Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နောက်ထပ်တက်မယ့် သမ္မတက စစ်ရေးအမြင်ရှိရမယ်လို့  သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံဥပဒေ နိုင်ငံရေးအမြင်ရှိသူကို စစ်ရေးအမြင်ရှိရမယ်လို့ ပြောစရာ အထူးမလိုအပ်ဘူးလို့ ထင်တယ်။ နိုင်ငံရေးအတွေးအခေါ်ရှိတဲ့သူဟာ  အမှန်တော့ အမြင်တွေအားလုံးကို ပေါင်းပြီးတော့မှ နိုင်ငံရေးသမား အစစ်ဖြစ်တာ။ ဒါကြောင့် နိုင်ငံရေးသမားကို အထူးအထွေပြောဖို့ မလိုတော့”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ်        ပြည်သူဆန္ဒ ဂျာနယ် အတွဲ(၁) အမှတ် ( ၂၀) တွင် “နိုင်ငံရေးအမြင်ရှိသူကို စစ်ရေးအမြင်ရှိရမယ်လို့ ပြောစရာအထူးမလိုဟု ဆို” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ခွင့်ပြုချက်မရရင် တစ်ရက်တောင် မလုပ်ရဘူးဆိုတဲ့ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ပါနေတာဟာ ယခင်အစိုးရရဲ့ ဥပဒေတွေအတိုင်း ဘာမှ ကွဲလွဲတာ မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဂ) မှာ နိုင်ငံသားတိုင်း အသင်းအဖွဲ့များကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ် ဆိုတဲ့ အချက်ပါတယ်။ ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံ ကိုလည်း ဆန့်ကျင်နေတယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ထုတ် 7Day Daily သတင်းစာပါ “မှတ်ပုံမတင်ဘဲ လှုပ်ရှားပါက ထောင်သုံးနှစ်နှင့် ငွေဒဏ် ကျခံရနိုင်သော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို အဖွဲ့အစည်းများ ဝေဖန်”သတင်းမှ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“တိုက်ပွဲတွေကတော့ ဖြစ်နေတယ်။ ပြဿနာကတော့တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ ယုံကြည်မှုပိုင်း အားနည်းနေကြလို့ပါ။ လက်ရှိအခြေအနေအရတော့ အပစ်အခတ်တွေ ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးတာထက်၊ နိုင်ငံရေး ဆွေးနွေးပြီး ကျေနပ်လောက်တဲ့ သဘောတူညီမှုတွေရမှ အပစ်ရပ်စဲမယ့် သဘောမှာ ရှိပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ်       Envoy ဂျာနယ် အတွဲ ( ၄ ) အမှတ် ( ၉ ) တွင် ပါရှိသော “ ယုံကြည်မှုမရှိလို့ ထပ်ပြီးတိုက်ပွဲတွေ ဖြစ်နေတာပါ” သတင်းမှ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန့်အောင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 “အခုကအဂတိလိုက်စားတယ်ဆိုတာ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်နေတယ်။ အဲဒါကို အရေးယူတယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူသင့်တယ်။ အခုက ရာထူးပြောင်းရုံလောက်လုပ်နေတော့ သိပ်မထိရောက်ဘူး။ ဥပဒေအသက်ဝင်လာဖို့ ဆိုတာလည်း ပြဋ္ဌာန်းချက်တွေ အတိုင်း တကယ်လုပ်ဖို့ လိုတယ်။ မလုပ်ရင်တော့ ဥပဒေလုပ်ထားလည်း အလကားပဲ။ ဒီအတိုင်းဖြစ်နေမှာပဲ”

၂၀၁၃ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ထုတ်  7 Day Daily နေ့စဉ်ထုတ်သတင်းစာ အမှတ် (၉၆) တွင် ပါရှိသော “ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အပေါ် မူတည်နေ” သတင်းမှ  ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


“ စီမံကိန်းဆက်လုပ်ရင် လက်ပံတောင်းတောင်ပျောက်သွားမယ်၊ ကျွန်တော်တို့အဖွဲ့ကတော့ ဒေသခံတွေနဲ့ ထပ်တူထပ်မျှ လက်ပံတောင်းတောင် မပျောက်ရးပါဘဲ၊ သူတို့ဒေါ်လာတွေသန်းချီပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်မယ် ဆိုတဲ့အချက်တွေပါလာပေမယ့် အရင်စံပယ်တောင်၊ ကြေးစင်တောင် အနီးကရွာတွေဖြစ်တဲ့ ကံကုန်းတို့ ဒုံးတောတို့ရွာတွေက ဒေသခံတွေအတွက် ဖွံ့ဖြိုးမှုတွေ လုပ်ပေးတယ်ဆိုတာလဲ ထိထိရောက်ရောက်မဖြစ်သေးပါဘူး ဒါတွေက သာဓကတွေပါပဲ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကပါတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး သူတို့စာချုပ်သစ်လုပ်နေကြတာပဲ၊ ကော်မရှင်အစီရင်ခံစာပါ အချက်တွေကို အပြည့်အဝလုပ်တယ်လို့မမြင်ပါဘူး”

၂၀၁၃ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ထုတ်  The Voice နေ့စဉ်ထုတ်သတင်းစာ အတွဲ ၁၊ အမှတ် ၉၆တွင် ပါရှိသော “မပြီးသေးသော လက်ပံတောင်တောင် ပန်းချီကား” သတင်းဆောင်းပါးမှ လက်ပံတာင်းတောင်ကယ်တင်ရေး ကော်မတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment