Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာကုန်ကြမ်းလျော့နည်းမှုကြောင့် ဟောင်ကောင်ကျောက်စိမ်းဈေးကွက်တွင် ဝယ်သူရှာရန် ရုန်းကန်နေရ

(AFP မှ 16 Sep 2013 ရက်စွဲပါ “Jade struggling for buyers as Myanmar supplies decline ”သတင်းကို ဘာသာပြန်ဆိုသည်)

တန်ဖိုးကြီး ဆန်းကြယ်သော တော်ဝင်ကျောက်မျက်ရတနာ ကျောက်စိမ်းသည် အာရှသူဋ္ဌေးသူကြွယ်များ၏ အဆင့်အတန်းသင်္ကေတ တစ်ခုဖြစ်သော်လည်း ဟောင်ကောင်ထိပ်တန်းဈေးကွက်တွင် ဈေးနှုန်းများ ခေါင်ခိုက်မှုကြောင့် ဝယ်သူရှာဖွေရန် ကုန်သည်များ ရုန်းကန်နေကြရသည်။

ပြီးခဲ့သော  ၈ နှစ်အတွင်း အရည်အသွေးမြင့် ကျောက်စိမ်းနှင့် အချောထည်ကျောက်စိမ်းကုန်ကြမ်များ အကြိမ်ကြိမ်ဈေးတက်မှုကြောင့် ဝယ်သူများ နောက်ဆုတ်သွားကာ  တစ်အုံနွေးနွေး အခြေအနေ ပေါက်ကွဲထွက်တော့ မည်ဟု ကျွမ်းကျင်သူများက မှန်းဆပြောကြားသည်။

တရုတ်သူကြွယ်တို့၏ အာသီသကြောင့် ကျောက်စိမ်းဈေးတက်လာခြင်းသည် မြန်မာနိုင်ငံမှ တင်ပို့မှု မလုံ)