Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်တွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိသည်ဟု ဆိုရမလား

(25 July 2013 ရက်စွဲပါ The Diplomat မှ Mong Palatino ရေးသားသော Are Myanmar and the Philippines guility of genocide? ကိုဘာသာပြန်သည်)


မြန်မာနိုင်ငံနှင့်ဖိလစ်ပိုင်တွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိသည်ဟု ဆိုရမလား

(25 July 2013 ရက်စွဲပါ The Diplomat မှ Mong Palatino ရေးသားသော Are Myanmar and the Philippines guility of genocide? ကိုဘာသာပြန်သည်)

ပေါ်ပြူလာမဖြစ်သောအစိုးရများကို ၄င်းတို့၏ရန်သူများက လူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်းကဲ့သို့သော စိုးရိမ်ရခြင်း သော လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ကြောင်း စွပ်စွဲမှုများမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါသည်။ သို့သော် ထိုသို့သောစွပ်စွဲ မှုများတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုသည့် စွပ်စွဲချက်မှာ ပါဝင်လေ့မရှိပါ။ လူသားချင်းစာနာမှုမရှိသည့ှ်ဆိုးရွားလှသည့် ရာဇဝတ်မှုများကျူးလွန်သည်ဟုယူဆရသည့် နာမည်ဆိုးဖြင့်ကျော်ကြားသော အာဏာရှင်များသည်ပင်လျှင် လူမျိုးတုံးသတ် ဖြတ်သည်ဟု စွတ်စွဲခဲလှပါသည်။

အစိုးရတစ်ရပ်၏ လုပ်ရပ်သို့မဟုတ်အစီအစဉ်သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဆက်နွယ်နေသည်ဟု အမျိုးမျိုးသော အုပ်စုများက ကန့်ကွတ်ရှုတ်ချမှုများဖြစ်လာပါက၊ တစ်ကမ္ဘာလုံးနှင့်မီဒီယာများ၏ချက်ခြင်း စိတ်ဝင်စားစွာစောင့်ကြည့်မှု ဖြစ်လာ တတ်ပါသည်။ လူမျိုးတုံးသတ်ဖြတ်သည်ဟူသော စကားလုံးသုံးလုံးရလောက်အောင် ဆိုးဆိုးရွားရွား တစ်ခုခုဖြစ် နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။

အရှေ့တောင်အာရှမှနိုင်ငံနှစ်ခုသည် အဆိုပါစွပ်စွဲမှူမျိုးကိုယခုလကရှိ ရင်ဆိုင်နေရပါသည်။ မြန်ုမာနိုင်ငံသည် တိုင်းရင်းသားမူဆလင်ရိုဟင်ဂျာလူနည်းစုကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု စွပ်စွဲခံနေရပါသည်။ တချိန်တည်း မှာပင် ဖိလစ်ပိုင်နိုင်ငံတွင်လည်း ကတ်သလစ်ဘုရားကျောင်းမှ သြဇာရှိသူနှင့်ဆီနှိပ်တာတစ်ဦးက အစိုးရအားအငြင်းပွားဖွယ် ကလေးမွေးဖွားသည့် ကျန်းမာရေးဥပဒေအား အကောင်အထည်ဖော်ခဲ့ပါက လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိမည် ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။ ဤစွတ်စွဲချက်များ အမှန်တကယ်လော။

ကံကောင်းထောက်မစွာပင် လူမျိုးတုံးသတ်ဖြတ်သည့်လုပ်ရပ်များကို စီစစ်နိုင်ရာတွင် အထောက်အကူပြုမည့် နိုင်ငံတကာကွန်ဗင်းရှင်းများရှိနေပါသည်။ ကွန်ဗင်းရှင်းတွင်ဖော်ပြထားသည်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွင် နိုင်ငံတစ်ခု၊ လူမျိုးသို့မဟုတ်ဘာသာရေးအုပ်စုတစ်ခု၏ တစ်ခုလုံးသို့မဟုတ် အစိတ်အပိုင်းကို ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးကျူးလွန် သည့်လုပ်ရပ် ပါဝင်သည်ဟု ဆိုပါသည်။ ထိုသို့လုပ်ဆောက်ရာတွင်

(၁) အုပ်စုအဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း

(၂) အုပ်စု၏အဖွဲ့ဝင်များကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကို ဆိုးဆိုးရွားရွား အန္တရာယ်ပြုခြင်း

(၃)  အုပ်စု၏ဘဝအခြေအနေများကို တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရုပ်ပိုင်းဆိုင်ရာပျက်စီးစေရန် တွက်ချက်၍ ရည်ရွယ်ချက်ရှိရှိ ခံစားစေခြင်း

(၄) အုပ်စုတွင်းကလေးမွေးဖွားမှုကို ရည်ရွယ်ချက်ဖြင့် တားဆီးခြင်း

(၅) အုပ်စုတစ်ခုမှ ကလေးငယ်များကို အခြားအုပ်စုသို့ အဓမ္မလွှဲပြောင်းခြင်းများမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဖော်ပြထား ပါသည်။

ထို့ကြောင့် အဆိုပါဖော်ပြချက်ကိုအသုံးပြု၍ မြန်မာနိုင်ငံမှကိစ္စရပ်ကို သုံးသပ်ကြည့်ပါက လူမျိုးတုံးသတ်ဖြတ် သည်ဟု စွတ်စွဲချက်များသည် ခိုင်မာနေသည်ကိုတွေ့ရပါသည်။ ရိုဟင်ဂျာများသည် နိုင်ငံသားရပိုင်ခွင့်များမရှိပေ။ အဘယ့်ကြောင့်ဆိုသော် အစိုးရသည် တိုင်းရင်းသားဖြစ်သည်ဆိုသည်ကို အသိအမှတ်ပြုရန်ငြင်းဆန် နေဆဲကြောင့်ဖြစ်ပါ သည်။ ရိုဟင်ဂျာများတွင် မှတ်ပုံတင်ကဒ်ပြားမရှိပဲ၊ ၄င်းတို့သည် မြေလည်းမပိုင်ဆိုင်ပဲ၊ အစိုးရထံမှ အလုပ်အကိုင်ရရှိရေးကို တားမြစ်ခံထားရပါသည်။

မကြာသေးမီနှစ်များအတွင်း ရခိုင်ပြည်နယ်တွင် အခြားတိုင်းရင်းသားအုပ်စုများနှင့် ရိုဟင်ဂျာများကြား အဓိကရုဏ်း များဖြစ်ပွားခဲ့ရာ ထောင်ပေါင်းများစွာသော ရွာများပြောင်းရွေ့ခဲ့ရပြီး အထူးသဖြင့် မူဆလင်ရိုဟင်ဂျာများမှာ ၄င်းတို့၏ ဘာသာ ကြောင့်ခွဲခြားဆက်ဆံခံရပါသည်။ အစိုးရတပ်များမှလည်း လူအုပ်ကြီးက ရိုဟင်ဂျာနေအိမ်များကို တိုက်ခိုက်စဉ် မည်သို့မျှလုပ်ဆောင်ပေးခြင်း မရှိဟုစွပ်စွဲပါသည်။ ရိုဟင်ဂျာ(၁၂၅၀၀၀) ခန့်သည် ဒုက္ခသည်စခန်းများတွင် လိုအပ်ချက် များစွာနှင့် နေထိုင်ကြရပါသည်။

မကြာသေးမီက အစိုးရသည် တင်းမာမှုလျော့ချရန် ရည်ရွယ်၍ ရိုဟင်ဂျာအပေါ် ကလေးနှစ်ဦးမူဝါဒချမှတ်ခဲ့ရာ အဆိုပါ အငြင်းပွားဖွယ်ကိစ္စကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ တုန့်ပြန်မှုပြုရသည်အထိ ရှိခဲ့ပါသည်။ ထိုကိစ္စမတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာများအပေါ် နှိပ်ကွပ်နေခြင်းနှင့်ပတ်သတ်၍ မည်သို့မျှပြောဆိုခြင်း မရှိပါဟု လူ့အခွင့်အရေးအုပ်စုများ၏ ဝေဖန်မှုကိုခံရပါသည်။

ကမ္ဘာပေါ်ရှိ အဓိကလူ့အခွင့်ရေးအုပ်စုအားလုံးသည် ရိုဟင်ဂျားများအပေါ်တိုး၍ ဖိနှိပ်မှုများနှင့်ပတ်သတ်၍ အချက်ပေးခေါင်းလောင်းထိုးခဲ့ကြပါသည်။ ၄င်းတို့သည် မြန်မာအစိုးရအား ၄င်း၏ဥပဒေများနှင့် ရိုဟင်ဂျာတို့၏ အခြေခံရပိုင် ခွင့်များကို ကန့်သတ်နေခြင်းတို့ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့ပါသည်။

အစိုးရအနေဖြင့် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံရေးနှင့် ဖိနှိပ်သည့်မူဝါဒများကို ပြောင်းလဲခြင်းမရှိပါက မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားတင်းမာမှုများနှင့် လူမျိုးရေးအဓိကရုဏ်းများကို ပွင့်လင်းမြင်သာစွာ နှင့် တရားမျှတစွာဖြေရှင်းနေခြင်းဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းကို ယုံကြည်အောင်ရှင်းပြရန် ခတ်ခဲလာလိမ့်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ၏ ဆိုးရွားသောအခြေအနေများသည် လူမျိုးတုံးသတ်ဖြတ်ခြင်းဟု ဆိုနိုင်သော်လည်း ဖိလစ်ပိုင်နိုင်ငံမှ စွပ်စွဲချက်မှာမူ ခိုင်မာခြင်းမရှိလှပေ။ ယခုလအစောပိုင်းက ဆီနိတ်တာဟောင်း Franciso Tatad သည် တရားရုံးချုပ် ကလေးမွေးဖွားသည့် ကျန်းမာရေးဥပဒေကို ပယ်ဖျက်ပေးရန် လက်မှတ်ရေးထိုးမှုများပါသော စာအားတင်ပြ ခဲ့ပါသည်။ ၄င်းက အဆိုပါဥပဒေသည် ဘုရားသခင်နှင့်မိသားစုအား အခြေခံဥပဒေနှင့် မညီသောတိုက်ခိုက်မှုတစ်ရပ်ဖြစ်၍ လက်မခံကြောင်းဆိုပါသည်။ ၄င်းက အစိုးရသည် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်မည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ဆိုသော် ဥပဒေက တိုင်းပြည်၏အခွင့်အာဏာဖြင့် မွေးဖွားခြင်းကိုထိန်းချုပ်ရာ ယင်းမှာ သန့်ရှင်းသောဝိဥာဉ်ကို သတ်ဖြတ်ရာ ရောက်သည်ဟု ငြင်းချက်ထုတ်ထားပါသည်။

အဆိုပါဥပဒေသည် မူအားဖြင့် ကိုယ်ဝန်ဆောင်သေဆုံးမှုကိုကာကွယ်ရန်ဖြစ်ပြီး တိုင်းပြည်တွင် အလုံးစုံပါဝင်သော ကလေးမွေးဖွားခြင်းနှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် မူဘောင်များချမှတ်ပေးပါသည်။ ၄င်းကို အမျိုးသမီး အုပ်စုများနှင့် ကျန်းမာရေးဆိုင်ရာလှုပ်ရှားသူများက မှတ်တိုင်ဖြစ်မည့်ဥပဒေအဖြစ် ချီးကျူးကြပါသည်။ ဥပဒေအရ ရပ်ရွာကျန်း မာရေးစင်တာများသည် ကလေးမွေးဖွားမှုထိန်းချုပ်မည့် ဝန်ဆောင်မှုပေးရန် ခွင့်ပြုခဲ့သဖြင့် ကတ်သိုလိပ်ဘုရားကျောင်း၏ ပြင်းထန်သော ဆန့်ကျင်မှုကို ကြုံတွေ့ခဲ့ရပါသည်။ ဖိလစ်ပိုင်သည် အရှေ့တောင်အာရှတွင် ကတ်သိုလိပ်လွှမ်းမိုးသော တစ်ခု တည်းသော တိုင်းပြည်ဖြစ်သည်။

“ဒါဟာ လွတ်လပ်စွာရွေးချယ်ခွင့်မရှိတာပဲ။ မိသားစုတွေကို တိုင်းပြည်တစ်ခုရဲ့ အုတ်မြစ်အဖြစ်မှတ်ယူပြီး ကာကွယ် မှု မပေးတာပါပဲ“ ဟု Tatad က ဥပဒေမှ မွေးဖွားခြင်း ကန့်သတ်မှုဖော်ပြချက်ကို ပြောဆိုပါသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် “ဒါဟာ အမေတွေရဲ့ရပိုင်ခွင့်နဲ့ မမွေးသေးတဲ့ကလေးရဲ့ရပိုင်ခွင့်တွေကို ညီတူညီမျှ အကာအကွယ်မပေးခြင်း ဖြစ်ပါတယ်။ အစိုးရရဲ့ကြီးကြပ်မှုနဲ့ ထိန်းချုပ်မှုအောက်ကို မိသားစုတွေကို သွတ်သွင်းနေ တာသာဖြစ်ပါတယ်။ အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ထိန်းချုပ်မှုထားပြီး သွားနေတဲ့ ဒီမိုကရေစီလား။“ ဟုဆိုပါသည်။

သို့သော် Tatad အလွယ်တကူဖော်ပြရန်မေ့သွားသည့်အချက်မှာ ဥပဒေတွင်တစ်ဦးချင်းနှင့် စုံတွဲများကို မွေးဖွားမှု ထိန်းချုပ်ရန် အတုများနည်းလမ်းများသုံးစွဲရန် အတင်းလုပ်ဆောင်စေခြင်းမရှိဟူသော အချက်ဖြစ်ပါသည်။ ဖိလစ်ပိုင် ကတ်သိုလိတ်များသည် သဘဝအတိုင်းမွေးဖွားမှုထိန်းချုပ်ရန်နည်းလမ်းနှင့် ဗာတီကန်မှ အတည်ပြုထားသော နည်းလမ်း များကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ပါသည်။ ဥပဒေက ရိုးရိုးလေး လွတ်လပ်စွာရွေးချယ်ခွင့်နှင့် လုပ်ဆောင်ခွင့်ပေး ထားပါသည်။

အစိုးရ၏လူဦးရေထိန်းချုပ်သည့် အစီအစဉ်ကို အာရုံပြုကြည့်မည်ဆိုပါက Tatad ၏ဝေဖန်မှုကို လေ့လာကြည့်ရန် သင့်ပါသည်။ သို့သော် ဥပဒေသည် လူမျိုးတုံးသတ်ဖြတ်သည့် ကိရိယာမဟုတ်ဟု လက်ခံမည်ဆိုပါက Tatad ၏ ကန့်ကွက်မှု ကို တစ်ခါတည်းလစ်လျူရှုသင့်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment