Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အဓိက ကျွန်တော်ပြောချင်တာ ဥပဒေပုဒ်မ ၃၃(က)မှာပေါ့။ အဲဒါက ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင် မယ်ဆိုရင် မဖြစ်သင့်တဲ့ကိစ္စတစ်ခု၊ ၃၃(က)နဲ့ ကျွန်တော်တို့ကို အမြင့်ဆုံး ၁၅ နှစ်အထိ ချလို့ရတယ်။ ကျွန်တော်တို့ဆိုရင် အီးမေးလ် ၄ စောင်ပို့တာနဲ့တင် အနှစ် ၆၀ ချတယ်။ အဲဒီလို ဥပဒေမျိုးကို ပြင်ဆင်ရုံပဲ ပြင်ဆင်မယ်ဆိုရင် ဒီကနေ့ အင်တာနက်ခေတ်ကြီးမှာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်ပတ်သက်ပြီးတော့ အသုံးပြုနေတဲ့ ခေတ်ကြီးမှာဆိုရင် နောက်ကျကျန်ခဲ့မယ့် ဥပဒေမျိုးဖြစ်နေမှာကို ကျွန်တော်စိုးရိမ်တယ်။ အကောင်းဆုံးကတော့ အဲဒီဥပဒေတစ်ခုလုံးကို ပြန်သုံးသပ်ဖို့လိုတယ်၊ ပြန်သုံးသပ်ပြီးတော့ ဖျက်သင့်ရင် ဖျက်လိုက်၊ ဖျက်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီဥပဒေဟာ ဖျက်သင့်တဲ့ဥပဒေကြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို နအဖ စစ်အစိုးရခေတ် ၂၀၀၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ထုတ် ပြည်သူခေတ် ဂျာနယ် အတွဲ(၄)အမှတ် ( ၁၆၀) တွင် ပါရှိသော “အီလက်ထရောနစ်ဥပဒေပြင်ရေး ဆွေးနွေးရန် လွှတ်တော်သဘောတူ”သတင်းမှ ၈၈ မျိုးဆက် (ပွင့်လင်း လူ့အဖွဲ့အစည်း) အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒီမိုကရေစီအင်အားတွေကတော့ ဒီမိုကရေစီအကြောင်းတွေ မိုးမွှန်အောင်ပြောနေကြတာပေါ့။ တိုင်းရင်းသားပြဿနာက အဓိကကျတယ်။ ဒီမိုကရေစီက ပါးစပ်နဲ့အော်တာ၊ ပါးစပ်နဲ့တိုက်တာ။ ကျွန်တော်တို့တိုင်းရင်းသားတွေက သေနတ်နဲ့တိုက်တာ။ ကျွန်တော်တို့လဲ စစ်မြေပြင်ကို ပြန်မသွားချင်တော့ဘူး။ သေနတ်သံမတိတ်ဘဲ တိုင်းပြည်ငြိမ်းချမ်းရေးကို ဘယ်လို ဖော်ဆောင်မလဲ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက် Yangon Times နေ့စဉ်ထုတ်သတင်းစာ  အတွဲ(၁)အမှတ်(၁၀၃) တွင် ပါရှိသော  “ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစိုးရလိမ်ပါက ယုံကြည်မှုကို နောင်မျိုးဆက်များအထိ တည်ဆောက်၍ ရတော့မည်မဟုတ်ဟု ဖဒိုမန်းငြိမ်းမောင် ပြောကြား”သတင်းမှ  KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီဥပဒေကြမ်းကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဆိုင်ဘူး။ ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ကြိုးစားတာလွှတ်တော်ထဲက တစ်စုံတစ်ရာ သြဇာအာဏာရှိတဲ့အဖွဲ့ကို ပြန်လည်ရုတ်သိမ်းဖို့ တပ်မတော်သားတွေဘက်က ကြိုးစားလာတာရှိတယ်။ ဒါက အစိုးရနဲ့ လွှတ်တော်အားပြိုင်သလိုဖြစ်နေတယ်။ ကိုယ်ရွေးတဲ့သမ္မတနဲ့ ကိုယ်နဲ့ အားပြိုင်သလို ဖြစ်နေတာပေါ့”

၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ထုတ်  လူထုပုံရိပ် ဂျာနယ်  အတွဲ (၁) အမှတ် (၄၈) တွင် ပါရှိသော “သမ္မတနှင့် လွှတ်တော် အာဏာလွန်ဆွဲမှု စတင်ပြီလော”သတင်းမှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ဖွဲ့စည်းပုံဥပဒေကို ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့လည်း ပုဒ်မ ၃၉၇ မှာ ပြဋ္ဌာန်းဥပဒေလိုပါတယ်။ ဒီတစ်ရာခိုင်နှုန်းဆို လုပ်လို့ရပြီ။ ရတဲ့ဟာကို တရားမျှတဖို့၊ မှန်ကန်ဖို့အတွက် ဥပဒေပြဋ္ဌာန်းဖို့လိုပါတယ်။ ဥပဒေပြဋ္ဌာန်းတဲ့အခါ တရားမျှတဖို့လိုပါတယ်။ မှန်ကန်ဖို့လိုပါတယ်။ ဒီစွပ်စွဲခံရတဲ့ ကိုယ်စားလှယ်တွေအတွက် ကာကွယ်တာ၊ ပြည်သူတွေအတွက် ကာကွယ်တာ ပြည်သူကိုယ်စားလှယ်ပဲ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ထုတ်   7  Day News ဂျာနယ် အတွဲ(၁၂)အမှတ်(၂၅)တွင် ပါရှိသော “ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခွင့် လွှတ်တော်တွင်း အင်အားစုအချို့ စိုးရိမ်” သတင်းမှ  ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “လာမည့်နှစ်မှာ ဘတ်ဂျတ်ဒီနှစ်ထက်ပိုများမယ်။ တိုင်းရင်းသားအရေးအရာကိစ္စတွေ အများကြီးလုပ်ပေးဖို့ ကျန်ပါသေးတယ်။ အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ ကိစ္စအဝဝကို ဆောင်ရွက်ပေးဖို့ဆိုတာ တော်တော်များများ လုပ်ပေးရဦးမယ်။ ဒီတော့နိုင်ငံတော်က လာမယ့်နှစ်တွေမှာ ဘတ်ဂျတ်တွေကို ပိုသုံးစွဲပြီး၊ တိုင်းရင်းသားအဖွဲ့တွေ၊ ဒေသတွေ အားလုံးဖွံ့ဖြိုးအောင် စီမံချက်နဲ့ လုပ်သွားဖို့ရှိတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ထုတ်  လူထုပုံရိပ် ဂျာနယ်  အတွဲ (၁) အမှတ် (၄၈) တွင် ပါရှိသော “တိုင်းရင်းသားအရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လာမည့်နှစ် ဘတ်ဂျက် ပိုသုံးမည်ဆို” သတင်းမှ  နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment