Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံခြားတိုင်းပြည်တွေက လာမှာဆိုတော့ ကိုယ့်နိုင်ငံ ကိုယ့်ဥပဒေတွေကို တချို့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ လိုအပ်တဲ့ အကြောင်းကို ထောက်ပြချင်တာပါ။  ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်သင်္ဘောတွေ ပြည်ပနိုင်ငံတွေကိုသွားရင် သူတို့ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေကို လိုက်နာရတယ်။ ကိုယ့်မြန်မာနိုင်ငံက သင်္ဘောသားတွေ အဲဒီဥပဒေတွေနဲ့ ငြိရင် အရေးယူခံရတယ်။ ကိုယ့်နိုင်ငံကြတော့ ပြဋ္ဌာန်းထားတဲ့ရေကြောင်းဥပဒေကို သုံးပြီး အရေးမယူနိုင်တာတွေ ရှိတယ်။ နောက်ပြီးကိုယ့်ရေပိုင်နက် ကလည်း သဘာဝရင်းမြစ်တွေ ဆုံးရှုံးမှုတွေ ဖြစ်တာလည်းရှိတယ်။ နောက်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ ငါးမျိုးတွေလည်း တုံးသွားနိုင်တယ်။ အခုလို လုပ်နိုင်တဲ့သူတွေကိုတင်ပြတာပါ ”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ထုတ် Trade Times ဂျာနယ် အတွဲ ( ၂ ) အမှတ် ( ၆၅) တွင် ပါရှိသော “မြန်မာနိုင်ငံ သို့ ရေကြောင်းဆိုင်ရာ ကုန်သွယ်မှုများ ဝင်ရောက်လာပါက ဥပဒေများ လိုအပ်နေသေး ” သတင်းမှမြန်မာနိုင်ငံရေကြောင်း ပညာ တက္ကသိုလ်မှ ဥပဒေပညာရှင် ဒေါ်အေးအေးမွန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လူမျိုးရေးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် အစိုးရက တိကျတဲ့ထုတ်ဖော်ပေးမှုတွေလိုတယ်၊ ဘယ်သူက နိုင်ငံသားဖြစ်တယ်။ ဘယ်သူက ယာယီနိုင်ငံသားဖြစ်တယ်။ နိုင်ငံသားရဲ့အခွင့်ရေးတွေက ဘယ်လို၊ နိုင်ငံသားမဟုတ်သူတွေရဲ့ အခွင့်ရေးက ဘယ် လို့ဆိုတာ ဥပဒေအရ ဖော်ထုတ်ပေးဖို့ လိုပါတယ်။ ဒီအတိုင်း သူတို့က လက်မခံလို့ မကောက်ဘူးဆိုရင် မကြာခင်မှာ နိုင်ငံသား အခွင့်ရေးတွေ မဲထည့်ခွင့်တွေနဲ့ စပ်လျဉ်းပြီး ပိုပြီး အငြင်းပွားစရာတွေ ဖြစ်လာလိမ့်မယ် ”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ထုတ် Mizzima ဂျာနယ် အတွဲ ( ၁ ) အမှတ် ( ၃၅ ) တွင် ပါရှိသော “ရခိုင် တွင်လူဦးရေ သန်းခေါင်စာရင်း ပြန်လည်ကောက်ခံရန်အချိန်အကန့်အသတ် မရှိ ကြာမြင့်နိုင်”သတင်းမှ   ရခိုင်ဒီမိုကရစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကော်မရှင်ရဲ့ အစီရင်ခံစာ ၁၊ ၂ ကို ပြည်ထောင်စုလွှတ်တော်ကိုတင်ပြပြီးပြီ။ ကျွန်တော်တို့ကော်မရှင် ဥက္ကဋ္ဌဦးတင်ထွဋ်က ဒီလိုမျိုးတင်ထားတဲ့ အစီရင်ခံစာတွေအပေါ် ဖြေရှင်းဆောင်ရွက်ပေးဖို့ အဆိုတင်တယ်။ အဲဒါကိုဆွေးနွေးတဲ့ အခါတပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါတယ်။ သက်ဆိုင်ရာတပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များ ကနေ သိမ်းဆည်းထားတဲ့ လယ်မြေကိစ္စတွေနဲ့ ပတ်သက်ပြီးကျွန်တော်တို့တင်တဲ့ အစီရင်ခံစာ(၁)မှာပါတယ်။ ခုတပ်က တာဝန်ရှိသူတွေကလည်း ဖြေရှင်း ပေးမယ်လို့ပြောတယ်။ ကျွန်တော် အမြင်ပြောတာက ပြန်ပေးမယ် ဆိုလည်း မြင်သာအောင် အကောင်အထည်ဖော် ဖို့လို တယ်။ ခုမိုးတွင်းဆိုတော့ လယ်သမားတွေခမျာ မိုးစပါးစိုက်ကြရှာမှာပေါ့လေ။ ကော်မရှင် အနေနဲ့တော့ တကယ်ပြန်ပေး မပေး လွှတ်တော်ကြီးမှာ ပြောသလို အပြင်မှာ အကောင်အထည် ပေါ်လာမပေါ်လာ စောင့်ကြည့်နေမှာပါ”

၂၀၁၃ ခုနှစ် ဇူလိုင် ၁၂  ရက်နေ့ထုတ် The Hot News ဂျာနယ်  အတွဲ ( ၁)၊ အမှတ် ( ၁၄၈ ) တွင် ပါရှိသော “တပ်သိမ်း မြေ ကိစ္စ ဝန်ကြီးဌာန ဖြေရှင်းပေးမည့်အပေါ် မြင်သာသော အကောင်အထည်ဖော်ရန်လို” သတင်းမှ လွှတ်တော် လယ်မြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးအောင်သိန်းလင်း၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


                                                                                                       

“တိုင်းရင်းသားတွေ တင်ပြထားတာကတော့ အများကြီးပဲ။ ဒါပေမယ့် သူတို့စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို ဆက်လက် လုပ်ကိုင်ခွင့်ပြုမယ်ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပြောခဲ့တဲ့ကတိစကားပေါ်မှာပဲ မူတည်နိုင်မယ်။ ဒါ့အပြင် တရားဝင် လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေက သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုချက်တွေနဲ့ ပိုအဆင်ပြေနိုင်မယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၁  ရက်နေ့ထုတ်   7 Day  နေ့စဉ်ထုတ်သတင်းစာ  အမှတ် ( ၇၈ ) တွင်ပါရှိသော “ကရင်လက် နက်ကိုင်အဖွဲ့များ၏ တရားမဝင်စီးပွားရေး လုပ်ငန်းများ တရားဝင်ဖြစ်ရန် ဆောင်ရွက်မည်ဟု ဆို”သတင်းမှ ကရင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ ကျင်သုံးနေတဲ့လက်ရှိ ဥပဒေတွေအရ  အရေးအခင်းဖြစ်စေ၊ ပြစ်မှုပြစ်ဒဏ်ကြောင့်ဖြစ်စေ၊ မီးလောင် ပျက်စီး သွားတဲ့ မြေနေရာတွေနဲ့ ပတ်သက်ပြီး မြေယာတွေပြန်လည်စီမံခန့်ခွဲခွင့်က အစိုးရလက်ထဲမှာပဲ ရှိပါတယ်။ ရခိုင်ဒေသ မှာရှိတဲ့ မီးလောင်ပြင်တွေထဲကို ရခိုင်ဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ၊ မည်သူ့ကိုမှ ဝင်ရောက်ကျုးကျော်ခွင့်ပေးမထားပါဘူး။ နှစ်ဖက် အုပ်စုတွေ အကြား ပဋိပက္ခပြီးသွားပြီဆိုပေမယ့် သူတို့ စိတ်ထဲမှာ ခံစားချက်တွေရှိနေတုန်းပဲ။ အနာဂတ်မှာ ပြန်လည် အတူတကွနေထိုင် ဖို့ ၊  သဟဇာတဖြစ်တဲ့ လူအဖွဲ့အစည်းဖြစ်ဖို့က အချိန်ယူရဦးမှာပါ။ လက်ရှိမှာတော့ မဖြစ်နိုင်သေးဘူး”

၂၀၁၃  ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ထုတ်    ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ  အတွဲ (၁)  အမှတ် (၃၁) တွင် ပါရှိသော “ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း မီးလောင်သွားသည့် မြေနေရာများနှင့် စိုက်ပျိုးမြေများအတွက် မည်သူ့ကိုမျှ ပြန်လည်ပေး အပ်ထားခြင်းမရှိဟုဆို ”သတင်းမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဥပဒေ အရာရှိချုပ် ဦးလှသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

SSPP/SSA မှ လက်ရှိအကျဉ်းထောင်ထဲတွင် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်အတွက် တောင်း ဆို သွားမည်

ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် လက်ရှိအကျဉ်းထောင်ထဲတွင် ကျန်ရှိ နေသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်အတွက် မြန်မာနိုင်ငံပြည်ထောင်စုအစိုးရထံ တောင်းဆို သွားမည် ဖြစ်ပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ရာတွင်လည်း တက်ကြွစွာပါဝင်လှုပ်ရှားသွား မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။ SSPP သည်မိမိတို့အနေဖြင့် လက်ရှိပြည်တွင်း၌ ဖြစ်ပွားနေသော နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရန်၊ ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှုတည်ဆောက်ရန်၊ ဒီမိုကရေစီဆိုင်ရာ အသိပညာ များပြန့်ပွားစေရန်နှင့် မူးယစ်ဆေးဝါး ကင်းစင်အောင် လုပ်ဆောင်နိုင်ရန် စသည့်အချက်များပါဝင်သည့် ၎င်းတို့၏ ရှေ့ဆက် လုပ်ဆောင်သွားမည့် လမ်းစဉ်မူဝါဒ (၉) ချက်ကို ပထမခြောက်လပတ် ဗဟိုကော်မတီအစည်းအဝေးအပြီး SSPP မှ သတင်း ထုတ်ပြန်ခဲ့သည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဒေါ်အောင်ဆန်းစုကြည် အပါအ ဝင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦးဖြင့် ဖွဲ့စည်းမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။ အဆိုပါကော်မတီကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ပါဝင်သော ကိုယ်စားလှယ် အချိုးအစားအလိုက် နိုင်ငံရေး ပါတီများမှ ရွေးချယ်စေ လွှတ်သူများဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး အချိုးကျပါဝင်မှုအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် အရေအတွက် ၅၂ ဦးဖြင့် အများဆုံးပါဝင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် ခုနစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လေးဦး ၊ အမျိုးသား လွှတ်တော်မှ နှစ်ဦးနှင့် ပြည်သူ့ လွှတ်တော်မှ နှစ်ဦးပါဝင်ကြောင်း ပါဝင်ကြောင်း သိရသည်။


အလုပ်ရှင်နှင့်အလုပ်သမားများအကြား ပြဿနာများလျှော့နည်းစေရန်နှင့် အလုပ်ရှင်များကိုဟန့်တားနိုင်မည့် ဥပဒေတစ် ရပ်ကို ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းမည်

အလုပ်ရှင်နှင့်အလုပ်သမားများအကြား ပြဿနာများလျှော့နည်းစေရန်နှင့် အလုပ်ရှင်များကိုဟန့်တားနိုင်မည့် ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ စည်းကမ်းဖောက် ဖျက်သော အလုပ်ရှင်များကို အရေး ယူဆောင်ရွက်နိုင်မည့် အဆိုပါ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းသည် အလုပ်ရှင်များအား ခြောက် လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရမှ ပေးပို့ခြင်းဖြစ်ကာ အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးခဲ့ကာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ပြင်ဆင်ချက်များနှင့် အတည်ပြုခဲ့ကြောင်း၊ ထို့နောက် ပြည်သူ့လွှတ်တော်ကလည်း ပြင်ဆင်ချက် များနှင့်အတူ ထပ်မံ အတည်ပြုခဲ့ပြီး လွှတ်တော်နှစ်ရပ်အကြား ကွဲလွဲချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန် တင်သွင်းထား ကြောင်း သိရသည်။


တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းအား တားဆီးနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ တောင်သူလယ် သမားများ၏ ဆန္ဒများကို ကောက်ယူ၍ လွှတ်တော်သို့ တင်ပို့သွားမည်

ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၉ ရက်က ဆွေးနွေးခဲ့သည့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ ကြမ်းအား တားဆီးနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ၏ ဆန္ဒများကို ကောက်ယူ၍ လွှတ်တော်သို့ တင်ပို့သွားမည်ဖြစ်သည်ကြောင်း ၈၈ မျိုးဆက် လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာ ကော်မတီမှ ဥက္ကဋ္ဌဦး ထွန်းမြင့်အောင်က ပြောသည်။ ၈၈ အနေဖြင့် တောင်သူလယ်သမား ကာကွယ်ရေးဥပဒေ ကို အရင်ပြဋ္ဌာန်းမှသာ လယ်သမား များအတွက် ပိုမိုကောင်းမွန်မည်ဟု ယူဆပြီး ကာကွယ်ရေးဥပဒေ မပြဋ္ဌာန်းမီ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းအား မပြ ဌာန်းစေလိုသောကြောင့် ယင်းသို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။


အမေရိကန်အခြေစိုက် Colliers Internetional အိမ်ခြံမြေ ကုမ္ပဏီမှ အိမ်ခြံမြေဈေးကွက်တို့တွင်ဝင်ရောက်လုပ်ကိုင်ရန် အတွက်  စိတ်ဝင်စားလျက်ရှိ

မြန်မာနိုင်ငံရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် အိမ်ခြံမြေဈေးကွက်တို့တွင်ဝင်ရောက်လုပ်ကိုင်ရန်အတွက် အမေရိ ကန်အခြေစိုက် Colliers Internetional အိမ်ခြံမြေ ကုမ္ပဏီမှ စိတ်ဝင်စားလျက်ရှိပြီး လုပ်ကိုင်ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ များနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ Tony Picon က ပြောကြားသည်။ Colliers ကမိမိတို့အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့် ဝန်ထမ်းအရည် အသွေး မြှင့်တင် ရေးအတွက် သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါကုမ္ပဏီသည် မြန်မာ့အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို လေ့လာ၍ စာတမ်းများလည်း ထုတ်ပြန်ခဲ့ကာ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ထင်ဟပ်နိုင်သည့် Yangon Property Market Report ကို ထုတ်ပြန်ခဲ့သည်။ Colliers International သည် အာရှနိုင်ငံ ၁၄ နိုင်ငံတွင် ရုံးခွဲပေါင်း ၃၄ ခုဖွင့်လှစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၆၂ နိုင်ငံတွင် ရုံးခွဲပေါင်း ၄၈၂ ခုဖွင့်လှစ်၍ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်နေသည်။


Telenor နှင့် Ooredoo တို့က ၎င်းတို့ဝန်ဆောင်မှုပေးမည့် တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများ ကြေညာ

မြန်မာနိုင်ငံ၏ တယ်လီဖုန်းအော်ပရေတာဝန်ဆော်မှု တင်ဒါအောင်မြင်ခဲ့သော ပြည်ပ ကုမဏီများဖြစ်ကြသည့် Telenor နှင့် Ooredoo တို့က ၎င်းတို့ဝန်ဆောင်မှုပေးမည့် တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများကို ဇူလိုင်လ ၁၀ ရက်နေ့ နေပြည်တော်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင်ကြေငြာခဲ့ရာ ကုမဏီနှစ်ခုစလုံးမှ Sim Card တစ်ခုကို ငွေကျပ် ၁၅၀၀ နှုန်းသတ်မှတ်ခဲ့ပြီး တစ်မိနစ် ဖုန်းခေါ်ဆိုခကို Telenor က ၂၅ ကျပ်နှင့် Ooredoo က ၄၅ ကျပ် အောက် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ Telenor ကမြန်မာနိုင်ငံတစ်ဝှမ်းလုံးအနေဖြင့် မိုဘိုင်းဖုန်းပြောဆိုမှု ပမာဏ ၈၃ ရာခိုင်နှုန်းနှင့် Data အချက်အလက်ပေးပို့မှု ပမာဏ ၈၇ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ Ooredoo အနေဖြင့် လုပ်ငန်းစတင်ပြီး ငါးနှစ်ကာလ အတွင်း Data နှင့် Voice အသုံးပြု မှု ၈၄ ရာခိုင်နှုန်းထိရရှိရန်ဆောင်ရွက်ပေးမည်ဖြစ်ကာ ၎င်းတို့ဝန်ဆောင်မှုကို မည်သည့်အ ချိန်တွင်စတင် အသုံးပြုနိုင်မည်ကို မသိရချေ။


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment