Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

(13 Sept 2013 ရက်စွဲပါ Bangkok Post မှ Egat prepares for gas field shutdown ကို ဘာသာပြန်ဆို ပါသည်)

(12 Sept 2013 ရက်စွဲပါ UPI မှ ICRC helps guide police policies in Myanmar ကို ဘာသာပြန်ပါသည်)


မြန်မာနိုင်ငံမှ ပြုပြင်ထိန်းသိမ်းမှုအတွက် ဓါတ်ငွေ့ပို့လွှတ်မှု ခေတ္တရပ်နားမှုအတွက် Egat ပြင်ဆင်

(13 Sept 2013 ရက်စွဲပါ Bangkok Post မှ Egat prepares for gas field shutdown ကို ဘာသာပြန်ဆိုပါသည်)

ထိုင်းနိုင်ငံ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) က ထိုင်းပင်လယ်ကွေ့အတွင်း ကမ်းလွန် နှင့် ကုန်းတွင်းဓါတ်ငွေ့ထုတ်လုပ်သူများအား မြန်မာနိုင်ငံရဲတံခွန်ဓါတ်ငွေ့ထုတ်လုပ်မှုတွင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ရန် (၁၄) ရက် ရပ်နားမည့် အချိန်၌ ထုတ်လုပ်မှု ပိုမိုပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

ရဲတံခွန်ဓါတ်ငွေ့ထုတ်လုပ်မှုသည် ပလက်ဖောက်စွမ်းရည် တိုးချဲ့ရန် ဒီဇင်ဘာ (၂၅) မှ ဇန်နဝါရီလ (၈) ရက်အထိ ပိတ်ထားမည် ဖြစ်ပါသည်။

ထိုသို့ ပိတ်ခြင်းကြောင့် ထိုင်းနိုင်ငံလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစနစ်တွင် တစ်ရက်လျှင် သဘာဝဓါတ်ငွေ့ (၁၁၁၀) ကုဗပေသန်းပေါင်း လိုအပ်သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၏ တစ်ခုတည်းသော ဓါတ်ငွေ့ဖြန့်ဖြူးသူ PTT Plc က Egat နှင့် ညှိနှိုင်းလျက်ရှိပြီး၊ ဘန်ကာဆီ၊ ဒီဇယ်၊ LNG များကို လျှပ်စစ်ဓါတ်အားထုတ်ရာတွင် အစားထိုးနိုင်ရန် ပြင်ဆင်နေပါသည်။

“ဓါတ်ငွေ့ပမာဏ ဒီလောက်နဲ့တော့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးမှာ ထိခိုက်မယ်မထင်ပါဘူး။ စက်မှုကဏ္ဍပဲ ဖြစ်ဖြစ် ပို့ဆောင်ရေးကဏ္ဍပဲ ဖြစ်ဖြစ် ထိခိုက်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်ကကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေရှိလို့ပါပဲ။” ဟု PTT ဓါတ်ငွေ့ဖြန့်ဖြူးရေး အကြီးတန်းအမှုဆောင် ဒုဥက္ကဌ Charcrie Buranakanonda ကပြော&#