Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ကိုရီးယား၊ တရုတ်၊ ဂျပန်တို့ မြန်မာဈေးကွက်တွင် အပြိုင်အဆိုင်ခြေချ

(The Korea Times မှ 21 July 2013 ရက်စွဲပါ “Korea, China, Japan Vying for Myanmar”သတင်းကို ဘာသာပြန် ဆိုသည်)

  1. ငါးမွေးမြူရေးကဏ္ဍတွင် မြန်မာကိုအမေရိကန်ကူညီမည်

(Xinhua မှ 21 July 2013 ရက်စွဲပါ “U.S to help Myanmar with fish farming”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာများကို လူမှောင်ခိုကူးမှု ပြုလုပ်ခြင်းမရှိဟု ထိုင်းရေတပ်ငြင်းဆို

 (Reuters သတင်းဌာန၏ 21 July 2013 ရက်စွဲပါ Thailand denies smuggling Rohingya Muslims ကိုဘာသာပြန် ဆိုသည်)


ကိုရီးယား၊ တရုတ်၊ ဂျပန်တို့ မြန်မာဈေးကွက်တွင် အပြိုင်အဆိုင်ခြေချ

(The Korea Times မှ 21 July 2013 ရက်စွဲပါ “Korea, China, Japan Vying for Myanmar”သတင်းကို ဘာသာပြန် ဆိုသည်)

အရှေ့တောင်အာရှ၌ မဖွံ့ဖြိုးသေးသော ဈေးကွက်အဖြစ် ကျန်နေခဲ့သည့် မြန်မာနိုင်ငံတွင် အသာစီးရရန်အတွက် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်တို့အပြင်းအထန် ပြိုင်ဆိုင်လျက်ရှိသည်။

၂၀၁၁ အာဏာရလာပြီးနောက် စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲများ ဆက်တိုက်ပြုလုပ်ခဲ့သူ သမ္မတဦးသိန်းစိန်၏ တံခါးဖွင့်မူဝါဒအားကိုးဖြင့် အာရှအင်အားကြီးသုံးနိုင်ငံသည် လူဦးရေးသန်း ၆၀ မြန်မာဈေးကွက်သို့ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် နေကြသည်။

တောင်ကိုရီးယား၏ အကြီးဆုံးပင်လယ်ရပ်ခြား စွမ်းအင်စီမံကိန်းဖြစ်သော ရွှေဓာတ်ငွေ့ပရောဂျက်တွင် Daewoo International ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလီယံအပါအဝင် စုစုပေါင်း ဒေါ်လာနှစ်ဘီလီယံ အပါအဝင် စုစုပေါင်းဒေါ်လာ သုံးဘီလီယံခန့် တောင်ကိုရီးယားက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြောင်း နိုင်ငံပိုင်ကိုရီးယားကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီကဆိုပါသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးရေးအလားအလာနှင့် လုပ်အားခဈေးချိုမှုတို့ကို အားသာချက်ရယူရန် အတွက် လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ရန် တောင်ကိုရီးယားကုမ္ပဏီများ ပြင်ဆင်နေကြသည်။

တပ်မတော်အစိုးရလက်ထက် မြန်မာနိုင်ငံကို အရေးယူထားသော Sanction များကိုလည်း အနောက်အုပ်စုနိုင်ငံ များက ရုတ်သိမ်းပေးနေကြပြီဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေး ရာသီဥတုသည်လည်း တိုးတက်ကောင်းမွန်လာနေသည်။

ဆမ်ဆောင်း ကုမ္ပဏီက ရန်ကုန်တွင် မိုဘိုင်းဖုန်းတပ်ဆင်စက်ရုံတည်ဆောက်ရန် စဉ်းစားနေသည်ပာု ပြောကြားထား ပြီး Korea Development Bank အပါအဝင် အကြီးစားကိုရီးယားဘဏ် ၆ ခုခန့်ကလည်း ရန်ကုန်တွင် ရုံးခွဲများဖွင့်လှစ်ရန် စီစဉ်နေကြသည်။

ကိုရီးယား ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တိုးချဲ့နေခြင်းကို ကိုရီးယားအစိုးရကလည်း တက်တက်ကြွကြွ အားပေးပံ့ပိုး လျက်ရှိသည်။

တရုတ်နိုင်ငံမှာမူ မြန်မာနိုင်ငံ၌ အလှုပ်ရှားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ အမှန်စင်စစ် တရုတ်တို့သည် ပြီးခဲ့သော မတ်လကုန်အထိ ဒေါ်လာ ၁၄.၁ ဘီလီယံဖြင့် မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည်။ ယင်းပမာဏသည် မြန်မာ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဇယားတွင် ၃၃.၆ ရာခိုင်နှုန်းရှိပြီး ပောာင်ကောင်၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆.၄ ဘီလီယံမှာ ၁၅.၁ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၂၇၀ ရင်းနှီးမြှုပ်နှံထားသော ဂျပန်နိုင်ငံသည် အဆိုပါ သုံးနိုင်ငံအနက် ပမာဏအနည်း ဆုံးဖြစ်နေသည်။ သို့သော် ဂျပန်အစိုးရသည် မနှစ်ကစ၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုကို အသည်းအသန်တိုးချဲ့လျက်ရှိသည်။

ဂျပန်အစိုးရသည် မြန်မာတို့ချေးထားသော အကြွေးဒေါ်လာ ၅.၂ ဘီလီယံကို လျှော်ပေးခဲ့ပြီးနောက် တရား ဝင်ဖွံ့ဖြိုးရေးအထောက်အပံ့ ဒေါ်လာ သန်း ၇၀၀ ဖိုးကူညီထားသည်။ ယင်းအစီအစဉ်၏အားကိုးဖြင့် ဂျပန်တို့၏ လျှပ်စစ်၊ သဘာဝစွမ်းအင်၊ ဘဏ္ဍာရေး၊ မော်တော်ကားနှင့် အထည်အလိပ် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။

ထို့အပြင် မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမိုစသော အကြီးစားကုန်သွယ်ရေး ကော်ပရေးရှင်းကြီးများသည် မြန်မာနိုင်ငံ ၏ အရှေ့မြောက်ဒေသတွင် အကြီးစားစက်မှုဇုန်တည်ဆောက်ရန် စီစဉ်နေခြင်းကြောင့် မြန်မာနိုင်ငံ၌ ဂျပန်တို့၏ ရင်းနှီးမြှုပ်နှံ မှုကြီးထွားလာတော့မည်ပာု မျှော်လင့်ရသည်။


 

ငါးမွေးမြူရေးကဏ္ဍတွင် မြန်မာကိုအမေရိကန်ကူညီမည်

(Xinhua မှ 21 July 2013 ရက်စွဲပါ “U.S to help Myanmar with fish farming”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ရေချိုတယားဗီးယားငါးမွေးမြူရေးလုပ်ငန်းကို ကူညီရန် အမေရိကန်ပြည်ထောင်စုက နည်းပညာ အထောက်အပံ့ပေးမည်ပာု တနင်္ဂနွေနေထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအား အရည်အသွေးမြင့် ငါးနှင့် ရေထွက်ကုန်များတင်ပို့နိုင်စွမ်းရှိစေရန်အတွက် တလားဗီးယားငါး မွေးမြူရေးလုပ်ငန်းကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ကျွမ်းကျင်သူများပါဝင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အကြံဥာဏ်နှင့် နည်းပညာများပေးမည်ပာု မြန်မာ့ငါးလုပ်ငန်းဌာနက ပြောကြားကြောင်း သတင်းစာတွင်ပါရှိသည်။

ထို့အပြင် အော်ဂဲနစ်ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နိုင်စေရန်အတွက်လည်း အမေရိကန်အဖွဲ့က ကူညီဦးမည်ပာု သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ရေထွက်ကုန်အမျိုးအမည် ၁၂၀ ခန့်ကို ပြည်ပသို့တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အအေးခန်း ရေထွက်ကုန်စက်ရုံ ၁၀၀ ကျော်ခန့်ရှိသော်လည်း အချို့စက်ရုံများသာ အရည်အသွေး မြင့်ပစ္စည်းကို ထုတ်လုပ်နိုင်သည်။

မတ်လတွင် ကုန်ဆုံးခဲ့သော ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်းတန်ချိန် ၃၇,၀၀၀ ခန့်ကို မြန်မာနိုင်ငံ က တင်ပို့ခဲ့သည်ပာု တရားဝင်ကိန်းဂဏန်းများကဆိုသည်။

ထိုအတောအတွင်း အီးယူက ယခင်တပ်မတော်အစိုးရအပေါ် အရေးယူထားသော Sanctions များကို ရုတ်သိမ်း ပေးပြီးနောက် မြန်မာနိုင်ငံမှ ပင်လယ်စာထွက်ကုန်တင်သွင်းရန် အစီအစဉ်ကို အကောင်အထည်ဖော် နေပြီဖြစ် သောကြောင့် ယခုနှစ်တွင် မြန်မာ့ပင်လယ်စာထွက်ကုန်တင်ပို့မှု မြင့်တက်လာတော့မည်ပာု မျှော်လင့်ရသည်။

အီးယူ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများမှ ဝယ်လက်များက တလားဗီးယားကဲ့သို့ မွေးမြူရေး ငါးနှင့် သဘာဝပုဇွန် ကမ္ဘာ့ဝယ်လိုအား မြင့်တက်နေခြင်းကို ဖြည့်ဆည်းရန်အတွက် မြန်မာ့ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုကို လေ့လာနေကြသည်ပာု သိရှိရသည်။


ရိုဟင်ဂျာများကို လူမှောင်ခိုကူးမှု ပြုလုပ်ခြင်းမရှိဟု ထိုင်းရေတပ်ငြင်းဆို

 (Reuters သတင်းဌာန၏ 21 July 2013 ရက်စွဲပါ Thailand denies smuggling Rohingya Muslims ကိုဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြရသည့် ရိုဟင်ဂျာမွတ်စလင်များကို ထိုင်းရေ တပ်မှ တပ်ဖွဲ့ဝင်များက လူမှောင်ခိုကူးခြင်း၊ တရားမဝင်ခိုးသွင်းခြင်းတို့ပြုလုပ်ပြီး အမြတ်ထုတ်လျက်ရှိသည်ဟူ သော Reuters သတင်းဌာန၏ သတင်းပေးပို့ချက်ကို ထိုင်းရေတပ်ကငြင်းပယ်လိုက်ကြောင်းသိရသည်။

Reuters သတင်းဌာနက စုံစမ်းဖော်ထုတ်ရေးသားရာတွင် မြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်ခဲ့သော ရိုဟင်ဂျာ များနှင့် မှောင်ခိုလုပ်ငန်းလုပ်ကိုင်သူများကိုတွေ့ ဆုံမေးမြန်းခဲ့ရာထိုင်းရေတပ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာမွတ်စလင် များကို လူမှောင်ခိုကူးရာ၌ ပါဝင်ပတ်သက်မှုရှိနေကြောင်း တွေ့ရှိခဲ့သည်။

ထိုင်းတောင်ပိုင်းဒေသ အနောက်ဘက်ကမ်းရိုးတန်တွင် အခြေချလုပ်ကိုင်လျက်ရှိသည့်မှောင်ခိုကူးသည့် ကွန်ယက် သည် ရိုဟင်ဂျာမွတ်စလင်များအတွက် ကောင်းကင်ဘုံတစ်ခုသဖွယ်ဖြစ်သည့် မလေးရှားနိုင်ငံသို့ ရိုဟင်ဂျာထောင်ပေါင်း များစွာကို ပို့ဆောင်ပေးလျက်ရှိသည်။

 “အဲဒီလို စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိပါဘူး” ဟု ထိုင်းတော်ဝင်ရေတပ်၏ ပြောရေးဆိုခွင့်ရှိသူ Wipan Chamachote ကပြောကြားသည်။ “ထိုင်းနိုင်ငံကို ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဝန်ထမ်းတွေကအလွဲသုံးစားလုပ်တာမျိုးကို မတွေ့ရသလို လူကုန်ကူးမှုအတွက် ငွေကြေးလွှဲပြောင်းပေးတာမျိုးလည်းမရှိပါဘူး” Reuters သတင်းဌာနက အင်တာဗျူးပြုလုပ်ရာတွင် ထိုင်းရေတပ်မှပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖြစ် မှားယွင်းစွာ မေးမြန်းမိ ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် မိမိအနေဖြင့်လူမှောင်ခိုကူးမှုတွင် ထိုင်းရေတပ် ပါဝင်ပတ်သက်နေသည်ဟု သွယ်ဝိုက်ပြော ဆိုခြင်းမရှိခဲ့ပါကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။

ထိုင်းကမ်းခြေဒေသတွင် တော်ဝင်ရေတပ်အပြင် ထိုင်းရေကြောင်းရဲတပ်ဖွဲ့နှင့်စစ်တပ်မှတပ်မှူးများ၏ ထိန်းချုပ်မှု အောက် တွင်ရှိသော စစ်သည်များလည်းကင်းလှည့်စောင့်ကြပ်လျက်ရှိသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် ဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်က လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေသူများကို အရေးယူရန် အလုပ်သမားဝန်ကြီးဌာနအား အမိန့်ပေးခဲ့သည်။ သို့သော် ရေတပ်နှင့်ပတ်သက်သော စွပ်စွဲပြောဆိုမှုများကို ကိုကားပြောဆိုမှုမပြုခဲ့ပေ။

 “Reuters သတင်းဌာနက ဖော်ထုတ်တွေ့ရှိချက်ကြောင့် ဝန်ကြီးချုပ်ရင်းလတ်အနေနဲ့ အဲဒီစွပ်စွဲချက်တွေကို အရေးတကြီး စုံစမ်းဖော်ထုတ်ဖို့ အမိန့်ပေးရတဲ့အထိဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ယနေ့အချိန်အထိ ထွက်ပေါ်လာတဲ့ စုံစမ်းဖော်ထုတ်မှုတွေဟာ အောက်ခြေအဆင့်ထိမရောက်သေးပါဘူး” ဟု Human Rights Watch မှ အာရှဒါရိုက်တာ Phil Robertson ကပြောကြားသည်။

Reuters သတင်းဌာန၏ စုံစမ်းဖော်ထုတ်ရေးသားခဲ့မှုအရ ငွေကြေးပေးဆောင်နိုင်ခြင်းမရှိသော ရိုဟင်ဂျာများမှာ လူကုန်ကူးသူများလက်ဝယ်သို့ အပ်နှံခြင်းခံရသည်။ လူကုန်ကူးသူများသည် တစ်ခါတရံတွင် ရိုဟင်ဂျာအမျိုးသားများကို ထိုင်းငါးဖမ်းသင်္ဘောများ သို့မဟုတ် လယ်ယာလုပ်သူများထံသို့ အလုပ်အစေအပါးအဖြစ် ရောင်းချလေ့ရှိသည်။

ရိုဟင်ဂျာများသည် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိသော ရေထွက်ကုန်ပြည်ပတင်ပို့သည့် လုပ်ငန်းများသို့ဝင်ရောက်သွားကြကြောင်း၊ ယင်းရေထွက်ကုန်များသည် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် ဥရောပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ဤအတောအတွင်းမှာပင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုများပြုလုပ်လျက်ရှိသည်ဟူသော စွပ်စွဲချက်များကို သမ္မတဦးသိန်းစိန်က ငြင်းပယ်ခဲ့ပြီး ယင်းစွပ်စွဲချက်များသည် ၎င်း၏ အစိုးရ ဂုဏ်သိက္ခာကျဆင်းစေရန် လှုံ့ဆော်မှုများပင်ဖြစ်ကြောင်းပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေစဉ် France 24 ရုပ်သံနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာအ စိုးရသည် လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်ခြင်းမရှိကြောင်း ပြောကြားသည်။

“ပြည်ပကအင်အားစုတွေက ချဲ့ကားပြောဆိုနေတာပါ။ မှန်ကန်မှုမရှိတဲ့ သတင်းတွေပဲဖြစ်ပါတယ်။ လူမျိုးဖြုတ် သတ်ဖြတ် တယ်ဆိုတာ ဘယ်လိုမှကိုမရှိပါဘူး။ ဒါဟာအစိုးရကို တိုက်ခိုက်တဲ့ လှုံ့ဆော်မှုတွေပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မှာဖြစ်တဲ့ကိစ္စဟာ လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ပါဘူး” ဟု ဦးသိန်းစိန်ကပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. လူမျိုးတုံးသတ်ဖြတ်နေသည်ပာုဆိုခြင်းမှာ အစိုးရသိက္ခာကျရန် လှုပ်ရှားမှုတစ်ခုသာဖြစ်ကြောင်း မြန်မာခေါင်းဆောင်ပြော

(19 July 2013 ရက်စွဲပါ Channel News Asia မှ Myanmar leader says changing claims are ‘smear campaign ’ကိုဘာသာပြန်ဆိုသည်)

  1. စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဂျပန်-မြန်မာဆွေးနွေး

(The Gulf Today မှ 20 july 2013 ရက်စွဲပါ “Japan, Myanmar discuss economic cooperation”သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်း ယှဉ်ပြိုင်မှုကို ဦးသိန်းစိန်မကန့်ကွက်

(Reuters မှ 20 July 2013 ရက်စွဲပါ “Thein Sein doesn’t object to Su Kyi candidacy” သတင်းကို ဘာသာပြန် ဆိုသည်)

  1. မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုဖွယ်

(22 July 2013 ရက်စွဲပါ The Gulf Today မှ Foreign Banks may start operations in Myanmar ကို ဘာသာပြန်ပါ သည်)


လူမျိုးတုံးသတ်ဖြတ်နေသည်ပာုဆိုခြင်းမှာ အစိုးရသိက္ခာကျရန် လှုပ်ရှားမှုတစ်ခုသာဖြစ်ကြောင်း မြန်မာခေါင်းဆောင်ပြော

(19 July 2013 ရက်စွဲပါ Channel News Asia မှ Myanmar leader says changing claims are ‘smear campaign ’ကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတဦးသိန်းစိန်သည် ရိုပာင်ဂျာများအပေါ် မျိုးတုံးသတ်ဖြတ်နေမှုများနှင့်ပတ်သက်၍ စွပ်စွဲချက်များအပေါ် သောကြာနေ့က ငြင်းဆိုခဲ့ပြီး စွပ်စွဲချက်များသည် ၎င်း၏အစိုးရအပေါ် သိက္ခာကျအောင်လုပ်ဆောင်သော လှုပ်ရှားမှု၏အစိတ် အပိုင်းဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။

၎င်း၏အစိုးရသည် ထိုစွပ်စွဲမှုများအတွက် အပြစ်ရှိသည်ပာု မခံစားရကြောင်း ဦးသိန်းစိန်က  ပဲရစ်သို့ရောက်ရှိစဉ် France 24 television သို့ပြောကြာခဲ့ပါသည်။

“ပြင်ပက အစိတ်အပိုင်းတွေပာာ သတင်းတွေကိုချဲ့ကားပြီး တန်ဆာတင်နေကြတယ်။ မြန်မာနိုင်ငံမှာ ဘယ်မှာမှ တိုင်းရင်းသားမျိုးတုံးအောင် ရှင်းလင်းမှုမရှိပါဘူး”ပာု ၎င်းကပြောပါသည်။

“ဒါပာာ အစိုးရကိုသိက္ခာကျအောင် လုပ်ဆောင်တဲ့လှုပ်ရှားမှုသာဖြစ်ပါတယ်။ ရဃိုင်မှာဖြစ်ပျက်ခဲ့တာတွေပာာ တိုင်းရင်းသားမျိုးတုံးသတ်ဖြတ်မှုမပာုတ်ပါဘူး”ပာုဆိုပါသည်။

မြန်မာနိုင်ငံတွင် ရိုပာင်ဂျာများအပေါ် မျိုးတုံးသတ်ဖြတ်သည့် လုပ်ဆောင်မှုဖြစ်သည်ပာု ပြီးခဲ့သည့် ဧပြီလက Human Rights Watch ကစွပ်စွဲခဲ့ပါသည်။

၎င်းက လူသေများနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများကို သက်သေအဖြစ် ပြသခဲ့ပါသည်။

နယူးယောက်အခြေစိုက် HRW ကပြောကြားရာတွင် မြန်မာအစိုးရတာဝန်ရှိသူများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင် များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် စနစ်တကျစီစဉ်၍ လူအုပ်ကြီးကို အားပေးအားမြှောက်ပြုလုပ်၍ လုံခြုံရေး တပ်ဖွဲ့ များ၏ အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် အောက်တိုဘာလက ရွာများတွင် တိုက်ခိုက်ခဲ့သည်ပာုဆိုပါသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မှ လူမျိုးရေးမငြိမ်သက်မှုများကြောင့် လူပေါင်း(၂၀၀)ခန့် သေဆုံးခဲ့ရပြီး၊ (၁၄၀၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။ အများစုမှာ နိုင်ငံသားအဖြစ် ငြင်းပယ်ခံရသော ရိုပာင်ဂျာများဖြစ်ပါသည်။

မတ်လက မြန်မာပြည်အလယ်ပိုင်းတွင် ဖြစ်ပွားသော ရန်ပွဲများတွင် ဒါဇင်ပေါင်းများစွာသော လူများသေဆုံးခဲ့ပါသည်။

ဦးသိန်းစိန်က မငြိမ်သက်မှုများကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အာဏာပိုင်များသည် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ် ပွားအောင်ကြိုတင်ကာကွယ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

“အစိုးရက ဒီလူမျိုးရေး ပဋိပက္ခတွေကို ထိန်းသိမ်းထားနိုင်ပါပြီ။ အရာရာပာာ နဂိုအခြေအနေကို ပြန်ရောက်နေပါပြီ။ ကျွန်တော်ရဲ့အစိုးရပာာ ဒီလူမျိုးရေးအကြမ်းဖက်မှုတွေရဲ့ ဖြစ်ရတဲ့အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင်တစ်ခု ဖွဲ့ထားပါတယ်။ ဒီကော်မရှင်က ထောက်ခံတင်ပြတဲ့ ကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့ အကောင် အထည်ဖော်နေပါတယ်”ပာု ၎င်းကပြောပါသည်။


 

စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဂျပန်-မြန်မာဆွေးနွေး

(The Gulf Today မှ 20 july 2013 ရက်စွဲပါ “Japan, Myanmar discuss economic cooperation”သတင်းကို ဘာသာပြန်ဆိုသည်)

စိုက်ပျိုးရေးကဏ္ဍတွင် အပြန်အလှန်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ နေပြည်တော်တွင် ဂျပန်နှင့် မြန်မာနိုင်ငံတို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် သတင်းထုတ်ပြန်သည်။

အင်္ဂါနေ့က ကျင်းပသော စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို လယ်ယာဝန်ကြီးဦးမြင့်လှိုင်နှင့် ဂျပန်သံအမတ်ကြီး မီကီယိုနူမာတာတို့ ဦးဆောင်ကာ ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့သည် ပာု မြန်မာသတင်းကို ကိုးကား၍ Xinhua သတင်းဌာနက ထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် မဖြစ်မနေလုပ်ရမည့် သမာရိုးကျစိုက်ပျိုးမှုမှ စက်မှုလယ်ယာ သို့ ကူးပြောင်းမှု၌ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဂျပန်နိုင်ငံထံမှ နည်းပညာအကူအညီရရှိရေးကိစ္စ၊ ဂျပန်ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမည့်ဆန်နှင့် လယ်ယာထွက်ကုန် တင်ပို့ရေးအစီ အစဉ်များ၊ မြန်မာ့လယ်ယာကဏ္ဍတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံနိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခြဲ့ ကသည်ပာု သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာကဏ္ဍအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို မှီခိုနေကြရ သည်။ စစ်အုပ်ချုပ်ရေးကာလအတွင်း ပြိုလဲသွားသော စီးပွားရေးကို ပြန်လည်ထူမတ်ရန် ကြိုးစားနေသည့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာလယ်ယာဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ IFAD က အတိုးနည်းချေးငွေ ထုတ်ပေးမည်ပာု သိရှိရသည်။

IFAD က ပထမအဆင့်တွင် စက်မှုလယ်ယာသို့ကူးပြောင်းရေးလုပ်ငန်းစဉ်၌ ချေးငွေဒေါ်လာ ၃၆ သန်းထပ်မံကူညီ ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် မန္တလေးတံတားဦးလေဆိပ်အား တရုတ်၊ အိန္ဒိယနှင့် အခြားအာရှ၊ ဥရောပနိုင်ငံများသို့ ကုန်ပစ္စည်း များ တင်ပို့ရာတွင် အထောက်အကူဖြစ်စေမည့် ပို့ဆောင်ရေးဗပာိုချက်အဖြစ် အသွင်ပြောင်းရန်အတွက် ပြည်ပကုမ္ပဏီများကို တင်ဒါဖိတ်ခေါ်ထားပြီးဖြစ်သည်။

တင်ဒါအောင်သော ကုမ္ပဏီကို ယခုလကုန်တွင် ကြေညာမည်ပာု သိရှိရသည်။ တင်ဒါအောင်သော ကုမ္ပဏီအနေဖြင့် တံတားဦးလေဆိပ်အတွက် လိုအပ်သော အခြေခံအဆောက်အဦးစနစ်နှင့် ပစ္စည်းကိရိယာများကို စက်တင်ဘာလတွင် စတင် တည်ဆောက်တပ်ဆင်ရမည်ဖြစ်ပြီး ဒေါ်လာ သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံရဖွယ်ရှိသည်ပာု သိရှိရသည်။


ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်း ယှဉ်ပြိုင်မှုကို ဦးသိန်းစိန်မကန့်ကွက်

(Reuters မှ 20 July 2013 ရက်စွဲပါ “Thein Sein doesn’t object to Su Kyi candidacy” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာသမ္မတဦးသိန်းစိန်က ၂၀၁၅ ရွေးကောက်ပွဲဝင်ရန်အတွက် လတ်တလော သူ့ကိုယ်သူ ပြင်ဆင်နေခြင်း မရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတရွေးပွဲဝင်ခြင်းကို ကန့်ကွက်ရန်မရှိကြောင်း သောကြာနေ့က အင်တာဗျူးတွင် ပြောကြား လိုက်ပါသည်။

ဆယ်စုနှစ်ချီ အာဏာရှင်စနစ်အောက်မှ ခေါင်းပြူထွက်လာသော မြန်မာနိုင်ငံအတွက် အနောက်အုပ်စု အကူအညီ ရရှိရန် လန်ဒန်၊ ပါရီခရီးစဉ်အပြီးသတ်တွင်  France 24 ရုပ်သံနှင့်ပြုလုပ်သော အင်တာဗျူး၌ မြန်မာသမ္မတက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“အခုအချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့အတွက် ကိုယ့်ကိုကိုယ် ပြင်ဆင်နေခြင်းမရှိပါဘူး”ဟု ဦးသိန်းစိန်က စကားပြန်မှ တစ်ဆင့် ပြောကြားသည်။

မနှစ်က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော  ဗြိတိသျှဝန်ကြီး ဒေးဗစ်ကင်မရွန်းကလည်း ဒေါ်အောင်ဆန်း စုကြည် သမ္မတရွေးပွဲဝင်ရအောင် အခြေခံဥပဒေကို ပြောင်းလဲရန် ဦးသိန်းစိန်ကို  တိုက်တွန်းတောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သောနှစ်က သူမနှင့် NLD ပါတီတို့ လွှတ်တော်ဝင်ခွင့်ရခဲ့သော  ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲများတွင် အောင်ပွဲခံခဲ့ခြင်းကြောင့် ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းဂုဏ်ပြုခြင်းကို ခံခဲ့ရသည်။ သို့သော် လည်း မိသားစုဝင်များက ပြည်ပနိုင်ငံသား ခံယူထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတလောင်းစာရင်း ဝင်ရန် အတွက် အခြေခံဥပဒေ ပြင်ဆင်ခွင့်ရအောင် တပ်မတော်ကြီးစိုးထားသော လွှတ်တော်ကို စည်းရုံးရပေလိမ့်မည်။

သမ္မတဦးသိန်းစိန်က အခြေခံဥပဒေကို ပြင်ဆင်နိုင်ကြောင်း သို့သော် ပြင်ဆင်မှုများနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ လိုအပ်ပါက  ဆန္ဒခံယူပွဲကျင်းပရမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတရွေးပွဲဝင်ခြင်းကို  မိမိကန့်ကွက်ရန်မရှိကြောင်း ရှင်းလင်းပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလှုပ်ရှားခွင့်ပေးခြင်းနှင့် အခြားပြုပြင်ပြောင်းလဲမှုများအတွက် အနောက်အုပ်စု ခေါင်းဆောင်များက ဦးသိန်းစိန်ကို ချီးကျူးခဲ့ကြသော်လည်း တပ်မတော်၏ ချုပ်ကိုင်မှုများကိုလျှော့ချရန် ၄င်းအား တိုက်တွန်း လျက် ရှိသည်။

ယခုအခြေအနေတွင် အခြေခံဥပဒေကို အချိန်မီပြင်ဆင်နိုင်ခဲ့သည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗုဒ္ဓဘာသာ၊ မွတ်ဆလင် ပဋိပက္ခများတွင် ကြားနေရပ်တည်မှုကြောင့် ဘာသာရေးအစွန်းရောက် မဲဆန္ဒရှင်များ၏  ပြစ်တင်မှုကို ရင်ဆိုင်ရဖွယ်ရှိနေသည်။ ဘာသာရေးအဓိကရုဏ်း ဘေးသင့်သူ မွတ်ဆလင်များအပေါ် သူမ၏ ဖေးမပြောဆိုမှုများက သူမ အား နိုင်ငံရေးအရ အကျဉ်းအကျပ်ထဲ ရောက်သွားစေသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သည်ဟု စွပ်စွဲခံနေရသော နကစ လုံခြုံရေး အဖွဲ့ကို ဖျက်သိမ်းကြောင်း ဦးသိန်းစိန်က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

လူထုဆက်ဆံရေးကျွမ်းကျင်သူ မြန်မာသမ္မတက လူမျိုးတုံးသန့်စင်မှုဟူသော စွပ်စွဲမှုကို  ကန့်ကွက်ငြင်းပယ်သည်။ “ဒါဟာ လူမျိုးတုံး သန့်စင်မှု မဟုတ်ပါဘူး။ ပြင်ပအုပ်စုတွေက ပုံကြီးချဲ့ပြီး သတင်းတွေ လုပ်ကြံဖန်တီးနေတာပါ။ မြန်မာအစိုးရ က အကြမ်းဖက်မှုကို ကောင်းစွာ ထိန်းချုပ်နိုင်တဲ့အတွက် အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပါပြီဟု သမ္မတက ဆိုပါသည်။

နောက်ဆုံးအနေဖြင့် မြန်မာပြည်အလယ်ပိုင်းမှ အရေးပေါ်လုံခြုံရေးအခြေအနေကြေညာမှုကို မြန်မာအစိုးရက  ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။


မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုဖွယ်

(22 July 2013 ရက်စွဲပါ The Gulf Today မှ Foreign Banks may start operations in Myanmar ကို ဘာသာပြန်ပါ သည်)

နိုင်ငံခြားဘဏ်များသည်  ပြည်တွင်းဘဏ်များတွင် ရှယ်ယာများဝယ်ခွင့်ပြုရန်ရှိကြောင်း မြန်မာအစိုးရက အချက်ပြခဲ့ ပါသည်။ သို့သော်အစိုးရအနေဖြင့် ပြည်တွင်းဘဏ်များက ဖက်စပ်လုပ်ဆောင်ရန် ငြင်းဆန်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုများ  ဆွဲဆောင်ရန်နှင့် ငွေကြေးစနစ်ကို ပြန်လည်တည်ဆောက်ရာတွင် နှောင့်နှေးမည်ကို စိုးရိမ်နေပါသည်။

အစိုးရသည် နိုင်ငံခြားဘဏ်များအား ဖက်စပ်လုပ်ကိုင်းခြင်းမှ တဆင့် ခွင့်ပြုရန် စည်းမျဉ်းများ အချောသတ် လုပ်ဆောင်လျက်ရှိသည် ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက ပြောပါသည်။ သို့သော် အချို့ ပြည်တွင်းဘဏ်များသည် ဖက်စပ်လုပ်ကိုင်လိုခြင်း မရှိသည်ဟု ဆိုပါသည်။

အစိုးရသည် နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်များမှ ရှယ်ယာဝယ်ခွင့်ပြုရန်လည်း စဉ်းစားလျက်ရှိကြောင်း ၄င်းက ယခုအပတ် ရန်ကုန်တွင် ပြုလုပ်သော ဘဏ်လုပ်ငန်းဆိုင်ရာ ကွန်ဖရင့်မှ အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။ သို့သော် ထိုစနစ်မျိုးအတွက် အချိန်ကာလ သတ်မှတ်ချက်ကို ပြောကြားခဲ့ခြင်း မရှိပေ။

“ကျွန်တော်တို့ တိုင်းပြည်က ငွေကြေးပံ့ပိုးမှု လိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားဘဏ်တွေကို ဝင်လာဖို့ခွင့်ပြု မလား ။ ဒါမှ မဟုတ် ရှယ်ယာတွေ ဝယ်ခွင့်ပြုမလား။ ဒါမှသာ နိုင်ငံခြား ငွေကြေးဆိုင်ရာထည့်ဝင်မှုတွေ ဝင်ရောက်လာမှာ ဖြစ်ပါ တယ်”   ဟု  ၄င်းက ပြောပါသည်။

မြန်မာနိုင်ငံ၏ ခေတ်မမှီတော့သော ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကသာ အကူအညီ ပေးနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အာရှတွင် အာဖဂန်နစ္စတန်ပြီးနောက်  ဒုတိယအဆင်းရဲဆုံးနိုင်ငံ ဖြစ်ပြီး   2011 ခုနှစ်အမည်ခံ အရပ်သား အစိုးရတက်လာပြီး ကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လာခဲ့ပါသည်။

နိုင်ငံခြားဘဏ် (၃၀) ကျော်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားပြီဖြစ်ရာ  standard chartered ၊ Banhkok Bank ၊ Siam Commercial Bank နှင့် သြစတြေးလျနှင့် နယူးဇီလန်ဘဏ်အုပ်စု (ANZ)များ ပါဝင်ပါသည်။

NZ  မြန်မာနိုင်ငံ ကိုယ်စားလှယ် အကြီးအကဲ Rajesh Ahuja က ပြောကြားရာတွင် ၄င်း၏ ဘဏ်သည် အများစု ပါဝင်ခွင့်ရပါက  ဖက်စပ်ဆောင်ရွက်ရန်  စဉ်စားမည်ဟု ပြောဆိုခဲ့ပါသည်။

“ANZ လို နိုင်ငံတကာဘဏ်တွေကတော့ ဖက်စပ်ဘဏ်ဖွင့်ခွင့် ထက်စာလျှင်  အပြည့်အဝ လုပ်ဆောင်နိုင်မည့် ဘဏ်လိုင်စင်ရဖို့ ပိုမိုနှစ်သက်ပါတယ်” ဟု ၄င်းက ဆိုပါသည်။

မြန်မာနိုင်ငံတွင်  ထိပ်တန်းဘဏ်လေးခုဖြစ်သော ကမ္ဘောဇဘဏ်၊ CB ဘဏ်၊အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီ ဘဏ်တို့က  ၄င်းတို့သည် ဖက်စပ်လုပ်ဆောင်ရန် စကားပြောနေမှုများ မရှိသေးကြောင်း၊ Reuters သို့ပြောကြပါ သည်။

အခြားဘဏ်တစ်ခုဖြစ်သော မြဝတီဘဏ်ကမူ ၄င်းအနေဖြင့် အများစုပိုင်ဆိုင်ခွင့်ရလျှင် ဖက်စပ်လုပ်ရန် စဉ်းစား မည်ဟု ဆိုပါသည်။ “အများစု မပိုင်ရင်၊ ဘယ်လိုရှေ့ဆက်လုပ်မလဲ” ဟု ဘဏ်၏ ဒုတိယညွှန်ကြားရေးမှူး ဦးယုလွင် ကပြောပါ သည်။

အစိုးရ၏ အစီအစဉ်အတွက်  နောက်ထပ်စိန်ခေါ်မှု တစ်ခုမှာ မြဝတီဘဏ်တွင် ရှယ်ယာပိုင်ဆိုင်ကြသူများမှာ အငြိမ်း စားနှင့် လက်ရှိစစ်သားများ ဖြစ်ကြခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ အရေးယူမှုတွင် ပါဝင်နေကြောင်း  ၄င်းကဆိုပါ သည်။ ၄င်းက ဆက်လက်ပြောကြားရာတွင် ဘဏ်အနေဖြင့် ရေရှည်တွင်  စစ်တပ်ရှယ်ယာ အနည်းငယ်သာ ထား၍ အများ ပိုင်လုပ်ရန် မျှော်လင့်လျက်ရှိသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် ဘဏ်လေးခုသာ အမေရိကန်ကုမ္ပဏီများနှင့် အလုပ်လုပ်ရန် ခွင့်ပြုထားပါသည်။ ဖေဖော်ဝါရီလက  အမေရိကန် ဘဏ္ဍာရေးဌာနသည် မြန်မာစီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အာရှစိမ်း လန်းဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်တို့ကို အမေရိကန် ကုမ္ပဏီများနှင့်  စီးပွားရေးလုပ်ရန် ခွင့်ပြုခဲ့ပါသည်။

တချိန်တည်းမှာပင် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် အလုပ်သမား ရပိုင်ခွင့်များ တိုးတက်လာခြင်းကြောင့်  ၁၆ နှစ်ကြာအရေးယူမှုများ ရုပ်သိမ်းပြီး ဥရောပသို့ အဝတ်အထည်ချုပ်လုပ်မှုများ ပြန်လည်တင်ပို့တော့မည် ဖြစ်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive