Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

အမေရိကန်တို့အနေဖြင့် မြန်မာ၊ ဂျပန်နှင့် အာရှဗပာိုပြုဝါဒကို ပြန်လည်သုံးသပ်၍ ရှေ့ဆက်ရန်လို

(29 July 2013 ရက်စွဲပါ Japan Times မှ Curtis S.Chin ရေးသားသော Taking stock of Burma, japan and ‘pivot to Asia’ ကိုဘာသာပြန်ဆိုသည်)

အမေရိကန်သမ္မတ Barak Obama သည် ၎င်းဒုတိယအကြိမ်သက်တမ်းစကတည်းက အဓိကမဲပေးမှုများတွင် ၎င်းအပေါ် ထင်မြင်ချက်နှင့်ပတ်သက်၍ မဲပေးရာတွင်(approval rating)သိသာစွာ ထိုးကျနေချိန်၌ မြန်မာနိုင်ငံသို့ ပြန်ဦး လှည့်ရန် စိတ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာ၊ Obama အနေဖြင့် ပြန်လည် အရွေးခံရပြီး ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်ဖြစ်ရုံမျှမက လက်ရှိအမေရိကန်သမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်သော ပထမဆုံးခရီးစဉ်ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံသို့ မေလကသွားရောက်ခဲ့သော ဂျပန်ဝန်ကြီးချုပ် Shinzo Abe နှင့်မတူပေ။ ၎င်း၏ ခရီးစဉ်သည် ၁၉၇၇ နောက်ပိုင်း ဂျပန်ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ပြီး၊ တစ်ပြည်လုံးကျွတ်နီးပါး ရွေးကောက်ပွဲ အောင်ပွဲရပြီး နှစ်လအကြာတွင်ဖြစ်သည့်အပြင် ပြည်တွင်းအကောင်းမြင်မှုကို အားကောင်းစွာ ရရှိထားချိန်ဖြစ်သည်။ Obama မှာမူ ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရချိန်ဖြစ်ပါသည်။ ယခုအချိန်ထိ အောင်မြင်နေသော မြန်မာနိုင်ငံအပေါ် ဗပာိုပြုထားမှု(pivot on Pourma)ကို အလေးပေးမှု လျှော့ချမည်ဆိုပါက မှားယွင်းလိမ့်မည်ဖြစ်ပါသည်။

မကြာသေးမီက Pew Research ဆန္ဒမဲပေးမှုအစီအစဉ်က ပြဆိုရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက အမေရိကန်ခေါင်းဆောင်အတွက် ထင်မြင်ချက်အတည်ပြုမှု ကောက်ယူရာတွင် ယခင် ၅၅% မှ ၄၉%ထိ ၆% ကျဆင်း လာခဲ့ပါသည်။ Obama သည် ၎င်း၏ရှေ့က ယခင်သမ္မတများနည်းတူ အိမ်တွင်နေ၍ ကွဲပြားနေသော အစိုးရနှင့် ဆက်ဆံနေမည့်အစား နိုင်ငံခြားသို့ထွက်၍ ခင်မင်ဖွယ်ကောင်းမည့် ပရိသတ်နှင့် ပိုမိုချောမွေ့မည့်အချိန်များကိုသာ ရှာဖွေရန်ဆန္ဒရှိလိမ့်မည်ဖြစ်ပါသည်။

စာရေးသူသည် သမ္မတ George W.Bush နှင့် Obama တို့လက်ထက်တွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)အတွက် အမေရိကန်သံအမတ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ပြီးခဲ့သည့် ဧပြီလက မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ သာမန်နိုင်ငံသားခရီးသည် တစ်ဦးအဖြစ် သွားရောက်ခဲ့ပါသည်။ ယခုလတွင်မူ စာရေးသူသည် တစ်ချိန်က မြို့တော်ဖြစ်ခဲ့ဖူးသော ရန်ကုန်သို့သွားရောက် ခဲ့ပါသည်။ စာရေးသူ ADB တွင်တာဝန်ထမ်းဆောင်စဉ်က အမေရိကန်၏အရေးယူမှုများနှင့် မြန်မာနိုင်ငံက ချေးငွေများ ပြန်မဆပ်ခြင်းများကြောင့် မြန်မာနိုင်ငံသို့သွားရောက်ရန် မသင့်လျော်ခဲ့ပေ။

ယခုအခါ အချိန်များလည်းပြောင်းလဲခဲ့ပါပြီ။ ဂျပန်နိုင်ငံသည် ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်၍ အခွင့်အလမ်းများကို ကောင်းစွာနားလည်သည့်အလျောက်၊ ဂျပန်သည် မြန်မာနိုင်ငံကတင်ရှိနေသော ကြွေးမြီများကို ပယ်ဖျက်ပေးပြီး နိုင်ငံစုံဖွံ့ဖြိုးရေးဘဏ်များက မြန်မာနိုင်ငံသို့ဖွံ့ဖြိုးမှုအကူအညီများပေးနိုင်ရေး အရှိန်မြှင့်ရာတွင် အထောက်အကူပြုရန် လုပ်ဆောင်ခဲ့ပါသည်။

အမေရိကန်နှင့် ဥရောပစီးပွားရေးအရ အရေးယူမှုများကို ရုတ်သိမ်းပေးခြင်း(သို့) ယာယီရုတ်သိမ်း ပေးခြင်းများနှင့်အတူ နိုဝင်ဘာလက အမေရိကန်သမ္မတ၏ သွားရောက်လည်ပတ်မှုသည် တစ်ချိန်က အပယ်ခံနိုင်ငံအတွက် ပြောင်းလဲမှုများကို အားပေးရန်ရည်ရွယ်ခဲ့ပါသည်။

စာရေးသူအတွက်မူ ဂျပန်၏ လက်ရှိဆက်ဆံရေးလက္ခဏာများနှင့် အမေရိကန်၏အာရှဗပာိုပြုမူဝါဒတို့သည် Obama နှင့် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်တို့၏ မြန်မာနိုင်ငံခရီးစဉ်အပြီး လအတန်ကြာသည့်တိုင် မြင်သာထင်သာရှိနေဆဲဖြစ်ပါသည်ပာု ဆိုချင်ပါသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်တွင်း ဘာသာရေးနှင့် တိုင်းရင်းသားတင်းမာမှုများမှာ အလွန်စိုးရိမ်ရသော အနေအထားတွင် ဆက်လက်ရှိနေသေးသော်လည်း မျှော်လင့်ချက်များနှင့် ပြောင်းလဲမှုများမှာ ဆက်လက်သက်ဝင်နေဆဲပင်ဖြစ်ပါသည်။

ယနေ့အချိန်သည် အမေရိကန်၏ အရှေ့ဗပာိုပြုမူဝါဒကို ပို၍မြင်သာထင်သာရှိစေမည့် စတိုးဆိုင်များတွင် အိုဘားမားတီရှပ် ချိတ်ဆွဲခြင်း၊ အိုဘားမားနှင့် ကလင်တန်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့်ဖက်လဲတကင်းပုံများ ချိတ်ဆွဲထားသည့် အခြေအနေမျိုးမပာုတ်တော့ပါ။ ကြပ်နေသည့် လမ်းများပေါ်တွင် တိုယိုတာကားများ ဝင်ရောက်နေသည့် မြင်ရိုးမြင်စဉ် မြင်ကွင်းမျိုးမပာုတ်သည့်တိုင် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်နေမှုကို တွေ့နိုင်ပါသည်။ ကိုကာကိုလာ ဆိုင်းဘုတ် ထောင်ထားခြင်း၊ အမေရိကန်ကျောင်းဆရာများ၊ စေတနာ့ဝန်ထမ်းများ၊ အမေရိကန်စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ် အမျိုးမျိုးနှင့် ကိုယ်စားလှယ်များ စသည်တို့သည် သန်း(၆၀)ရှိသော ပြည်သူများရှိ တိုင်းပြည်မှ အခွင့်အလမ်းများ ရယူရန် လာရောက်နေသည်ကို တွေ့နေရပါပြီ။

ဝါရှင်တန်အတွက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အသုံးချရမည့်အရေးပါသော အမှန်တရားကို သဘော ပေါက်ရမည့် အချက်တစ်ခုလည်းရှိနေပါသည်။ ဝါရှင်တန်တွင် ယခုနောက်ဆုံး လျှို့ဝှက်ချက်ပေါက်ကြားမှုများ၊ ဘတ်ဂျက်သဘော မတူမှုများနှင့် အခြားအမှုများပေါ်ပေါက်နေချိန်တွင် တရုတ်သည် အမေရိကန်၏ ကတိကဝတ်များနှင့် အာရုံပြုမှုများအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် မေးခွန်းထုတ်ယူမှုများရှိနေပါသည်။

ထိုအချိန်တွင် အခြားတိုင်းပြည်များက အမေရိကန်၏ဆက်ဆံရေးပုံစံသစ်ကို တိတ်တဆိတ် ကြိုဆိုနေကြမည် လည်းဖြစ်သည်။

အမေရိကန်၏ မြန်မာကိုဗပာိုပြုခြင်း(U.S. Pivot on Burma)ပာုဆိုဆို အမေရိကန်၏ အာရှကိုဗပာိုပြုခြင်း(U.S Pivot on Asia)ပာုပြောပြော ၎င်းတို့မှာ ယနေ့လူပိုကြိုက်သော စကားလုံးဖြစ်ပြီး ပြန်လည်ချိန်ခွင်လျှာညှိခြင်းမှတစ်ဆင့် လုပ်ဆောင်နေပါသည်။ ယင်းသို့လုပ်ဆောင်ရာတွင် ကာကွယ်ရေးနှင့် သံတမန်ရေးနှင့်ပတ်သက်သော ဆက်ဆံရေးကို ကျော်လွန်၍ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့ကိုပါ ခြုံငုံမိအောင် လုပ်ဆောင်ရန်လိုအပ်ပါသည်။

အာရှကိုဗပာိုပြုခြင်းကို အားကောင်းအောင်လုပ်ဆောင်ရာတွင် မူဝါဒပြောင်းလဲမှုများနှင့် ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းကြိုးပမ်းမှုနှင့် ပါတနာရှစ်ပြုမှုများကို အားပေးရမည့် အစီအစဉ်များပါဝင်ပါသည်။ သို့မှသာ ဖလှယ်ရေး အစီအစဉ်များနှင့် အမေရိကန် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးအဖွဲ့အစည်းများ၊ အတိအကျဆိုရသော် သေးငယ်သော အင်စတီကျုးရှင်းများ အာရှ-ပစိဖိတ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းများ တိုး၍လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ရေရှည်သက်ရောက်မှုများ ပိုမိုသေချာစေရေးအတွက် အမေရိကန်၏ဆက်ဆံရေးနှင့် နောက်ဆက်တွဲ လုပ်ဆောင်မှုများ သည် နေ့စဉ်ပြည်သူချင်းနှင့် စီးပွားရေးလုပ်ငန်းချင်း ဆက်ဆံရေးအဆင့်တွင် များစွာအရေးပါလှပါသည်။ ယခု လောလောဆယ်တွင် အမေရိကန်၏ဗပာိုပြုမှုကို ပြန်လည်သုံးသပ်၍ ပြန်လည်ထိန်းညှိမှု(Rebalance)ကို ပြန်လည် ထိန်းညှိမှု ပြုလုပ်ရန် အချိန်ကျန်ရှိနေသေးသည်ပာုဆိုချင်ပါသည်။

ဆိုလိုသည်မှာ အမှန်တကယ်ဖြစ်ပြီး အရေးကြီးသည့်ကိစ္စရပ်များကိုသာ အားထုတ်မှုပြုရန်နှင့် ရင်းနှီးမြှုပ်နှံမှုပြုရန်ပာု ဆိုလိုပါသည်။

ထို့အပြင် အမေရိကန်၏စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ အာရှ-ပစိဖိတ်ဒေသတွင် ပိုမိုပါဝင်လာ သည်နှင့် အမျှ ဂျပန်နှင့် အခြားနိုင်ငံများသည် ပိုမိုလွတ်လပ်သော၊ ပိုမိုငြိမ်းချမ်းသော၊ သာယာဝပြောသော ဒေသဖြစ်ရေး လုပ်ဆောင်ရင်း အကျိုးအမြတ် ရနိုင်မည်ဖြစ်ပါသည်။

ထိုသို့သော ကြိုးပမ်းမှုများကို မြန်မာနိုင်ငံတွင် စတင်နေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ဖြစ်စေ အခြားအာရှ၏ အခြားနေရာတွင်ဖြစ်စေ အခက်အခဲ၊ ပြဿနာ၊ နှောင့်နှေးမှုများ မလွဲမသွေကြုံရနိုင်ပါသည်။ ထိုနည်းတူစွာပင် ထိုသို့သော ပြောင်းလဲမှုများလုပ်ဆောင်လာခြင်းကြောင့် မူဝါဒချမှတ်သူများနှင့် နိုင်ငံရေးသမားများအနေဖြင့် ၎င်းတို့အပေါ် ထင်မြင်ချက်ကောက်ခံရာတွင်(approval rating)တွင် အတတ်အကျများ မလွဲမသွေကြုံနိုင်ပါသည်။ သို့သော် အာရှ-ဂျပန်တွင်ဖြစ်စေ၊ မြန်မာနိုင်ငံတွင်ဖြစ်စေ အမေရိကန်ပါဝင်ပတ်သက်မှုအတွက် ပိုမိုတွန်းတွန်းတိုက်တိုက်နှင့် ပာန်ချက်ညီမပာာဗျူပာာကို မည်သည့်အကြောင်းပြချက်နှင့်မျှ နောက်မဆုတ်သင့်ပေ။ ကာကွယ်ရေး၊ သံတမန်ရေးတို့ထက် ကျော်လွန်၍ နယ်ပယ်အတော်များများ ခြုံငုံမိအောင် ကြိုးပမ်းသင့်လှပေသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment