Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေတာကြာပြီဖြစ်လို့ ဒီမိုကရေစီရေးနဲ့ လူ့ အခွင့်အရေးကို ပြန်လည်ဖော်ဆောင်ဖို့လိုသလို ဗမာအာဏာရှင် ကျွန်ဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုလည်း  ကျွန်တော်တို့မေ့မထားသင့်ဘူးလို့ ယူဆပါတယ်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးစု တွေ တိုက်ပွဲဝင်တောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးကို ဖြေရှင်းနိုင်မှ ပြည်ထောင်စု မြန်မာ နိုင်ငံမှာ ပြည်တွင်းစစ်ကြီးရပ်စဲပြီး တရားဥပဒေစိုးမိုးမှုရှိပါမယ်။ တည်ငြိမ်အေးချမ်းမှုတွေရှိပါမယ်။ အဲဒီအခါမှ ဒီမိုကရေစီ အရေးတွေ၊ လူအခွင့်အရေးတွေကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အထက်ပါအရေးအားလုံးကို ဖြေရှင်းနိုင်ဖို့ဆိုရင် သော့ချက် ပြဿနာက စစ်အာဏာရှင်အုပ်စု ဆယ်နှစ်ကျော်ကြာ စိတ်ကြိုက်ရေးဆွဲထားတဲ့ နာဂစ်မုန်တိုင်းကြားထဲက  ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေကို ပထမဦးဆုံး ပြင်ရပါမယ်”

ဇူလိုင်လ ၂၆ ရက်နေ့ထုတ် Myanmar Post Global ဂျာနယ် အမှတ်(၁၁၉)တွင်ပါရှိသော “ဒီမိုကရေစီရေး လူ့အခွင့် အရေးများကို ဖော်ဆောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လိုကြောင်း ရှမ်းပြည်တပ်မတော်ပြောကြား” သတင်းမှ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ်ဆေထင်၏ ပြောကြားချက်အား  ကောက်နှုတ်ချက်။


 

“အစီရင်ခံစာမှာ ဝန်ကြီးဌာနတွေကို အရေးယူပေးဖို့ အစိုးရကို တိုက်တွန်းထားတယ်။ ကျနော်တို့ လွှတ်တော်ဘက်က လည်း အရေးယူလို့ရမယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနေကြတယ်။ ဆိုလိုတာက စာရင်းစစ်ချုပ်ရုံးက အခုနောက် ပိုင်း အားလုံးပြေလည်သွားပြီဆိုပြီး တင်ပြနေတယ်။ ဦးလွန်းမောင် (ယခင် စာရင်းစစ်ချုပ်ဟောင်း)တုန်းက ဘာဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာကို ထောက်ပြတယ်။ အခုစာရင်းစစ်ချုပ်အသစ်က အဲလိုမဟုတ်ဘူး။ သိပ်ပြီး သဘောမကျဘူး။ စာရင်းစစ်က ပြေလည်ပါတယ်ဆိုတိုင်း ပြီးသွားမှာလား။ ဒါဆိုရင် ပြည်သူ့ငွေစာရင်း ကော်မတီဆိုတာ ထားဖို့ မလိုတော့ဘူး။ ကျနော်တို့က စာရင်းစစ်ချုပ် စစ်ဆေးဖို့ လိုတာတွေကို ထောက်ပြဖို့ နည်းလမ်းတွေရှာနေကြတယ်။ အစိုးရပိုင်းကအရေးယူဖို့ တိုက်တွန်းထားသလို လွှတ်တော်ဘက်ကလည်း စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ ထုတ်တာတွေ ရှိလာမယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ  ၂၅ ရက်နေ့ ဧရာဝတီသတင်းဝက်ဆိုဒ်တွင် ပါရှိသော “ဝန်ကြီးဌာနများ ဘတ်ဂျက်ငွေစာရင်း မှားယွင်းမှု အရေးယူရန် လွှတ်တော်နည်းလမ်းရှာ”သတင်းမှ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး။ ။တပ်တွင်းသက်သာချောင်ချိရေးအတွက် တပ်မတော်ရဲ့မူဝါဒအရ မြေလွတ်၊ မြေရိုင်းတွေကိုပဲ သိမ်းပြီး တပ်တွင်း ရဲဘော်တွေရဲ့ စားဝတ်နေရေး ထောက်ပံ့ရမယ်ဆိုပေမဲ့ နောက်ပိုင်းလုပ်ကိုင်သူရှိနေတဲ့ မြေတွေကို သိမ်းလာတာ ကိုယ်ကျိုး ပါလာတာတွေဟာ စနစ်ရဲ့ အားနည်းချက်လို့ရော ဆိုလို့ရမလား

ဖြေ။ ။ခုခေတ်က ပွင့်လင်းမြင်သာတဲ့ခေတ်၊ ဒါမျိုးတွေလာလုပ်လို့မရဘူး။ စနစ်က အကောင်းဘက်ကို ဦးတည်ပြီး ပြည်သူကို အလုပ်အကျွေးပြုဖို့ ဦးတည်နေပြီ။ ပန်းတိုင်ကို ပြည်သူလူထုနဲ့ လက်တွဲပြီး တက်ညီလက်ညီ ချီတက်နေပြီ။ ဒီအချိန်မှာ စနစ်ကြောင့်လို့ ပြောလို့မရတော့ဘူး။ စဉ်းစားတွေးခေါ်မှုနည်းတဲ့ လက်တစ်လုံးခြား ကိုယ်ကျိုးရှာနေတဲ့ အောက်ခြေပိုင်း တပ်အရာရှိတွေကြောင့်ပဲ မိခင်တပ်မတော်ကြီးကလည်း ပြည်သူနစ်နာအောင် မလုပ်ဘူး။ တပ်မတော် အကြီးအကဲ တွေကလည်း သဘောထားက ပြည်သူကို အဆင်ပြေစေလိုတာပဲရှိတာ။ ဒီကြားထဲကမှ မိခင်တပ်မတော်ကြီးရဲ့ အစဉ်အလာ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို ဥပေက္ခာပြုနေတဲ့သူတွေမှာပဲ တာဝန်ရှိတာ၊ သူတို့အားနည်းချက်ကြောင့် ဖြစ်တာ။ နမူနာဖြစ် အောင် ပြင်းပြင်းထန်ထန် အရေးယူလိုက်စေချင်တယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ်   The Hot News  ဂျာနယ် အတွဲ ( ၃ ) အမှတ် ( ၁၅၀ )တွင် ပါရှိသော “ ပြည်သူ့ လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်သိန်းလင်းနှင့် တွေ့ဆုံခြင်း ”သတင်းမှ ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်း လင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံး တပ်တစ်ခုတည်းဖြစ်ဖို့ ဆိုတာကတော့ဖြစ်နိုင်မယ်လို့ မထင်သေးဘူး။  DKAB တို့၊ KNU/ KNLA   Kတို့ဆိုတာ  KNU က ခွဲထွက်သွားတဲ့ အဖွဲ့တွေလေ။ နောက်ပြီး  BGF (နယ်ခြားစောင့်တပ်) ဖြစ်သွားတဲ့ အဖွဲ့တွေလည်းရှိတယ်။ BGF ဆိုတာ အစိုးရရဲ့အောက်မှာနေပြီး လှုပ်ရှားရတာဖြစ်တဲ့အတွက် မဖြစ်နိုင် သေးဘူး။ KNU မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မူဝါဒတွေရှိထားပြီးသားလေ။ အခုအချိန်မှာတော့ အမျိုးသားရေး ပူးပေါင်းဆောင်ရွက်ဖို့၊ တစ်ဖက်နဲ့ တစ်ဖက်တိုက်ပွဲ မဖြစ်နိုင်ဖို့တွေကိုဘဲ ဆွေးနွေးဖြစ်မှာပါ ”

၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့ထုတ်  The   Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့်  KNU၊  DKBA နှင့်  KNU / KNLA တို့ မြဝတီမြို့၌ ငြိမ်းချမ်းရေးနှင့် တပ်ကိစ္စများ တွေ့ဆုံဆွေးနွေး” သတင်းမှ  KNU အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုးမန်းမန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ဥပမာပြောရရင် နိုင်ငံသားတွေဟာ ဥပဒေအရာမှာ အညီအမျှ ဖြစ်ရမယ်။ ဒါအခြေခံမူပဲ ပြင်လို့မရဘူး။ ဒါပေမဲ့ အဲဒါကို ဖွဲ့စည်းပုံမှာ ပြင်ထားတယ်။ နိုင်ငံသားတစ်ဦးဟာ မိမိသော်လည်းကောင်း၊ သားသမီးသော်လည်းကောင်း၊ မိမိ၏ ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားသားနဲ့ လက်ထပ်ရင် သမ္မတမဖြစ်ရဘူး။ ဒါနိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းတာပဲ။ တစ်နည်းပြော ရင် ရှေ့ပြဋ္ဌာန်းချက်နဲ့ နောက်ပြဋ္ဌာန်းချက် မညီညွတ်တာပဲ။ ဒါမျိုးတခြားအချက်တွေမှာလဲ ရှိတယ်။  ဒါတွေနဲ့ ပတ်သက်ပြီး လေ့လာထားတာတွေရှိတယ်။ ထောက်ပြချိန်ရောက်ရင် ထောက်ပြသွားမယ်”

၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့ထုတ်         The Yangon Times    နေ့စဉ်ထုတ်သတင်းစာ အတွဲ( ၁) အမှတ် (၇၄ )တွင် ပါရှိသော “  ဖွဲ့စည်းပုံမှ နိုင်ငံရေးအခြေအနေနှင့် ပြည်သူများ အကျိုးရှိစေမည့် အချက်များ ရှေးရှုပြင်ဆင်ရန်  NLD စီစဉ်နေ” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်း၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment