Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

 “နောက်ကြောင်းပြန်ပြောတာတွေ မလုပ်ချင်ဘူး ရှေ့ကို နိုင်ငံကောင်းအောင် ဘယ်လို့လုပ်မလဲဆိုတာဘဲ စဉ်းစားပါတယ်။ လက်စားချေဖို့ စိတ်ကတော့ လုံးဝမရှိဘူး။ အန်တီအမြဲပြောခဲ့တယ်။  အန်တီကို ကောင်းကောင်းထားခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုများမရှိခဲ့ပါဘူး။ အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဦးတည်ထားပါတယ်။ အန်တီရဲ့ စိတ်အရကတော့ လက်စားချေ လိုစိတ် မရှိဘူး။ မှန်တယ်ထင်ရင်လုပ်မယ်။ မမှန်ဘူးထင်ရင် မလုပ်ဘူး။ နိုင်ငံအတွက် ကောင်းအောင်လုပ်ဖို့ပဲ စဉ်းစား ထားပါတယ်”

  ၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ်   Daily Eleven နေ့စဉ်ထုတ်သတင်းစာ တွင် “ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ပြည်သူလွှတ်တော် ကိုယ်စားလှယ်  ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မူးယစ်ဆေးဝါးရောင်းဝယ်တာ ဆိုရင်တော့ နေရာအနှံအပြားပါပဲ။ ဒါပေမယ့် မူးယစ်ဆေးဝါးထုတ်လုပ်နေတာဆိုရင်တော့ နမ့်ခမ်း၊ ကွက်ခိုင်မှာ ထုတ်လုပ်နေတဲ့အဆင့်ထိ ရှိတယ်။ဒီဟာ ကျွန်တော်တို့နားလည်တယ်။ အချို့နေရာတွေက နိုင်ငံတော်လုံခြုံရေးအရသွားလို့ မရတာတွေရှိတော့ တရားဥပဒေ စိုးမိုးနိုင်စွမ်း မရှိလို့ မူးယစ်ဆေးဝါး ပြဿနာ ဖြစ်နေတဲ့ဟာ တွေ ရှိပါတယ်။ ဒါတွေဆောင်ရွက်နိုင်ဖို့ဆိုရင်တော့ ဒီထက်ပိုတိကျတဲ့ လုပ်ငန်းစဉ်တွေနဲ့မှ ရမှာပါ ”

 

၂၀၁၃ ခုနှစ် သြဂုတ်လ ၃ ရက်   Trade Times ဂျာနယ် အတွဲ(၂) အမှတ်(၆၈)တွင် ပါရှိ   “နမ့်ခမ်း၊ ကွက်ခိုင်တွင် မူးယစ်ဆေးထုတ်နေသည့် အခြေအနေရှိဟုဆို” သတင်းမှ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီးထားဘုန်းကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လယ်ယာမြေ ပြူပြင်ပြောင်းလဲရေးမှာ  Contract Farming ဆိုတာကို သဘောကျတယ်။ ကျွန်တော်တို့မှာ အရင်းရှင်ကြီးတွေ ရှိတယ်ဗျာ။ သူတို့ကို ခရိုနီလိုလည်း ခေါ်တယ်။ ဒီအထဲမှာ စိတ်ကောင်းရှိတဲ့သူတွေ အများကြီးရှိတယ်။ သူတို့ကို ကျွန်တော်တို့စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ တိုင်းပြည်ဖွံ့ဖြိုးရေးမှာ လက်တွဲပါဝင်စေချင်တယ်။ ကျွန်တော်ပြောတယ်။ ပြောတော့ တချို့က သိပ်ကြီးမကြိုက်ဘူးဗျာ။ ဒီလို့ပြောလို့ ဘယ်လို့စီးပွားရေး အကြံပေးလဲလို့ပြောတာတွေရှိတယ်။ ဘယ်လို့ဖြစ်ဖြစ် အတွေးအခေါ်တွေက အမျိုးမျိုးရှိမှာပဲ။ အားလုံးကတော့ စေတနာတွေချည်းပဲ။ရှုမြင်မှုတွေက ကွာချင် ကွာမယ်။ အဲဒီလို့ ကွာလို့ရှိရင်  Fight an idea with better ideas. အကြံညဏ်တစ်ခုခု အဆိုပြုချက် တစ်ခုကို တိုက်ဖျက်ချင်လို့ ရှိရင် ပိုပြီးတော့ ကောင်းတဲ့ အဆိုပြုချက်တွေနဲ့ တိုက်ပါ။ ဒီလူကြီးတွေ ဘယ်လို့စီးပွားရေး အကြံပေးလဲပြောတယ်။ ဂရုကို မစိုက်ဘူး။ ဦးမြင့်ပြောတဲ့ဟာတွေ မကြိုက်ရင် သူ့ထက် ပိုပြီးကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ဖိုက်လို့ အဲဒါပြောချင်တယ်”

 ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ်         ပြည်သူခေတ် ဂျာနယ် အတွဲ(၄)အမှတ်(၁၅၆) တွင် ပါရှိသော “အကြံညဏ်အဆိုပြုချက် တစ်ခုကို တိုက်ဖျက်လိုရင် ပိုကောင်းတဲ့အဆိုပြုချက်နဲ့ တိုက်ပါ” သတင်းမှ သမ္မတအကြံပေး ဒေါက်တာဦးမြင့်၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


 “အကြောင်းတိုတ်ဆိုင်တဲ့အတွက် ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီး ပြောကြားလိုပါတယ်။ အဲဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်က လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဟာ နိုင်ငံသားအခွင့် အရေးတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ မြွက်ကြားခဲ့တဲ့အပြင် ဘာသာတရားက သစ္စာ၊ မေတ္တာနဲ့  သမ္မအာဇိဝ၊ သမ္မာကမ္မန္တတို့ကို ဓမ္မအနေနဲ့ ဟောကြားပြီး လူမှုမှာလည်း ဒီဓမ္မတွေကို လေးစားကြောင်း၊ လူမှုတိုးတက်ရေးနဲ့ ဘာသာရေးတို့ဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်သဘောမဆောင်ကြောင်း၊ ဒါပေမယ့် ဘာသာရေးတရားရဲ့ နာမကို အလွဲသုံးစားလုပ်ပြီး ဆင်ခြင်တုံတရားကင်းမဲ့ခြင်းကို အကြောင်းပြပြီး မတရားတဲ့အမှုတွေကို ပြုရင်တော့လူ့အဖွဲ့အစည်းက အဲဒီမတရားမှုကို လျစ်လျူရှုနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်

 လူ့အများကို နစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောမှုတွေ၊ လုပ်ဆောင်မှုတွေကိုလည်း တားမြစ်သွားရမယ်လို့ အဲဒီမိန့်ခွန်းမှာ ထင်ထင်ရှားရှားကြီး ဖော်ပြခဲ့ပါတယ်။ အဲသလိုပဲ လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဆိုတဲ့ အခွင့်အရေးကို ပေးတဲ့နေရာမှာတော့ နိုင်ငံရေးနဲ့ ကိုးကွယ်သည့်ဘာသာရေး နှစ်ဌာနစပ်ကြား စည်းထားရပေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏ လို့ဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းဟာ ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံအခြေအနေမှာ များစွာစဉ်းစားစရာ များစွာ သင်ခန်းစာယူစရာဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ်           ကြေးမုံ နေ့စဉ်ထုတ်သတင်းစာ  “တွင် ပါရှိသော “ဒီနှစ်ကုန်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်”သတင်းမှ  ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ နိုင်ငံတစ်ခုကို ထူထောင်တဲ့အခါမှ လူထုကိုဦးဆောင်နိုင်တဲ့သူမျိုး လိုအပ်တယ်။ တကယ်လက်တွေ့ကျကျ ပြန်စဉ်းစားကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်က ၂၅ နှစ် တည်ဆောက်ခဲ့တဲ့ ဗျုရိုကရေစီ၊ အစိုးရ ယန္တရားကြီး ကို အမိန့်ပေးလို့ ရနိုင်မလားမေးချင်တယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ်           Hot News ဂျာနယ်အတွဲ(၄) အမှတ်(၁၅၁)  “တွင် ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်လျှင် အစိုးရယန္တရားကိ အမိန့်ပေးလို့ရမလား မေးချင်တယ်”သတင်မှ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment