Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ရေနံပိုက်လိုင်းကနေ တစ်နေ့ကို ရေနံစိမ်းစည်လေးသောင်းရမယ်။ အဲဒီထဲကနေ တစ်နေ့ရေနံစိမ်းစည် ၁၅၀၀၀ ခွဲလောက်ချက်နိုင်မယ့် ရေနံချက်စက်ရုံတစ်ခုကို တရုတ်ချေးငွေနဲ့တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ကြားရ တယ်။ တကယ်တော့ တစ်နေ့ရေနံစိမ်းစည်တစ်သိန်းလောက်ချက်နိုင်မယ့်စက်ရုံမှ စီးပွားရေးတွက်ခြေ ကိုက်မှာ ပါ။ တရုတ်က ယူနန်မှာ တစ်နေ့စည်တစ်သိန်းလောက်ချက်နိုင်မယ့် စက်ရုံတည်ဆောက်နေတယ်လို့ သိရတယ်။ မြန်မာနိုင်ငံအနေနဲ့ အလကားရတိုင်း မယူစေချင်ဘူး။ ရေရှည်ကို မျှော်ပြီး လုပ်သင့်ပါတယ်”

နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၃) အမှတ် (၆၄၇) တွင်ပါရှိသော “ကန့်ကွက်ခံနေရဆဲ တရုတ်အစိုးရပိုင် ရေနံပိုက်လိုင်း ရာနှုန်းပြည့်နီးပါးပြီးစီးနေ” သတင်းမှ ပြည်တွင်းစွမ်းအင် ကုမ္မဏီတစ်ခုဖြစ်သည့် Parami Energy Group ကုမ္မဏီမှ ဦးပြည့်ဝ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး-လက်ရှိအစိုးရရဲ့ တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်မှုတွေကရော ဘယ်အတိုင်းအတာအထိ ထိရောက်တယ် လို့ ဆရာမြင်ပါသလဲ။

ဖြေ- အပေါ်ကနေ လေသံသာပစ်နေတာ တကယ်တမ်းအောက်ခြေအထိဆင်းပြီး တိတိကျကျလုပ်တယ်ဆိုတာ မရှိဘူး။ မီဒီယာတွေကို တရားရုံးတွေမှာ လွတ်လပ်စွာ နားထောင်ခွင့်ပေးတယ်ဆိုတာ မရှိဘူး။ လွတ်လပ်စွာ ရေးသားပိုင်ခွင့် ပေးတယ် ဆိုတာမရှိဘူး။ ရေးလာရင်ဝန်ကြီးဌာနက တရားစွဲပြတာမျိုးလုပ်တယ်။ ဒါတွေကို ရှင်းရှင်းလင်းလင်း ဖွဲ့စည်းပုံမှာပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ပေးဖို့ ပထမဆုံးလိုတယ်လို့ ပြောချင်တယ်။”

နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ် (၁၃၅) တွင်ပါရှိသော “မသမာမှုတွေက တရားစီရင်ရေးလောကမှာ အများကြီးရှိနေတယ်” အင်တာဗျူးမှ တရားလွှတ်တော် ရှေ့နေချုပ် ဦးအောင်သိန်း ၏ ဖြေကြားချက်အား ကောက်နှုတ်ချက်။


 “သူတို့ရဲ့ပစ္စည်းကို ဒီမှာရောင်းမယ်၊ဒါမှမဟုတ် ဒီကပစ္စည်းကို ဟိုအတွက်ဝယ်မယ်။ ဦးတို့နိုင်ငံက နှစ် ၂၀ လောက် သူတို့ထက်နောက်ကျတယ်။ လုပ်ငန်းခွင်ကျွမ်းကျင်မှုတွေမှာ သူတို့ကသာတယ်။ နည်းပညာတွေ ရမယ်။ ကိုယ့်ဘက်က ဘာတွေ ပံ့ပိုးနိုင်မလဲ။ သူတို့ဘက်က ဘာတွေပံ့ပိုးနိုင်မလဲဆိုတာ နှစ်ဦး၊နှစ်ဖက် ညှိနှိုင်း ရမယ်”

နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၈၃) တွင်ပါရှိသော “ဗီယက်နမ် လုပ်ငန်းရှင်များ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လာရောက်လေ့လာ” သတင်းမှ ဒဂုံ ဆိပ်ကမ်းစက်မှုဇုန် ကြီးကြပ်ရေးကော်မတီဥက္ကဌ ဒေါက်တာကျော်ညွန့်လွင် ၏ ပြောကြားချက် အားကောက် နှုတ်ချက်။


“အခုဟာကအပစ်အခတ်ပဲရပ်စဲရသေးတယ်။ အပြီးသတ်ငြိမ်းချမ်းရေးမရသေးဘူး။ အဲဒီအချိန်တွေမှာ စီမံကိန်းတွေ အလုံး အရင်းနဲ့ဝင်လာပြီး မြေနေရာတွေယူ၊ စီမံကိန်းတွေ အကောင်အထည်ဖော် ကြတယ်ဆိုတော့ ဒေသခံ တွေက အပစ်အခတ် တွေရှိနေတုန်းကလည်း မငြိမ်းချမ်းဘူး။ အပစ်အခတ်ရပ်တော့လည်း ကောင်းကောင်း မနေ ရဘူး။ အပြင်က ဒုက္ခသည်တွေ ပြန်လာရင်တောင် နေစရာနေရာမရှိဘူး”

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အပစ်အခတ်ရပ်စဲပြီးနောက် ဒေသခံများကြုံနေရသည့် အခက်အခဲများကို လွှတ်တော်နှင့် လက်နက်ကိုင် အဖွဲ့ အစည်းများသို့ တင်ပြမည်” သတင်းမှ ထားဝယ်ဖွံ့ဖြိုးမှုစီမံကိန်းမှ ကိုရဲလင်းမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေလည်း နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့တာ သူ့ရဲ့ သဘော ထား၊ သူ့ရဲ့လုပ်ဆောင်ချက်တွေ သိပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ဖို့ သူကလည်းပြောပြီးသား ဖြစ်တယ်။ ဒီကိစ္စမှာလည်းပဲ တိုင်းရင်းသား အရေးမှာလည်းပဲ လက်ရှိ အစိုးရ အပါအဝင် တပ်မတော်ခေါင်းဆောင်တွေ အပါအဝင် အားလုံးကဖြေရှင်းလိုတဲ့ ဆန္ဒရှိဖို့လိုတယ်”

နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “တရားဥပဒေစိုးမိုးမှုအတွက် ကျေနပ်မှု မရှိသေးဟု ဒေါ်အောင်ဆန်းစုကြည်ဆို” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment