Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မျှော်လင့်ချက်မဲ့ ရိုဟင်ဂျာများ မရေရာမှုနှင့် ရင်ဆိုင်နေရ

(Bangkok Post မှ 3 July 2013 ရက်စွဲပါ “Uncertain Rohingya Stuck in Limbo” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. အရှင်ဝီရသူ သို့မဟုတ် ဗုဒ္ဓဘာသာအကြမ်းဖက်မှုနောက်ကွယ်က ဘုန်းကြီးတစ်ပါး

(The Diplomat မှ 27 June 2013 ရက်စွဲပါ Ashin Wirathu: The Monk Behind Burma’s Buddhist Terror ကို ဘာသာပြန်ဆိုသည်)


မျှော်လင့်ချက်မဲ့ ရိုဟင်ဂျာများ မရေရာမှုနှင့် ရင်ဆိုင်နေရ

(Bangkok Post မှ 3 July 2013 ရက်စွဲပါ “Uncertain Rohingya Stuck in Limbo” သတင်းကို ဘာသာပြန် ဆိုပါသည်)

မြန်မာနိုင်ငံမှ ထွက်ခွာလာစဉ် ညှင်းပန်းဖိနှိပ်ခံရမှုများရှိသော်လည်း တရားဥပဒေကို အားကိုးနိုင် ခြင်းမရှိသော ရိုဟင်ဂျာ ၂၀၀၀ ခန့်သည် ထိုင်းနိုင်ငံတွင် အစိုးရအသိအမှတ်ပြု ယာယီစခန်းများတွင် မရေမရာ လှောင်ပိတ်မိနေကြသည်။

ဖိနှိပ်ညှင်းပန်းခံရမှုများကြောင့် နေရပ်စွန့်ခွာလာကြသော ရိုဟင်ဂျာများသည် အစိုးရအကျဉ်း စခန်းများတွင် ရောက်ရှိနေခြင်းကြောင့် လတ်တလော အနာဂတ်အတွက် မျှော်လင့်ချက် အနည်းငယ်သာရှိကြသည်ဟု ထိုင်း တာဝန်ရှိသူများက ဆိုပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မျှော်လင့်ချက်မဲ့ထွက်ပြေးလာသူ ရိုဟင်ဂျာများအတွက် ကုလသမဂ္ဂနှင့် အခြား အဖွဲ့အစည်းများက အဖြေရှာရန် ကြိုးစားနေချိန်တွင် ထိုင်းနိုင်ငံက ၆ လခန့် စောင့်ရှောက်ပေးထားမည်ဟု ယခုနှစ် အစောပိုင်းတွင် ဝန်ကြီးချုပ်ယင်လပ်က နိုင်ငံတကာအသိုင်းအဝိုင်းကို ကတိပေးထားသည်။

ဇူလိုင်လ ၂၆ တွင် နောက်ဆုံး သတ်မှတ်ရက်ပြည့်တော့မည် ဖြစ်သော်လည်း ရိုဟင်ဂျာများအတွက် လွန်ခဲ့သော ၆ လခန့်က ထွက်ပြေးစွန့်ခွာလာချိန်ကထက် မျှော်လင့်ချက်ပိုလာခြင်း မရှိသေးပါ။

ရိုဟင်ဂျာတို့ကို လက်ခံထားသည့် ဆုံးဖြတ်ချက်သည် မူလအစကတည်းက တင်းကြပ်မှုရှိခဲ့ပြီး ပိုမိုကောင်းမွန် လာခြင်းမရှိပါ။ ဥပမာအနေဖြင့် လူပြည့်ပြီးသား ထိန်းသိမ်းရေးစခန်းများကိုသာ အသုံးပြုရခြင်းကြောင့် ယောင်္ကျား၊ မိန်းမ တသီးခြားစီ နေထိုင်ကြရပြီး မိသားစုများ တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြရသည်။

ဤအခြေအနေတွင် နိုင်ငံတကာ ကယ်ဆယ်ရေးအေဂျင်စီများ ပါဝင်ပတ်သက်လာကာ အစားအစာနှင့် အခြေခံ လိုအပ်ချက်များကို ထောက်ပံ့ပေးကြသည်။ ၎င်းနိုင်ငံတကာ အဖွဲ့အစည်းများတွင် UNHCR, IMO, National Human Rights Commission နှင့် မွတ်ဆလင် အသိုင်းအဝိုင်းများ ပါဝင်ကြပါသည်။

၎င်းအဖွဲ့အစည်းများသည် ရိုဟင်ဂျာများကို အင်တာဗျုးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ကာ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ခဲ့ကြသော်လည်း မျှော်လင့်ချက်ပေးနိုင်ခြင်း မရှိကြပေ။ ထို့အပြင် ၎င်းရိုဟင်ဂျာများသည် သနားစဖွယ် အခြေအနေရှိနေဆဲဖြစ်ပြီး၊ လူကုန်ကူးခံရဖွယ်ရှိသည်ဟု ၎င်းအဖွဲ့များက ပြောကြားကြသည်။

UNHCR က ပြုလုပ်သော ဆာဗေးအရ  ၎င်းရိုဟင်ဂျာများထံမှ အနည်းဆုံး ၆၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်ကြောင်း တွေ့ရှိရပြီး၊ ၎င်းတို့ကို ပြန်ပို့ရေးအတွက် ညှိနှိုင်းရန် ကုလသမဂ္ဂအေဂျင်စီက ကြိုးစားလျက်ရှိသည်။

အချို့ရိုဟင်ဂျာများမှာလည်း ထိန်းသိမ်းရေးစခန်းများမှ ထွက်ပြေးကာ မလေးရှားသို့ သွားရန် ကြိုးစားနေကြ သည်ဟု သိရှိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်းမှ ထိန်းသိမ်းရေးစခန်း တာဝန်ရှိသူတစ်ဦးက “သူတို့ဟာ ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ကို ၂၄ နာရီလုံးလုံး ဘယ်လိုလုပ် စောင့်ကြည့်နိုင်မှာလဲ” ဟု ပြောကြားသွားသည်။


အရှင်ဝီရသူ သို့မဟုတ် ဗုဒ္ဓဘာသာအကြမ်းဖက်မှုနောက်ကွယ်က ဘုန်းကြီးတစ်ပါး

(The Diplomat မှ 27 June 2013 ရက်စွဲပါ Ashin Wirathu: The Monk Behind Burma’s Buddhist Terror ကို ဘာသာပြန်ဆိုသည်)

ဇူလိုင်လအတွက် ထွက်ရှိလာသော TIME မဂ္ဂဇင်းသည် မြန်မာအစိုးရ၏ ထိပ်ပိုင်းအရာရှိကြီးများ၏ အာရုံစိုက်မှု ကိုရရှိခဲ့သည်။ အဆိုပါ မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်သော အရှင်ဝီရသူ၏ တည်ငြိမ် အေးချမ်းနေသည့် ဓာတ်ပုံကိုဖော်ပြထားသည်။ ဘုန်းတော်ကြီး ရုံထားသော သင်္ကန်းနေရာတွင်မူ “ဗုဒ္ဓဘာသာ အကြမ်းဖက်သမား၏ မျက်နှာ” ဟု ဆောင်းပါးခေါင်းစဉ်တပ် ထားသည်။ ဆောင်းပါးမှာ မြန်မာနိုင်ငံတွင်း ထွက်ပေါ်လျက် ရှိသည့် မွတ်စလင်ဆန့်ကျင်ရေး ဆူပူအုံကြွမှုများနှင့် ယင်းဖြစ်စဉ်များတွင် အရှင်ဝီရသူ များစွာ ပတ်သက်နေမှုများကို ရေးသား ထားခြင်းဖြစ်သည်။

ထိုသို့ ရန်စမှုများပါဝင်သော ဆောင်းပါးကို သမ္မတဦးသိန်းစိန်၏ သမ္မတရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ တုံ့ပြန်သည်။ “TIME မဂ္ဂဇင်းပါ ဆောင်းပါးသည် ဗုဒ္ဓဘာသာအပေါ် နားလည်မှု လွဲမှားမှုများကို ဖြစ်ပေါ်စေသည်။ မြန်မာအစိုးရသည် လက်ရှိအနေအထားတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ မီဒီယာများ၊ ပြည်သူများနှင့် ပူးပေါင်းကာ မလိုလားအပ်သော ပဋိပက္ခများကို ရှင်းလင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်” ဟု ကြေညာချက်က ဆိုသည်။ ဦးသိန်းစိန်ကမူ အရှင်ဝီရသူကို ဗုဒ္ဓ၏သားတော်၊ မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပင် ခေါ်ဆိုသည်။

‘ဗုဒ္ဓဘာသာဝင်’ နှင့် ‘အကြမ်းဖက်သမား’ ဟူသော စကားလုံးနှစ်လုံးကို ပူးတွဲရေးသားထားမှုက တစ်ကမ္ဘာလုံးတွင် ရှိသော ဗုဒ္ဓဘာသာဝင်များအားလုံးကို အကြမ်းဖက်သမားသဖွယ် ဝါးလုံးရှည်ဖြင့် ရမ်းလိုက်သကဲ့သို့ မမျှမတ ဖြစ်စေသည် ဟူသည်မှာ မှန်ကန်ဖွယ်ရှိသည်။ သို့သော် မြန်မာနိုင်ငံတွင် ဘာသာရေးဂိုဏ်းဂနဖွဲ့ အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး အစရှိသည်တို့အတွက် စစ်မှန်သော ကြိုးပမ်းချက်များ လုပ်ဆောင်လျက်ရှိသည်ဟူသော အစိုးရ၏ ပြောဆိုမှုများက အမှန်တကယ် ပြဿနာဖြစ်နေသော အကြောင်းကိစ္စ များကို လျှော့လျှော့ပေါ့ပေါ့ ဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟူသော အချက်ကို အဆိုပါ TIME မဂ္ဂဇင်း ဆောင်းပါးက အကြံပြုထားသည်။

ထိုသို့ အမှန်တကယ် ဖြစ်နေသော ပြဿနာများထဲက သိသာထင်ရှားသော ကိစ္စတစ်ခုမှာ ဘုန်းတော်ကြီး အရှင်ဝီရသူ သည် မြန်မာနိုင်ငံမှ မွတ်စလင်များအပေါ် အစွန်းရောက်သည့် သဘောထားများ ဖြစ်ပေါ်စေရန် တက်ကြွစွာ အားပေး၊အားမြှောက် ပြုနေသည်ဟူသော အချက်ပင် ဖြစ်သည်။

မွတ်စလင်များကို ရန်သူဟုခေါ်သော အရှင်ဝီရသူက မကြာသေးခင်က ယခုလိုပြောသည်။ “သင်တို့အနေနဲ့ အကြင်နာ၊ မေတ္တာတရား အပြည့်အဝ ထားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ခွေးရူးတစ်ကောင်ရဲ့ ဘေးမှာ သင်တို့အိပ်နိုင်မှာ မဟုတ် ပါဘူး”

“မွတ်စလင်တွေဟာ အာဖရိကငါးကြင်းတွေလိုပဲ။ သားပေါက်တာ အရမ်းမြန်တယ်။ ကြမ်းတမ်းတယ်။ ဇာတ်တူသား စားတယ်။ သူတို့က ဒီနိုင်ငံမှာ လူနည်းစုတွေ ဖြစ်ပေမယ့် သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် ကျုပ်တို့တွေ ဒုက္ခခံကြရတယ်”

ထိုသို့သော သဘောထားမျိုးရှိနေသည်မှာ အရှင်ဝီရသူ တစ်ဦးတည်း မဟုတ်ပေ။ ၎င်းကို ကျောထောက်နောက်ခံ ပေးကြသော ပရိသတ်ထောင်ပေါင်းများစွာတွင်လည်း ယင်းသို့သော သဘောထားမျိုး ရှိကြသည်။ တစ်ပါးသူအပေါ် ယုံမှားသံသယဖြစ်လွန်းသည့် သဘောထားများ၊ လူမျိုးရေးဆိုင်ရာ ပုံသေကားချ တွေးတောမှုများ အစရှိသည်တို့ ရောယှက်ကာ အရှင်ဝီရသူက မြန်မာဗုဒ္ဓဘာသာဝင်များအကြား မွတ်စလင်ဆန့်ကျင်ရေး စိတ်သဘောထားများ ဖြစ်ပေါ်လာအောင် လုပ်ဆောင် ခဲ့သည်။

သို့အတွက်ကြောင့် ရလဒ်အနေဖြင့် စနစ်တကျပြုလုပ်ထား မွတ်စလင်ဆန့်ကျင်ရေး အမျိုးသားရေး လှုပ်ရှားမှုကြီး တစ်ရပ် ထွက်ပေါ်လာသည်။ ယင်းလှုပ်ရှားမှုကို ၉၆၉ လှုပ်ရှားမှုဟုလည်း ခေါ်သည်။ ၉၆၉ ၏ အဓိပ္ပာယ်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော် ၉ ပါး၊ ဗုဒ္ဓဟောကြားခဲ့သော တရားဂုဏ်တော် ၆ ပါးနှင့် ရဟန်း သံဃာ၏ ဂုဏ်တော် ၉ ပါး တို့ကို စုစည်းထားခြင်း ဖြစ်သည်။

မြန်မာမွတ်စလင်များတွင်လည်း ယင်းသို့ နံပါတ်ဖြင့် ဘာသာရေး သင်္ကေတကို ဖော်ပြသည့် ဂဏန်း ရှိသည်။ ယင်းမှာ ၇၈၆ ဖြစ်ပြီး “အလ္လာအရှင်မြတ်၏ အမည်၊ ကျက်သရေရှိမှု၊ အမြဲတစေ ဂရုဏာထားမှု” တို့ကို ရည်ညွှန်းသည်။ ၇၈၆ ဟူသော ဂဏန်းနံပါတ်ကို မြန်မာနိုင်ငံရှိ ဟာလာစားသောက်ဆိုင် အတော်များများ၏ ရှေ့ဘက်တွင် ဖော်ပြထားလေ့ရှိသည်။

၉၆၉ မှာ ဗုဒ္ဓဘာသာဝင်များ၏ မွတ်စလင်များအပေါ် တုံ့ပြန်မှုတစ်ရပ် ဖြစ်သည်။ စတေကာများ၊ ဓာတ်ပုံများ ပြုလုပ်ကာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးဈေးဆိုင် အတော်များများတွင် ရေးဆွဲချိတ်ကပ်ထားပြီး ၎င်းတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း သိသာထင်ရှားအောင် ဖော်ပြကြသည်။

မွတ်စလင်တို့၏ စီးပွားရေးလုပ်ငန်းများကို အားပေးမိသောကြောင့် ၉၆၉ အုပ်စုများ၏ ဝိုင်းဝန်း ရိုက်နှက်ခံလိုက်ရသော ဗုဒ္ဓဘာသာဝင်များလည်း ရှိသည်ဟူသော သာဓကများလည်း ရှိသည်။ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မိ သောကြောင့် ဖမ်းဆီးခံရသော မွတ်စလင်ဦးရေမှာ ရာပေါင်းများစွာ ရှိသော်လည်း ဗုဒ္ဓဘာသာဝင်များမှာမူ အနည်းစုသာ ဖြစ်သည်။

ထိုသို့ ရိုက်နှက်မှုများမှာ အဆုံးသတ်ခြင်းမရှိပေ။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ယမန်နှစ်က ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် မွတ်စလင်အများစု အသတ်ခံခဲ့ကြရသည်။ လူပေါင်း ၁၂၅၀၀၀ ကျော်နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ ရသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကမူ ရိုဟင်ဂျာ မွတ်စလင်များအပေါ် မြန်မာအစိုးရ၏ ဆက်ဆံမှုကို လူမျိုးဖြုတ် သတ်ဖြတ်မှုအဖြစ် စွပ်စွဲပြောဆိုသည်။

“ယနေ့အထိ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးဖြုတ် သတ်ဖြတ်မှုများမှာ မြန်မာအစိုးရ ပါဝင် ပတ်သက်နေပါတယ်။ မြန်မာအစိုးရအနေနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို အမြန်ဆုံးရပ်တန့်ပြီး နောက်ထပ် အလားတူ တိုင်းရင်းသားလူနည်းစုတွေအပေါ် ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပေါ်အောင် တာဝန်ယူဆောင်ရွက် ပေးဖို့လိုပါတယ်” ဟု HRW မှ အာရှဒေသဆိုင်ရာ ဒုတိယဒါရိုက်တာ Phil Robertson ကပြောကြားသည်။

မြန်မာအစိုးရ ဆန့်ကျင်ရေးဝါဒီတစ်ဦးဖြစ်သူ ဒေါက်တာမောင်ဇာနည် ကလည်း အစိုးရလုပ်ကိုင်ခဲ့သော မွတ်စလင် ဆန့်ကျင်ရေး လုပ်ဆောင်ချက်များစွာကို စာရင်းပြုစုခဲ့သည်။ ရိုဟင်ဂျာမွတ်စလင်များအပေါ် ဆူပူအကြမ်းဖက်မှုများကို ကျောထောက်နောက်ခံပြုခြင်းမှသည် မွတ်စလင်ဆန့်ကျင်ရေးအတွက် ရေးသားထုတ်ဝေ ခွင့်ပေးခြင်း၊ စစ်တပ်၏ ရိုဟင်ဂျာ များပေါ် လူမျိုးဖြုတ်သတ်ဖြတ်ခြင်းနှင့် အရှင်ဝီရသူ၏ မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အစရှိသည်တို့ကို စာရင်းပြုစု ထားသည်ဟု ဆိုသည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည်ပင် အစပိုင်းက ရိုဟင်ဂျာတို့၏ ဘေးဒုက္ခနှင့် ပတ်သက်၍ တစ်စုံတရာ ထုတ်ဖော်ပြောဆိုမှုမပြုဘဲ အသံတိတ်နေခဲ့သော်လည်း ရိုဟင်ဂျာများကို ကလေးနှစ်ဦးသာ ယူခွင့်ပြုသည့် အစိုးရ ၏ မူဝါဒအပေါ် ကန့်ကွက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ အစိုးရ၏ အငြင်းပွားစရာ မူဝါဒအပေါ် ဒေါ်အောင်ဆန်းစုကြည် က ဆိတ်ငြိမ်မှု မပြုတော့ဘဲ ကန့်ကွက်ဝေဖန်မှု ပြုလုပ်ခဲ့သော်လည်း လတ်တလော အရှင်ဝီရသူ၏ လှုပ်ရှားမှုများအပေါ် ထင်မြင်သုံးသပ်ချက် မပြုပေ။

မြန်မာမွတ်စလင် လူနည်းစုအပေါ် ဆူပူအကြမ်းဖက်သည့် အရေးကိစ္စအပေါ် ၎င်းတို့အနေဖြင့် အာပေါင်အာရင်း သန်သန် ထုတ်ဖော်ပြောဆိုမှု မပြုဘဲနေသော်လည်း မြန်မာနိုင်ငံသား ၅၉၀၀၀ ကျော်ခန့်က TIME မဂ္ဂဇင်းပါ မျက်နှာဖုံး ဆောင်းပါးကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လူမှုကွန်ယက်တစ်ခုဖြစ်သော Facebook ပေါ်တွင်လည်း ဆန့်ကျင် ကန့်ကွက် ရေးသားမှုများ ပြုလုပ်ကြသည်။ D Day Ang ဆိုသူကမူ ၎င်း၏ Wall တွင် “ကျွန်တော်တို့ အကြမ်းဖက်သမားများ မဟုတ်ပါ။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးသမားတွေဖြစ်ပြီး အကြမ်းဖက်မှုကို မုန်းတီးသူများသာ ဖြစ်သည်။ ကျေးဇူးပြု၍ ဆောင်းပါးများ ရေးသားသည့်အခါ ခိုင်လုံသော သတင်းအချက်အလက်များကို ရယူပြီးမှ ရေးသားကြပါ” ဟု ရေးသားထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment