Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ အစိုးရသစ် လက်ထက်မှာ ဖြေလျှော့မှုတွေ အများကြီးလုပ်ပေးလို့ အဲဒီအပေါ်မှာ မသမာတဲ့ လုပ်ငန်းရှင်တွေက အခွင့်အရေးယူပြီး သူတို့ အကျိုးအတွက် အမြတ်ထုတ်လုပ် နေကြတာဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ သေချာ စိစစ် ကိုင်တွယ်နေပါတယ်။”

၂၀၁၃ ဇွန်လ ၁၄ ရက်နေ့ Empire နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရသစ် လက်ထက်တွင် မှောင်ခို ကုန်ပစ္စည်း ၀င်ရောက်မှု ပိုမို များပြားနေဟု စီးပွား/ကူးသန်း ၀န်ကြီးဆို” သတင်းမှ စီးပွား/ကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နစက ကွပ်ကဲရေးမှူးရေး တာဝန်ကို လေလောဆယ်မှာ လုံထိန်းရဲတပ်ဖွဲ့စု ကွပ်ကဲရေးမှူး ရဲမှူးကြီး ဗိုလ်ဗိုလ်ဦးက လက်ခံ ထားဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဒီနေ့ကစပြီး ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။”

၂၀၁၃ ဇွန်လ ၁၄ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နစက ဖျက်သိမ်းခြင်း အတွက် နယ်စပ်ဒေသတွင် လုံခြုံရေးအင်အား လျော့သွားမည်မဟုတ်ကြောင်းနှင့် လုံထိန်းရဲတပ်ဖွဲ့မှ အစားထိုး တာဝန်ယူ မည်” သတင်းမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီဥက္ကဋ္ဌပြည်နယ် ဥပဒေချုပ် ဦးလှ သိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာပြည်ကနေ ဘွဲ့ရပြီးသွားတာ ဆိုရင်တော့ ဒီက ဆေးကျောင်းကနေ အသိအမှတ်ပြုပြီးသားပေါ့။ ပြည်ပမှာ ကျောင်း တက်ပြီး ဘွဲ့ရတာကျတော့ အရေးကြီးတာက ဘယ်ကျောင်းမှ တက်သလဲ။ အဲဒီကျောင်းက တော့ ဟိုနိုင်ငံရဲပ ဆေးကောင်စီ နဲ့ ဒီက မြန်မာနိုင်ငံ ဆေးကောင်စီ အသိအမှတ်ပြုထားတဲ့ ကျောင်းလား။ အဲဒါတော့ လိုတယ်။ ဘွဲ့ဆိုတာတော့ Ph.D ဘွဲ့လဲ ပိုက်ဆံပေးလိုက်လဲ ရတာပဲ။ ဒါမျိုးဆိုရင်တော့ ဘာမှ အရည်အချင်း မရှိဘဲနဲ့ မြန်မာပြည်မှာ လာပြီး လက်တည့်စမ်း ကုမယ်ဆို ရင် ကိုယ့် တိုင်းသူပြည်သားတွေ နစ်နာမှာစိုးလို့ ကိုယ့်တိုင်းသူပြည်သားတွေ နစ်နာမှာ စိုးလို့ သေသေချာချာ စိစစ်ပြီး လက်ခံ သွားမယ်”

၂၀၁၃ ဇွန်လ ၁၄ ရက်နေ့ Flower News ဂျာနယ် အတွဲ(၉) ၊ အမှတ် (၂၇) တွင်ပါရှိသော “ပြည်ပရောက် မြန်မာ ဆရာဝန်များနှင့် အထူးကု ပါမောက္ခကြီးများကို သမ္မတကြီး အစီအစဉ်ဖြင့် ဆမလက်မှတ် ထုတ်ပေးတော့မည်” သတင်းမှ မြန်မာနိုင်ငံ ဆေးကောင်စီ အမှုဆောင် နှင့် ပါမောက္ခဒေါက်တာ မြသိန်းဟန် (ဗိုလ်မှူးချုပ် - ငြိမ်း) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အင်မတန်ကောင်းတဲ့ နမူနာကောင်း တစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ စနစ်တကျပို၍ ပွင့်လင်း မြင်သာသော အများရဲ့ ဆန္ဒနဲ့ သေသေချာချာလေး လုပ်ကိုင်သွားနိုင်အောင် ဦးတည်နေပြီလို့ သုံးသပ်ပါတယ်”

၂၀၁၃ ဇွန်လ ၁၄ ရက်နေ့ The Voice နေ့စဉ်ထုတ်ဂျာနယ်တွင် ပါရှိသော “UMFCCI ဘဏ္ဍာရေးရှင်းတမ်းကို ကန့်ကွက်ခြင်း ပွင့်လင်းမှုသို့ ဦးတည်ဟုဆို” သတင်းမှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင့်နိုင်သိန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး။ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ဟတ်ကြီး ရေလှောင်တမံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ရော KNU ရဲ့ သဘော ထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ဒါကတော့ ပြည်သူလူထုပေါ် မူတည်တယ်လေ။ သူတို့ ဘယ်လို ဆန္ဒရှိလည်း ဆိုတာကို လေ့လာရမှာပေါ့။ လုပ်သင့် တယ်။ မလုပ်သင့်ဘူးဆိုတာ ကလည်း ပြည်သူလူထု ဆန္ဒပေါ်မှာ မူတည်တယ်။

၂၀၁၃ ဇွန်လ ၁၆ ရက်နေ့ထုတ် Media One ဂျာနယ် အတွဲ (၁) ၊ အမှတ် (၄၇) တွင် ပါရှိသော “KNU တပ်မဟာ - ၄ မှ ဗိုလ်မှူးကြီး စောမုကယ်နှင့် တွေ့ဆုံခြင်း” အင်တာဗျူးမှ KNU တပ်မဟာ - ၄ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး စောမုကယ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

လာဘ်စားသော အရာရှိများ ရာထူးမှဖယ်ရှားခံရ

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိများ အပါအဝင် ဝန်ထမ်း ၂၀ ကျော်ကို ရာထူးမှဖယ်ရှား လိုက်သည့်အပြင် အဆိုပါတာဝန်မှ ရပ်ဆိုင်းခံရသော အရာရှိများက နိုင်ငံတော်သို့ လျော်ကြေးငွေ သိန်းနှစ်သောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။ အရေးယူခံရသည့် အရာရှိများမှာတိုင်းမှူးနှစ်ဦးအပါအဝင် ရန်ကုန်၊ မန္တလေးမြို့များမှ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူးများ ဖြစ်ပြီး ပြည်တွင်းဦးစီးဌာနတွင် အဂတိလိုက်စားမှုများ ရှိနေကြောင်း အောက်ခြေဝန်ထမ်းများမှ ပြည်ထောင်စု အစိုးရထံသို့ တိုင်ကြားခဲ့ခြင်းမှတဆင့် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အိမ်ခြံ မြေရောင်းဝယ်ရာတွင် အခွန်အပြည့်အဝ မရမှုတို့ကြောင့် ဈေးနှုန်းစံသတ်မှတ် ချက်ထား၍ အခွန်ကောက်ယူမှု များကိုလည်း ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးမှ ပြောသည်။


နစက ဖျက်သိမ်းပြီး ၎င်းတို့၏တာဝန်များကို လုံထိန်းများတာဝန်ထမ်းဆောင်မည်

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက) အား ၂၀၁၃ ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ ဖျက်သိမ်း လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် လက်ရှိ ရခိုင်ပြည် နယ်စပ်ဒေသတွင် လုံခြုံရေး အတွက် တာဝန်ယူထမ်းဆောင်လျက်ရှိသော နစကအဖွဲ့ အင်အားထောင်ချီရှိနေပြီး အဆိုပါ နစကအဖွဲ့ဝင်များ၏ တာဝန်များ အား လုံထိန်းရဲတပ်ဖွဲ့များမှ အစားထိုးတာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ဖျက်သိမ်းလိုက်သော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဦးစီးဌာနချုပ် (နစက) ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့တွင် တပ်မတော်၊ ရဲ၊ အကောက်ခွန်၊ လဝက ဝန်ထမ်းများဖြင့် ပေါင်းစည်းကာ နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းထားခဲ့ ခြင်းဖြစ် သည်။


SMEs လုပ်ငန်းများစနစ်ကျစေရန် ဂျာမနီကူမည်

အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (SMEs) များကို အရင်းအနှီးများ ထုတ်ချေးရာတွင် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် နည်းပညာရပ်များအတွက် ဂျာမနီနိုင်ငံ အခြေစိုက် GIZ အဖွဲ့ အစည်းက ဌာနခွဲများ ဖွင့်လှစ်ကူညီရန် ပြည်တွင်းဘဏ် သုံးခုကို ရွေးချယ်မည် ဖြစ်ကြောင်း GIZ မှ ဦးဆောင် ပညာရှင် ဦးစံသိန်းထံမှသိရသည်။ မြန်မာအစိုးရနှင့် ဂျာမနီနိုင်ငံအစိုးရချင်း အစီအစဉ်ဖြင့် GIZ က မြန်မာနိုင်ငံရှိ ဘဏ်များ၏ ဘဏ္ဍာရေး မြှင့်တင်ရန် ရည်ရွယ်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ် ဆောင်မည့် စီမံချက်ဖြစ်သည်။ ၂၀၁၄ ခုနှစ် မတ်လစတင်၍ ရွေးချယ်ခံရသည့် ဘဏ်သုံးခုနှင့် အကြိုသဘောတူ လက်မှတ်ထိုးကာ Institution များ တည်ထောင် ပေးမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာအထိ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာရပ်များတွင် အကူအညီပေးသွား မည် ဖြစ်သည်ဟုလည်း ဖော်ပြပါရှိသည်။ GIZ သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ဝန်ထမ်းအင်အား ၁၇,၀၀၀ ကျော်ဖြင့် လည်ပတ်နေပြီး ဂျာမနီ အစိုးရကို ကျောထောက်နောက်ခံ ပြုထားသောအဖွဲ့ ဖြစ်သည်။


 UNFC နှင့်အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့တွေ့ဆုံ
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကိုယ်စားလှယ်အဖွဲ့တို့ သည် ဇူလိုင်လ ၁၃ ရက်နေ့ ထိုင်းနိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  အစိုးရ ကိုယ်စားလှယ်များအနေဖြင့် အပစ်အခတ် ရပ်စဲရေး ကို ဦးစားပေးအဖြစ် လုပ်ဆောင်ရန်လိုလားနေကြောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များဘက်ကမူ နိုင်ငံရေးဆွေးနွေးမှု များနှင့်အတူ အပစ်အခတ်ရပ်စဲရေးကိုပါ တစ်ပါတည်း လုပ်ဆောင်ရန်လိုသောကြောင့် နှစ်ဘက်အကြား အနည်းငယ်ကွာဟ မှုများ ရှိနေခဲ့ကြောင်း သိရသည်။

ပြည်တွင်း အကြမ်းဖက်မှုများကြောင့် နိုင်ငံတကာမှ ပြစ်တင်ဝေဖန်ခြင်းခံရကြောင်း သမ္မပြော

လက်ရှိပြည်တွင်း၌ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်လာစေရန် အတွက် လှုံ့ဆော်နေသူတို့၏ လုပ်ရပ်များကို နိုင်ငံတော်သမ္မတမှ “လူတစ်စုရဲ့ မဆင်မခြင်လုပ်ရပ်” ဟုခေါင်းစဉ်တပ် ပြစ်တင်ခဲ့ပြီး ၎င်းတို့ဖန်တီးသည့် အဆိုပါ ဆူပူအကြမ်းဖက်မှုများသည် ယခုအခါတွင် နိုင်ငံတကာအသိုင်းအဝိုင်း မှလည်း များစွာရှုံ့ချ ပြစ်တင်လျက်ရှိကြောင်း ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင်ပြုလုပ်ကျင်းပသော ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။ အဆိုပါ ဘာသာရေးအသွင်ဆောင်သည့် အကြမ်းဖက်မှုများ သည် ပြည်တွင်း၌သာ ပြီးဆုံးမသွားဘဲ ဒေသတွင်းပြဿနာ ဖြစ်အောင်၊ နိုင်ငံတကာပြဿနာဖြစ်အောင် ပုံဖော်ကြိုးပမ်းနေ သည့်အတွက် ကုလသမဂ္ဂကပင် ပြစ်တင်ဝေဖန် လျက်ရှိကြောင်း သမ္မတမှ ဆက်လက်ပြောကြားသွားခဲ့သည်။


ပြည်တွင်း စစ်ပွဲများ ချုပ်ငြိမ်းမှသာ တပ်မတော်နှစ်ရပ်၏ ထိတွေ့ဆက်ဆံမှု တိုးမြှင့်မည်ဟု ကန်ပြော

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေဆဲဖြစ်သော တိုက်ပွဲများ ရပ်ဆိုင်းနိုင်မှသာ မြန်မာ့တပ်မတော် နှင့် ထိတွေ့ ဆက်ဆံမှုကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း အမေရိကန်တပ်မတော် စစ်ဥပဒေချုပ်က ၈၈မျိုးဆက် ကျောင်းသားများနှင့် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်ဟု သိရသည်။ ထို့နောက် မြန်မာတပ်မတော်အနေဖြင့် မြေယာ သိမ်းဆည်းမှုများ၊ တပ်တွင်းကလေးစစ်သား ထားရှိခြင်းများနှင့် အဓမ္မ လုပ်အားပေးခိုင်းစေမှုများ မရှိစေရန် အမေရိကန် တပ်မတော်မှ တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကန်စစ်ဥပဒေချုပ်က ထည့်သွင်းဆွေးနွေးသွားခဲ့သည်ဟု သိရှိရသည်။


 

 

 

 

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment