Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၅.၃.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ဆွေးနွေးပွဲကို ဝန်ကြီးချုပ် ဖွင့်လှစ်

(BBC သတင်းဌာနမှ Wen Jiabao opens China National People’s Congress ကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်ဆွေးနွေးပွဲကို ဝန်ကြီးချုပ် ဖွင့်လှစ်

(BBC သတင်းဌာနမှ Wen Jiabao opens China National People’s Congress ကိုဘာသာပြန်ဆိုသည်)

Photo Credit by Online

နှစ်စဉ် ကျင်းပမြဲဖြစ်သော တရုတ်နိုင်ငံ ပါလီမန်ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တည်ငြိမ်မှုရှိသော စီးပွားရေး တိုးတက်မှုရှိရန်၊ အဂတိလိုက်စားမှုများတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ချက်များလုပ် ဆောင်ရန် နှင့် ကောင်းမွန်သည့် လူမှုဖူလုံရေးအစီအစဉ်များ ချမှတ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုပြောကြားသည်။

တရုတ်နိုင်ငံတွင် အတိတ်ကာလမှ အောင်မြင်ဖြစ်ထွန်းမှုများနှင့် အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ပိုမို ချိန်ခွင်လျှာမျှသော ဖွံ့ဖြိုးမှုများ ပေါ်ထွန်းရေးအတွက်လည်း ဝန်ကြီးချုပ်ဝမ်ကျားပေါင်က မိန့်ခွန်းပြောဆိုသည်။

ယခုတစ်ကြိမ်ကျင်းပသည့် တရုတ်ပြည်သူ့ကွန်ဂရက်တွင် ဆယ်စုနှစ်တစ်ခုတာကာလအတွင်း တရုတ်ခေါင်းဆောင်ပိုင်းများအပြောင်းအလဲကို တွေ့မြင်ရမည်ဖြစ်သည်။ ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်မှာ ဟူဂျင်တောင်၏ သမ္မတရာထူးကိုအစားထိုးဝင်ရောက်ရယူမည်ဖြစ်သည်။

ထို့ပြင် ယင်းပါလီမန်ဆွေးနွေးပွဲတွင် အခြားသော အစိုးရအရာရှိရာထူးများအား မည်သည့်ပုဂ္ဂိုလ်များက ရယူမည်ဟူသည် ကိုလည်းတွေ့မြင် ရမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က နှစ်စဉ်တင်ပြမြဲဖြစ်သော လုပ်ငန်းဆိုင်ရာအစီရင်ခံစာကို နောက်ဆုံးအကြိမ်အဖြစ် တင်သွင်း သည်။ မစ္စတာ ဝမ်ကျားပေါင်၏ နေရာတွင် Li Keqiang က အစားထိုးဝင်ရောက်မည်ဟု မျှော်လင့်ရသည်။

လုပ်ငန်းဆိုင်ရာအစီရင်ခံစာတွင်မူ စီးပွားရေးတိုးတက်မှုနှုန်းထားကို ၂၀၁၂ ခုနှစ်ကအတိုင်းပင် ၇ ဒဿမ ၅ ရာခိုင်နှုန်းရှိရန် ဦးတည်ထားပြီး ငွေကြေးဖောင်းပွမှုနှုန်းထားကို ၃ ဒဿမ ၅ ရာခိုင်နှုန်းရှိရန် သတ်မှတ်ထားကြောင်းတွေ့ရသည်။ အလုပ်အကိုင်သစ်ပေါင်း ၉ သန်းကျော်ခန့် ဖန်တီးပေး သွားရန်လည်း ကတိကဝတ်ပြုဖော်ပြထားသည်။

“အစပိုင်းမှာကတည်းက ပြည်သူတွေရဲ့ ကြွယ်ဝချမ်းသာမှုတိုးတက်ကောင်းမွန်အောင် ကျွန်တော်တို့မဖြစ်မနေ လုပ်ဆောင်ကြရပါမယ်၊ အစိုးရ လုပ်ငန်းစဉ်တွေရဲ့ပန်းတိုင်အတွက် ဦးစားပေးလုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ လူမှုဖွံ့ဖြိုးမှု အင်အားကောင်းမွန်ကြီးထွားလာစေရေး အတွက်လည်း ကြိုးပမ်းလုပ်ဆောင်သွားရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဆင်းရဲနွမ်းပါးသူများအတွက် ပင်စင်ငွေခွဲဝေမှု တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖွံ့ဖြိုးမှုရှိမည့် အကျိုး သကရောက်မှုများဖြစ်ပေါ်ရေး အစရှိသည်တို့နှင့်ပတ်သက်၍လည်း ၎င်းကပြောကြားသည်။ “ဂေဟဗေဒပတ်ဝန်းကျင် အခြေအနေက ပြည်သူတွေရဲ့ ဥစ္စာဓနအဆင့် နဲ့ ကြွယ်ဝချမ်းသာမှုအပေါ်အကျိုးသက်ရောက်မှုရှိသလို အနာဂတ်ကျွန်တော်တို့တိုင်းပြည်အပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါ တယ်” ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကပြောကြားသည်။

တရုတ်ပြည်တွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စကိုလည်း အစိုးရအာဂျင်ဒါတွင်ထည့်သွင်းထားသည်။ သို့အတွက် နိုင်ငံရေး ပေါင်းစည်းမှု နှင့် အာဏာကို ကောင်းစွာထိန်းသိမ်းမှုတို့ ပိုမိုလုပ်ဆောင်ရလိမ့်မည်ဟု ၎င်းကဆိုသည်။ “ပေါ်လစီရေးဆွဲမှု၊ ပေါ်လစီအကောင်အထည် ဖော်ဆောင်ရွက်မှု တို့ကို ကျွန်တော်တို့ အသေအချာလုပ်ဆောင်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။ တရုတ်နိုင်ငံပိုင် မီဒီယာအဆိုအရ ကာကွယ်ရေးအသုံးစရိတ်မှာ ၁၀ ဒဿမ ၇ ရာခိုင်နှုန်း(ယွမ်ငွေ ၇၂၀ ဒဿမ ၂ ဘီလီယံ ယွမ်) အထိမြင့်တက်လာမည်ဖြစ်ကြောင်း သတင်းဖော်ပြသည်။ တရုတ်ပြည်၏ စစ်တပ်အသုံး စရိတ်မှာ နှစ်အတော်များများတွင် နှစ်ဆခန့်မြင့်တက်လာပြီး လေ့လာသုံးသပ်သူများအဆိုအရ အသုံးစရိတ်မှာ ပိုမိုမြင့်တက်လျက်ရှိသည်။

မည်သို့ပင်ဆိုစေ ဘေဂျင်းအစိုးရသည် လတ်တလောအနေအထားတွင် နယ်နမိတ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် ကြုံတွေ့နေရာ တရုတ်ပြည်၏ စစ်အသုံးစရိတ်ကို အမေရိကန်ပြည်ထောင်စုနှင့် အိမ်နီးချင်းနိုင်ငံများက စောင့်ကြည့်လေ့လာကြမည်သာဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ယင်းဆွေးနွေးပွဲသို့ တပ်မတော်မှအဖွဲ့ဝင်များ၊ ဘုန်းတော်ကြီးများ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် စီးပွားရေးခေါင်းဆောင်များ အပါအဝင် လူ ၃၀၀၀ ကျော်တက်ရောက်ကြသည်။ သို့သော် တက်ရောက်သူအများစုမှာ ကွန်မြူနစ်ပါတီဝင်များဖြစ်ကြသည်။ ထိုသို့ကျင်းပရာတွင်တက် ရောက်သူကိုယ်စားလှယ်များအနေဖြင့် မူဝါဒများကို အငြင်းအခုန်လုပ်ကြရသည်ထက် ချမှတ်ပြီးသားဆုံးဖြတ်ချက်များကိုသာ အတည်ပြုပေးရသည် ကများသည်။ နှစ်ပတ်တာကြာမျှပြုလုပ်မည့် ယင်းဆွေးနွေးပွဲ အစီအစဉ်ကို လူသိရှင်ကြားထုတ်ဖော်မှုမပြုထားသော်လည်း မစ္စတာရှီကျင့်ဖျင်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရာထူးကို တရားဝင်ရယူမည်ဖြစ်သည်။

***********************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၅.၃.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် စဉ်းစားခြင်း

(4 February 2013 ရက်စွဲပါ The Harvard Crimson မှ Dina M-Perez ရေးသားသော Thinking Peace in Myanmar ကို ဘာသာပြန် ဆိုပါသည်)

  1. Sanctions များ အပြီးသတ်ရုတ်သိမ်းပေးရန် အီးယူကို မြန်မာခေါင်းဆောင် တိုက်တွန်း

(EU Business News မှ 4 March 2013 ရက်စွဲပါ “Myanmar Leader urges EU to lift Sanctions” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မြန်မာ့စီးပွားရေး မြှင့်တင်ရန် ဗြိတိန်ကူညီ

( UPI News မှ 4 Mar 2013 ရက်စွဲပါ “ Britain to give Myanmar financial boost” သတင်းကို ဘာသာပြန်ဆိုသည်။ )

**********************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် စဉ်းစားခြင်း

(4 February 2013 ရက်စွဲပါ The Harvard Crimson မှ Dina M-Perez ရေးသားသော Thinking Peace in Myanmar ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by AFP

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်မျာအတွင်း မှတ်မှတ်ထင်ထင် တိုးတက်မှုများရှိခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးခြင်း၊ KNU နှင့် ရာစုနှစ်တစ်ဝက်ခန့် ပြည်တွင်းစစ်အဆုံးသတ်ရေး သဘောတူညီချက်ရရှိခဲ့ခြင်းများအပြင် မီဒီယာဆင်ဆာများ ပယ်ဖျက်ပေးခဲ့ခြင်းများရှိခဲ့ရာ မြန်မာနိုင်ငံ သည် သေချာပေါက်ချိုးကွေ့သွားပြီဆိုသည်ကို ငြင်းချက်မထုတ်နိုင်အောင် လုပ်ဆောင်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ လက်ခံနိုင်ဖွယ်ပြုပြင်ပြောင်းလဲမှုများကြောင့် ပြီးခဲ့သည့်ဇူလိုင်လက အမေရိကန်သည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုများကို ဖြေလျော့ပေးခဲ့ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အချို့ကအရေးယူမှု၏ အချို့အစိတ်အပိုင်းများကိုသာ ဖယ်ရှား ပေးခြင်းသည် တိုင်းပြည်၏ နောက်ထပ်တိုးတက်မှုများရရှိရေးအတွက် မလုံလောက်ဟုဆိုပါသည်။ မြန်မာနိုင်ငံမှ အောင်မြင်မှုများသည် ဒီမိုကရေစီ သို့လျှောက်လှမ်းနေသော အားလုံး၏ ချီးမွမ်းမှုနှင့် ထိုက်တန်သော ခြေလှမ်းများအပေါ် ရောင်ပြန်ဟပ်မှုများရှိနေပြီ ဖြစ်သော်လည်း တိုင်းပြည် ၏ အတိတ်မှ ပြင်းထန်သောဖြစ်ရပ်များကလည်း လက်ရှိအခြေအနေပေါ်တွင် ထင်ဟပ်နေဆဲဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကချင် ပြည်နယ်နှင့် ရိုဟင်ဂျာ ပဋိပက္ခများကို စဉ်းစားခဲ့ပါက အရေးယူမှုများ နောက်ထပ်ဖြေလျှော့ပေးမှုပြုလုပ်နိုင်မည် မဟုတ်ပဲ၊ တိုင်းပြည်ကို ဒုက္ခရောက်စေခဲ့ သောအဆိုပါပြင်းထန်သော ဖြစ်ရပ်များကို ကုစားပေးနိုင်ရန် သံတမန်ဆက်ဆံရေး အသစ်များဖြင့် လုပ်ဆောင်ရန်ကိုသာ ကြိုးစားလာနိုင် ပါသည်။

မြန်မာစစ်တပ်နှင့် KIA တို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သော်လည်း ကချင်ဒေသတွင် နိုင်ငံရေးရာသီဥတု ပြောင်းရန် အနည်းငယ်မျှသာ လုပ်ဆောင်နိုင်ခဲ့ပါသည်။ မြန်မာအစိုးရသည် ဖိနှိပ်သော လုပ်နည်းကိုင်နည်းများကိုသာ လုပ်ဆောင်လာရာ ကချင် ခေါင်းဆောင်များအား ၂၀၁၀ တွင် နိုင်ငံရေးပါတီ ဖွဲ့ခွင့်မပေးခြင်းနှင့် ကချင်မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၁ ဇွန်လတွင် မြန်မာစစ်တပ်သည် ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများပြန်လည်လုပ်ဆောင်လာသည်ဟု သတင်းများက ဖော်ပြခဲ့ရာ အဆိုပါ ဖြစ်ရပ်မှာ ယခုနှစ်အထိ ဆက်လက်ဖြစ်ပေါ်လျက်ရှိပါသည်။ မြန်မာစစ်တပ်သည် ခရစ်စမတ်နေ့မတိုင်မီတစ်ရက်တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဗုဒ္ဓဘာသာနိုင်ငံတွင် နေထိုင်သော ခရစ်ယာန်အုပ်စုများ အပေါ် ဘာသာရေးအရ နှိုးဆွမှုဟု ခံယူနိုင် မည်ဖြစ်ပါသည်။

မြန်မာအစိုးရသည် ယခုနှစ်ဇန်နဝါရီလတွင် နောက်ထပ်အပစ်အခတ်ရပ်စဲရေး ကျေညာခဲ့သော်လည်း ရက်များမကြာမီ လက်နက်ကြီးများဖြင့် ပိုမိုပစ်ခတ်မှုများရှိလာပြန်ပါသည်။ သို့သော် အစိုးရကမူ ထိုသို့ဖြစ်ရ ခြင်းမှာ မိမိကိုယ်မိမိကာကွယ်ရင်းဖြစ်ရသည်ဟု ငြင်းချက်ထုတ်လိမ့်မည်ဖြစ်ပါသည်။ မငြင်းနိုင်သောအချက်မှာ အစိုးရသည် ဖြစ်ပွားနေဖြစ်ပွားနေသော အမျိုးသားရေးနှင့်ဆိုင်သော ပဋိပက္ခများအပေါ် ကုစားမှုအနည်းငယ် သာပြုလုပ်နိုင်ပြီး ကချင်များနှင့်လည်းကောင်း အခြားအုပ်စုများနှင့်လည်းကောင်း ပဋိပက္ခများဖြစ်စေရန် တက်ကြွစွာလုပ်ဆောင်နေသည့် သဘော ရှိပါသည်။

မြန်မာလူမျိုးများသည် ရာစုနှစ်ပေါင်းများစွာ ရိုဟင်ဂျာများအား ၎င်းတို့၏ နယ်မြေမှ မောင်းထုတ်နိုင်ရန် ကြမ်းတမ်းသော မူဝါဒများချမှတ် အကောင်အထည်ဖော်ခဲ့ရာ လွန်ခဲ့သောဆယ်စုနှစ်များအတွင်းရိုဟင်ဂျာ ဆန့်ကျင်ရေးလုပ်ငန်းများကြောင့် ရိုဟင်ဂျာများ ဒဏ်အတော်ခံကြရပါသည်။ ၁၉၈၂ ခုနှစ်က မြန်မာနိုင်ငံတွင် နိုင်ငံသားဥပဒေကိုပြဌာန်းခဲ့ရာ ရိုဟင်ဂျာများကို နိုင်ငံခြားသားဝင်ရောက်နေထိုင်သူများ အဖြစ်မတရား သတ်မှတ်ခဲ့ ပါသည်။ ၎င်းတို့ကို ထိုသို့သတ်မှတ်ခဲ့ခြင်းကြောင့် ၎င်းတို့ခရီးသွားရာတွင်လည်းကောင်း၊ အိမ်ထောင် ပြုရာတွင်လည်းကောင်း ခွင့်ပြုချက်များ ရယူရ ပါသည်။ ရိုဟင်ဂျာအမျိုးသားများသည် အစိုးရလုပ်ငန်းများကို တစ်ပတ်တစ်ကြိမ်နှင့် ကင်းစောင့် တစ်ညလုပ်ဆောင်ပေးရခြင်း အပါအဝင် အတင်းအဓမ္မ လုပ်အားပေးစေခိုင်း ခံရပါသည်။

အဆိုပါပြစ်ဒဏ်ပေးမှုများသည် ရိုဟင်ဂျာများအားလူသားမဆန်စေမှုနှင့် လွတ်မြောက်ရေးအတွက် တားဆီးခံရပြီး ကြီးပွားခွင့်ကိုလည်း ကန့်သတ်ထားသလို ဖြစ်ပါသည်။ အဆိုပါ ကန့်သတ်ချက်များကြောင့် ရိုဟင်ဂျာများသည် ထိုဒေသမှ လွတ်မြောက်ရန် အခွင့်အနည်းငယ်သာရှိပြီး မြန်မာစစ်တပ်၏ အဆက်မပြတ် ပြင်းထန်စွာဖိနှိပ်မှုနှင့် အဂတိလိုက်စားမှုများကို ကြုံတွေ့ကြရပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက သမ္မတ Obama မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းနှင့် စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်များကို စဉ်းစားပါက နှစ်နိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်းရှိနေသည့် သက်သေပင်ဖြစ်ပါသည်။ အရေးယူမှုများ ရုပ်သိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မျှော်လင့်ချက်မှာ တိုင်းပြည်အား စီးပွားရေးအရအပယ်ခံဘဝမှ ဖယ်ရှားရန် မှားယွင်းနေသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် မျှော်လင့်ချက်များရှိလာရန် ဖြစ်ပါသည်။ ပထမဦးစွာ အမေရိကန်က ဒေါ်လာသန်း (၁၇၀) အကူအညီပေးရေး အစီအစဉ်ဖြင့် စတင်ခဲ့ပြီး၊ မကြာသေးမီက ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများတိုက်ဖျက်ရေးအတွက် ကူညီရန် ဒေါ်လာသန်း (၈၀) ခွင့်ပြုခဲ့ပါသည်။

ရန်ပုံငွေအတွက် အရင်းအမြစ်သည် ကုန်သွယ်မှုကဲ့သို့ စဉ်ဆက်မပြတ်ရှိကောင်းမှရှိနေနိုင်မည်ဖြစ်ပါ သည်။ ထို့နည်းတူအရေးယူမှုများ အားလုံးကို ဖယ်ရှားလိုက်ခြင်းသည်လည်း လက်ရှိလူ့အခွင့်အရေးချိုးဖောက် မှုများ ပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပေ။ အမေရိကန် အပါအဝင် အခြားနိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံမှုအတွက် မိမိအကျိုးစီးပွားကိုသာကြည့်ပြီး အဆိုပါပြဿနာများကို ဖယ်ထုတ်စဉ်းစား၍ မရနိုင်ပေ။ ထို့ကြောင့် လက်ရှိကျင့်သုံးနေသော ကုန်သွယ်ရေးဆိုင်ရာ ပိတ်ပင်ထားမှုများဖြစ်သည့် ၂၀၀၈ ခုနှစ်က အမေရိကန်သည် ကျောက်စိမ်းနှင့် ပတ္တမြား ရောင်းဝယ်မှုများပိတ်ပင်ထားခြင်းများသည် ထိုလုပ်ငန်းများနှင့် ဆက်စပ်၍ ဖြစ်ပေါ်သော တိုင်းရင်းသားများအားရှင်းပစ်ခြင်း အဓမ္မပြုကျင့်ခြင်းနှင့် အဓမ္မလုပ်အားပေးစေခြင်း များကို တိုက်ဖျက်ရန်ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင်တွေ့မြင်ရသော လုပ်ဆောင်ချက်များမှာ နိုင်ငံတကာရာဇဝတ်မှုတရားရုံးတွင် စစ်ဆေးမှု ခံယူရနိုင်သည့် လူသားချင်းစာနာမှုကို ဖောက်ဖျက်ကျူးလွန်သော ရာဇဝတ်မှုများဖြစ်သည်ဟု ကုလသမဂ္ဂက ဖော်ပြပါသည်။၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ကာကွယ်ခြင်း ဆိုင်ရာ တာဝန်ဝတ္တရားများ အတွက် လက်မှတ်ရေးထိုးခဲ့ရာ တိုင်းပြည်နယ်နိမိတ်အတွင်းနေထိုင်သူများကို ကာကွယ်ရန်နှင့် ထိုတာဝန် ပျက်ကွက်ပါက ဝင်ရောက်စွက်ဖက်ရန်တို့ကို သဘောတူခဲ့ကြပါသည်။ မြန်မာနိုင်ငံသည်၎င်း၏ ပြည်သူများ အပေါ်အာဏာ အကာအကွယ် မပေးနိုင် သည့်အချက်ကို မကြာခဏ သက်သေပြခြင်းများ ရှိနေပါသည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရကိုယ်တိုင်က ကျူးလွန်သူ ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။ ထိုအကြောင်း ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် စီးပွားရေးအရတိုးတက်မှုကိုသာ အာရုံပြုမျှမက ပဋိပက္ခဒဏ်ခံ အုပ်စုများ အတွက် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးများ မြင့်တက်လာရေးအတွက် လုပ်ပေးကြရမည် ဖြစ်ပါသည်။

ထို့ကြောင့် အမေရိကန်က မြန်မာနိုင်ငံနှင့် အားကောင်းသော သံတမန်ဆက်ဆံရေး တည်ဆောက်ရန် ရည်ရွယ်ရာ၌ ဦးစားပေးရမည့်အချက်မှာ ကချင်နှင် ရိုဟင်ဂျာဒေသများတွင် ပြင်းထန်သော ပြဿနာများ ဖယ်ရှားနိုင်ရေးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများသည် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆွဲဆောင်နေသည်ဆိုသော်လည်း အမေရိကန်အနေဖြင့် မြန်မာအစိုးရသည် ၎င်း၏လူမဆန်သော၊ ပြင်းထန်သော၊ ဒီမိုကရေစီနည်း မကျသော လုပ်ပုံကိုင်ပုံများကို ရပ်ဆိုင်းသွားအောင် မကြိုးစားမချင်း မြန်မာနိုင်ငံ အပေါ်ကန့်သတ်ချက်များမှ  လွတ်မြောက်ခွင့် မပေးနိုင် ပေ။

---------------------------------------------------------------------------------

Sanctions များ အပြီးသတ်ရုတ်သိမ်းပေးရန် အီးယူကို မြန်မာခေါင်းဆောင် တိုက်တွန်း

(EU Business News မှ 4 March 2013 ရက်စွဲပါ “Myanmar Leader urges EU to lift Sanctions” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Online

မြန်မာနိုင်ငံအပေါ် လက်ရှိဆိုင်းငံ့ထားသော အီးယူအရေးယူပိတ်ဆို့မှု Sanctions များကို အပြီး ရုတ်သိမ်းပေးရန် သမ္မတဦးသိန်းစိန်က တနင်္လာ နေ့တွင် မေတ္တာရပ်ခံလိုက်ပါသည်။

သြစတြေးယားသမ္မတ ဟိန့်စ်ဖစ်ရှာ နှင့် ဆွေးနွေးပြီးနောက် သတင်းထောက်များအား စကားပြန်မှ တဆင့်ပြောကြားရာတွင် ဦးသိန်းစိန်က “အနှစ် ၂၀ စီးပွားရေးပိတ်ဆို့ထားမှုကြောင့် ကျွန်တော်တို့နိုင်ငံမှာ ငွေအရင်းအနှီးနဲ့ ခေတ်မှီနည်းပညာတွေချို့တဲ့နေပါတယ်” ဟုပြောဆိုခဲ့ပြီး သြစတြေးယား သမ္မတကိုလည်း ဤကိစ္စအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

ဦးသိန်းစိန်အစိုးရ၏ ၂၀၁၁ အာဏာရလာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သည့်အနေဖြင့် အီးယူကလည်း လက်နက်ပစ္စည်း ပိတ်ဆို့မှုမှလွဲ၍ ကျန် Sanctions များကို ဆိုင်းငံ့ပေးထားသည်။

အမေရိကန်ပြည်ထောင်စုကလည်း အရေးကြီးသောကုန်သွယ်ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်ကို ပယ်ဖျက် ပေးခဲ့ပြီး ကမ္ဘာ့ဘဏ်နှင့် IMF စသော နိုင်ငံတကာ ငွေကြေးအဖွဲ့များကလည်း တစ်ချိန်က တံခါးပိတ်နိုင်ငံအပေါ် အကူအညီတိုးမြှင့်လျက်ရှိသည်။

သို့သော်လည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့်ရခိုင်ပြည်နယ်မှ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းတို့နှင့်ပတ်သက်၍ စိုးရိမ်စရာများ ရှိနေဆဲပင်ဖြစ်ပါသည်။

ပြီးခဲ့သောကာလက ကေအိုင်အေနှင့် ဆွေးနွေးမှုများအပြီးတွင် သမ္မတဦးသိန်းစိန်က “နိုင်ငံတစ်ဝှမ်းမှာ နောက်ထပ်ထိုးစစ်ဆင်တာတွေ၊ တိုက်ခိုက်တာတွေ မရှိတော့ပါဘူး။ လက်နက်ကိုင် ပဋိပက္ခကို ကျွန်တော်တို့ အဆုံးသတ်နိုင်ခဲ့ပါပြီ” ဟု ခုခံပြောဆိုထားသည်။

ယခုထိ မြန်မာအစိုးရ အကောင်အထည်ဖော်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို ချီးကျူးလိုက်သော သြစတြေးယာူသမ္မတ ဖစ်ရှာက မြန်မာနိုင်ငံ အပေါ် အီးယူ Sanctions များ အဆုံးသတ်ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားပါသည်။

“မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေရှိလာပြီးတဲ့နောက် Sanctions တွေရုတ်သိမ်းပေးဖို့ သဘောတူကြတဲ့နိုင်ငံတွေနဲ့အတူ သြစတြေးယား အစိုးရက တစ်သဘောထဲရှိပါတယ်” ဟု ဖစ်ရှာက ပြောကြားသည်။

သို့ရာတွင် ဖစ်ရှာက မြန်မာနိုင်ငံအားစတင် တာထွက်ခဲ့ပြီးသော ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဖက်တွယ်ထားရန် တိုက်တွန်းသည်။

“ဒီမူဝါဒကို ဆက်လက်ကိုင်စွဲပြီး ၂၀၁၅ မှာ ကျင်းပမယ့် မှန်ကန်မျှတတဲ့ရွေးကောက်ပွဲတွေက မြန်မာနိုင်ငံရဲက အနာဂတ်လမ်း ကိုဆုံးဖြတ်ပေး သွားလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်နေပါတယ်" ဟု ဖစ်ရှာ ကပြောကြားသည်။

သြစတြေးယားသမ္မတသည် မြန်မာသမ္မတနှင့် ဒီမိုကရေစီတည်ဆောက်ရေးဆိုင်ရာ ပြဿနာများနှင့် လူ့အခွင့်အရေးကိစ္စများကို ဆွေးနွေးခဲ့ သည်ဟုသိရှိရသည်။

ဦးသိန်းစိန်မလာမှီ သြစတြေးယားရှိ အစ္စာလာမ်ညှိနှိုင်းဆောင်ရွက်ရေးကောင်စီက အိတ်ဖွင့်ပေးစာ ထုတ်ပြန်ရာတွင် မြန်မာအစိုးရ၏ ရိုဟင်ဂျာ တို့အပေါ် ဖိနှိပ်မှုများပြင်းထန်စွာ ဖြုတ်ချပေးရန် သမ္မတဖစ်ရှာကို တိုက်တွန်းထားသည်။

သို့ရာတွင် ထိုစွပ်စွဲမှုကို သမ္မတဦးသိန်းစိန်က ကန့်ကွက်ခဲ့ပြီး “ကျွန်တော်တို့ တိုင်းရင်းသား အားလုံးဟာ ငြိမ်းချမ်းစွာ ညီညီ ညွတ်ညွတ် ယှဉ်တွဲနေထိုင်ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုလည်း အခြေခံဥပဒေမှာ ထည့်သွင်းပေးထားပါတယ်” ဟုရှင်းလင်း ပြောကြားခဲ့ပါသည်။

သမ္မတဦးသိန်းစိန်သည် ချန်ဆယ်လာအဓိပတိ ဝမ်နာဖေးမန်း၊ ပါလီမန် ဥက္ကဋ္ဌ ဘာဘရာ ပရမ်မာတို့နှင့် တနလာင်္နေ့က တွေ့ဆုံပြီးနောက်တွင် သြစတြေးယားကုန်သည်ကြီးများအသင်းကိုယ်စားလှယ်များနှင့် ညနေပိုင်းတွင် တွေ့ဆုံကာမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းဖိတ်ခေါ် ခဲ့သည်။

သြစတြေးယား ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အလားအလာများကိုလေ့လာရန် ယခင်လကသွားရောက်ခဲ့ကြပြီး ဖြစ်သည်။

နော်ဝေး၊ ဖင်လန်၊ သြစတြေးယား နိုင်ငံများကို ဆက်တိုက်လှည့်လည်ခဲ့သော မြန်မာသမ္မတသည် ၎င်း၏ ၁၀ ရက်ကြာဥရောပ ခရီးကို အီတလီ တွင် အဆုံးမသတ်မီ အီးယူနှင့် နှစ်ဖက်ဆွေးနွေးပွဲများ ပြုလုပ်ရန် အတွက် ဘရပ်ဆယ်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

--------------------------------------------------------

 မြန်မာ့စီးပွားရေး မြှင့်တင်ရန် ဗြိတိန်ကူညီ

( UPI News မှ 4 Mar 2013 ရက်စွဲပါ “ Britain to give Myanmar financial boost” သတင်းကို ဘာသာပြန်ဆိုသည်။ )

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၂၅ ရာခိုင်နှုန်း ဆင်းရဲတွင်းနက်နေမှုကြောင့် ဒေါ်လာ ၉၀၀,၀၀၀ အထောက်အပံ့​ပေးခြင်းဖြင့် မြန်မာ့စီးပွားရေးကို ကူညီပံ့ပိုးပေးသွားမည်ဟု ဗြိတိန်အစိုးရက ပြောကြားသည်။

အရှေ့တောင်အာရှဆိုင်ရာ ဗြိတိသျှဝန်ကြီး ဟူဂိုဆွာယာသည် မြန်မာနိုင်ငံမှ လူ့အခွင့်ရေး အသိုင်းအဝိုင်းအဖွဲ့ဝင်များနှင့် တနင်္လာနေ့က လန်ဒန်မြို့တွင် တွေ့ဆုံခဲ့သည်။

ဗြိတိသျှဝန်ကြီးက ကြားဖြတ်ရွေးကောက်ပွဲကျင်းပကာ နိုင်ငံရေးပြုပြင်ပြောင်းလဲခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းခြင်း၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်း စသဖြင့် မနှစ်က တစ်နှစ်လုံး သိသာထင်ရှား ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်ဟု ပြောကြားသည်။

ဗြိတိန်၏ နိုင်ငံတကာဖွံဖြိုးရေးဝန်ကြီး အလန်ဒူဘန် ကလည်း ရန်ကုန်မြို့တွင် တာဝန်သိ ရင်းနှီးမြုပ်နှံမှု စင်တာ ထူထောင်ရန်အတွက်  လန်ဒန် အစိုးရက ဒေါ်လာ ၉၀၀,၀၀၀ ထောက်ပံ့ကူညီသည်ဟု ပြောကြား ပါသည်။

“ မြန်မာနိုင်ငံက လူလေးဦးမှာ တစ်ဦးက ဆင်းရဲတွင်းနက်နေပြီး သုံးဦးက လျှပ်စစ်မီး သုံးစွဲခွင့်မရပါဘူး။ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားလာရှိ နေပါတယ်။ ဒီနေရာမှာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးတက် လာပြီး ဗြိတိန်က ဦးဆောင် ကဏ္ဍကနေ ပါဝင်တာကို ကျွန်တော် မြင်ချင်တယ်” ဟု ၎င်းကထုတ်ပြန်ပြောဆို သည်။

မြန်မာ့လူအခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီလ ခရီးစဉ် အပြီးတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေး ကြိုးပမ်းမှုအချို့တွင် ချို့ယွင်းလိုအပ်ချက်များရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ကင်တာနားက မြန်မာအစိုးရအား အတိတ်ကို သင်ခန်းစာယူ၍ အနာဂတ်လူ့အခွင့်ရေး ချိုးဖောက် မှုများကို တားဆီးရန် ရည်မှန်းကာ ယခင် အစိုးရကျူးလွန်ခဲ့သော ညှင်းပန်းမှုများကို ဖြေရှင်း ဆောင်ရွက်ပေးမည့် တကယ့်ကော်မရှင်စစ်စစ် ဖွဲ့စည်းရန် တိုက်တွန်းထားသည်။

************************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive