Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဆိုင်ကလုန်းအားပျော့သွားသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် တပ်လှန့်ထားဆဲ

(AFP မှ 15 May 2013 ရက်စွဲပါ “Cyclone weakens but Bangladesh, Myanmar on alert:UN” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့ရေနံလုပ်ကွက်များရရှိရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကုမ္ပဏီများ ပူးပေါင်းဆောင်ရွက် ကြရန် အိန္ဒိယအစိုးရ တိုက်တွန်း

(The Economic Times မှ 16 May 2013 ရက်စွဲပါ “Put joint effort for Myanmar oil blocks: Govt to private cos, PSUs” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာခေါင်းဆောင်နှင့် အိုဘားမားတွေ့မည်

(USA Today မှ 16 May 2013 ရက်စွဲပါ Obama to meet leader of Burma(Myanmar) ကိုဘာသာပြန်ဆိုသည်)


ဆိုင်ကလုန်းအားပျော့သွားသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် တပ်လှန့်ထားဆဲ

(AFP မှ 15 May 2013 ရက်စွဲပါ “Cyclone weakens but Bangladesh, Myanmar on alert:UN” သတင်းကို ဘာသာပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကမ်းခြေ မြေနိမ့်ပိုင်းများသို့ ခြိမ်းခြောက်နေသည့် ဆိုင်ကလုန်းမဟာဆင် အားလျော့သွားပုံ ရ သော်လည်း ၎င်းဒေသမှ လူ ၈ သန်းခန့်ကို အန္တရာယ်ပြုနိုင်ဆဲပင် ဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုပါသည်။

“ဆိုင်ကလုန်းသည် အားပျော့သွားပုံရပြီး အဆင့် ၁ Category ဆိုင်ကလုန်းအဖြစ်သို့လျှော့သွားသည်”ဟု ကုလလူ သားချင်း စာနာမှုညှိနှိုင်းရေးဌာန UN OCHA က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။

သို့သော်လည်း အရှေ့မြောက် အိန္ဒယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာအနောက်ပိုင်းမှ လူ ၈ သန်းခန့်ကို အန္တရာယ်ပြုနိုင်ဆဲ ဖြစ်ပြီး စစ်တကောင်းနှင့် ကော့ဘဇားခရိုင်သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ၃ သိန်းခန့် နေထိုင်ရာဒေသ ဖြစ်သည်။

ဆိုင်ကလုန်းဒဏ်ကို ကိုင်တွယ်ရန်အတွက် ဆေးကုသရေးအဖွဲ့ ၁၁၃ ဖွဲ့ကို စုစည်းပြင်ဆင်ထားပြီး အစိုးရ ဝန်ထမ်းများ အားလုံးခွင့်မယူရဟု ဘင်္ဂလားဒေ့ရှ်ဒေသအာဏာပိုင်များက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးဝန်ကြီး မာမွတ်အလီက ကမ်းခြေခရိုင် ၁၃ ခုစလုံးတွင် ဆိုင်ကလုန်း အတွက် ပြင်ဆင်မှုအားလုံးလုပ်ဆောင်ပြီးပြီဟု ပြောကြားပါသည်။

ဆိုင်ကလုန်းကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ရာတွင် ရခိုင်နယ်စပ်မှ အာဏာပိုင်များထက် ဘင်္ဂလားဒေ့ရှ်က ပိုမို ကောင်းမွန်သည်ဟု ကျွမ်းကျင်သူအကဲခတ်များက မှတ်ချက်ပေးကြသည်။

မြန်မာနိုင်ငံတွင်လည်း အစိုးရအကြီးတန်း တာဝန်ရှိသူများကိုယ်တိုင် ရခိုင်တွင်ရုံးထိုင်၍ ကြိုတင်ကာကွယ်ရေး အစီ အမံများ ပြုလုပ်လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းလမ်းကြောင်း မလွတ်သည့် နေရာမှ ဒုက္ခသည် ၃၈၀၀၀ ခန့်ကို အင်္ဂါနေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း အမှန်တကယ်ရွှေ့ပြောင်းသည့်အရေအတွက်ကို တိကျစွာ မသိရဟု OCHA ကပြောကြားသည်။

အချို့သောရိုဟင်ဂျာများက နေရာရွှေ့ရန် ငြင်းဆန်ကြသည်ဟု သိရှိရပြီး၊ တိတ်တဆိတ်ထွက်ပြေးသူ ရိုဟင်ဂျာများ မှာလည်း စက်လှေနစ်မြှုပ်ကာ ၅၈ ဦးပျောက်ဆုံးနေသည် တရားဝင်သတင်းများအရ သိရှိရသည်။

ယခုနှစ် မုန်သုံရာသီမစမှီကပင် မုန်တိုင်းအန္တရာယ်ရှိကြောင်း ကြိုတင်သတိပေးခဲ့သော်လည်း မြန်မာအာဏာပိုင်များ ၏ အစီအမံများ နောက်ကျလွန်းသည်ဟု လူ့အခွင့်အရေးအုပ်စုများက ထောက်ပြဝေဖန်ထားကြသည်။


မြန်မာ့ရေနံလုပ်ကွက်များရရှိရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကုမ္ပဏီများ ပူးပေါင်းဆောင်ရွက် ကြရန် အိန္ဒိယအစိုးရ တိုက်တွန်း

(The Economic Times မှ 16 May 2013 ရက်စွဲပါ “Put joint effort for Myanmar oil blocks: Govt to private cos, PSUs” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Economic Time

အိန္ဒိယအစိုးရသည် အိမ်နီးချင်းမြန်မာနိုင်ငံမှ ရေနံနှင့် ဓါတ်ငွေ့လုပ်ကွက်များကို လေလံဆွဲရာတွင် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်ကုမ္ပဏီများ ညှိနှိုင်းလုပ်ဆောင်သည့် နည်းလမ်းကိုလိုလားလျက်ရှိပြီး၊ သို့မှသာလျှင် တရုတ်ကုမ္ပဏီများ၏ စက်ကွင်း မလွတ်သည့် မဟာဗျူဟာမြောက်ဒေသမှ အရေးပါသော စွမ်းအင်ရင်းမြစ်များကို အိန္ဒိယနိုင်ငံက ရရှိနိုင်လိမ့်မည်ဟု ဆိုပါ သည်။

မြန်မာနိုင်ငံမှ ရေနက်ပိုင်လုပ်ကွက် ၁၉ နေရာနှင့် ရေတိမ်ပိုင်းလုပ်ကွက် ၁၁ နေရာအတွက် လေလံဆွဲရာတွင် အိန္ဒိယကုမ္ပဏီအနည်းဆုံး ၆ ခုခန့် ပါဝင်ပတ်သက်လျှက်ရှိသည်။ မြန်မာနိုင်ငံသည် လုပ်ကွက် ၃၀ တင်ဒါခေါ်မည့် အစီအစဉ် ကို ဇန်နဝါရီလက ထုန်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး၊ စိတ်ဝင်စားသော ကုမ္ပဏီများအနေဖြင့် နောက်လလယ် နောက်ဆုံးထား၍ အဆိုပြုလွှာ တင်သွင်းကြရမည်ဖြစ်သည်။

ပြီးခဲ့သော သတင်းပတ်အတွင်း အိန္ဒိယရေနံနှင့် သဘာဝဓါတ်ငွေ့ဝန်ကြီးဌာနက အိန္ဒိယကုမ္ပဏီများ မြန်မာ ကမ်းလွန်ရေနံ၊ ဓါတ်ငွေ့ လုပ်ကွက်များတင်ဒါဆွဲရာတွင် ပါဝင်နေသည့် ကိစ္စနှင့်ပတ်သက်၍ဆွေးနွေးရန် Chirn India, Jubilant Oil and Gas, Prize Petroleum Company, Gugarat Natural Resources ကုမ္ပဏီများမှ အမှုဆောင်များကို တောင်းဆိုလိုက်ပါသည်။

အလားအလာကောင်းသော အိန္ဒိယကုမ္ပဏီများအနေဖြင့် နိုင်ငံတကာနှင့် ပြိုင်ဆိုင်နိုင်ရန်အတွက် အချင်းချင်း ညှိနှိုင်း၍ဆောင်ရွက်ကြရန် ဝန်ကြီးဌာနကတိုက်တွန်းခဲ့သည်ဟု ၎င်းကိစ္စနှင့်နီးစပ်သူ ရေနံကုမ္ပဏီအမှုဆောင် အရာရှိတစ်ဦး က ပြောကြားသည်။

၎င်းအမှုဆောင်အရာရှိက “တရုတ်နိုင်ငံသည် မြန်မာစွမ်းအင်နယ်ပယ်တွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်နေကြောင်း၊ အိန္ဒိယ အစိုးရအနေဖြင့် မဟာဗျူမြောက် အကြောင်းရင်းများကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံမှ စွမ်းအင်ရင်းမြစ်များ ရရှိရေးကို အဆုံးရှုံးမခံလိုကြောင်း” ဆက်လက်ပြောကြားသည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်တို့သည် စီးပွားရေးဖွံ့ဖြိုးမှုကြောင့် မြန်မြန်ဆန်ဆန် ကြီးထွားလာသည့်စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် ကမ္ဘာ့နေရာအနှံရေနံနှင့်ဓါတ်ငွေ့ ရှာဖွေထုတ်ယူခွင့်အတွက် ပြိုင်ဆိုင်လျက်ရှိကြသည်။

Oil India နှင့် ONGC Videsh Ltd တို့သည်လည်းမြန်မာ နိုင်ငံမှ လုပ်ကွက်များကို စိတ်ဝင်စားနေကြသည်။ မြန်မာနိုင်ငံ၏ ရေနံလုပ်ကွက်တင်ဒါပြိုင်ဆိုင်ရာတွင် သြစတြေးလျ၊ အိန္ဒိယ၊ ကနေဒါ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ တရုတ်၊ မလေးရှား၊ ပါကစ္စတန်အပါအဝင် နိုင်ငံများစွာမှ ရေနံရှာဖွေရေး ကုမ္ပဏီ ၆၈ ခန့် ပါဝင်နေသည်။

ကုမ္ပဏီအများစုသည် မြန်မာနိုင်ငံ၏ စည်းမျဉ်းအတိုင်း ကမ်းခြေရေတိမ်ပိုင်းလုပ်ကွက်များ လုပ်ကိုင်နိုင်ရန်အတွက် လက်တွဲရမည့် ပြည်တွင်းမြန်မာကုမ္ပဏီများကို လေ့လာစုံစမ်းနေကြပြီဖြစ်သည်။ ရေနက်ပိုင်း လုပ်ကွက်များတွင်မူ ပြည်တွင်း ကုမ္ပဏီနှင့် လက်တွဲရန် မလိုအပ်ဟု သိရသည်။

Petronas, Total, Mitsui, Korea Gas, Esso ကဲ့သို့သော ကုမ္ပဏီကြီးများက စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုပြီးနောက်ပိုင်းတွင် မြန်မာ့စွမ်းအင်ဝန်ကြီးဌာနက ၎င်း၏ စည်းမျဉ်းစည်းကမ်းများကို အလျှော့အတင်း ညှိနှိုင်းမည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ လေလံစည်းကမ်းများအရ ကုမ္ပဏီများအနေဖြင့် လုပ်ကွက်သုံးခုထက်ပို၍ တင်ဒါဆွဲခွင့်မရှိပေ။


မြန်မာခေါင်းဆောင်နှင့် အိုဘားမားတွေ့မည်

(USA Today မှ 16 May 2013 ရက်စွဲပါ Obama to meet leader of Burma(Myanmar) ကိုဘာသာပြန်ဆိုသည်)

“Myanmar” နှင့် “Burma” ဟု အမည်နှစ်မျိုးရှိသည့် မြန်မာနိုင်ငံခေါင်းဆောင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန် ပြည်ထောင်စုသမ္မတ အိုဘားမားတို့ လာမည့်တနင်္လာနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့သတင်း ထုတ် ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အမည်ကို Burma ဟုခေါ်ဝေါ်သုံးစွဲကာ အမေရိကန် ပြည်ထောင်စု ၏ မူဝါဒသဘောထားကို ထုတ်ဖော်ထားသည့်တိုင် သမ္မတအိုဘားမားအနေဖြင့် ဦးသိန်းစိန်နှင့် တွေ့ဆုံစကားပြောဆိုမည် ဖြစ် သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။

“အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံတ ကာအသိုင်းအဝိုင်းများနှင့် အနီးကပ်ပူးပေါင်းကာ သမ္မတဦးသိန်းစိန်အစိုးရက ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲမှု ဖြစ် စဉ်များ ဆက်လက်ဖြစ်ပေါ်ရေးအတွက် တိုက်တွန်းသွားမည် ဖြစ်သည်” ဟု အိမ်ဖြူတော်ကဆိုသည်။

“ဒီမိုကရေစီဖော်ဆောင်ရေး၊ တိုင်းရင်းသားလူမျိုးစုများအကြားတင်းမာမှုများဖြေရှင်းရေး အစရှိသည့်အရေးကိစ္စများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးပမ်းရာတွင် ကျန်ရှိနေသေးသော စိန်ခေါ်ချက်များစွာကို သမ္မတဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့ ဆွေးနွေးသွားမည် ဖြစ်သည်။ ထို့ပြင် မြန်မာပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်းများ ဆောင်ကြဉ်း ပေးရေး၊ အမေရိကန်ပြည်ထောင်စုအနေဖြင့်  မည်သို့မည်ပုံအကူအညီပေးနိုင်မည် ဟူသောအချက်ကို သိရှိနားလည်နိုင်ရေး တို့ နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားကြမည်ဖြစ်သည်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။

အမျိုးသားလုံခြုံရေးကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် Caitlin Hayden က “အမေရိကန် ပြည်ထောင်စုအစိုးရဟာ မြန်မာ နိုင်ငံရဲ့ နာမည်ကို Myanmar လို့အနည်းအကျဉ်းမျှသာ အသုံးပြုခဲ့ပါတယ်။ အဲဒါကလည်း ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံကို သံတမန်ရေးရာ မျက်နှာသာပေးတဲ့အနေနဲ့ သုံးတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

“မြန်မာနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသား ၈၅၀ ကျော် လွှတ်ပေးခြင်း၊ မီဒီယာထိန်းချုပ် ကန့်သတ်မှုများ ဖြေလျှော့ပေး ခြင်း၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ပြုခြင်း၊ စည်းရုံးခွင့်ပြုခြင်း၊ လှုပ်ရှားခွင့်ပြုခြင်း စသည်တို့အပါအဝင် အပြုသဘော ဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်မတို့ဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ခဲ့ပါတယ်။ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ချပေးသလို သင့်တင့်လျှောက်ပတ် သလို Myanmar ဆိုတဲ့နာမည်ကို ခေါ်ဝေါ် အသုံးပြုပေးတာတွေလုပ်ခဲ့ပါတယ်” ဟု ဆိုသည်။

“Myanmar လို့ တရားဝင်ခေါ်ဆိုဖို့ ကျွန်မတို့ရဲ့ မူဝါဒမပြောင်းလဲသေးပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ရည်မှန်း ချက်ကြီးစွာ အားသွန်ခွန်စိုက်လုပ်ကိုင်နေတဲ့ အစိုးရတစ်ရပ်ကို လေးစားမှုပြသရမယ်ဆိုတာ ကျွန်မတို့ယုံကြည်ထားပါတယ်။ အဲဒီလိုလုပ်တာကလည်း မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကိုထောက်ပံ့ပေးနိုင်မယ့် အရေးကြီးတဲ့ အချက်ပြမှုတစ်ခုဖြစ်သလို အသွင်ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်အောင် အကူအညီပေးရေးအတွက် ကျွန်မတို့ရဲ့ဆန္ဒတစ်ရပ်ဖြစ်တယ်လို့ ယုံကြည်ထား ပါတယ်”

“Burma ဆိုတာ မြန်မာနိုင်ငံရဲ့ နာမည်ဆိုတဲ့ ကျွန်မတို့ရဲ့မူဝါဒဆက်ရှိနေပါဦးမယ်”



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

EDITORIAL
Document EDITORIAL

Snapshot of the item below:
EDITORIAL

အယ်ဒီတာ့အာဘော်

သုံးပွင်ဆိုင် ယုံကြည်မှု (သို့) အဆိုးထဲမှ အကောင်း

နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုဝန်ကြီးများသည်  ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို မေ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ် မေ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂတ်မုန်တိုင်းကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီး ဆုံးရှုံးမှု ကြီးမားခဲ့ရာ ထိုသို့သော အခြေအနေဆိုးမျိုး ထပ်ဖြစ်မလာဖို့ အစိုးရအဖွဲ့မှ စနစ်တကျ ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်လျက်ရှိနေသည်။ နိုင်ငံတစ်နိုင်ငံ၌ သဘာဝဘေး အန္တ ရာယ်ကြုံတွေ့လာသည့်အခါ ထိုနိုင်ငံကို အုပ်စိုးသည့် အစိုးရ၏ (ပြည်နယ်အစိုးရသာမက ပြည်ထောင်စု အစိုးရပါ) အခန်းကဏ္ဍမှာ အမှန်ပင် အရေးကြီးပါသည်။

အမေရိကန်နိုင်ငံကို ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ်တုန်းက ပြည်ထောင်စုအစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အင်ဂျင်စီ (Federal Emergency Management Agency) သည် အခြားသော ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့်  ပြည်ထောင်စုအဆင့် အစိုးရ အေဂျင်စီများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်နိုင်ခဲ့သဖြင့် မုန်တိုင်းကြောင့် အသက်အန္တရာယ် ဆုံးရှုံးမှုများကို လျော့ပါးနိုင်ခဲ့ရုံသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင် နိုင်ခဲ့သည်။ သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံကို ဝင်ရောက်မည့် မဟာဆင် ဆိုက်ကလုန်းမုန်းတိုင်းဒဏ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ ဦးဆောင်သော အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဖွဲ့စည်းခဲ့ပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် ဦးဆောင်သည့် အမျိုးသားသဘာဝ ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီတို့ကိုလည်း မေ ၁၄ ၌ ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်သောအခါ အစိုးရ၏ အခန်းကဏ္ဍသာမက တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည်။ သဘာဝကပ်ဘေးကြောင့် ကစဥ့်ကလျား၊ ရုန်းရင်း ဆန်ခတ် အခြေအနေကို ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်သည့် (အထူးသဖြင့် ကယ်ဆယ်၊ထောက်ပို့ရေး လုပ်ငန်းစဉ်များ) အဖွဲ့အစည်းမှာ တပ်မတော်ပင်ဖြစ်သည်။ နိုင်ငံတကာကိုကြည့်လျှင်လည်း ၁၉၉၁  ဘင်္ဂလားဒေရှ်နိုင်ငံကို ဆိုက်ကလုံးမုန်းတိုင်း တိုက်ခတ်ခဲ့စဉ်တွင်လည်းကောင်း၊ ၁၉၉၈ တွင် အမေရိကန် အလယ်ပိုင်းကို မတ်(ခ်ျ)(Mitch)  အမည်ရှိ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ်တွင် လည်းကောင်း၊ ၂၀၀၅   အမေရိကန်ကို ကသရီနာ(Katrina) အမည်ရှိ ဟာရီကိန်းမုန်တိုင်းတိုက်ခတ်ခဲ့စဉ်တွင် လည်း ကောင်း၊ ၂၀၀၈ ၌ တရုတ်နိုင်ငံ ဆီချွမ်(Sichuan) ပြည်နယ်တွင် ငလျင်ပြင်းပြင်းထန်ထန် လှုပ်ခတ်ပြီးနောက်တွင်လည်း ကောင်း၊ ၂၀၀၅ အောက်တိုဘာ၌ ပါကစ္စတန်နိုင်ငံ ငလျင်လှုပ်ခတ်မှုတွင်လည်းကောင်း တပ်မတော် အရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချ၍ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု ကပ်ဘေးမှ ကာကွယ်နိုင်ခဲ့သည်။

သဘာဝကပ်ဘေးသည် မမျှော်လင့်အပ်သည့် အရာဖြစ်သော်လည်း အရေးပေါ်က အဆိုးမှ အကောင်းကို ဆွဲထုတ်ယူ၍ရသော အခြေအနေမျိုးကို တည်ဆောက်ယူနိုင်ရပေမည်။ ထိုသဘာဝဘေး အကြောင်းပြု၍ အစိုးရ၊ တပ်မတော်နှင့် ပြည်သူကြား သုံးပွင့်ဆိုင် ယုံကြည်မှုကို အခိုင်အမာ တည်ဆောက်သွားနိုင်လျှင် အဆိုးထဲမှ အကောင်းပင်ဖြစ်ပါကြောင်း။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“မေလမကုန်ခင် ထပ်တွေ့ဖို့တော့ ရှိတယ်။ ဘယ်နေ့တွေ့မလဲဆိုတာတော့ မသေချာသေးပါဘူး။ အရင်တစ်ခါ တုန်းကတော့ လေ့လာသူ ကိစ္စအဆင်မပြေလို့ ပျက်သွားပေမယ့် ဒီတစ်ခါတော့ အားလုံးတက်နိုင်အောင် စီစဉ်နေပါတယ်။ ကေအိုင်အို ဘက်ကလည်း ဒီကိစ္စကို သေချာဆောင်ရွက်နေတယ်လို့ သိရပါတယ်။”

မေလ (၁၇) ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၂) အမှတ် (၆၂၁) တွင်ပါရှိသော “ကေအိုင်အိုနှင့် ဆွေးနွေးပွဲ မေလ နောက်ဆုံးပတ်၌ပြန်စတင်မည်” သတင်းမှ ကချင်ပြည်နယ် မြစ်ကြီးနားရှိငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

“ကျွန်တော်တို့ကတော့ ဖွဲ့တုန်းကလည်းပြောပါတယ်။ လွတ်လပ်တဲ့ အမှီအခိုကင်းတဲ့ကော်မရှင် တစ်ခုဖြစ်ဖို့ လိုတယ်။ သမ္မတရုံးကဖွဲ့တာနဲ့စာရင် သမ္မတရုံးရဲ့အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲနဲ့ပေါ့။ မြန်မာတစ်နိုင်ငံလုံးနဲ့ ပတ်သက်တာမျိုး ဖြစ်ဖို့လိုမယ်။ အဲ့ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကနေ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်လိုဟာမျိုးကို ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပေးနိုင်ရင် ကောင်းမယ်ဆိုတာမျိုးလေးကတော့ လွှတ်တော်အမတ်အသီးသီးက ပြောဆိုခဲ့ကြဖူးတာ ရှိပါတယ်။ တကယ်လို့များ လွှတ်တော်ထဲမှာ ဆွေးနွေးဖြစ်ခဲ့ တယ်ဆိုရင်လည်း အဲဒီသဘောပေါ့နော်။ လွတ်လွတ်လပ်လပ် တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ကောမရှင်တစ်ခု ရှိသင့်တယ်၊ ရှိတယ်ဆိုတဲ့မူပေါ့နော်။ မည်သည့်အစိုးရ အဖွဲ့ရဲ့အောက်မှာမှမရှိဘဲနဲ့လေ။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရအဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်တာရှိရင်လည်း ဝေဖန်ပြရမှာကိုး၊ အများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေပါနိုင်ရင်တော့ ကောင်းတာပေါ့။ နိုင်ငံတကာမူကလည်း ရှိဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။”

မေလ ၁၇ ရက်နေ့ထုတ် First Weekly Journal အတွဲ (၂) အမှတ် (၇၉) တွင်ပါရှိသော “လူ့အခွင့်အရေး ကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်းကိုရေးဆွဲပြီး ပြည်သူ့လွှတ်တော်ကို တင်သွင်းတော့မယ်ဆိုတဲ့အပေါ် ပြည်သူလူထု အခွင့်အရေးကို ကာကွယ်မယ့်ဥပဒေဟာ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင်၊ ဝေဖန်ထောက်ပြနိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ဆို” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာစစ်တပ်အနေနဲ့ ခေတ်မီလက်နက်တွေ ပိုရှိလာဖို့လိုတယ်။ ကာကွယ်ရေးအသုံးစရိတ်ကို ပိုသုံးရတာ တိုင်းပြည် ကာကွယ်ဖို့ပါ။ ဘယ်နိုင်ငံက ဝယ်မယ်ဆိုတောတော့ ညှိနှိုင်းနေတုန်းပဲဥရောပနိုင်ငံတစ်နိုင်ငံတည်းက ဖြစ်မှာပါ။”

မေလ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဥရောပနိုင်ငံများမှ ခေတ်မီ လက်နက်များကို ဝယ်ယူရန် မြန်မာ့တပ်မတော် စီစဉ်နေဟုဆို” သတင်းမှ နေပြည်တော်စစ်တိုင်းရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“တကယ် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အဖြစ် ရပ်တည်တော့မယ်ဆိုရင် သူတို့အကျိုးစီးပွားဟာ တခြား ပြည်နယ်ရဲ့ အကျိုးစီးပွားကို မထိခိုက်ရဘူး။ နောက်တစ်ခုက တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို မထိခိုက်ရဘူး။ ဆိုလိုတာကသူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို မထိခိုက်ရဘူး။ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်တောင်းတော့မယ်ဆိုရင်တော့ ကျွန်တော်တို့စဉ်းစားရမှာက ရှမ်းကိုလည်း စဉ်းစားရမယ်။ တစ်ချိန် တည်းမှာပဲ Geopolitics ကိုလည်း စဉ်းစားရမှာပေါ့။”

မေလ ၁၈ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၅၇) တွင်ပါရှိသော “ ‘ဝ’ ပြည်နယ်အရေးကို အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံ၍သာ စဉ်းစားဆုံးဖြတ်သင့်ကြ” သတင်းမှ မွန်ဒီမိုကရေစီပါတီမှ ဗဟိုအလုပ်အမှုဆောင် မင်းနှောင်းထော၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အမေရိကန်က ကမ္ဘာပေါ်မှာ ဦးဆောင်နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ အမေရိကန်လှုပ်ရင်အားလုံး လိုက်လှုပ်တာပါပဲ။ ပိတ်ဆို့မှုကိစ္စတွေမှာဆိုရင်လည်း အမေရိကန်ကတစ်ခုခုလုပ်တာနဲ့ အခြားနိုင်ငံတွေကလည်းထိုနည်းတူ လိုက်လုပ်ကြတာပဲ။ ဒါ့ကြောင့် အမေရိကန်နဲ့ထိတွေ့ဆက်ဆံမှုတွေအများကြီးရှိလာဖို့လိုတယ်။ အထူးသဖြင့် ခေါင်းဆောင်ချင်း ညှိနှိုင်းဆွေးနွေးမှု တွေက နိုင်ငံအတွက် ကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေမှာပါ။”

မေလ ၁၈ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၅၇) တွင်ပါရှိသော “နိုင်ငံတော်သမ္မတ၏ ဝါရှင်တန်ခရီးစဉ်တွင် မြန်မာနိုင်ငံအတွက် စီးပွားရေးအကျိုးအမြတ်များစွာ ရလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရ” သတင်းမှ နိုင်ငံတော်သမ္မတ အကြံပေးတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 သတင်းတိုများ

မြန်မာ့တပ်မတော်သည် ဥရောပနိုင်ငံများမှ ခေတ်မီလက်နက်များ ဝယ်ရန်ရှိ

မြန်မာ့တပ်မတော် အနေဖြင့် ခေတ်မီလက်နက်များကို ဥရောပနိုင်ငံများမှ ယခုနှစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ဝယ်ယူသွားရန် စီစဉ်လျက် ရှိကြောင်း နေပြည်တော်ရှိ စစ်တိုင်းရုံးမှသတင်းရရှိသည်။မကြာသေးမီက

ကျင်းပပြီးစီးခဲ့သော အမေရိကန် ဦးဆောင်သည့် မြွေဟောက် စစ်ဆင်ရေးကို မြန်မာ့တပ်မတော်မှ လေ့လာစောင့်ကြည်သူ အဖြစ်ပါဝင်ခဲ့ပြီး ယခုအခါ တပ်မတော် အနေဖြင့် အမေရိကန်နိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

MYU မှ ဥပဒေနှင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်မည်

မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး (Myanmar Youth Union) မှ မြန်မာနိုင်ငံ၏ လူငယ်များအတွက် ဥပဒေနှင့် စီမံခန့်ခွဲမှု သင်တန်းများ ဖွင့်လှစ်သင်ကြားသွားရန်ရှိ ကြောင်း MYU ဥက္ကဌ ကိုဇွဲရန်နိုင်ထံမှ သိရသည်။ သင်တန်းကို မေလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလူငယ်များ အစည်းအရုံးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အဖွဲ့ဝင်ပေါင်း ၄၀၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာမှထုတ်ယူမည့် ရေနံတစ်တန်လျှင် အမေရိကန်တစ်ဒေါ်လာနှုန်းသာ တရုတ်အခွန်ပေးဆောင်မည်

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော ရေနံကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မြန်မာနိုင်ငံကို တရုတ်နိုင်ငံမှရေနံတစ်တန်လျှင် တစ်ဒေါ်လာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး နယ်နိမိတ် ဖြတ်သန်းခအနေဖြင့် တစ်နှစ်လျှင် ၁၃.၈ သန်းရရှိမည် ဖြစ်ကြောင်းဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း လက်ကမ်းစာဆောင်တွင် ဖော်ပြထားချက်မှ သိရှိရသည်။ အဆိုပါ စီမံကိန်းသည် နှစ် ၃၀ ကြာ အကျိုးအမြတ်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ရေနံတန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်ရာတွင် မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင်ရေနံတန်ချိန် ၂ သန်းသာရရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့အဆင့်မြှင့်တင်မည်

မြန်မာနိုင်ငံတွင် ဖုန်းသိပ်သည်းဆကို ၂ဝ၁၅ ခုနှစ်တွင် ၅ဝ ရာခိုင်နှုန်းရရှိ ရန်မျှော်မှန်းထားသည့်အတွက် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်လည်း နှစ်နှစ်ခွဲ အတွင်း မျှော်မှန်းထားသည့် ဖုန်းသိပ်သည်းဆရရှိအောင် အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဒုတိယဝန်ကြီး ဦးသောင်းတင်၏ ပြောဆိုချက်မှ သတင်းရရှိသည်။ ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအနေနှင့်လည်း အရည်အသွေး သတ်မှတ်ချက် ချို့ယွင်းပါက ဒဏ်တပ်မည် ဖြစ်ကြောင်းလည်းသိရသည်။

ဖုန်းသိပ်သည်းဆ မြှင့်တင့်ရာတွင် မိုဘိုင်းဖုန်းနှင့် ကြိုး ဖုန်းနှစ်မျိုးစလုံး တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၂ဝ၁၃ မှ ၂ဝ၁၆ ခုနှစ်အထိ ဖုန်းလိုင်း ၃၉ သန်းခွဲ ကို ရောင်းချသွားရန်စီစဉ်ထားကြောင်း ၄င်းက ထပ်လောင်း ပြော သည်။လက်ရှိ တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းသာရှိပြီး ယင်းအနက် အော်တိုတယ်လီဖုန်း သိပ်သည်းဆမှာ ၁ဝဝ ရာခိုင်နှုန်းကျော် ရှိသည်။

ဇွန်လဆန်းပိုင်းတွင် အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KIO/KIA တို့တွေ့ဆုံဆွေးနွေးမည်

လာမည့် ဇွန်လဆန်းပိုင်းတွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO/KIA)မှ တာဝန်ရှိသူများ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံမှုရက် ရွှေ့ဆိုင်းရခြင်းမှာ တရုတ်နိုင်ငံ၏ ကန့်ကွက်မှုများကြောင့် ဖြစ်ကြောင်း ကချင်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တိုင်းပြည်အမှန်တကယ် တိုးတက်မည်ဆိုပါက အခြေခံဥပဒေပြင်မည့် USDP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုသည် နိုင်ငံနှင့် ပြည်သူ အတွက် အမှန်တကယ် အကျိုးရှိမည်ဆိုပါက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့်လည်း ထောက်ခံပေး သွားမည် ဖြစ်ကြောင်း ၎င်းပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးအောင်သောင်း၏ ပြောကြားချက်မှ သိရသည်။

NLD နှင့် USDP တို့သည်ပေါ်ပေါက်လာပုံခြင်း မတူသော်လည်း ဒီမိုကရေစီရှင်သန်ရေးနှင့် တိုင်းပြည်တိုးတက်ရေး ရည်မှန်းချက်ခြင်း တူညီကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မဟာမိတ်ပါတီများ ဖြစ်လာနိုင်ချေ ရှိ မရှိကို ယခုအချိန်တွင် မပြောနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသွားခဲ့သည်။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive