Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)

ဓာတ်ငွေ့ရောင်းချမှုမှရသော ဒေါ်လာဘီလီယံနှင့်ချီသော ဘဏ္ဍာငွေများကို စစ်အစိုးရ ခိုးယူခဲ့

(the national.ae မှ 17 Sept 2013 ရက်စွဲပါ Junta has stolen billions in gas revenue ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု အခြေစိုက် သဘာဝပတ်ဝန်းကျင်အုပ်စုတစ်ခုဖြစ်သော Earth Right International က ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ဘီလီယံနှင့်ချီသော ဒေါ်လာငွေမြောက်မြား စွာကို စင်ကာပူနိုင်ငံရှိ နိုင်ငံခြားဘဏ်စာရင်းထဲသို့ ထည့်သွင်းထားကြကြောင်းသိရသည်။ အဆိုပါ ဒေါ်လာငွေကြေး များသည် မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှရရှိသော ငွေများဖြစ်ပြီး ယင်းစီမံကိန်းတွင် စွမ်းအင်တူးဖော်ရှာဖွေရေး လုပ်ငန်းကြီးများဖြစ်ကြသော အမေရိကန်မှ Chevron ၊ ပြင်သစ်မှ Total နှင့် ထိုင်းနိုင်ငံမှ PTTEP တို့ပါဝင်လုပ်ကိုင်လျက်ရှိသည်။ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းကျော်ကု