Q & C |
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
“အန်တီတို့ ဒီကိစ္စုကိုစီအီးစီ (ဗဟို အလုပ်အမှုဆောင်)တွေနဲ့ ဆွေးနွေးပါတယ်။ အန်တီပါသင့် မပါသင့်ပေါ့။ အန်တီကတော့ မပါသင့်ဘူးလို့ ထင်တဲ့ဘက်ကပါတယ်။ အန်တီတို့ စီအီးစီအများစုကလည်း မပါသင့်ဘူးလို့ထင်တယ်။ ဒီအဆင့်မှာ မပါသင့် သေးဘူးပေါ့။ ဘာလို့လဲဆိုတော့ ဒီဟာကစမ်းသပ်အဆင့်ပဲ ဖြစ်နေသေးတယ်။ ဘာပဲပြောပြော အန်တီတို့ကိုယ်စားလှယ် ခုနစ် ယောက်လုံးက အန်တီ့ကိုအစီရင်ခံရမှာပဲ။ အဖွဲ့ချုပ်ဥက္ကဋ္ဌ အနေနဲ့ရော၊ ကိုယ်စားလှယ်တွေထဲက ခေါင်းဆောင်အနေနဲ့ရော တင်ရ မှာပဲ။ အဲတော့ ဟိုဘက်ဒီဘက်အားလုံး အခြေအနေကိုသိပြီးမှ နောက်တစ်ဆင့်ရှိဦးမှာလေ။ ဒါက အခုသုံးသပ်တဲ့ အဆင့်ပဲ ရှိသေးတာပဲ။ နောက်ပိုင်းမှာ ပါသင့် မပါသင့်ဆိုတာကတော့ အခြေအနေပေါ်မှာ ကြည့်ပြီး လုပ်ရမှာပေါ့။”
၂၀၁၃ သြဂုတ်လ ၄ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မရှင်တွင် လေ့လာသုံးသပ်ရေး အဆင့်သာ ရှိသေးခြင်းကြောင့် မပါခြင်းဖြစ်ပြီး နောက်အဆင့်များတွင်မူ ပါကောင်းပါလာနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“တစ်ပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ အချက်ခြောက်ချက် လိုပါတယ်။ တစ်အချက်က သမ္မတကြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို စိတ်ရောကိုယ်ပါ လိုလားတဲ့သူဖြစ်ရမယ်။ နှစ်အချက်က တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ငြိမ်းချမ်း ရေးကိုလိုလားရမယ်။ သုံးအချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရင်ဆိုင်နေတဲ့ တပ်မတော်ကိုယ်တိုင် ငြိမ်းချမ်း ရေးကိုလိုလားရမယ်။ လေးအချက်အနေနဲ့ ပြည်သူလူထု သန်းခြောက်ဆယ်ကလည်း ငြိမ်းချမ်းရေးကိုလိုလားရမယ်။ ငါး အချက်ကတော့နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။ ခြောက်အချက်ကတော့ ပလေယာ တွေ ပူးပေါင်းဖို့ လိုတယ်”
၂၀၁၃ သြဂုတ်လ ၄ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး တပ်မတော်ကိုယ်တိုင် လိုလားဖို့လို” သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုရင်တော့ တိုင်းရင်းသားတွေ တန်းတူရေးပေါ့။ တိုင်းရင်းသားတိုင်းမှာတော့ ပြည်နယ်တစ်ခု ရှိရမှာပေါ့။ အဲဒါကြောင့်မို့လို့ ဗမာပြည်နယ်ဆိုတာလဲ ရှိသင့်တယ်ဆိုပြီး တန်းတူရေးကို အခြေခံပြီးတော့ ဗမာ ပြည်နယ်ဆိုတာ သတ်မှတ်သင့်တယ် ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တာ”
၂၀၁၃ သြဂုတ်လ ၄ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဗမာပြည်နယ် ဖွဲ့စည်းရန် UNFC သဘောတူ” သတင်းမှ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ မှ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဖဒိုမန်းမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“အမျိုးသားရေးစိတ်ဓာတ်ဟာ နိုင်ငံသားအပေါ်မှာ အခြေခံရင်ကောင်းတယ်။ အမျိုးသားရေးစိတ်ဓာတ်ဟာ ဘာသာရေးအပေါ် အခြေခံရင်၊ လူမျိုးရေးအပေါ် အခြေခံရင် မကောင်းဘူး။ Nationalism ကိုကျွန်တော်ကတော့ မဆန့်ကျင်ဘူး။ Nationa- lism မရှိရင် Drive ပေါ့။ မောင်းနှင်အား မရှိတော့ဘူး။ ဒါပေမဲ့ Positive Force ဖြစ်ရမယ်။ Negative Force ဖြစ်လာရင် Divisive ဆိုတဲ့ ခွဲတဲ့ဟာမျိုးဖြစ်လာရင် တိုင်းပြည်အတွက်မကောင်းဘူး။ အဲဒီတော့ ခေါင်းဆောင်တွေအပေါ်မှာ တာဝန်ရှိ တယ်။ ခေါင်းဆောင်တွေက အမြတ်မထုတ်သင့်ဘူး။ နှာမစေးသင့်ဘူး။ သတ္တိရှိရှိနဲ့ ပြောသင့်ပြောထိုက်တာကိုတော့ ပြောရ မယ်။”
၂၀၁၃ သြဂုတ်လ ၅ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (၄) ၊ အမှတ် (၁၁) ပါ “ဒေါက်တာမင်းဇင် နှင့် အင်တာဗျူး” မှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အမျိုးသားရေးနှင့် ဘာသာရေး ပဋိပက္ခများနှင့်ပတ်သက်၍ ဒေါက်တာမင်းဇင်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။
“အထက်က လူကြီးတွေပြောတာက ငါတို့မင်းအတွက် ပိုက်ဆံ ၁၀ ဘီလျံကျပ်ချထားတယ်လို့ ပြောတယ်။ အဲဒီပိုက်ဆံကို လက်နက်ကိုင်တစ်သိန်းနဲ့ ဂဏန်းပေါင်းစက်နဲ့ချပြီး တွက်ကြည့်လိုက်တော့ တစ်ယောက်ကို တစ်သိန်းပဲရတယ်။ အဲဒါ တစ် လစာပဲရှိတယ်။ သူတို့နဲ့ ဆက်နွယ်နေတဲ့သူတွေနဲ့ ပေါင်းလိုက်ရင် ကိုးသိန်းနဲ့ တစ်သောင်းရှိတယ်။ အဲကိုးသိန်းနဲ့ တစ်သောင်း ကို ၁၀ ဘီလျံကျပ်နဲ့ စားချလိုက်ရင် တစ်ယောက်ကို တစ်သောင်းနဲ့ကိုးရာပဲရတယ်။ အဲတော့ ဦးအောင်မင်း အခက်အခဲတွေ အများကြီး ဖြစ်နေတယ်။ လွှတ်တော်မှာရှိတဲ့ သူငယ်ချင်းတွေကိုလည်း ပြောတယ်။ မင်းတို့ငါ့ကိုပိုက်ဆံပေးဖို့လိုတယ်။ ပိုက်ဆံ မရှိရင် ငါလုပ်လို့မရဘူး။ ဘယ်လောက်ပေးရမလဲဆိုတော့ မင်းတို့ မြန်မာနိုင်ငံမှာသုံးနေတဲ့ ဘတ်ဂျက်တစ်ဝက်တိတိ ငါ့ပေး လို့။ အဲလို မပေးရင် ငါ ဒီကိစ္စကြီး မအောင်မြင်နိုင်ဘူး”
၂၀၁၃ သြဂုတ်လ ၄ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင် ရန် မြန်မာနိုင်ငံတွင်အသုံးပြုနေသည့် ဘတ်ဂျက်တစ်ဝက်လိုအပ်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။