Q & C |
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
မေး။ ။ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံမယ့် တရုတ်ကုမ္ပဏီတွေက လူမှုစီးပွား သိတတ်မှုကို ဦးစားပေး ထည့်သွင်းစဉ်းစားလာကြတာ ဘာကြောင့်လဲလို့ သုံးသပ်ပေးပါ။
ဖြေ။ ။ နှစ်ဖက်လုပ်ဆောင်ရမယ့် ကိစ္စကို သဘောပေါက် နားလည်သွားတာ ရှေ့ အလားအလာ ပိုကောင်း ပါတယ်။ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်ဝါဒ ကျင့်သုံးရာမှာ ခြေတစ်လှမ်း နည်းနည်းသာတယ်။ တရုတ်နိုင်ငံအနေနဲ့ လုပ်ငန်းအရ ဆရာမဟုတ်ပေမယ့် ရှေ့ခြေတစ်လှမ်းဦးတယ်။ အခြေခံလည်း ပိုကောင်းသွားပြီ။ မြန်မာနိုင်ငံ ရဲ့ သယံဇာတက ပေါကြွယ်ဝပေမယ့် အရင်းအနှီး၊ သိပ္ပံပညာတွေမှာ လိုအပ်တယ်။ တရုတ်နိုင်ငံက ပထမက ခေတ်နောက်ကျပေမယ့် ပြုပြင်ပြောင်းလဲရာမှ ပြည်ပရဲ့ အကူအညီကို ရယူပြီး ဒီနေ့ အခြေအနေ ရောက်သွား တာ။ ပြည်ပရဲ့ အကူအညီတွေက ငွေရင်းတင် မဟုတ်ဘူး။ နည်းပညာလည်း ပါတယ်။ ပြည်ပက ဝင်လာလို့ အုပ်ချုပ်ရေးပိုင်း၊ နည်းပညာပဲ ဖြစ်ဖြစ် ရရှိပြီးမှသာ စီးပွားရေးက ဘက်စုံတိုးတက်မှာ။ လူတွေလည်း အလုပ်အကိုင်ရမှာ။ မြန်မာနဲ့ တရုတ်က ကူးလူးဆက်ဆံတာများလို့ အပြန်အလှန် အထောက်အကူ ပြုနေတယ်။ တရုတ်အစိုးရကလည်း ငွေကြေးတတ်နိုင်တဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးနေပါတယ်။ ရင်းနှီးမြှုပ်နှံရာမှာလည်း နှစ်ဦးနှစ်ဖက် အကျိုးပြုနိုင်တာကိုပဲ မျှော်မှန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးတို့ တိုးတက်ဖို့ကို အထောက်အပံ့ဖြစ်တာကိုပဲ လုပ်ဆောင်စေပါတယ်။
၂ဝ၁၃ စက်တင်ဘာ ၉ ရက် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး နှင့် အင်တာဗျူး” မှ တရုတ်နိုင်ငံ သံအမတ်ကြီး ရန်ဟို့လန်၏ ပြောကြားချက်အား ကောက် နှုတ်ချက်။
“အစိုးရက အောက်တိုဘာမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ဖို့ ကိစ္စရပ်ကို လာပြီး တင်ပြတဲ့ သဘောပေါ့။ အဲဒါ လက်မှတ်ထိုးပြီးရင် နိုဝင်ဘာမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်ပေါ့။ အဲဒီ ကမ်းလှမ်း ချက်က နိုင်ငံရေး အာမခံချက် မရှိသေးတဲ့အတွက် အောက်တိုဘာကိစ္စကို ကျွန်တော်တို့က သဘောထား မပေးခဲ့ပါဘူး”
၂ဝ၁၃ စက်တင်ဘာလ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၈) ၊ အမှတ် (၄၈) တွင် ပါရှိသော “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကမ်းလှမ်းချက်ကို နိုင်ငံရေး အာမခံချက်မရှိသဖြင့် သဘောထား မပေးနိုင်ကြောင်း အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် UNFC ပြောကြား” သတင်းမှ UNFC ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး - ၂ ပဒိုမန်းမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“အခွန်ကိစ္စက ဘယ်မှာ သွားဆုံးလဲဆိုရင် နှစ်စဉ် ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရတဲ့ ဥပဒေ သုံးခုရှိတယ်။ စီမံကိန်း၊ ဘတ်ဂျက်၊ အခွန်ဥပဒေ ဒါက ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်တယ်။ အခွန်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကို တင်တယ်။ အခွန် ဥပဒေ ဆိုတဲ့အခါမှာ တခြားမဟုတ်ပါဘူး။ ဒီနေ့ အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာတဲ့ ထုတ်ပြန်ချက်တွေပါပဲ။ ဘဏ္ဍာ ရေး ဝန်ကြီးဌာနက ထုတ်လိုက်တယ်။ ကုန်သွယ်လုပ်ငန်းခွန် အမိန့်ကြေညာစာ။ အဲဒီအတိုင်း ကောက်ရမယ်။ အဲဒီအတိုင်း ကောက်ပေမယ့် ဘယ်လိုထွက်လဲ၊ ဘယ်လိုတွက်ချက်လဲ ဆိုတာက တချို့ တချို့သော၊ ပြီးသွား ပါပြီ။ အဲဒီဌာနက ပုဂ္ဂိုလ်များသည်ပင် မသိပါဘူး။ သူတို့သိတာက ဘာလဲ။ ဒီနယ်မြေ မှာ ဒီနှစ် အခွန် ဘယ်လောက်ရအောင် ကောက်ဆိုတဲ့ မန်းဒိတ်အရ ကောက်သွားပြီးတဲ့အခါမှာ မနှစ်က သိန်း ၅ဝဝ ဆို၊ ဒီနှစ် ၅၅ဝ ဆိုပြီး ဖြစ်သွားတဲ့သူတွေ အများကြီးပါ။ ဘာဖြစ်လို့ ဒီလို ပြောရလည်း ဆိုတော့ ကျွန်တော် ဒီနယ်ပယ်မှာ လေ့လာထားတာ အများကြီး ရှိတယ်။ ပြီးတဲ့အခါမှာ ခုနက အခွန် ၂၅ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ၊ ရာခိုင်နှုန်း ၃ဝ ဘယ်လိုကောက်လဲ အများကြီး ရှုပ်ထွေးပါတယ်။ ဒီလိုအခွန် ကောက်နေတာ ဘယ်စာရင်းအပေါ် မှာ ကောက်နေသလဲ။ တကယ် စာရင်းအမှန် မှာလား။ ဒါမှမဟုတ်ရင် အစီစစ်ခံတဲ့ စာရင်းပေါ်မှာလား။ ဒါတွေဟာ ရှုပ်ထွေးနေဆဲ ရှိပါတယ်။ အဲဒါတွေကို ဒီနေ့ ပြုပြင်ပြောင်းလဲရမယ်။ ပြီးခဲ့တဲ့ ဘတ်ဂျက် လွှတ်တော် မှာ တင်ပြလာတဲ့ အခွန်ကိစ္စနဲ့ ပတ်သက်လို့ ပြောမယ်ဆို မပြတ်သေးပါဘူး။ လာမယ့် မကြာခင်မှာ supplementary လာပါလိမ့်မယ်။ အဲဒီမှာ ဒီဟာရော အခွန်ကိစ္စရော ဆက်လက် ဆွေးနွေးရမယ်”
၂ဝ၁၃ စက်တင်ဘာလ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၈) ၊ အမှတ် (၄၈) တွင် ပါရှိသော “ချေးငွေရယူနိုင်မှု အခက်အခဲများကို လုပ်ငန်းရှင်များက တင်ပြခဲ့ပြီး အခွန်စနစ်များ ရှုပ်ထွေးမှု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“တိုင်းရင်းသားလူမျိုးစုများရဲ့ ရုပ်သံလိုင်းကို စတင်ပြီး ဖွင့်လှစ်လိုက်တာဟာ တိုင်းရင်းသားများရဲ့ စာပေ၊ ယဉ်ကျေးမှု၊ မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သိသာထင်ရှားတဲ့ အားပေးကူညီမှု တစ်ခု ဖြစ်သလို မြန်မာ့ရုပ်မြင်သံ ကြား အစီအစဉ်မှာ တိုင်းရင်းသားရေးရာ ရုပ်သံလိုင်းသစ်များ တိုးမြှင့်ခြင်းဟာ သာမန် လုပ်ရိုးလုပ်စဉ် အစီအစဉ်တွေထက် အများကြီး ပိုမိုထူးခြားတဲ့ အဓိပ္ပာယ် ရှိပါတယ်”
၂၀၁၃ စက်တင်ဘာလ ၉ ရက်နေ့ The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တိုင်းရင်းသား လူမျိုးရှစ်မျိုး၏ ရုပ်သံလိုင်းသစ်များ တိုးမြှင့်ထုတ်လွှင့်ရန် စီစဉ်” သတင်းမှ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“လုပ်ငန်းရှင်တွေကလည်း သဘောမတူဘူး။ ဝန်ကြီးဌာနကလည်း လက်ခံတယ်ဆိုတော့ ဒီပင်လယ်ပြင် ငါးဖမ်းခွင့် (Fishing Right) က မပေးသင့်တော့ဘူးလို့ ယူဆပါတယ်။ ဒီအတွက် လွှတ်တော်က ကူညီဖို့ လိုရင် လည်း ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ ပင်လယ်ပြင် ငါးဖမ်းဖို့အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေကို ပေးရင်လည်း နိုင်ငံခြား ငါးဖမ်းလှေကရတဲ့ တစ်နှစ်ကို ဒေါ်လာ ၁၂ သန်းလောက်တော့ ပြန်ရရှိနိုင်တဲ့ အတွက် ငွေရေး ကြေးရေးအရ လျော့သွားစရာ အကြောင်း မရှိပါဘူး။ ငါးကုန်တက် ကိုလည်း သိရမယ်။ စက်ရုံ အလုပ်ရုံ အတွက်လည်း ကုန်ကြမ်းရမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရမယ်။ Fishing Right ကို မပေး တော့ဘူးဆိုတာ ဆုံးဖြတ်ချက်က ကောင်းမွန်မှန်ကန်ပါတယ်”
၂၀၁၃ စက်တင်ဘာ ၉ ရက်နေ့ ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ထိုင်း ငါးဖမ်းလှေတွေ မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းခွင့် နောက် ငါးနှစ် သက်တမ်းတိုးဖို့ တောင်းဆိုချက် ခွင့်မပြုတော့” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက် နှုတ်ချက်။