Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရခိုင်ပြည်နယ်အတွက် ဒေါ်လာ ၃.၂ သန်း ထပ်မံပေးအပ်ရန် Bob Carr ကြေငြာ

( 10 July 2013 ရက်စွဲပါ  Yahoo မှ  ABC သတင်းဌာန၏  Bob Carr announces $ 3.2 Million and boost for Myanmar’s Rakhine State ကိုဘာသာပြန်ပါသည် )

  1.  တရုတ် အာဆီယံ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် မြန်မာသမ္မတ မျှော်လင့်

( xinhua  မှ 10 July 2013  ရက်စွဲပါ “ Myanmar President hopes better China Asean relation ” သတင်း ကိုဘာသာပြန်ဆိုသည်)

  1.  ဂျပန်  Aeon ကုမ္ပဏီမြန်မာနိုင်ငံတွင် ကရက်ဒစ်ဝန်ဆောင်မှု စတင်

(The Japan News မှ  11 July 2013  ရက်စွဲပါ “ Aeon Launches Credit Service In Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဂျာကာတာက ရိုဟင်ဂျာများ တရားဝင်ရပိုင်ခွင့်အတွက် မြန်မာနိုင်ငံကို ဖိအားပေး

(10 July 2013 ရက်စွဲပါ  VOA News မှ Ron Corben ၏ Jakarta pressing Burma on Rohingya Legal  rights  ကို ဘာသာပြန်ပါသည်)


ရခိုင်ပြည်နယ်အတွက် ဒေါ်လာ ၃.၂ သန်း ထပ်မံပေးအပ်ရန် Bob Carr ကြေငြာ

( 10 July 2013 ရက်စွဲပါ  Yahoo မှ  ABC သတင်းဌာန၏  Bob Carr announces $ 3.2 Million and boost for Myanmar’s Rakhine State ကိုဘာသာပြန်ပါသည် )

သြစတြေးလျအစိုးရသည်  မြန်မာနိုင်ငံရခိုင်ပြည်နယ် မငြိမ်သက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူများအတွက် စာနာ သော အကူအညီများပေးရန် နောက်ထပ်ဒေါ်လာ ၃ .၂ သန်းကူညီရန် ကြေငြာခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် ရန်ကုန်မြို့တွင် ရောက်ရှိနေပြီး သမ္မတဦးသိန်းစိန်နှင့် လည်းကောင်း၊ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများကြောင့် လူပေါင်း ( ၁၉၂ ) ဦး သေဆုံးပြီး၊ လူပေါင်း ( ၁၄၀၀၀၀ )ခန့် အိုးမဲ့အိမ် မဲ့ဖြစ်ကြရပါသည်။

ဆီနီတာ Carr ကပြောကြားရာတွင် ယခုထပ်မံပေးအပ်ခဲ့သော အကူအညီကြောင့် ရခိုင်ပြည်နယ်အတွက် သြစတြေး လျ၏  စုစုပေါင်း အကူအညီသည် ဒေါ်လာ ( ၉ )သန်းအထိရောက်ရှိဟု ဆိုပါသည်။

“  ကျွန်တော်တို့ရဲ့ အကူအညီက နောက်ထပ် ထပ်တိုးလာတဲ့ လူ( ၉၀၀၀) အတွက် အိမ်အမိုးအကာ ရဖို့ ဖြစ်ပါတယ်” ဟု ၄င်းက ပြောပါသည်။

“ အဲဒီငွေနဲ့ စခန်းတွေမှာ ရေနဲ သန့်ရှင်းမှု တိုးတက်အောင် လုပ်ရပါမယ်။ အိုးမဲ့အိမ်မဲ့လူတွေ၊ အထူးသဖြင့် အမျိုး သမီးများနဲ့ ကလေးများကို လုံခြုံမှုနဲ့ လုံခြုံရေးကို ကူညီသွားမှာပါ”ဟု ဆိုပါသည်။

“ သြစတြေးလျဟာ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုဆိုင်ရာပြဿနာတွေရဲ့ ဆိုးရွားမှုတွေကို ကူညီဖို့ အများ ဆုံးအလှူရှင် ဖြစ်ပါတယ်” ဟု ဆိုပါသည်။

သြစတြေးလျအစိုးရသည် နှစ်ပေါင်း (၃၀)အတွင်း မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်သန်းခေါင်စာရင်း ကောက်ယူရေး အတွက် ဒေါ်လာ(၃)သန်းပေးလှူခဲ့ပါသေးသည်။


 တရုတ် အာဆီယံ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် မြန်မာသမ္မတ မျှော်လင့်

(  xinhua  မှ 10 July 2013  ရက်စွဲပါ “ Myanmar President hopes better China Asean relation ” သတင်းကိုဘာသာ ပြန်ဆိုသည်)

တရုတ်နှင့် အာဆီယံဆက်ဆံရေးသည် ယခုအခါ အချိန်ကောင်းနှင့် ကြုံတွေ့နေရပြီး၊ တရုတ်- အာဆီယံ မဟာဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက် လက်တွဲမှုသည် ရှေ့လျှောက်ပိုမို တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပါသည်။

တရုတ် - အာဆီယံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လက်တွဲမှု ၁၀ နှစ်မြောက် အထိမ်းအမှတ် အတွက်  documentory ရိုက်ကူးသည့် အဖွဲ့နှင့်  Xinhua သတင်းဌာန တို့ ပူးပေါင်းပြုလုပ်သော အင်တာဗျူးတွင်  မြန်မာသမ္မတက ထို့သို့မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်သည် တရုတ်- အာဆီယံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် လက်တွဲမှု ၁၀ နှစ်ပြည့်ခဲ့သောကြောင့်ထူးခြားသောနှစ် ဖြစ်သည်ဟု ဦးသိန်းစိန်က ဆိုပါသည်။

“  မြန်မာနိုင်ငံဟာ ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူတော့မှာ ဖြစ်ပါသည်။ လက်ရှိ အချိန်မှာ တရုတ်- အာဆီယံ ဆက်ဆံရေး ကောင်းနေပါတယ်။ အနာဂတ်မှာ ပိုပြီးတော့ ကောင်းလာဦးမှာပါ။ ဒီထက် ပို၍ ပို၍ ကောင်း လာလိမ့်ဦးမယ် လို့လည်း မျှော်လင့်ပါတယ်” ဟု ဦးသိန်းစိန်ကပြောကြားသည်။

တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဦးသိန်းစိန်က မှတ်ချက်ပေးရာတွင် တရုတ်- မြန်မာနှစ်နိုင်ငံသည် နှစ်ဖက်ပြည်သူများအကြား ကာလရှည် ချစ်ကြည်ရင်းနှီးခဲ့ကြသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော်အဆင့်မှ မဟာဗျူဟာမြောက် ပူးပေါင်းလက်တွဲဖော်အဆင့်သို့ မြှင့်တင်နေကြောင်း မြန်မာနိုင်ငံအခက်အခဲတွေ နေချိန်တွင်  တရုတ်နိုင်ငံ မြန်မာ ဘက်မှ ရပ်တည်ကာ၊ အကူအညီများ ပေးခဲ့ကြောင်း ရှင်းလင်း ပြောဆိုပါသည်။

ထို့အပြင် တရုတ်နိုင်ငံသည်  မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ယူနန်ပြည်နယ်နှင့် ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်နေခြင်းကြောင့် ပုံမှန်ကုန်သွယ်ရေးအပြင် နယ်စပ်ကုန်သွယ်ရေးကိုပါ လုပ်ကိုင်ခဲ့ကြသည်ဟု ဦးသိန်းစိန်က ဆိုပါ သည်။

မကြာသေးခင်အချိန်က ကျယ့်ကျယ့်ပြန့်ပြန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လက်တွဲရေးနှင့် ပတ်သက် သည့် အကောင်အထည်ဖော်မှု အစီအစဉ်ကို နှစ်နိုင်ငံ လက်မှတ်ထိုးခဲ့ကြပြီး ပိုမိုရင်းနှီးမြှုပ်နှံမှုများနှင့်စီးပွားရေး ဆက်ဆံရေး ကောင်းမွန်မှုများကြောင့်နှစ်နိုင်ငံ ကုန်သွယ်ရေး ချဲ့ထွင်နိုင်ကြမည်ဟု ယုံကြည်ကြောင်း ဦးသိန်းစိန်က ဆက်လက်ပြောကြား သည်။

အင်တာဗျူး အဆုံးသတ်တွင် ဦးသိန်းစိန်က တရုတ်-မြန်မာဆက်ဆံရေးသည် လက်ရှိတွင် ကောင်းမွန်နေပြီး၊ နောက်တွင် ပို၍ပင် ကောင်းမွန်လာဦးမည်ဖြစ်ကြောင်း အထူးအလေးထားပြောဆိုသွားပါသည်။

တရုတ်-မြန်မာဆက်ဆံရေးသည် ယခုမျိုးဆက်တွင် သာမကပဲ အနာဂတ်မျိုးဆက်များတွင်လည်း ဆက်လက်ခိုင်မာ တိုးတက်နေဦးမည်ဟု ဦးသိန်းစိန်က မျှော်လင့်ယုံကြည်နေပါသည်။


 ဂျပန်  Aeon ကုမ္ပဏီ မြန်မာနိုင်ငံတွင် ကရက်ဒစ်ဝန်ဆောင်မှု စတင်

(The Japan News မှ  11 July 2013  ရက်စွဲပါ “ Aeon Launches Credit Service In Myanmar”  သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံမှ  Aeon Financial Service  ငွေကြေးဝန်ဆောင်မှုကုမ္ပဏီသည် ရန်ကုန်မြို့တွင် အသစ်ဖွင့်လှစ်သော လက်အောက်ခံကုမ္ပဏီမှတဆင့် မြန်မာနိုင်ငံတွင် စားသုံးသူချေးငွေဝန်ဆောင်မှုကို စတင်တော့မည် ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် လုပ်ငန်းဆောင်ရွက်ရန် ဒေသအာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း Aeon Co ၏ ဘဏ္ဍာရေးဌာနက အင်္ဂါနေ့က ပြောကြားပါသည်။

လက်အောက်ခံကုမ္ပဏီခွဲ အသစ်ဖြစ်သည့် Aeon Microfinance ( Myanmar) Co သည်အိမ်အသုံးအဆောင်နှင့် ပရိဘောဂ အဓိကရောင်းချသော အဖွဲ့ဝင် စတိုးဆိုင် ၁၀၀ ခန့် အား အရစ်ကျငွေပေးချေခြင်း ဝန်ဆောင်မှုများကို ကမ်းလှမ်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

နောက်ကာလတွင် အကြွေးဝယ်ကရက်ဒစ်ကဒ်များကိုပါ ထုတ်ပေးသွားရန် ကုမ္ပဏီက စီစဉ်ထားသည်။

Aeon Financial Service   ကုမ္ပဏီ၏ အဆိုအရ ၄င်းတို့ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်  Consumer Credit Services ပေးသော ပထမဆုံး ဂျပန်ကုမ္ပဏီဖြစ်သည် ဟု သိရှိရသည်။


ဂျာကာတာက ရိုဟင်ဂျာများ တရားဝင်ရပိုင်ခွင့်အတွက် မြန်မာနိုင်ငံကို ဖိအားပေး

(10 July 2013 ရက်စွဲပါ  VOA News မှ Ron Corben ၏ Jakarta pressing Burma on Rohingya Legal  rights  ကို ဘာသာပြန်ပါသည်)

အင်ဒိုနီးရှားနိုင်ငံက မြန်မာအစိုးရအား မူဆလင်ရိုဟင်ဂျာများအား တရားဝင်အနေအထား ခွင့်ပြုရန် ဖိအားပေးခဲ့ပါ သည်။  ရိုဟင်ဂျာများသည် အင်ဒိုနီးရှားနှင့် အခြားတိုင်းပြည်များသို့ ခိုလှုံရန် ထွက်ပြေးလျက်ရှိရာ၊ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း လူမျိုးရေးအကြမ်းဖက်မှုများကို ပြီးဆုံးသွားအောင် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောခဲ့သည်ဟု Ron Corben က သတင်းပေးပို့ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက  မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး များကို ဖိဖိစီးစီးပြုလုပ်ရန် နှင့် နိုင်ငံမဲ့ ဖြစ်နေသော မူဆလင် ရိုဟင်ဂျာများကို  တရားဝင် ရပိုင်ခွင့်များ အသိအမှတ်ပြုရန် ပြောကြားခဲ့ပါသည်။

နာတာလီဂါဝါက ဗုဒ္ဓဟူးနေ့က သတင်းထောက်များအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

“ဒီကိစ္စက တရားဝင် ရပ်တည်ခွင့်ကိစ္စ ဖြစ်ပါတယ်။တဖက်က ကြည့်လျှင် နိုင်ငံရေးအရရော တရားဥပဒေရေးရာ အရ လည်းကောင်း  ဆက်စပ်နေပါတယ်။ အခုကျွန်တော်တို့က မြန်မာအစိုးရကို  အခြေခံကျတဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖို့ အားပေး နေတာပါ။ ဒါမှသာ ရိုဟင်ဂျာတွေဟာ အခြားနိုင်ငံ သားများနည်းတူ  တရားဝင်ရပ်တည်ခွင့်နဲ့  တရားဥပဒေဆိုင်ရာ ပိုင်ခွင့်များ ခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု နာတာလီဂါဝါက ပြောပါသည်။

မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများသည်  အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများအဖြစ် ရှင်းပြပြီး  ရိုဟင် ဂျာများကို အသိအမှတ်ပြုခဲ့ခြင်း မရှိပေ။

နာတာလီဂါဝါ က ပြောကြားရာတွင် ယခုအခါ မြန်မာနိုင်ငံတွင် ဘာသာရေးအရ သွေးထွက်သံ ယိုဖြစ်မှုကြောင့် လူများစု ဗုဒ္ဓဘာသာများနှင့်  မူဆလင် လူနည်းစုကြားတွင် တစ်ဦးအပေါ်တစ်ဦး  မယုံကြည်မှု ကြီးစွာဖြစ်လျက်ရှိသည်ဟု ဆိုပါ သည်။ အင်ဒိုနီးရှားတွင်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်စဉ်  1990 နှောင်းပိုင်းက ထိုသို့သောအကြမ်းဖက် မှုမျိုးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ဘူး သည်ဟု ၄င်းက ဆိုပါသည်။အင်ဒိုနီးရှားအနေဖြင့်  အသိုင်းအဝိုင်းကြား နားလည်မှု ပြန်လည်  တည်ဆောက်ရေးအတွက်  မြန်မာနိုင်ငံမှ  အာဏာပိုင်များအား  အတွေ့အကြုံများ မျှဝေရန်အသင့်ရှိသည်ဟု ဆိုပါ သည်။

“ဒါကြောင့် ကိုင်တွယ်ဖြေရှင်းရမည့် အရေးကိစ္စတစ်ခုတော့ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ဒါပေမယ့် ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုရဲ့   မလုပ်မဖြစ်လုပ်ရမဲ့  ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို သတ်သတ် ခွဲခြားဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒီမိုကရေစီနည်းကျကျ အသွင်ပြောင်းနိုင်ဖို့ လူမျိုးရေး တင်းမာမှုတွေနဲ့  အလျားလိုက်ကျုတဲ့  ပဋိပက္ခတွေကို တစ်ခုပြီးမှ တစ်ခု မဟုတ်ဘဲ တပြိုင်နက် ကိုင်တွယ်ဖြေရှင်းရပါလိမ့်မည်” ဟု  ၄င်းက ပြောပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင်  လူကုန်ကူးမှုများနှင့် ဒေသတွင်း လှေဖြင့် လူများ ထွက်ပြေးလာမှုကို တိုက်ဖျက် ရန် အဓိကကျသော  ဒေသတွင်း ကွန်ဖရင့် တစ်ခု ကျင်းပရန် စီစဉ် လျက်ရှိပါသည်။

 


 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment