Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အခုနောက်ဆုံးအခြေနေက တိုက်လိုက်၊ နားလိုက်ဖြစ်နေတယ်လို့ သိရတယ်။ ထိခိုက်မှု အနေအထားတော့ မသိရသေးဘူး။ ဒါက ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီးမှ ဒုတိယအကြိမ်မြောက် တိုက်ပွဲဖြစ်တယ်။ ယုံကြည်မှုတည်ဆောက်ပြီးမှ ဆက်ပြီး နောက်ထပ်တွေ့ဆုံမှုတွေ လုပ်မယ်လို့လဲ သဘောတူပြီးဖြစ်တယ်။  အဲဒီအတွက် အခုလိုတိုက်ပွဲတွေ ဖြစ်နေတာ တပ်မတော်က ထိုးစစ်ဆင်နေတာတွေက အခုလိုနှစ်ဖက် ယုံကြည်မှုတည်ဆောက်နေတဲ့ အခြေအနေကို ထိခိုက်စေပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁)အမှတ် ( ၁၀၂) တွင် ပါရှိသော “ကွတ်ခိုင်အခြေစိုက် ခလရတပ်ရင်း(၄၅)နှင့် တအန်းတပ်မတော်တို့ တိုက်ပွဲဖြစ်”သတင်းမှ (T.N.L.A) သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံဗိုလ်ကြီးသာအောင်ကို၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဘင်္ဂါလီလူမျိုးတွေကို နိုင်ငံသားပြုခွင့်ပေးလိုက်တာနဲ့ တစ်ဆင့်တက်လာမယ့်အချက်တွေ အများကြီးရှိတာကို မစ္စတာကင်တားနားအနေနဲ့ သိရှိနားလည်မှာမဟုတ်ဘူး။ ဘယ်လိုအချက်တွေလည်းဆိုရင် နိုင်ငံသားပေးပြီးတာနဲ့ တိုင်းရင်းသား အခွင့်အရေးတွေ ရယူလာမယ်။  တိုင်းရင်းသားအခွင့်အရေးတွေ ရယူပြီးတော့ နိုင်ငံကခွဲထွက်ခွင့်တွေ၊ သီးခြားနိုင်ငံ ထူထောင်မယ့်အခွင့်အရေးတွေ အနေအထားမျိုး ဖန်တီးလာမယ့်ဟာကို ဘယ်ဟာကိုကြည့်ရင် သိသာမလဲဆို ဒီပါစ္စတန်ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ခွဲထွက်လာတာပေါ့။ အရှေ့ပါကစ္စတန်လို့ ဖြစ်လာတာကိုကြည့်ရင် သိသာနိုင်တယ်။ နောက်ပြီးတော့ ဒီဘင်္ဂါလီတွေ လုပ်ဆောင်နေတဲ့ကိစ္စတွေဟာ နိုင်ငံသားအခွင့်အရေး လိုချင်တာဖြစ်သလို နိုင်ငံကို ပိုလိုချင်တာဖြစ်တယ်။ နောက်ပြီးတော့ ဒီကမ္ဘာတစ်ခုလုံးမှာရှိတဲ့ အကြမ်းဖက်ကွန်ယက်တွေနဲ့ ဆက်သွယ်ပြီးတော့ လှုပ်ရှားနေတဲ့ဖြစ်ရပ်တွေကို မစ္စတာကင်တားနား သိရှိနားလည်ဖို့လိုတယ်။ မသိနားမလည်ဘဲနဲ့ သူအနေ့နဲ့နိုင်ငံသားဖြစ်ဖို့ ပြောနေတာကာ သူရဲ့လုပ်ပိုင်ခွင့်နဲ့ အခွင့်အာဏာပေါ်မှာ ကျော်လွန်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ်လို့ အဓိကပြောချင်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် မဖြစ်ခွင့်ဆိုတာ ဒီနိုင်ငံမှာရှိတဲ့ ဥပဒေပြုရေး၊ လွှတ်တော်နဲ့ကျန်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်း အကြီးအကဲတွေက ဆုံးဖြတ်ရမယ့်ကိစ္စအဖြစ်၊ ဒီကိစ္စဟာ မစ္စတာကင်းတားနား ဝင်ရောက်စွက်ဖက်ရမယ့်ကိစ္စ မဟုတ်ဘူးလို့မြင်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉  ပြည်သူ့ဆန္ဒ ဂျာနယ် အတွဲ(၁)အမှတ်(၂၄) တွင် ပါရှိသော  “ဘင်္ဂါလီလူမျိုးတွေကို နိုင်ငံသားပြုခွင့်ပေးလိုက်ပါက တစ်ဆင့်တက်လာမယ့်အချက်တွေ အများကြီးရှိသည်ကို မစ္စတာကင်တားနားအနေနဲ့ သိရှိနားလည်မည်မဟုတ်ဟုဆို”သတင်းမှ  ရခိုင်အမျိုးသားကွန်ကရက်ဥက္ကဋ္ဌ ကိုတင်ထူးအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ပုဒ်မ ၁၄၄ ထုတ်ရင် အရင်က ခရိုင်ရာဇဝတ်တရားသူကြီးက ထုတ်တယ်။ အဲဒီအာဏာကို ပေးထားတယ်။ အခုကျတော့ အဲဒီအာဏာကို မြို့နယ်အုပ်ချုပ်ရေးမှူး ခရိုင်ရဲကနေ ထုတ်ကြတယ်. အဲဒီက စီမံခန့်ခွဲမှုအာဏာက တရားစီရင်ရေးအာဏာကို လွှမ်းမိုးသွားတဲ့ သဘောရှိတယ်။ အမှန်ဆို အုပ်ချုပ်ရေးမှူးဆိုတာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ လက်အောက်မှာရှိရမှာ၊ တရားစီရင်ရေး အာဏာ လက်အောက်မှာရှိတဲ့ တရားသူကြီးတွေဟာ စီမံခွင့်ကို အုပ်ချုပ်ရေးမှူးကို မလွှဲရဘူးဆိုတဲ့ ဥပဒေရှိတယ်၊ ဒါပေမယ့် နိုင်ငံတော်သမ္မတရဲ့ အမိန့်အာဏာနဲ့ပေးတဲ့အခါကျတော့ အားလုံး ထုတ်ကြတယ်။ ဒါကလည်း ဖွဲ့စည်းပုံနဲ့ လွဲနေတာကို တွေ့ရတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ထုတ်  ကုမုဒြာ ဂျာနယ်  အတွဲ (၃) အမှတ် (၂၁) တွင် ပါရှိသော “ရဲတပ်ဖွဲ့ဝင်များ ရပ်ကြည့်မနေဘဲ ပြည်သူကို ကာကွယ်ပါ”သတင်းမှ ရန်ကုန်ရှေ့နေအသင်းမှ အမှုဆောင် တရားလွှတ်တော်ရှေ့နေ ဦးသန်းဌေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့သူတွေနဲ့ အရွေးခံနိုင်သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၉(က)အရ နိုင်ငံသားများသာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၅(က)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံသားဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေးပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်စေ၊ အခြားတည်ဆဲဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ထုတ်   Daliy Eleven  နေစဉ်ထုတ်သတင်းစာ  တွင် ပါရှိသော “နိုင်ငံသား မဟုတ်သူများအား နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ် အများစု မထောက်ခံသော်လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အားလုံး ထောက်ခံ၍ လွှတ်တော်၌ ဆွေးနွေးမည်” သတင်းမှ  ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 “ပထမအချက်ကတော့ အစိုးရဆန္ဒအပေါ်မှာ မူတည်တယ်၊ အစိုးရအဖွဲ့က ဒီတိုက်ပွဲတွေကို ရပ်ချင်သလား၊ ရပ်ချင်တယ်ဆိုရင် ဘယ်လို့ပုံစံနဲ့ရပ်ချင်သလဲဆိုတဲ့ အစိုးရဆန္ဒပေါ်မှာ မူတည်တယ်၊ ဒုတိယအချက်ကတော့ အခြေခံဖွဲ့စည်းပုံဥပဒေအပေါ်မှာ မူတည်တယ်၊ ဥပဒေက ဘယ်လိုလမ်းကြောင်းပေးနိုင်သလဲ၊ အဲဒါမှမဟုတ်ရင် ဥပဒေကဖြစ်နေတဲ့တိုက်ပွဲကို လမ်းကြောင်းတစ်ခုလို ချမှတ်မပေးနိုင်ဘူးလား၊ နောက်တစ်ခုကတော့ အခုဟာငြိမ်းချမ်းရေးလို့ ပြောနေတာ ငြိမ်းချမ်းရေးလုပ်ရမှာကို လူတိုင်းက လက်ခံတယ်။ Generally ပေါ့နော်၊ သို့သော်လည်း လွှတ်တော်ကနေပြီးမှ အစိုးရကနေပြီးမှ ဘယ်လိုအခြေခံအပေါ်မှာ ဘယ်လိုတည်ဆောက်ရမလဲ ဆုံးဖြတ်ချက်ရှိလားဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉ ရက်ထုတ်  Venus News အတွဲ(၅)အမှတ်(၅)တွင် ပါရှိသော “မြောက်ပိုင်းက မငြိမ်းနိုင်တဲ့ စစ်မီး” သတင်းမှ  ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment