် တရုတ် အများစု ကိုးကွယ် ကြသည့် ဗုဒ္ဓဘာသာကို ဦးစားပေးကြောင်း ပြသခဲ့ပါသည်။ ၂၀၀၈ အခြေခံဥပဒေတွင် နိုင်ငံတော်ဘာသာဟု သီးသန့်သတ် မှတ်ခြင်းမရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်ဟု ဖော်ပြထားသော်လည်း အစိုးရအနေဖြင့် နှစ်သက်သလို ကန့်သတ်ခွင့် ကိုလည်း ခွင့်ပြုနိုင်ရန် ကျယ်ပြန့်သော မျှော်လင့်မှုများ ရှိနေပါသည်။

အစိုးရ ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံ၏ အဓိကဘာသာကြီးများမှာ ဗုဒ္ဓဘာသာ (၈၉.၂%)၊ ခရစ်ယာန် (၅%)၊ အစ္စလာမ် (၃.၈%) ၊ ဝိဥာဉ် တန်ခိုးယုံကြည်မှု Spiritualism (၁.၂%) နှင့် ဟိန္ဒူ(၀.၅%) အသီးသီးရှိသည်ဟု သိရှိရပါသည်။

လွတ်လပ်ရေးအလွန် ပါလီမာန်ဒီမိုကရေစီခေတ်က အရပ်သားအစိုးရတွင် ပါဝင်သော ခေါင်းဆောင်များ၏ အများစု မှာ ဗုဒ္ဓဘာသာ များ ဖြစ်ပြီး၊ ဗုဒ္ဓဘာသာအပေါ် ငွေကြေးများစွာ ပံ့ပိုးခဲ့ပါသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော လက်နက်ကိုင် ပဋိပက္ခများ၏ အခြေခံအကြောင်းမှာ ဘာသာရေးအရ ကွဲပြားခြားနားမှုများကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဝန်ကြီးချုပ်ဦးနုလက်ထက်က ပါလီမာန်တွင် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ရန် တင်သွင်းမှုကြောင့် ခရစ်ယာန်အများစု ကချင်များ လက်နက်ကိုင် ပုန်ကန်ခဲ့ပါသည်။ ကချင်များက မြန်မာများကို မဟာလူမျိုးကြီးဝါဒသမားများအဖြစ် ယုံကြည်သွားကြပါသည်။

ထို့နောက် ကချင်ပြည်သူများသည် ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုအစိုးရအပေါ် မယုံကြည်မှုများ နက်ရှိုင်းစွာ ရှိလာခဲ့ရ ပါသည်။ ထို့ကြောင့်ပင် KIO/KIA သည် မြန်မာအစိုးရနှင့် ယနေ့တိုင် ငြိမ်းချမ်းရေးသဘောတူညီမှုရရန် တုံ့ဆိုင်းနေရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်ပါသည်။

ကရင်လူမျိုးများသည်လည်း ဘာသာရေးဖြင့်ပင်ခွဲခြားခြင်းခံရပြီး မြန်မာအစိုးရနှင့် သက်တမ်းအရှည်ဆုံး လက်နက် ကိုင်ပဋိပက္ခရှိခဲ့ရပါသည်။ ၎င်းတို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့ပါသည်။

၁၉၉၄ ခုနှစ်က KNU အဖွဲ့အတွင်း အကွဲအပြဲမှာလည်း ဘာသာရေးကြောင့်ပင် အဓိကဖြစ်ပါသည်။ ကရင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး၊ KNU ထိပ်တန်းခေါင်းဆောင်များမှာ ခရစ်ယာန်များ ဖြစ်ကြပါသည်။

ဘာသာရေးအရခွဲခြားဆက်ဆံမှုများနှင့် အာဏာအလွဲသုံးစားမှုများရှိကြောင်း စွပ်စွဲချက်များ ပေါ်ထွက်ခဲ့ပြီး နောက် ဒီမိုကရက်တစ်ကရင် ဗုဒ္ဓဘာသာ စစ်တပ် (DKBA) ကို ဖွဲ့စည်းကာ မြန်မာစစ်တပ်၏ အကူအညီဖြင့် KNU ၏ စစ်တပ်ဖြစ်သော KNLA ကို နှစ်အတန်ကြာတိုက်ခိုက်ခဲ့ပါသည်။

ဘာသာရေးအရကွဲပြားခြားနားမှုများအတွက် အကောင်းဆုံး ဥပမာတစ်ခုမှာ မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာကြားထိန်းမ ရသော တင်းမာမှုပင်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် က ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာမွတ်ဆလင်များအ ကြား အကြမ်း ဖက်မှုများတွင် လူပေါင်း  (၁၀၀) ခန့်သေဆုံးပြီး၊ လူပေါင်းများစွာနေအိမ်များ အဖျက်ခံရ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။

ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပြီးဆုံးသွားပြီးနောက် တင်းမာမှုများဆက်လက်ရှိနေဆဲ ဖြစ်ပါသည်။ ပြီးခဲ့သည့် မေလက ရခိုင်ပြည်နယ်အစိုးရသည် ရိုဟင်ဂျာမွတ်ဆလင်များအတွက် ကလေးနှစ်ဦးမူဝါဒကို ကျေညာခဲ့ပါသည်။ ယင်းမှာ ယခင် စစ်အစိုးရက ဘူးသီးတောင်နှင့် မောင်တောတွင် ယခင်က ရိုဟင်ဂျာ လူဦးရေလျှင်မြန်စွာ ပြန့်ပွားမှုကိုထိန်းချုပ်ရန် ချမှတ်ထားခဲ့သော မူဝါဒကို ထပ်မံ အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။

အဆိုပါ အငြင်းပွားဖွယ် မူဝါဒကို အစိုးရလူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ထောက်ခံခဲ့ပါသည်။ ကုလသမဂ္ဂ ကမူ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး၊ ခွဲခြားဆက်ဆံခြင်း အဖြစ်ဝေဖန်ခဲ့ပါသည်။

မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာလွှမ်းမိုးသော နိုင်ငံတွင် ဘုန်းတော်ကြီးများ၏ ပုံရိပ်မှာ ကောင်းမွန်သော်လည်း ကွဲပြား ခြားနားပြီး၊ ရယ်ဒီကယ်အမြင်ရှိသူ တစ်ချို့ကြောင့် ဘုန်းတော်ကြီးများ၏ပုံရိပ်မှာ ထိခိုက်ခဲ့ရပါသည်။

မကြာသေးမီ ဇွန်လ ၁၃-၁၄ ရက်များတွင် ရန်ကုန်မှ မိုင် ၂၀ ခန့်ဝေးသော မှော်ဘီတွင် ကျင်းပသော ဘုန်းတော်ကြီး (၂၀၀) ခန့်တက်ရောက်သော အစည်းအဝေးတွင်၊ အစွန်းရောက်အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးဖြစ်သော ဦးဝီရသူက ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်မည့် ဘာသာခြားအမျိုးသားသည် ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းရမည်ဆို သည့် မျိုးစောင့်ဥပဒေကြမ်းကို အဆိုပြုခဲ့ပါသည်။

အဆိုပါ ဥပဒေကြမ်းတွင် မွတ်ဆလင်အမျိုးသားတစ်ဦးနှင့် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးသည် လက်ထပ် ခွင့်ကို မိဘများနှင့် နယ်မြေခံအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံရန် ပါရှိပါသည်။ အဆိုပါ ဥပဒေ အတိုင်းလိုက်နာခြင်း မရှိပါက ထောင်ဒဏ် (၁၀) နှစ်နှင့် ၎င်းပိုင်ပစ္စည်းများအသိမ်းခံရမည် ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

အဆိုပ ဥပဒေမှာ ဥပဒေကြမ်းအဆင့်တွင်ပင် ရှိနေသေးသော်လည်း ၎င်းက ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ကြား ရှင်းမရ သည့် အခြေခံပြဿနာကို ပြဆိုနေပါသည်။ ၎င်းကို အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး အချို့၏ လှုပ်ရှားမှုဖြစ် သော ၉၆၉ လှုပ်ရှားမှုတွင်လည်း တွေ့ရပါသည်။ အဆိုပါ လှုပ်ရှားမှုတွင် မွတ်ဆလင်များ နှင့် စီးပွားရေးမလုပ်ရန်လည်း ပါရှိပါ သည်။

မြန်မာနိုင်ငံတွင် ဘာသာရေးနှင့် သီးခြားခွဲထားသော အခြေအနေတစ်ခု တည်ဆောက်ရန် လိုအပ်ပါသည်။ ဆိုလို သည်မှာ ဘာသာရေးနှင့် နိုင်ငံရေးကို  ခွဲခြားထားရန် လိုအပ်သည်ဟု ဆိုလိုပါသည်။ မည်သည့်ဘာသာ ကိုမဆို လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုရမည့် အပြင် အခြားလူများ၏ ဘာသာကိုလည်း အကာအကွယ်ပေးရန် လိုအပ်ပါသည်။ မည်သည့်ဘာသာကို မဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်တွင် အခြေခံဒီမိုကရေစီ ရပိုင်ခွင့် ဖြစ်ရန် လိုအပ်ပြီး၊ အခွင့်အရေးပေးမှု မဟုတ်ပေ။

အဆိုပါ ကိစ္စရပ်အတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်ပါက မြန်မာနိုင်ငံရှိ ခြားနား သော ဘာသာရေုးအုပ်စုများကြား ကာလရှည်တည်တံ့စေမည့် သံသယများနှင့် စိုးရိမ်မှုများထွက်ပေါ်လာတော့ မည်ဖြစ်ပါသည်။

ယခုကိစ္စမှာ သိမ်မွေ့လှပြီး အရေးပါလှသော ကိစ္စရပ်ဖြစ်သောကြောင့် အခြေခံဥပဒေအရလည်းကောင်း၊ လက်တွေ့ ကျကျလုပ်ဆောင်ခြင်းဖြင့်လည်းကောင်း ကိုင်တွယ်ရန်လိုအပ်ပါသည်။ အခြားကွဲပြားခြားနားသော ဘာသာရေးအုပ်စုများ၏ အကျိုးစီးပွားကို ကြိုတင်သတ်မှတ်ချက်များမထားဘဲ၊ အထင်လွဲမှားမှုများ မရှိပဲ ထည့်သွင်းစဉ်းစားပေးသင့်ပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဘာသာရေးအရ သည်းခံမှုများသည် တစ်ပြိုင်နက်ဖြစ်ရမည် ဖြစ်ပါသည်။ မြန်မာ နိုင်ငံကဲ့သို့ သမိုင်းကြောင်းတစ်လျှောက် နိုင်ငံရေးတွင် အရေးကြီးသော အခန်းကဏ္ဍ၌ ရှိခဲ့သော ဘာသာရေးသည်၊ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ဘာသာရေးလွတ်လပ်ခွင့်ပေးရုံမျှဖြင့် လုံလောက်မည် မဟုတ်ပေ။ အခြား ဘာသာများအပေါ် သည်းခံ စိတ်ရှည်မှု ရှိရမည့်ယဉ်ကျေးမှုတစ်ရပ်လည်း လိုအပ်ပါသည်။


အိန္ဒိယ-မြန်မာနယ်ခြားတစ်လျှောက် အချို့နေရာများတွင် အမှတ်အသားပျောက်

(The Economic Times မှ 29 June 2013 ရက်စွဲပါ “Some areas along Indo-Myanmar border turn undemarcated” သတင်းကို ဘာသာပြန်ဆိုပါသည်)

မဏိပူရပြည်နယ် မိုရေးအနီးရှိ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် အချို့နေရာများတွင် နယ်ခြားမှတ်တိုင် ၉ ခု ခန့်ပျောက်နေခြင်း (သို့) ခြုံတောထူထပ်ခြင်းတို့ကြောင့် အမှတ်အသားပျောက်သွားနိုင်သည်ဟု ပြည်နယ် လွှတ်တော်တွင် ဝန်ကြီးချုပ် အိုအီဘိုဘီဆင်း ကပြောကြားပါသည်။

ပိုမိုဂရုစိုက်စောင့်ကြပ်ရန် မနေ့ညနေက တောင်းဆိုမှုကို ပြန်လည်ရှင်းလင်းသည့် ဝန်ကြီးချုပ်က ယခုအခြေအနေ သည် ခြုံတောများ မရှင်းလင်းနိုင်သောကြောင့် ဖြစ်ပေါ်လာကြောင်းနှင့် နယ်ခြားမှတ်တိုင်တိုင်း ကို စောင့်ကြပ်ရန် မဖြစ်နိုင် ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် အိုအီဘိုဘီဆင်းက “အဆိုပါ နယ်ခြားမှတ်တိုင်များမှာ အမှတ် ၆၆၊ ၇၆၊ ၇၈၊ ၈၉၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄ တို့ ဖြစ်ကြောင်း၊ နှစ်နိုင်ငံကိုယ်စားလှယ်များ ပူးပေါင်းဆာဗေးပြုလုပ်ခြင်းဖြင့် နယ်ခြားမျဉ်းသတ်မှတ်ရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း၊ နယ်ခြားမှတ်တိုင် ၉ ခုပျောက်နေသော နေရာတွင် ၁၀ ကီလိုမီတာအရှည် သဲဆူးကြိုးကာရန် အဆိုပြုထားကြောင်း သို့သော်နယ်ခြား ပြဿနာဖြေရှင်းပြီးမှသာ သံဆူးကြိုးကာနိုင်မည် ဖြစ်ကြောင်း” ဆက်လက်ရှင်းလင်း ပြောကြားသည်။

ထို့အပြင် နယ်ခြားပြဿနာဖြေရှင်းပြီးမှသာ မိုရေးနယ်စစ်ဆေးရေးဂိတ်တည်ဆောက်မှု မြန်ဆန်လာမှာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နယ်စပ်စစ်ဆေးရေးဂိတ် တည်ဆောက်မှုရပ်ဆိုင်းထားရန် မြန်မာဖက်က အဆိုပြုထားခြင်းသည် အခက်တွေ့သော ကိစ္စတစ်ခုဖြစ်သည်ဟု အကြီးတန်းလွှတ်တော်အမတ် အာကေအာနန် ကပြောကြားသွားသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment