Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

(10 Sept 2013 ရက်စွဲပါ Bangkok Post မှ F & N in dispute with Myanmar Partner ကိုဘာသာပြန်ဆိုသည်)

(10 September 2013 ရက်စွဲပါ UN News Centre မှ Myanmar: First UN aid convoy in 20 months reaches displaced in Kachin State ကို ဘာသာပြန်ပါသည်)


F & N နှင့် မြန်မာဦးပိုင် အငြင်းပွားလျက်ရှိ

(10 Sept 2013 ရက်စွဲပါ Bangkok Post မှ F & N in dispute with Myanmar Partner ကိုဘာသာပြန်ဆိုသည်)

ဘီလီယံနာ Charoen Sirivadhanabhakdi ပိုင်ဆိုင်သော Fraser & Neave (F & N) က ၄င်းသည် ပါတနာဖြစ်သော Myanmar Brewery ၏ ရှေ့နေများထံမှ ငြင်းချက်ထုတ် သမ္မာန်စာတစ်စောင် လက်ခံရရှိကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါနို့တစ်စာသည် အစောပိုင်းက F & N နှင့် ၁၈နှစ်ခန့် ဖက်စပ်လုပ်ကိုင်ခဲ့သူ မြန်မာ့စီးပွားရေးဦးပိုင်ထံမှ F & N ၏ ပိုင်ဆိုင်မှု ၅၅% ကို  Myanmar Brewery သို့ရောင်းချရန် တောင်းဆိုခဲ့ခြင်းနှင့် ဆက်စပ်နေမည် ဖြစ်ပါသည်။ F & N က ၄င်း၏ သြဂုတ်လ ၂၉ ရက်နေ့ထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါတောင်းဆိုမှုသည် အခြေအမြစ် မရှိကြောင်း ပြောခဲ့ပါသည်။ F & N သည် Tiger ဘီယာထုတ်လုပ်သော ၄င်း၏ Asia Pacific Breweries ကို ပါတနာဖြစ်သူ Heineken Nv သို့ရောင်းချခဲ့ပြီး၊ Myanmar Double Story နှင့် Andaman Gold Beer ထုတ်လုပ်မှုသာ ကျန်ရှိပါသည်။

“ဒီကိစ္စကတော့ ကုမ္မဏီရဲ့ရှေ့နေတွေလက်ထဲမှာပဲ ရှိပါတယ်။” ဟု F & N က Singapore လဲလှယ်ရေးသို့ ထုတ်ပြန်သော ကြေညာချက်တွက် အင်္ဂါနေ့ကပြောကြားခဲ့ပါသည်။ အစောပိုင်းက ၄င်းသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ အားသွန်ခွန်စိုက် ဆန့်ကျင်သွားမည်ဟု ဆိုပါသည်။

ပြီးခဲ့သည့်လက F & N ကပြောကြားရာတွင် ၄င်းသည် ယခုနှစ်ကုန်တွင် စင်္ကာပူ စတော့စာရင်းတွင် အချိုရည်နှင့် ပုံနှိပ် လုပ်ငန်းများ၌ ပါဝင်နေခြင်းအပြင် အခြေပစ္စည်းလုပ်ငန်းကိုလည်း စတင်လုပ်ကိုင်ရန် စီစဉ်နေကြောင်း ပြောကြား ခဲ့ပါသည်။


 

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ အကူအညီပေးရေးယာဉ်တန်း လပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်သို့ ရောက်ရှိ

(10 September 2013 ရက်စွဲပါ UN News Centre မှ Myanmar: First UN aid convoy in 20 months reaches displaced in Kachin State ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ဖြစ်ရသော ထောင်ပေါင်းများစွာသောလူများအတွက် နှစ်နှစ်အတွင်း ပထမ ဦးဆုံးအကူအညီပေးရေး ယာဉ်တန်းသည် အစားအသောက်၊ ဆေးဝါးနှင့် အခြားပစ္စည်းများ ဖြန့်ဝေခဲ့သည်ဟု ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာနခွဲက ယနေ့သတင်းထုတ်ပြန်ခဲ့ပါသည်။

လိုင်ဇာမြို့ရှိ Woi Chyai စခန်းတွင် လူပေါင်း (၄၀၀၀) ကျော်သည် ကုလသမဂ္ဂအေဂျင်စီများနှင့် မိတ်ဖက်အဖွဲ့များထံမှ အစားအသောက်၊ ဆေးဝါး နှင့် အခြားပစ္စည်းများလက်ခံရရှိခဲ့ကြပါသည်။

Office for the Coordination of Humanitarian Affairs (OCHA) က ပြောကြားရာတွင် ယခုအကြိမ် သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာပြီးကတည်းက ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ဆိုပါသည်။

“ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေက ပြောပြတာကတော့ အဲ့ဒီဒေသက ပြည်သူတွေကို ကူညီဖို့ အခုယာဉ်တန်းဟာ ပထမဆုံးဖြစ်ပြီး များစွာလိုအပ်နေပါတယ်။” ဟု ဂျီနီဗာမှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် Jens Laerke ကပြောကြားခဲ့ပါသည်။ ထိုဒေသသည် အစိုးရ ထိန်းချုပ်ထားသောဒေသ မဟုတ်ဘဲ လူပေါင်း ၅၃၀၀၀ ခန့်သည်အကူအညီများ လိုအပ်နေသည်ဟု၎င်းက ပြောပါသည်။

OCHA ကပြောကြားရာတွင် ယခုကယ်ဆယ်ရေးပစ္စည်းများသည် ပြည်တွင်းအုပ်စုများနှင့် အခြားပတ်တနာ ပုံမှန်ပေးနေသော အကူအညီများကို ထပ်ဆောင်းပေးသည့် သဖွယ် ဖြစ်ရသည်ဟု ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment