Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1.  မြန်မာ - တရုတ် ဓါတ်ငွေ့ပိုက်လိုင်း အစမ်းလည်ပတ်မှု စတင်

(Platts News မှ 17 July 2013 ရက်စွဲပါ “Myanmar – China gas pipeline starts trial operations: CNPC” သတင်း ကိုဘာသာပြန်ဆိုသည်)

  1. ထိုင်းက ဆန်အတွက် ငွေစိုက်ထုတ်မှုများကြောင့် မြန်မာနိုင်ငံအကျိုးဖြစ်

(15 July 2013 ရက်စွဲပါ International Business Times မှ Sophie Song ရေးသားသော Myanmar Benefits from Thai rice subsidy as Thai traders increase rice trade ကိုဘာသာပြန်ဆိုသည်)

  1. လူ့အခွင့်အရေး ဆက်လက်တင်းကြပ်မှုနှင့် မြန်မာပြည်သူများရင်ဆိုင်နေရ

(UPI မှ 17 July 2013 ရက်စွဲပါ “Myanmar faces additional rights scrutiny ” သတင်းကိုဘာသာပြန်ဆိုသည်)


  မြန်မာ - တရုတ် ဓါတ်ငွေ့ပိုက်လိုင်း အစမ်းလည်ပတ်မှု စတင်

(Platts News မှ 17 July 2013 ရက်စွဲပါ “Myanmar – China gas pipeline starts trial operations: CNPC” သတင်း ကို ဘာသာပြန်ဆိုသည်)

မြန်မာ - တရုတ် ဓါတ်ငွေ့ပိုက်လိုင်းတွင် ဓါတ်ငွေ့ စတင်ဖြတ်သန်းနေပြီ ဖြစ်ပြီး၊ အစမ်းလည်ပတ်မှုကို စတင်ပြုလုပ် နေသည်ဟု တရုတ်နိုင်ငံပိုင် China National Petroleum Corporation က ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ အနောက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ရှိ ဓါတ်ငွေ့ပိုက်လိုင်း စတင်ရာ ကျောက်ဖြူဓါတ်ငွေ့ စတေရှင်မှ ပိုက်လိုင်းအား values များကို တနင်္လာနေ့မနက်တွင် ဖွင့်လိုက်ကြောင်း CNPC က ပြောကြားသည်။

တစ်နှစ်လျှင် ဓါတ်ငွေ့ကုဗမီတာ ၁၂ ဘီလျံ ဖြတ်သန်းတင်ပို့မည့် ပိုက်လိုင်းကို CNPC ၏ လက်အောက်ကုမ္ပဏီခွဲ Southeast Asia Pipeline Co က စီမံခန့်ခွဲမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်ရှိ ရွှေဓါတ်ငွေ့စီမံကိန်းမှ ဓါတ်ငွေ့များကို တရုတတောင်ပိုင်း ယူနန်ပြည်နယ်သို့ တင်ပို့ကာ ထိုမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းရှိ ပိုက်လိုင်းသို့ ဆက်သွယ်မည်ဖြစ်သည်။

အဆိုပါ ရွှေဓါတ်ငွေ့စီမံကိန်းကို ဇူလိုင် ၁၁ ရက်တွင် စတင်လည်ပတ်ရန် ရည်မှန်းထားသော်လည်း စီမံကိန်း အော်ပရေတာ Daewoo International သည် ၎င်း၏ ထုတ်လုပ်ရေးပလက်ဖောင်းတွင် ပြဿနာအချို့ ကြုံတွေ့ရသော ကြောင့် ယခင်သီတင်းပတ်အတွင်း ဖြေရှင်းရန် ကြိုးစားခဲ့ရသည်ဟု မြန်မာအစိုးရပိုင် ရေနံဓါတ်ငွေ့လုပ်ငန်း MOGE တာဝန်ရှိ သူများက ဇူလိုင် ၉ ရက်တွင် Platts သတင်းဌာနသို့ ပြောကြားသည်။

ရွှေစီမံကိန်းမှ တစ်ရက်လျှင် ဓါတ်ငွေ့ကုဗပေ ၅၀၀,၀၀၀ ထုတ်လုပ်သွားရန် အော်ပရေတာ Daewoo International က ရည်မှန်းထားပြီး CNPC သို့ တစ်ရက်လျှင် ဓါတ်ငွေ့ကုဗပေ ၄၀၀,၀၀၀ တင်ပို့ကာ ကျန်ဓါတ်ငွေ့ကို မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးမည်ဟု သိရှိရသည်။

ရွှေစီမံကိန်းမှ ဓါတ်ငွေ့များကို တရုတ်နိုင်ငံအတွင်း ပိုက်လိုင်းသွယ်တန်းမှု ပြီးစီး၍ မြန်မာ - တရုတ် ဓါတ်ငွေ့ပိုက် လိုင်း အမှန်တကယ် စတင်မည့်အချိန်အထိ မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်သို့ ရှေးဦးစွာ တင်ပို့သွားမည်ဟု MOGE က ယခင်လက ပြောကြားထားသည်။

ရွှေစီမံကိန်းမှ ဓါတ်ငွေ့သည် တရုတ်နိုင်ငံသို့ သြဂုတ်၊ စက်တင်ဘာ တစ်ဝိုက်တွင် ရောက်ရှိနိုင်မည်ဟု မျှော်လင့်ရ ကြောင်း MOGE တာဝန်ရှိသူများက ခန့်မှန်းပြောကြားခဲ့သည်။


ထိုင်းက ဆန်အတွက် ငွေစိုက်ထုတ်မှုများကြောင့် မြန်မာနိုင်ငံအကျိုးဖြစ်

(15 July 2013 ရက်စွဲပါ International Business Times မှ Sophie Song ရေးသားသော Myanmar Benefits from Thai rice subsidy as Thai traders increase rice trade ကိုဘာသာပြန်ဆိုသည်)

ထိုင်းအစိုးရသည် ၎င်း၏စပါးစိုက်သော လယ်သမားများ အကျိုးအမြတ်ရရှိစေရန် အန္တရာယ်ကြီးပြီး ငွေကုန်ကြေးကျ များသည့် ငွေစိုက်ထုတ်ပေးသည့် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လျက်ရှိရာ အဆိုပါ အစီအစဉ်အရ အစိုးရသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ(၄.၄) ဘီလီယမ် ကုန်ကျခဲ့ပါသည်။ သို့သော် ထိုအစီအစဉ်အရ မမျှော်လင့်ပဲ အကျိုးအမြတ်ရှိ သွားသည်မှာ မြန်မာနိုင်ငံဖြစ်သွားပါသည်။ ထိုင်းကုန်သည်များသည် မြန်မာနိုင်ငံမှ ဆန်များကို သွားရောက်ဝယ်ယူပြီး ထိုင်းအ စိုးရထံ ဈေးမြင့်မြင့်ဖြင့် ပြန်လည်ရောင်းချကြပါသည်။

“ထိုင်းက မြန်မာနိုင်ငံကဆန်ကို မဝယ်တာအတော်ကြာပါပြီ။ ဒါပေမယ့် ဒီနှစ်အစပိုင်းမှာ ထိုင်းကုန်သည်တွေက မြန်မာနိုင်ငံက ပုံမှန်ဆန်နဲ့ ဆန်အကျိုးတွေကိုဝယ်ပြီး နယ်စပ်ကနေ တင်ပို့ပါတယ်”ပာု မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း (MRMF)အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောခဲ့သည်ပာု ထိုင်းအခြေစိုက် ဧရာဝတီသတင်းစာ၏ အဆိုအရ သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ စီမံကိန်းမှာ ရိုးရိုးလေးပင်ဖြစ်သည်ပာု Time မဂ္ဂဇင်းအဆိုအရ သိရှိရပါသည်။ ထိုင်းအစိုးရသည် ၎င်း၏လယ်သမားများထံမှဆန်ကို မြင့်မားသော ဈေးနှုန်းဖြင့် ဝယ်ယူပါသည်။ ဈေးနှုန်းမှာ ဈေးကွက်ပေါက်ဈေးထက် ၅၀ ရာခိုင်နှုန်းမြှင့်၍ ဝယ်ယူပြီး ကမ္ဘာတစ်ဝှမ်းသို့ ဆန်တင်ပို့မှုကို ရပ်ဆိုင်းမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီး ဆုံးဆန်တင်ပို့သူဖြစ်သည့်အလျောက် ဆန်ပြတ်လပ်ပါက ကမ္ဘာ့ဆန်ဈေးနှုန်းတက်လာမည်ပာု ထိုင်းနိုင်ငံက မျှော်လင့်ပါသည်။ ထိုအချိန်တွင် ဈေးအမြင့်ဖြင့် ပြန်ထုတ်ရောင်းပါက အစိုးရက ကုန်ကျထားသောငွေများ ပြန်လည်ကာ မိနိုင်မည်ပာု မျှော်မှန်းပါ သည်။

ဝန်ကြီးချုပ်ယင်လတ်အစိုးရအတွက် ကံမကောင်းသော အချက်တစ်ခုမှာ ကမ္ဘာ့ဈေးကွက်၏ပါဝါကို လျှော့တွက် မိခြင်းဖြစ်ပါသည်။ ကုန်သည်များသည် ထိုင်းနိုင်ငံတွင် ဝယ်ယူနေရာမှ အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် တစ်ခါတစ်ရံ မြန်မာနိုင်ငံတို့သို့ ပြောင်း၍ဝယ်ယူကြပါသည်။

အိန္ဒိယနှင့် ဗီယက်နမ်တို့ကဲ့သို့သော နိုင်ငံများသည် အခွင့်အရေးကို အမိအရအသုံးချ၍ လစ်ပာာနေသော ဈေးကွက် ကို အမြန်ဖြည့်ကြပါသည်။ ထိုင်းအစိုးရသည် ဆန်ဈေးတက်လာသည်ကို မျှော်မှန်းခဲ့သော်လည်း ၎င်းတို့သည် ကမ္ဘာ့ဆန်ဈေး ကျလာသည်ကို ထိုင်ကြည့်နေရသည့် အဖြစ်သို့ ရောက်ရလေသည်။ ၎င်းတို့ စုဆောင်းလာခဲ့သော ဆန်တန်ချိန်(၁၇)သန်းကို အစိုးရကုန်ကျထားသည့် ငွေပြန်ရမည့်ဈေးနှုန်းနှင့် ရောင်းချရန် အခက်အခဲရှိလာပါသည်။

ထိုင်းကုန်သည်များအဖို့ ဗီယက်နမ်၊ အိန္ဒိယတို့နှင့် ရောင်းဝယ်ခြင်းနှင့်မတူသောအချက်မှာ မြန်မာနိုင်ငံမှ ဝယ်ယူထား သည့် အများစုမှာ ဥပဒေနှင့်မညီခဲ့ပေ။

ဇူလိုင်လအစောပိုင်းက ထိုင်းအစိုးရတာဝန်ရှိသူများသည် မြဝတီ-မဲဆောက်နယ်စပ်တွင် ကုန်တင်ကားပေါ်မှ ဆန် (၂၅)တန်တွေ့ရှိခဲ့သည်ပာု Bangkok Post ၏အဆိုအရ သိရှိရပါသည်။ ၎င်းတွင် ဖော်ပြထားသည်မှာ အဆိုပါဆန်များသည် ထိုင်းအစိုးရ၏ ဆန်စီမံကိန်းသို့ ပြန်လည်ရောင်းချရန်ဖြစ်သည်ပာုဆိုပါသည်။

MRMF သည် ထိုင်းနိုင်ငံသို့ နယ်စပ်မှ ဆန်ရောင်းဝယ်နေမှုကို စစ်ဆေးလျက်ရှိပြီး စည်းမျဉ်းများနှင့်အညီ ဖြစ်သင့် ပြီး မြန်မာဆန်ကုန်သည်များလည်း ပါဝင်သဖြင့် ကြီးကြပ်မည်ပာု ဆိုပါသည်။

“ထိုင်းနိုင်ငံကို ထွက်သွားတဲ့ဆန်တွေပာာ တရားဝင်လား၊ တရားမဝင်လားဆိုတာ ဖော်ထုတ်ဖို့လိုအပ်ပါတယ်”ပာု ဦးရဲမင်းအောင်ကဆိုပါသည်။

မြန်မာနိုင်ငံ၏ GDP ဖြစ်သော ဒေါ်လာ ၄၅.၄ ဘီလီယမ်၏ လေးပုံတစ်ပုံသည် လယ်ယာကဏ္ဍမှလာသည်ပာု လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၁၁ တွင်ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရှိရပါသည်။

လွန်ခဲ့သော နှစ်နှစ်က မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုသည် တန်ချိန်(၅၃၇၀၀၀)သာ ရှိခဲ့ရာမှ၊ ယခုဘဏ္ဍာနှစ်တွင် သုံးဆတိုး၍ တန်ချိန်(၁.၄)သန်းသို့ ရောက်ရှိလာပါသည်။

မြန်မာနိုင်ငံမှဆန်သည် တရုတ်နိုင်ငံသို့လည်း တရားမဝင်ရောင်းချလျက်ရှိပါသည်။ မြန်မာ-တရုတ်နယ်စပ်မှ တရား မဝင်ထွက်သွားသော ဆန်များမှာ များပြားလှပြီး တန်ချိန်ရှစ်သိန်းခန့်ရှိမည်ပာု ခန့်မှန်းကြောင်း ဦးရဲမင်းအောင်၏အဆိုအရ သိရှိရပါသည်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံပာာ ဆန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်မရှိသေးပါဘူး။ မြန်မာအစိုးရကတော့ တရုတ်နဲ့တွေ့တိုင်း ဒီကိစ္စပြောနေတာပါပဲ”ပာု ဦးရဲမင်းအောင်က ပြောသည်ပာု ဧရာဝတီက သတင်းရေးသားထားပါသည်။ “ဒီတော့ ရိုးရိုးလေးပဲ။ မြန်မာနိုင်ငံက ဆန်တွေက နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်ကို တရားမဝင်ထွက်နေပါတယ်။ တရုတ်အာ ဏာပိုင်တွေက ကုန်သည်တွေကို အရေးယူလို့ရနိုင်ပေမယ့် တရုတ်ပြည်ကဆန်လိုအပ်နေတော့ မျက်စိမှတ်ထားတာပေါ့”ပာု ၎င်းကဆိုပါသည်။

 


လူ့အခွင့်အရေး ဆက်လက်တင်းကြပ်မှုနှင့် မြန်မာပြည်သူများရင်ဆိုင်နေရ

(UPI မှ 17 July 2013 ရက်စွဲပါ “Myanmar faces additional rights scrutiny ” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီး၍ တရားစွဲ ဖိအားပေးမှုသည် တိုင်းပြည်တွင်း ဖြစ်ဆဲ၊ ရှိဆဲ ပြဿနာများ၏ ပုံရိပ်အဖြစ် တင်ဟပ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုက ပြောကြားသည်။

မြန်မာနိုင်ငံမှ နိုင်ငံရေး လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း လူ့အခွင့်အရေးအုပ်စု The Obserratory for the protection of human rights defenders ကပြောကြားလိုက်ခြင်းဖြစ်စသည်။ မြန်မာ နိုင်ငံမှ Generation wave လူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဝေဖြိုးကို တမင်တကာတရားစွဲဖိအားပေးမှုအပေါ် စိတ်ပျက်လက်ပျက် ဖြစ်မိကြောင်း အဆိုပါ အဖွဲ့က ပြောကြားသည်။

ဝေဖြိုးနှင့် အဖွဲ့ဝင်များသည် တရားမဝင် ပုံနှိပ်စာတမ်းများ ဖြန့်ချီမှုကို တားမြစ်သော ၁၉၆၂ ဥပဒေအရ ဖမ်းဆီး ခံရခြင်း ဖြစ်သည်။ ဝေဖြိုးကို လောလောဆယ်တွင် အချုပ်ခန်းအတွင်း ဖမ်းဆီးထားပြီး၊ ဇူလိုင် ၂၅ ရက်နေ့ တွင် တရားရုံး ထုတ်မည်ဖြစ်သည်။ ၎င်း၏လုပ်ဖော်ကိုင်ဖက်နှစ်ဦးမှာမူ အလားတူစွဲချက်များဖြင့် ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ပေးခြင်းခံရ သည်။

ဝေဖြိုးရဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ပိတ်ပင်ဖို့ တမင်တကာရည်ရွယ်လို့ယူဆရတဲ့ ဖမ်းဆီး တရားစွဲဆိုမှုကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်ဟု လူ့အခွင့်အရေးအုပ်စုက အင်္ဂါနေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ စတင်ခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံ တကာ၏ ချီးကျူးခြင်း၊ ကြိုဆိုခြင်းကို ခံယူနေရသော်လည်း ယင်းနိုင်ငံတော်၏ လူ့အခွင့်အရေးမှတ်တမ်း (သို့) အနေအထား မှာမူ ဆက်လက်တင်းကြပ်မှုကို ရင်ဆိုင်နေရဆဲပင်ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ လန်ဒန်တွင် တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ မွတ်ဆလင် ပဋိပက္ခကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် ကင်မရွန်း က တိုက်တွန်း ထားသည်။ မနေ့က ဦးသိန်းစိန်တွေ့ဆုံခဲ့သော ပြင်သစ်သမ္မတကလည်း အလားတူပင်တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးကို အပြည်အဝပေးလိုက်ပါက ယခင်အကြီးအကဲ ဟောင်းနှင့် အပေါင်းအပါများ၏ မတရားမှုများနှင့် ကိုယ်ကျိုးရှာမှုများ (ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ်သကဲ့သို့) ဖော်ထုတ်ခံ ရမည်ကို စိုးရိမ်သောကြောင့် အကန့်အသတ်နှင့် ဖြေလျှော့ကာ တင်းကြပ်ထားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ အကဲခတ် လေ့လာသူများက မှတ်ချက်ပေးထားကြသည်။               



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment