Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. တရုတ်-မြန်မာ ပိုက်လိုင်းများသည် မြန်မာနိုင်ငံအပေါ် ငွေကြေးအကျိုးအမြတ်ရှိစေမည်ဟုဆို

(30 June 2013 ရက်စွဲပါ Natural Gas Asia မှ China-Myanmar Pipeline to financially benefit Myanmar ကို ဘာသာပြန်ပါသည်)

  1. တိုရှီဘာက မြန်မာစတော့အိပ်ချိန်းအတွက် အချက်အလက်စင်တာဖြည့်ဆည်းပေးမည်

(The Asahi Shimbin မှ 3 July 2013 ရက်စွဲပါ “Toshiba to supply data center for Myanmar Stock Exchange” သတင်းကို ဘာသာပြန်ဆိုပါသည်)


တရုတ်-မြန်မာ ပိုက်လိုင်းများသည် မြန်မာနိုင်ငံအပေါ် ငွေကြေးအကျိုးအမြတ်ရှိစေမည်ဟုဆို

(30 June 2013 ရက်စွဲပါ Natural Gas Asia မှ China-Myanmar Pipeline to financially benefit Myanmar ကို ဘာသာပြန်ပါသည်)

မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းသည် နှစ်နိုင်ငံစလုံးအတွက် ငွေရေးကြေးရေး အကျိုးအမြတ်များ ရနိုင်မည်ဖြစ် ကြောင်း China National petroleum Corporation (CNPC) မှ တာဝန်ရှိသူများ၏ အဆိုအရ သိရှိရပါသည်။ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံအား နှစ်စဉ်ပိုက်လိုင်း အသုံးပြုခအဖြစ် ဒေါ်လာ (၂၂) သန်း ပေးရမည် ဖြစ်ပါသည်။

“ဒီ စီမံကိန်းအရ တစ်နှစ်ကို ရေနံစိမ်း တန်သန်းပေါင်း (၂၂) သန်းနဲ့ သဘာဝဓါတ်ငွေ့ (၁၂) ဘီလီယံ ကုဗမီတာ ပို့လွှတ်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နှစ်စဉ်ရေနံစိမ်းတန် သုံးသိန်း ပို့လွှတ်နိုင်မယ့် တွန်းစက်ရုံ (Process Station) ငါးခုနဲ့ ဆိပ်ကမ်းတစ်ခု ဆောက်နေပါတယ်။ အစပထမမှာ ကျွန်တော်တို့ဟာ တစ်နှစ်ကို သဘာဝဓါတ်ငွေ့ (၅.၂) ဘီလီယံ ကုဗမီတာ ပို့နိုင်အောင် တွန်းစက်ရုံ ခြောက်ခု ဆောက်လုပ်နေပါတယ်။ ကျွန်တော်တို့ နှစ်စဉ်ရေနံစိမ်း တန်ပေါင်း (၂) သန်းနဲ့ သဘာဝဓါတ်ငွေ့ (၂) ဘီလီယံကုဗမီတာ နှစ်စဉ် ပေးရပါမယ်။” ဟု အရှေ့တောင်အာရှ ရေနံပိုက်လိုင်းနှင့်ဓါတ်ငွေ့ ပိုက်လိုင်းဆိုင်ရာ ဒုတိယဒါရိုက်တာ Zhang  က ပြောခဲ့သည်ဟု Asia News Network က သတင်းထုတ်ပြန်ပါသည်။

ပိုက်လိုင်းနှစ်ခုကို ဇူလိုင်လတွင် စတင်စမ်းသပ်မည်ဖြစ်ပြီး၊ ပိုက်လိုင်းတည်ဆောက်မှုများမှာ စက်တင်ဘာလတွင် ပြီးစီးမည်ဟု ခန့်မှန်းရပါသည်။


တိုရှီဘာက မြန်မာစတော့အိပ်ချိန်းအတွက် အချက်အလက်စင်တာဖြည့်ဆည်းပေးမည်

(The Asahi Shimbin မှ 3 July 2013 ရက်စွဲပါ “Toshiba to supply data center for Myanmar Stock Exchange” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံတွင် စီစဉ်နေသော စတော့အိပ်ချိန်း လုံခြုံရေးစနစ်အတွက် သတင်းအချက်အလက်စင်တာကို ထောက်ပံ့ ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း တိုရှီဘာကော်ပရေးရှင်းက ဇူလိုင်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာသည်။

ဂျပန်နိုင်ငံ၏ အကြီးစားအတိုင်ပင်ခံအုပ်စုဖြစ်သော Daiwa Institute Research Ltd ထံမှ အမှာစာ အော်ဒါကို တိုရှီဘာနှင့် တယ်လီကွမ်း ကုမ္မဏီကြီး KDDI တို့ ပူးတွဲရရှိခြင်း ဖြစ်သည်။ ပင်လယ်ရပ်ခြား ဈေးကွက်တွင် တိုရှီဘာ က Mudular data center ဖြည့်ဆည်းပေးခြင်းသည် ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

ဂျပန်စတော့အိပ်ချိန်းအုပ်စု Daiwa Institute of Research နှင့် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့ ပူးပေါင်းကာ ၂၀၁၅ တွင် ရန်ကုန်မြို့၌ စတော့အိပ်ချိန်း ဖွင့်လှစ်ရန် စီစဉ်နေပါသည်။

Modular data center များသည် အဆောက်အဦး အမျိုးအစား data center များထက် ကုန်ကျစရိတ် သက်သာ သည့်အပြင် အချိန်ကုန်လည်း သက်သာသည်ဟု သိရှိရသည်။ ထို့အပြင် တစ်နေရာတည်းတွင် နောက်ထပ် အပိုဆောင်း စွမ်းရည်တိုးမြှင့်ရန် လွယ်ကူရိုးရှင်းသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံတွင် data center အော်ပရေတာများ၊ Could အော်ပရေတာများ၊ ကုမ္မဏီများအတွက် Modules များ ကို တိုရှီဘာက ဖြည့်ဆည်းပေးလျက် ရှိသည်။ Modules များ၏ စွမ်းအင်မြင့်မားမှုကြောင့် သုံးစွဲသူများအနေဖြင့် မြင့်မားသော အကဲဖြတ်မှုများ ပြုလုပ်နိုင်ကြသည်ဟု သိရှိရသည်။

ယခုအခါ တိုရှီဘာသည် ၎င်း၏ စွမ်းဆောင်ရည်မြင့်များကို ဂျပန်နှင့်ပင်လယ်ရပ်ခြား ဈေးကွက်များသို့ ချဲ့ထွင် ရောင်းချရန် ကြိုးစားနေပြီဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment