Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အစိုးရနှင့်လွှတ်တော်အမှားများ ထောက်ပြပြောဆိုနိုင်ဟု ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ပြောကြား
  2. ၂၆ လသာ သက်တမ်းရှိသေးသော ကာလနှင့်လိုက်လျောညီထွေရှိမည့်တိုင်းတာမှုမျိုး ဖြစ်သင့်ကြောင်း သမ္မတပြောကြား

အစိုးရနှင့်လွှတ်တော်အမှားများ ထောက်ပြပြောဆိုနိုင်ဟု ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ပြောကြား

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် အစိုးရ၏ လုပ်ဆောင်ချက်များသည် မှားယွင်းမှု ၊ လွှဲချော်မှုနှင့် လိုအပ်မှုများရှိပါက ထောက်ပြပြော ဆိုနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဇွန်လ ၃၀ ရက် နေပြည် တော်တွင် ကျင်းပသည့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီအရ ဝေဖန်မှုများနှင့် မိမိတို့၏ ထင်မြင်ယူဆချက်များအား လွတ်လပ်စွာ ထောက်ပြပြောဆိုခြင်းသည် ဒီမိုက ရေစီခရီးလမ်းတွင် တစ်တပ်တစ်အားဖြစ်စေသည့် အတွက် မှန်ကန်သော သတင်းအချက်အလက်များကို အသုံးပြု၍ ဝေဖန် ထောက်ပြမှု များ ပြုလုပ်ရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မသင့်တာတွေနဲ့ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြတာ သိပ်ကောင်းပါတယ်။ မှန်ကန်တဲ့အချက်အလက်တွေအပေါ် မူတည်ပြီး ဝေဖန်တယ်ဆိုရင် ပိုမှန်ကန်ပါတယ်။ ဒီမိုကရေစီသဘောအရလည်း ဝေဖန်ရ မယ်။ မှန်တာကိုသုံးသပ်ရမယ်။ ကိုယ့်အမြင်ကိုလည်း လွတ်လပ်စွာ ပြောဆိုနိုင်ရမယ်။ အစိုးရကို အားလုံးကောင်း ပါတယ်ဆိုပြီး လက်ခုပ်တီးနေစရာ မလိုဘူး” ဟု ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းမှ ပြောကြားခဲ့သည်။

လွတ်လပ်စွာရေးသားပြောဆိုခွင့်နှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့် မှပြောကြားရာတွင် “သမ္မတကြီး ပြောသလို သဘောထား ကွဲလွဲတာကို သည်းခံနိုင်စွမ်းရှိရမယ်။ ဒီမိုကရေစီကို လိုလားပါတယ် ဆိုတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင် အတိုက်အခံတွေအပါအဝင် ထောက်ပြပြောဆိုတဲ့သတင်းမီဒီယာတွေကို တရားပြန်စွဲနေတယ်။ စွဲတာတောင်မှ သတင်းစာရှင်းလင်းပွဲမှာပြောတာ ပညာပေးရမယ်။ သင်ခန်းစာပေးရမယ်တဲ့။ ကျွန်တော်လည်းနားမလည်ဘူး။ ယနေ့ ဒီမိုကရေစီကို လိုလားပါတယ်ဆိုတဲ့ အဖွဲ့ကြီးတွေကလည်း တရားစွဲနေတယ်” ဟု ပြောကြားထားခဲ့သည်။

လွတ်လပ်စွာပြောဆိုခွင့်နှင့်ပတ်သတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ - ၃၅၄ တွင်ပြဆိုထားသည်မှာ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့) ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးဌာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ပုဒ်မ(က)အရ မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်များ ကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်” ဟုဖော်ပြထား ကြောင်း သိရသည်။


 

 ၂၆ လသာ သက်တမ်းရှိသေးသော ကာလနှင့်လိုက်လျောညီထွေရှိမည့်တိုင်းတာမှုမျိုး ဖြစ်သင့်ကြောင်းသမ္မတပြောကြား

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဇူလိုင်လ ၁ ရက်နေ့တွင် ရေဒီယိုမှတစ်ဆင့် ဇွန်လ အတွင်း နိုင်ငံရေးပြုပြင် ပြောင်းလဲမှု များကို ပြည်သူများကို အသိပေးသည့်အနေဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ရှေးဦးစွာအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပ နိုင်ခဲ့သော အရှေ့အာရှကမ္ဘာ့ စီးပွားရေးဖိုရမ်၏ အောင်မြင်မှုများနှင့်ပတ်သက်၍ ကျေနပ် ဂုဏ်ယူမိပါကြောင်းနှင့်  ဖိုရမ်ဖြစ်မြှောက်ရေးအတွက် ဝိုင်းဝန်းကူညီ ခဲ့ကြသူများ အားလုံး ကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ဇွန်လအတွင်း မလေးရှားနိုင်ငံ ဖြစ်ပွားခဲ့သော  လူမျိုးရေးအသွင်ဆောင်နေ သည့်ပဋိပက္ခများကြောင့် ဒုက္ခ ရောက်ခဲ့ကြသော မြန်မာရွေ့ပြောင်းလုပ်သားများ အတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး လူမျိုးရေးဆူပှုများ ဖြစ်ပေါ်စေရန် လှုံဆော်သူ များအား တရားဥပဒေအရ ထိထိအရေးနိုင်ရေးနှင့် ပဋိပက္ခများ ထပ်မံမပေါ်စေရေး အတွက် အရှိန်အဟုန်မြှင့်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ပ မှ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ထိရောက်စွာကာကွယ် ပေးနိုင်ရန် အတွက် ပြည်ပအခြေစိုက်မြန်မာသံရုံးများ ၏ စွမ်းရည်များကို မြှင့်တင်ဆောင်ရွက်ရမည့်အချက် ကိုလည်း ဂရုပြုမိပါကြောင်း  နိုင်ငံတော် သမ္မတမှ ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနှင့် ပတ်သက်ပြီး  ပြည်သူများအကြား  အငြင်းပွားမှုများ  သဘောထားကွဲလွဲမှုများနှင့် စိတ်ထိခိုက်ခဲ့ရမှုများ ဖြစ်ခဲ့ကြရသည်များကို ကြားသိခဲ့ရပြီး အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်မှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်း နေသော အစိုးရတစ်ရပ်အနေဖြင့် လူ့အဖွဲ့အစည်း တစ်ရပ်လုံးတွင် ပါဝင်သူအားလုံးနှင့် ပြည်တွင်း ပြည်ပ မီဒီယာများ၏ ပြောဆိုရေးသားမှု များထဲမှာ မတူညီသော သဘောထားအမြင်များကို နားလည်လက်ခံ နိုင်သော်လည်း အထူးသဖြင့် နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုသည်မှာ ၎င်းတို့ လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးများ၏ တခြားမျက်နှာစာ တစ်ဖက် တွင်  ကြီးမားသည့် စိန်ခေါ်မှုများ၊  သမိုင်းဖြစ်ရပ်များ၏ အရိပ်မည်းများနှင့် မိမိတို့ လူ့အဖွဲ့အစည်း၏ သံသယကြီးမားမှုနှင့် အကဲဆတ်မှုများကို အစဉ်ထည့်သွင်း စဉ်းစားစေလိုပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ထွန်းမှုများနှင့် ဒီမိုကရေစီအရေး တည်ဆောက်မှု များကို တိုင်းတာတဲ့အခါတွင် ၂၆ လသာ သက်တမ်းရှိသေးသော ကာလနှင့်လိုက်လျော ညီထွေရှိမည့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါ ကြောင်း နိုင်ငံတော် သမ္မတမှ ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဇွန်လ အတွင်းတွင်  RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး  KNU၊ KNPP အဖွဲ့အစည်းများနှင့်လည်း လိုအပ်သော ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက်အကူပြု ပံ့ပိုးပေးနိုင်မည့် ယုံကြည်မှု တည်ဆောက်ခြင်းများကို တိုးမြှင့် နိုင်ခဲ့ကြောင်းနှင့် ယခုကဲ့သို့  ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် တိုးတက်မှုများ ရရှိလာခြင်းသည် ပြည်သူများ လိုလားတောင့်တနေကြသော ရေရှည် တည်တံ့သည့်  ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ တစ်စတစ်စ ပုံပေါ်နီးကပ်လာခဲ့ပြီဖြစ် ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မှ ပြောကြားကြောင်း သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment